Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားဆိုးမယား တဖားဖားမအလနဲ့ အတွင်းဝန်ဆိုး တသိုးသိုးဝကခ

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - ကျားဆိုးမယား တဖားဖား မအလနဲ့ အတွင်းဝန်ဆိုး တသိုးသိုးဝကခ

မိုးမခ ၊ ဒီဇင်ဘာ ၄ ၊ ၂၀၂၆


လူထုအသံတိတ်သပိတ်နဲ့ အလံမလိပ်ကြောင်း ပြသပြီးတဲ့နောက် ဒီရက်ပိုင်း မအလကို ရှေ့ရောနောက်ရော အပေါ်ရောအောက်ရော ဝိုင်းကြိတ်နေကြတာများ ပြောကိုမပြောချင်တော့ဘူး ဆိုသလိုဘဲ။ နံဘေးပါ ကန်ပေးနေကြတာနော်။ ဒါတောင် အမြည်းပဲ ရှိသေးသတဲ့။ မကွေးကလဲ ကပစသွား လျှပ်တိုင်တွေကို ဖြတ်ကိုင်ပြီး အပြတ်ချိုင်၊ မြို့သိမ်းစစ်ဆင်ရေး ကြေညာချက်နဲ့အတူ ဝန်ကြီးချုပ်ပါ ထွက်လာတယ်။ မိုးကုတ်မှာလဲ အမျိုးယုတ်ကြတဲ့ ကောင်တွေအတွက် အရိုးထုတ်ကြရတဲ့ ငကြောင်တွေနဲ့။ ဆင်ဖြူကျွန်းဘက်မလဲ ခွေးရမ်းရော ခဲယမ်းရော မီးလောင်ပြာဖြစ် စစ်ကြောင်းဒစ်လည်၊ သိုက်ဆရာ လှေပေါ်တင်လာမိကိန်းဆိုက်။ မနောမြေမှာလည်း အပြောတွေမလှိုင် KIA ဆိုတဲ့အတိုင်း အသေကိုင်နေတာလဲ အားရချက်။ ငှက်သိုက်ပါ တက်နှိုက်ပြီး ငှက်ခေါင်းထု ငှက်မြီးချိုး ငှက်ဆိုးအော်သံတွေ ပိတ်ပစ်တာနော်။ ဗန်းမော်မှာ ဗျူဟာမှူးတွေ တပ်ရင်းမှူးတွေပါ နှစ်သစ်မကူးလိုက်ရ။ ဘာမှမကူးရတဲ့ဘဝတော့ ဘယ်ဟုတ်ပါ့မလဲ၊ ဘဝသစ်တော့ ကူးသွားရတယ်။ ဟားခါးလဲ ဟားချက် ခါးချက်။ ဖဝါးသွက်မှ မယားဖက်ရမယ့်အခြေ။ အလကားသက်သက် အသေခံမနေတော့နဲ့ ငါးကောင်တို့၊ လက်နက်ချပြီး နှစ်သစ်ကူးမီးပုံပွဲသာ ဝင်နွှဲလိုက်ကြ။ ရွေးကောက်ပွဲလုပ်မယ့်ကောင်တွေလဲ ပြေးပေါက်လွဲ။ ချင်းဘက်ကတော့ ရွေးကောက်ပွဲဝင်မယ့် ကောင်တွေရဲ့ ပိုင်ဆိုင်မှုတွေပါ သိမ်းအုံးမှာနော်။ ကျောက်ဖြူမှာ ဗိုလ်ကတော်တွေ ခြေရှုပ်နေဆိုကဘဲ။ လင်အသုဘတွေ၊ သားမသာတွေနဲ့ ကြက်ပျံမကျစည်ကားနေသတဲ့။ AA ဆိုတဲ့ထုံးစံအတိုင်း အသေအကျေတွေချည်းလေ၊ ဖို့မလောက် ပို့မလောက်မြေ ရခိုင်ပြည်။ နေပြည်တော်နားလဲ အကြားမလပ်၊ ရေတာရှည်မှာဖြတ်လိုက်တာ စစ်တောင်းမြစ်ထဲတောင် ဘာမှမကူးရတဲ့ဘဝတော့မဟုတ်ဖူး၊ လက်ပစ်ကူးနေရတယ်ဆိုပါတော့။ ဝိညာဉ်လက်ပစ်ကူးတာ မြင်ဘူးပြီမဟုတ်လား။ 

ခွေးအသံ စစ်ဝါဒဖြန့် မီဒီယာမှန်သမျှ တစ်တော့ပါမကျန် ဖြုတ်ချခံနေရချိန်၊ ကျားဆိုးမယား တဖားဖား ဖြစ်နေရတဲ့ကြားထဲ သနားမညှာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး ပြောတဲ့ အမှောင်ထဲမှာပဲ ဖွံ့ဖြိုးတဲ့ မှိုလိုကောင်ကို မှိုဝိုင်းကျွေးနေကြတာ။ အင်း ခုလောက်ဆို ကြူခေါပါ ဘုရားဘုရားတွေရော အဘားအဘားတွေရော ဖြစ်နေရောပေါ့။ သားသားတွေတောင် တနိုင်ပါအုံးမလား။

အရပ်ထဲကတော့ BGF ဆိုတာ ဘောစောင့်တပ်ကို‌ ခေါ်တာတဲ့။ ရွှေကုက္ကိုလ်ပါတနာ ရထိုက်ကုမ္ပဏီပိုင်ရှင် မသာရဲ့ တပည့်တွေနဲ့ ရုံးအဖွဲ့ဝင်အားလုံးကို စောချစ်သူက ကိုယ်ရံတော်တပ်တွေနဲ့ လုံခြုံရေးအပြည့်ချ စောင့်ရှောက်ပေးထားသတဲ့။ အင်း BGFဟာ ဘောစောင့်တပ် ဆိုတာ သေချာသကိုး။ ခွေးဘောရော ကျားဘောရော အကုန်စောင့်တာပေါ့လေ။ ခုတော့ ကျားဘောကိုပိုကြိုက်ဟန်တူတယ်။ စောချစ်သူရဲ့ အမိန့်နဲ့ ဘေးကင်းလွတ်ရာ နေရာတွေမှာ ပြောင်းရွှေ့ခဲ့ကြပြီး ရထိုက်ကုမ္ပဏီတဖွဲ့လုံးအတွက် BGF က အထူးလုံခြုံရေး ကိုယ်ရံတော်တပ်တွေတောင် ထားပေးသတဲ့။ ဖထီးတို့လဲ ဘယ်ဈေးလဲဆို သွားဖြဲပြနေရတဲ့ဘဝနော်။

ရထိုက်ကုမ္ပဏီ တစ်ဖွဲ့လုံးကို စောချစ်သူက ကာကွယ်စောင့်ရှောက်ပေးရာမှာတဲ့၊ လုံခြုံရေး အကာအကွယ်ပေးရုံမကဘူးတဲ့၊ ကျားဖြန့်ဆိုက်အသစ်တွေ ထပ်ဆောက်လုပ်ရေးလဲပါသတဲ့၊ ရွှေကုက္ကိုလ်လို ကျားဖြန့်မြို့ကြီးမဟုတ်တော့ဘဲ BGF စိုးမိုးနေရာတွေမှာ ကျားဖြန့်ရွာငယ်လေးတွေ တည်ဆောက်နေသတဲ့။

BGF က အဲဒီနေရာတွေကို စစ်တပ်တောင် အကပ်မခံဘူးတဲ့ဗျ။ အဲဒါကြောင့် ခွေးဘောထက် ကျားဘောပိုကြိုက်နေတယ် ပြောတာ။

ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထူထောင်ခဲ့တဲ့ကောင်ဟာ ခုတော့ တရုတ်ယွမ်ငွေ ဘီလီယံအများကြီးလိမ်လည်မှု၊ တရုတ်နိုင်ငံသားတွေကို လူကုန်ကူးပြီး အတင်းအကျပ်‌ငွေလိမ်ခိုင်း နှိပ်စက်သတ်ဖြတ်မှုတွေအထိ ကျူးလွန်ခဲ့တာတွေနဲ့ တရုတ်အစိုးရလက် ရောက်သွားပြီဆိုတော့ ကျားဘောလျက် စောချစ်သူလည်း မကြာတော့ပါဘူး။ မင်းအောင်လှိုင်ကလည်း သီရိသုဓမ္မကျားဖြန့်တွေချည်းတရုတ်ထိုးအပ်တဲ့ ဘုရားဒကာဆိုတော့ အ သူခံ လည်သူစား အပိုင်းနှစ် ကျားဇာတ်ကို စောင့်ကြည့်ရမှာပေါ့လေ။ ငွေရောင်ပိတ်ကားပေါ်မှာ မကြာခင် မြင်ရတော့မှာပါ။ ကျော်မျိုးမင်းကိုတော့ DKBA ဖထီး‌တွေကို နွားတွေ၊ သူခိုးဂျပိုး လက်ခံသူတွေလို့ အရင်ကြိုဆဲခိုင်းထားပေမယ့် တကယ်တမ်း ရထိုက်နဲ့တရုတ်တွေကို ကောင်းကောင်းပေါင်းကြိတ်ခဲ့တဲ့ကောင်က စောချစ်သူပဲ မဟုတ်လား။ ပိတ်ဆို့မှုတွေနဲ့ ဘယ်မှမထွက်နိုင်တဲ့ ခြင်းထဲက ကြက်၊ မြုံးထဲကငါး၊ ပလိုင်းထဲက ဖား ဘယ်ချိန်ရိုက်သတ်စားစားပေါ့။ တရုတ်လက် မရောကက်ခင် အမေရိကန်က ဦးရင်တော့ နည်းနည်းသက်သာဦးမယ်။

စစ်ဘော‌ ကျားဘောစောင့် ကရင်နှစ်တပ် BGF နဲ့ DKBA က ဒေါနတောင်ခြေ သစ်ကတေ့၊ ကျော်ခို့၊ ဖလူးကျေးရွာဝန်းကျင်တွေမှာ ကျားဖြန့်ကျေးရွာ အသစ်တွေ ဆင်ကန်းတောတိုးလုပ်ရင်း တရုတ်နဲ့အမေရိကန်ကို ဒစ်လှန်ပြနေကြတာလေ။ ဒီတိုင်းဆို အကုန်မသာပေါ်ဘို့ရက်လဲ လက်ချိုးသာတွက်နေကြပေရော့။ သူတို့ပြီးရင်တော့ ငလှိုင်ပေါ့။ ထွက်ချက်အားလုံးက ငလှိုင့်ဆီမဟုတ်လား။ ဒါ့ကြောင့် ဒီကောင်က ဧရာဝတီကိုထိုးအပ်ပြီး မြစ်ဆုံစီမံကိန်း ပြန်စခိုင်း ဘာညာ တရုတ်ဘောလျက်တာ ငုံတာ မတာဆွတာ စုတ်တာသုတ်တာအကုန်လုပ်နေတာပေါ့။

မြို့သိမ်းစစ်တွေ ဆက်နွှဲမှာမို့ လူတွေ အထုပ်ပိုက် ထွက်ပြေးနေရချိန်၊ တရုတ်ဝမ်ပေါင်ရဲ့ ကြေးနီလုပ်သားတွေ CDM လုပ်ခဲ့ကြဖို့ ပြောနေကြချိန် ဟိုခွေးမွေးနေ့ကို စောက်လုပ် လုပ်လို့ တော်လှန်ငွေကြေးတွေကို အလွဲသုံးစားလုပ်လို့ ငါ့လင် ငါ့မျိုး ငါ့ရုံး လုပ်နေလို့ အရေးယူပေးဖို့ ပြောတဲ့ မကြည်ပြာကို နိုင်ငံတော်လုပ်နေတဲ့ သောက်ရူးတွေကတမျိုး။ အင်း ကျားဖထီးပြီးတော့ ဝါးတားတားဖထီးပေါ့။

နောက်ဆုံးမေးခွန်းက တစ်ခုထဲပါပဲ။

“တော်လှန်ရေးကို ဦးဆောင်နေပါတယ် ဆိုတဲ့ အစိုးရ အဆင့်မြင့်အရာရှိတယောက်ရဲ့ အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှု၊ အကျင့်ပျက်ခြစားမှုတွေကို သက်သေအထောက်အထားအပြည့်နဲ့ ဒေါ်ကြည်ပြာ၊ ဦးညီညီမင်းတို့ လက်အောက်မှာ တာဝန်ထမ်းခဲ့ကြတဲ့ ဝန်ထမ်း ၃ ပုံ ၂ ပုံက စုပေါင်းတိုင်ကြားခြင်းဟာ ဘယ်လိုကြောင့်များ၊ ဘာကြောင့်များ၊ ဘယ်အချိန်ကများ “ တော်လှန်ရေးအစိုးရကို ထိုးခွဲမှု ဖြစ်သွားရပါသလဲ။” တဲ့။ ကဲ ဖထီး ဖြေဗျာ။ မဟုတ်ရင် ဖထီးလည်း တော်လှန်ရေးကျားဖြန့် ဖြစ်သွားမယ်နော်။

တိုင်တဲ့သူတွေက NUG ကို အကြည်ညိုပျက်အောင်  လုပ်တာ၊ NUG ကို ပုံရိပ်ကို ကျစေချင်တာလား ဆိုတာကိုတော့ "ဒီလိုသာဆို မကြည်ပြာ၊ ကိုညီညီမင်းက NUG ပုံရိပ်ကို ချဖို့ ရည်ရွယ်ချက်ရှိရှိ ဇာတ်မြှုပ်ထားတဲ့ ဒလန်တအုပ်တမကြီးအား ဝန်ကြီးချုပ်ရုံးတွင် ခန့်ထားခဲ့သလို ဖြစ်မနေဖူးလားလို့ ပြန်မေးထားတယ်ဗျို့။

စစ်ခွေးအကြိုက် လေလည်ပြနေတာ၊ အချိန်ကိုက် လုပ်ဆောင်ကြတာလား ဆိုတာကို‌တော့ "အဲဒီတော့ ဒီလို အဂတိတရားကျူးလွန်တာ အာဏာရှင်စရိုက်ဆန်တာတွေကို တော်လှန်ရေးဘက်ကပါဆိုပြီး မျက်ကွယ်ပြုရမှာပေါ့၊ ငြိမ်နေရမှာပေါ့၊ အဲ့လိုများလား ခင်ဗျာ..တဲ့။ လင်ယောက်ျား၊ တူများကို ခန့်ခဲ့တယ်ဆိုတာ အဲဒီ ဝန်ထမ်းဟောင်းတွေကပဲ မြှောက်ပေးခဲ့တာလားတဲ့။

တိုင်တဲ့ ဝန်ထမ်းကပဲ ခွေးမွေးနေ့ ကျင်းပပေးပြီး သူတို့ကို ပုံဖျက်ချင်လို့ ကြိုတင်စီမံခဲ့တာလားတဲ့။

တလ ဘတ် ၃၀၀၀ ရရှိတဲ့ ဝန်ထမ်းက ၁၈၀၀ ဘတ်တန် ခွေးမွေးနေ့ကိတ်နဲ့ accessories များအား ဝယ်ယူ ကျင်းပပေးတယ်ပေါ့ ဟုတ်ပါပြီ" တဲ့။ ရွဲ့သလိုလိုနဲ့ တဲ့တဲ့ပြောတဲ့စကားတွေပေါ့။

တိုင်တဲ့ သူတွေကလည်း အဂတိမကင်းဘူး၊ ဝေစားမျှစားတွေ အဝေမတည့်လို့ ဖြစ်ကြတာ ဆိုတာကို‌တော့ " ၃ နှစ်အတွင်း တာဝန်ထမ်းခဲ့တဲ့ ဝန်ထမ်းအားလုံးနီးပါးက သက်သေများနဲ့တကွ တိုင်ကြားတာပါ၊ အကယ်၍ ဒီအထဲက တစုံတဦးက အဂတိကျူးလွန်ခဲ့တာရှိတယ်၊ အာဏာအလွဲသုံးစားလုပ်ခဲ့တာရှိတယ်၊ ရုံးတွင်း လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက် (Sexual Harassment) ကျူးလွန်ခဲ့တာ ရှိတယ်ဆိုရင် ဘာကျူးလွန်ခဲ့ ကျူးလွန်ခဲ့ ယင်းပုဂ္ဂိုလ်ကို အချက်အလက်နဲ့ ပြန်တိုင်ပါ၊ ၎င်းဆိုင်ရာ ပုဂ္ဂိုလ်ဖြေရှင်းပါလိမ့်မယ်၊ အခုက ကြည်ပြာနဲ့ ညီညီမင်းကို တိုင်တာပါ၊ သူတို့ ဖြေရှင်းပါတဲ့။ အေးလေ ခုတော့ ဝကခက သူ့တိုင်ခံရတဲ့အတိုင်းဘဲ၊ ဖြစ်နေလိုက်တာ။

 တစုံတဦးက မြှောက်ထိုးပင့်ကော်လုပ်လို့ ဒီလိုတိုင်ကြတာ၊ အနောက်မှာ နိုင်ငံရေးရည်ရွယ်ချက်တွေပါတယ်ဆိုတာကိုတော့..

"မကြည်ပြာ FB ပို့စ်မှာ တင်ခဲ့တုန်းက စနစ်တကျ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုဆို အခုကျ နိုင်ငံရေး ရည်ရွယ်ချက် ဖြစ်ပြန်ပြီလား၊ ထားပါ၊ တိုင်ကြားသူ တစုံတဦးက စစ်အုပ်စုနဲ့ဖြစ်ဖြစ် အတိုက်အခံ နိုင်ငံရေးအင်အားစုနဲ့ဘဲဖြစ်ဖြစ် အဆက်အသွယ်ရှိတယ်ဆိုရင် သူ့ကိုလဲ အချက်အလက်နဲ့ပြန်ပြောပါ။ ဖော်ပြပါ။ တမင်သက်သက် မိုးကြိုးပစ် ထန်းလက်ကာလေးတွေနဲ့တော့ မတိုက်ခိုက်ပါနဲ့။ သိက္ခာရှိရှိ ရင်ဆိုင်ကြရအောင်"တဲ့နော်။

တော်လှန်ရေး သစ္စာဖောက်တွေဆိုတဲ့အချက်ကတော့ ဒါက အရမ်းများသွားပြီတဲ့။ ကြည်ပြာ၊ ညီညီမင်းရဲ့ အာဏာအလွဲသုံးစားမှု အကျင့်ပျက် ခြစားမှုကို တိုင်တာပါ။ ဒီလိုတိုင်လိုက်တာနဲ့  တော်လှန်ရေးသစ္စာဖောက် ဖြစ်သွားရောလား??  တကယ်စဥ်းစားမရပါတဲ့။

သတ္တုချကြည့်ရင် အတွင်းဝန် မတော်မလျော် လုပ်တာကို သက်သေအခိုင်အမာနဲ့ တိုင်တာကို နိုင်ငံတော်က အကြည်ညိုပျက်၊ အစိုးရလျှို့ဝှက်ချက် ဖွတာဆိုရင်တော့ ဗိုလ်ချုပ် ပြောသလို ဖာနိုင်ငံတော်ဖြစ်နေပြီလို့ ပြောရမလား၊ ဒီတော်လှန်ရေးမှာပြောကြသလို ငါလိုးမနိုင်ငံတော် ဖြစ်နေပြီလို့ ပြောရမလားပဲ။