ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဆံရဲ့ ခွာသံ
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အာဆံရဲ့ ခွာသံ
မိုးမခ ၊ နိုဝင်ဘာ ၂ ၊ ၂၀၂၅
ပုချာသာဝက ထရန့်ကြီးလက်ကို ဆွဲရရင် ပြောမလို့ ကျက်ထားတာတွေ သဲထဲသေးပေါက် ဖြစ်သွားလို့ ဖင့်ဆောင့်နေပတဲ့။
အာဆံက ခွေးမဝင်ရ စာထုတ်လိုက်တော့ ငုတ်နဲ့စောင့်ရတာကို မကျေနိုင်မချမ်းနိုင် သံဘရပ်တကိုင်ကိုင်နဲ့ဆိုဘဲ။ ခု နောက်ထပ် အာဆံ့ခြံရိပ်တောင် မနင်းရ ဆိုလို့ တရုတ်လို ရုရှားလို မြောက်ဝက်လို သူခိုး ဂျပိုးတွေနဲ့သာ အမြီးတနန့်နန့် အူလိုက် ဟောင်လိုက် လုပ်ရတာ အာဆံမှာတော့ ဝဲစားမပါ လူများသာမို့ ဆီဘူးခါပြီးရင်း ခါနေတာ။
အာဆံက စင်ပေါ် ခွေးတက်မခံသလို တပြိုင်နက်တည်းမှာတော့ တော်လှန်ရေးအင်အားစုတွေနဲ့ မြန်မာ့အရေး ဖြေရှင်းနိုင်ဖို့ အကြိမ်ကြိမ်အခါအခါ တွေ့ဆုံခဲ့တာနော်။ လက်ရှိ အာဆံခေါင်းဆောင် မလေးရှားတင်မက နောက်ဆက်ခံမယ့် ဖိလစ်ပီနိုတွေရော ပါတာနော်။
အဲဒီလိုခြေနေမှာ AAက ကပစတွေနား ဒရုန်းဝဲသလိုဝဲနေတော့ သံဘရပ်နဲ့ မရတော့လို့ ပုလင်းကွဲပေါ် တက်ပွတ်နေပြီ ကြားတယ်။ စစ်သားဟောင်းနဲ့ အကောင်ကြီး အမြီးရှည်တွေတင်မက ပေါ်တာဆွဲထားသမျှ စစ်မှုထမ်းအသစ်လေးတွေလဲ AA နဲ့တင် စမုံတုံး။ MMDAA သာ မရပ်ခဲ့ရင် ကဒါဖီလို သံဒုတ်တဆုံး ဝင်တာကြာပြီ မဟုတ်လား။
အော် မအလ မအလ ဖင်ယားပြီး အာဏာသိမ်းလိုက်တာ၊ မြေးလေးတွေပါ ကြောင်ပျောက်မယ့်ရက် တွက်နေရပြီ။ တနိုင်ငံလုံးက ဗုံးကြဲ သတ်ထားတဲ့ ကလေးတွေရဲ့ ဝိညာဉ်တွေက သူတို့နားမှာ ရစ်ဝဲနေပြီ။ အကန့်အသတ်မရှိ လူသတ်ထားကြတဲ့ ဗိုလ်ချုပ်ကြီးတွေ အကုန်လုံးလဲ ကြိမ်မီးအုံးနေရပြီမို့ သူ့ကိုဘဲ ငါကိုင်တုတ်နေကြပြီ။ မဟုတ်ရင် ဗုံးထား ဘတ်ထားတဲ့ စည်းစိမ်နဲ့ ပြည်တွင်းပြည်ပ အမြီးလိမ်ချင်တိုင်း လိမ်လို့ရနေတာကိုး။ ခုတော့ လောဘကြီး ရီးလောက်ရမယ့်ကိန်း ဆိုက်ရုံတင်မက ခုံရုံးတင် စီရင်ခံရမယ့်အခြေအနေပါ ကြုံလာကြပကိုး။ ပြည်သူ့တရားစီရင်မှုကို မျက်မှောက်ချက်ချင်း ပက်ပင်းကြုံကြရတော့မယ်လေ။ လူသတ် သူခိုး မုဒိမ်းဂျိုးအဖြစ် လမ်းဆုံလမ်းမ လမ်းလေးခွမှာ ခွေးတစီစီ သေးတညှီညှီ လာတော့မှာကိုး။ လက်နက်ချ လက်သုံးချောင်းမထောင်မချင်း ပြည်သူ့ရန်သူ ဖြစ်နေရပြီမို့ ငါလဲ တနေ့ဖြစ်နေကြ၊ ထင်းခွေမကြုံ ရေခပ်ကြုံ၊ အသုဘမကြုံ ရက်လည်ကြုံကြရတော့မှာမဟုတ်လား။
ငစုတ် တရုတ် ကယ်တော်မူလို့ TNLA ပါ ပြန်ဆုတ်သွားမှ ဖုတ်ထားတာလေးတွေ ဖြည်စားရတော့တဲ့ဘဝ။ တရုတ်ကလဲ ကျားဖြန့်တွယ်ရင်း စစ်တပ် လည်မျိုနင်းထားချင်တော့ မြနန္ဒာနဲ့ တင်နီလာကို ဟပေး ရှယ်ကျွေးခိုင်းတာပေါ့။ စစ်ဌာနချုပ်တခုလုံး ပျောက်သွားမှ နောက်ခဏ ဆုတ်ကြအုံး၊ အကုန်စမုံမတုံးနဲ့ဆိုပြီး တချက်ခုတ် သုံးချက်ပြတ် ကျားဖြန့်တွေကို ဝူဟန်ဗိုင်းရပ်လို နိုင်ငံတကာဒုက္ခပေးဖို့ ချန်ထားဖို့ အစီအစဉ် လာတော့တာလေ။ 1027 တချက်ခုတ်တာက စစ်တပ်နဲ့ မြောက်ပိုင်းက လက်နက်ကိုင်အဖွဲ့တွေကို ထိန်းချုပ်ပြီး ဆိုင်ထားခိုင်းနိုင်ခြင်း၊ သူ့နိုင်ငံကို ပြန်ဒုက္ခပေးနေတဲ့ကျားဖြန့်အပေါင်းကို ဆုံးမပြီး နိုင်ငံတကာကိုဒုက္ခပေးဖို့ ပြန်အသုံးချနိုင်ခြင်း၊ သူ့ရဲ့ခါးပတ်တလမ်းစီမံကိန်းတွေ တဖက်သတ် ထင်သလို အကောင်အထည်ဖော်နိုင်ခြင်း သုံးချက်ပြတ်သလေ။ ခုဆို သူ့ကျားဖြန့်တွေက တရုတ်ကို ငွေမလိမ်၊ ဂျပန်နဲ့ တခြားနိုင်ငံတွေကို လိမ်မယ့် မျိုးချစ်ကျားဖြန့်တွေပါဆိုပြီး တရုတ်မီဒီယာတွေပေါ်ကိုတောင် ဗြောင်တက်လာပြီး တရုတ်ပြည်သူ ထောက်ခံမှုတောင် ယူနေကြပြီ။ သူက ကျားဖြန့်ကို ဆက်တိုက်ဖို့ မလိုတော့ 1027 လဲ ရပ်ခိုင်းတော့တာပေါ့။ သူ့အဖို့က ပြည်တွင်းစစ်လေး မွေးထားမှ မြန်မာပြည်ကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လို့ရမှာ မဟုတ်လား။ ကိုယ့်တိုင်းပြည်ကိုယ် ရောင်းစားတဲ့ စစ်ဗိုလ်ချုပ်တွေ ရှိတုန်း၊ ရှမ်းပြည်လက်နက်ကိုင်တပ်အချင်းချင်းလဲ ဘုံရန်သူပျောက် ကိုယ့်အတွက်ကို တည်ဆောက်နေကြတုန်းမို့ ဒီအခွင့်အရေးကလဲ ရတာမျိုးလေ။ ဖက်ဒရယ်ဒီမိုကရေစီနဲ့ တခုတည်းသောပြည်ထောင်စုတပ်တော့ ဘယ်အဖြစ်ခံလိမ့်မလဲ။
ကြောင်ဖြူနဲ့ရရ ကြောင်မည်းနဲ့ရရ ကြွက်ရဖို့အဓိက၊ ဒုတ်နဲ့ပစ်လို့ရရ ခွေးနဲ့လိုက်လို့ရရ ယုန်ရဖို့အဓိကဆိုတဲ့ကောင်တွေဆိုတော့ သူတို့ဆီမလုပ်ဖူးတဲ့ရွေးကောက်ပွဲတောင် ဇွတ်အတင်းမဟားဒယား အထောက်အပံ့မျိုးစုံပေးလုပ်ခိုင်းနေတော့တာသာကြည့်။ သူ့ရဲ့ရေရှည်ကမ္ဘာကိုဒုက္ခပေးဖို့ ကျားဖြန့်မွေးမယ့်ရည်ရွယ်ချက်ရှိတော့ ဟော စောချစ်သူတောင် အသက်ရှူပေါက်ချောင်သွားတယ်။ ထရန့်နဲ့အာဆံကိုဝင်လုံးဖို့ မအလရဲ့ ကျားဖြန့်ဟန်ဆောင်ဖမ်းပွဲကိုတောင် ဟေ့ကောင် ဖင်ဆက်မယားနဲ့တော့၊ အာဆံကလဲ ခွေးအတက်မခံဘူးဆိုပြီး ဆက်အလုပ်မခံတော့ဘူး။ တော်နေ အမှိုက်ကစ ပြသာဒ်မီးလောင် အကုန်လုံးပြောင်သွားနိုင်တာ မဟုတ်လား။ ထရန့်က ဝင်ကိုင်ခိုင်းရင် နိုင်ငံတကာကို ကျူးလွန်နေတဲ့ အလွန်ရက်စက်ယုတ်ကန်းတဲ့ ပြစ်မှုမျိုးဆိုတော့ သူလဲ တားလို့မရဘူးလေ။ ထရန့်ကိုတော့ ငါ့စွက်ချင်သလိုစွက်တဲ့ သူ့ပြည်တွင်းရေးဆိုပြီးလဲ လုပ်လို့က မရနိုင်ဘူးမဟုတ်လား။
တရုတ်ဟာ KNUကို အသာထားပြီး ဘင်္ဂလားဒေ့ရှ်နဲ့ပေါင်း AA ကို ထောင်းဖို့ စနေပြီ။ NUGက AA နဲ့ပေါင်းပြီး ကပစတွေ အမြန်ဆုံးသုတ်နိုင်မှ တရုတ် ခြယ်လှယ်တာကို ခံနိုင်မှာ။ အညာစစ်ရေးကို စနစ်တကျ အားပေးနိုင်ရေးကလဲ အမြန်ဆုံးလုပ်ရမှာ။ နိုင်ငံရေးအားနည်းတဲ့ ပပပ တွေကိုလဲ တပါတည်း ထိန်းကျောင်း ဗိန်းမောင်းတီးရမှာ၊ မဟုတ်ရင် ပြည်သူက အမြင်ကတ်ပြီး တော်လှန်ရေး ဒစ်လည်နိုင်တယ်။ ပြည်သူက သူတို့လုပ်တဲ့တော်လှန်ရေးဆိုတော့ စစ်အုပ်စုကိုတော့ ကြိုက်မသွားဘူး၊ မုန်းမြဲဘဲ၊ ရွံတုန်းဘဲ။ ပြည်သူကို မထီမဲ့မြင်လုပ်တဲ့ ကိုယ့်လူတွေကိုတော့ စောက်မြင်ကတ်သွားနိုင်တယ်။ တချို့က ကျွေးတဲ့လက် ပြန်ကိုက်လာပြီ။ လိုကယ်တွေပါ သေချာစည်းရုံးပေါင်းစည်းပြီး ကျောချင်းကပ် တိုက်ကြရတော့မယ့်အချိန် ရောက်ပြီ။ မင်းတို့ ငါ့အောက်ဝင် မလုပ်ဘဲ ငါနဲ့ မင်းတို့ ချိတ်ဆက်ကြမယ်ပဲ လုပ်ရမှာလေ။
t.me@moemaka
Please show your support, donate with Zelle
#MoeMaKaMedia
#WhatsHappeningInMyanmar