ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ (၂)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ (၂)
မိုးမခ ၊ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၅
ဖာဆန်တတ်မှု အနုပညာ
ထိန်းချုပ်နယ်မြေများအတွင်း နိုင်ငံခြားသားများ (အထူးသဖြင့် တရုတ်နိုင်ငံသားများ)အား သယ်ဆောင်လာသည်ကို တွေ့ရှိပါက ဖမ်းဆီးအရေးယူမည်ဟု DKBA (ကျားဖြန့်အကျိုးပြုကရင့်တပ်တော်)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီက အရေးပေါ် အစည်းအဝေးလုပ်ကာ ထုတ်ပြန်။
(ငရုတ်သီးစားသူများတို့ရဲ့ စကားအလင်္ကာ ပန်းအလင်္ကာ)
တရုတ်ရဲ့ ဖာဆန်မှုများ
တရုတ်က ကျားဖြန့် တရားခံပြေး တရာ အလိုရှိ၊ သတင်းပေးရင် ယွမ် နှစ်သိန်း ရမယ်လို့ ကြေညာချက်ထုတ်။
(ကရင်ထဲ ဝင်မရှာ၊ မလိမ့်တပတ်လုပ်)
(မအလလက်ထဲမှာ လုပ်မြဲအလိမ် ဆက်လုပ်နေကြတာ သိပါရက်နဲ့)
တရုတ်က ကျားဖြန့်နှိမ်နင်းတာမှာ သူ့ပြည်တွင်းပြန်လိမ်တဲ့ ရှမ်းမြောက်က ကောင်တွေကို ရှယ်ကိုင်ပြီး ကရင်ဘက်က အမေရိကန်ကို လိမ်တဲ့ကောင်တွေကိုတော့ ပြန်မခေါ်ဘဲ ဆက်လိမ်နိုင်အောင် စစ်တပ် BGFတို့နဲ့ ပေါင်းဝှက်။
(One belt One road One scam)
အမေရိကန်က ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာချိန် မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံ ဆိုတော့ မြန်မာဟာ သူ့ပိုင်နက်လို့ ပြောတာ။
(ထွန်းထွန်းနောင်ကို တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ပြောချိန် ဟုတ်ကဲ့ခံမျဆိုပြီး လက်ကလေးနောက်ပစ် ခေါင်းငုံ့နာခံ)
ဒုရဲချုပ်ကြီးရဲ့ ဖာချုပ်ကွက်
KNU က စီးနင်းဖမ်းဆီးခဲ့တဲ့ မင်းလက်ပံကျားဖြန့်လုပ်ငန်းက နိုင်ငံခြားသားတွေကို ထိုင်းနိုင်ငံကို တိုက်ရိုက်လွှဲပြောင်းတာကို လက်မခံဖို့ ထိုင်းနဲ့ တရုတ်ကို ပေပေ ဆယ်ခွန်းခေါ်မယ်လို့ စစ်ကော်မရှင် ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ပြော။
(KNUမှာ တရုတ်ငကျားတွေ ပိုက်ဘောမိပြီး နောက်ထပ် ကျားဖြန့်ရုံတွေ ဝင်မစီးရဲအောင် လုပ်တဲ့ ဖာဖရီးရိုက်ချင်တဲ့ ဖာထက်ဖာတဲ့ ရဲကျင့်ရဲကြံ)
ဖာခေါင်းကျင့် ဖာခေါင်းကြံ
စစ်တပ်ထဲက စစ်ဗိုလ် စစ်သားအားလုံး ကြိုတင်မဲအဖြစ် စာရင်းပဲ ပေးလိုက်ရပြီး ကိုယ်တိုင် မဲမပေးလိုက်ရပါတဲ့။
(အချင်းချင်းတက်ခွခံရ)
ဖာပေါင်းစုံညီလာခံလုပ်ပြီး မတ်မတ်ဇော်ကို ဖာသရဖူ လွှဲအပ်
မြောက်ဦးဆေးရုံ ဗုံးကြဲခံရလို့ အရပ်သားတွေ သေဆုံးခဲ့တာနဲ့ ပတ်သက်ပြီး စစ်တပ်က အဲဒီဆေးရုံဟာ တရားဝင် ပိတ်သိမ်းထားတာဖြစ်ပြီး အဲဒီနေရာကို AA နဲ့ ဒေသခံ PDF BPLA အရှိုချင်း အဖွဲ့တွေက ဆေးရုံအသွင်အပြင်နဲ့ စခန်းအဖြစ် အုပ်ချုပ်ရေးကိစ္စတွေ ဆောင်ရွက်ဖို့ အသုံးပြုနေတာ ဖြစ်တယ်လို့ လမ်းပေါ်တက်ကုန်း။
(အဲအဲ လိုင်းပေါ်တက်ကိုက်)
သရေကြိုး သမတအိပ်မက်လေး စမက်ခဲ့တုန်းကပေါ့နော်။ ၂၀၁၄ ခုနှစ်တုန်းကပါ၊ သူ့ဆရာ သိန်းစိန်ဆီကလည်း တောင်းမရမှန်းသိ၊ စာဖတ်သူကြီးလည်း ကြောက်ရချိန်ဆိုပါတော့။ အင်တာဗျူးတခုမှာ ဒေါ်စု မဲနိုင်မှာ သိနေတဲ့သူဟာ သူ့မှာ အတွေ့အကြုံများတဲ့အတွက်ပေါ့နော်၊ နိုင်ငံတော်က တာဝန်ပေးအပ်လာရင် နိုင်ငံအတွက် အကြုံအတွေ့ ဆုံကျပွေ့များကို အမြဲတမ်း အသုံးချလုပ်ဆောင်သွားမယ်လို့ NLD ကို ရေလာမြောင်းပေးဖူးတယ်ပေါ့နော်။ အာ့ကျကျ လွှတ်တော်က ရွေးကောက်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်များက မဲပေးရွေးချယ်ရင် သမ္မတ မလုပ်ဖူးလို့လဲ ငြင်းမရဘူးပေါ့နော်လို့ ကျားဖြန့်သတင်းစာရှင်းရင်း ငကျွဲက ဖာဆွယ်အလုပ် ဝင်လုပ်။
"ကြင်စိုးက ကြိုးမစင်ခင် သမ္မတက လုပ်ချင်တယ်ပေါ့နော်၊ မလုပ်ချင်ဘူးဘယ်ဟုတ်မလဲပေါ့နော်။ ရွေးရင် လုပ်ရမှာပေါ့နော်၊ မရွေးလို့လဲ မရဘူးလေနော်။ ခွေးဗိုလ် ဆိုတော့ပေါ့နော်၊ ဘယ်ခွေးကမှ မလွန်ဆန်နိုင်ဘူးလေနော်။ သူ့ကို ရွေးပေးရမှာ သိထားတယ်ပေါ့နော်၊ အဲဒါမှမသိရင် ရွေးကောက်ပွဲဝင်လို့မရဘူးလေနော်။ အမတ်တွေ ဆိုတာကလည်း တပ်က သူလွှတ်လိုက်တဲ့သူတွေပဲပေါ့နော်။ အာ့ကျကျ မရွေးရင် ခွေးဇာတ်ခင်းခံရမှာပေါ့နော်"
(မတ်မတ်ဆောင်း၊ အဲလေ မတ်မတ်ဇော်)
ကျားဖြန့်နှိမ်နင်းရေးမှာ မပါဝင်တဲ့ BGF တွေ ရှိသတဲ့။ အင်း ဘယ်ဖထီး တီးတော့မယ် မသိ။
“အဖွဲ့အစည်းအနေနဲ့ ပါဝင်ခြင်းဆိုတာထက် အဖွဲ့အစည်းအထဲမှာရှိတဲ့ ပုဂ္ဂိုလ်တစ်ဦးချင်းက လည်းကောင်း၊ အဲဒီနောက်မှာလိုက်နေတဲ့ အဖွဲ့ငယ်လေးတွေအလိုက် ဆောင်ရွက်နေတာရှိပါတယ်။ ဒီနေရာမှာ ကျနော် ပြောချင်တာက မကောင်းတဲ့သွေး ဆိုရင်တော့ ဖောက်ထုတ်ပစ်ရမှာ ဖြစ်ပါတယ်။ ပုဂ္ဂိုလ်ရေးအရ နိုင်ငံရေးအရ လုံးဝ အကာအကွယ်ပေးသွားမှာ မဟုတ်ပါဘူး” လို့ ငကျွဲကောင် ဖာအပီအပြင်ဆန်။
ငကျွဲက သတင်းစာရှင်းလင်းပွဲမှာ ကျောက်ခက်ဒေသ ကျားဖြန့်လုပ်ငန်းဟာ သူတို့မဟာမိတ် DKBA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်မှူးချုပ်စိုင်းကျော်လှ ရဲ့ လက်အောက်မှာရှိတယ်လို့ ပြောသွားပုံထောက်တော့ စောမဟုတ်ပဲ စိုင်းဖြစ်နိုင်။
(ရုပ်နဲ့မတန်အောင် ဖာဆန်တဲ့ငကျွဲ၊ ဖာအလွန် အင်မတန်ဆန်ပေမယ့် ဖာသည်မလောက် သစ္စာမရှိတဲ့အလုပ် လုပ်တော့မယ်)
မတ်မတ်ဇော်က စစ်တပ်ရဲ့ ကျားဖြန့်နှိမ်းနင်းမှုကို KNU နဲ့ PDF တွေက နှောင့်ယှက်နေတယ်လို့ နွဲ့ပြန်။
(သူ့ရုပ်ကြီးနဲ့နွဲ့တာကျ အော်ဂလီဆန် အန်ချင်စိတ်ပေါက် ထောက်ချင်စိတ်ကုန်)
ဖာခေါင်းချုပ်
NLD အစိုးရက နိုင်ငံနှင့်မကိုက်ညီသော နိုင်ငံခြားသားအကြံပေးများ၏ အကြံဉာဏ်အတိုင်း ဩဇာခံ ဆောင်ရွက်ခဲ့သဖြင့် မြန်မာနိုင်ငံ စီးပွားရေးကျဆင်းခဲ့ရဟု တရုတ်မယားပါသား မင်းအောင်လှိုင် ဖာတော်မူ။
ပြည်သူလူထုက ၎င်းတို့အပေါ် အယုံအကြည် အားနည်းလာသဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိနိုင်ရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်ခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့ချိန်တွင် မဲမသမာမှုများကို ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သုံးသပ်တွေ့ရှိရကြောင်း သရေကြိုးက ဖာသံပေး။
(ခေတ်အဆက်ဆက် အချက်အလက်များ မှန်ကန်စွာ မရရှိ၍ နိုင်ငံ၏ အကျိုးစီးပွားကို ထိခုက်စေခဲ့ကြောင်းဆိုပြီး အရင်စစ်ခေါင်းဆောင်ဟောင်းတွေကိုပါ မိအောင်လှိုင်က ဖာကြွေးတောင်းသွား)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA၊ TNLA၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက်နက်ကိုင်၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းသာဖြစ်ကြောင်း ဆေးရုံ၊ စာသင်ကျောင်းကိုမှ ရွေးပြီး လေယာဉ်နှင့် ဗုံးပတ်ကြဲနေသည့် မိအောင်လှိုင်က ဖာတေလံသည်။
လူငယ် လူရွယ်များကို မူးယစ်ဆေးဝါးဖြင့် သိမ်းသွင်းမြှူဆွယ်ပြီး စစ်ပွဲအတွင်း အတင်းအဓမ္မရောက်ရှိစေခဲ့ကြောင်း ဆေးဖြန့်ရင်း စစ်မှုထမ်းဥပဒေနှင့် မတရားနည်းမျိုးစုံသုံးကာ လူငယ်တွေကို သေတွင်းပို့နေသည့် သရေကြိုးက ဖာအမှုဆက်ပြုပြီးသကာလ လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှု အများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသည့် တိုင်းဒေသကြီးများနှင့် ပြည်နယ်များသာ ဖြစ်နေကြောင်း၊ ထိုဒေသများသည် လွတ်လပ်ရေးမရမီနှင့် ရပြီးစကတည်းက အခြေအနေအမျိုးမျိုး၊ အကြောင်းအမျိုးမျိုးတို့ကြောင့် ဖွံ့ဖြိုးမှုအားနည်းခဲ့သလို ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် “လဲရာသူခိုးထောင်း” ဆိုပြီး သူ့ကိုယ်သူ ခံလဲခံ၊ ခိုးလဲခိုးမှန်းသိအောင် ကြော်ညာသွားသေးသည်။
ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ပြည်ပစွက်ဖက်မှုနှင့် ပြည်တွင်းပယောဂ ကင်းကင်းဖြင့် နိုင်ငံရေး နည်းလမ်းအရ တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ လက်ရှိကာလ ရခိုင်ပြည် အပါအဝင် နိုင်ငံတွင်း တည်ငြိမ်အေးချမ်းမှု မရှိသည်ကို အခွင့်ကောင်းယူ၍ မိမိတို့နိုင်ငံ၏ ပထဝီဝင် နိုင်ငံရေးအရ အရေးပါမှုကို အသုံးချရန် အင်အားကြီးနိုင်ငံတချို့က ဩဇာလွှမ်းမိုးချုပ်ကိုင်လိုသည့်အတွက် ဆူပူ အကြမ်းဖက်မှုများနှင့် မတည်မငြိမ်ဖြစ်အောင် ဖန်တီးပုံဖော်နေကြောင်းဆိုပြီး ဖာတန်းလမ်းလျှောက်ရင်း ဖျင်ကြီးနှင့် တင်ကြီးကို ပလစ်သွားပြန်သည်။
(ဤတွင်၍ ဗျဂ္ဃမဟာ ပလာပလီ နံညှီပုပ်ဟောင် ကြောင်တောင်တောင် ကြုတ်တုပ်တုပ် ဖာခေါင်းချုပ်၏ ယုတ်ယုတ်ကန်းကန်း အရူးအနှမ်းစကားများ နိဂုံးချုပ်သတည်း)
👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ဖာဆန်မှုတွေ
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar