Breaking News

သူရ - ဂီတ


သူရ - ဂီတ

မိုးမခ ၊ ဇန်နဝါရီ ၄ ၊ ၂၀၂၆


နှစ်တွေ ကူးခဲ့ပေါ့

ဟုတ္တိပ္ပတ္တိ မရူးလိုက်ရ

ဘဝဟာ

ဘုရားတွေနဲ့ ခြေရှုပ်

လူမလုပ်လိုက်ရဘဲ 

သေသွားတဲ့ဘဝတွေအတွက် လျော်ကြေးမရှိ။


ကြိုးမရှိရင် မကတတ်တော့တဲ့ 

ရုပ်သေးရုပ်တွေလို

နှင်းစက်စက်ထဲ တုံးလုံးပက်လက်

အကသာ မပေါ်ခဲ့ရင်

ကမ္ဘာကြီးပါ လေသင်တုန်းနဲ့ ဗုန်းဗုန်းလဲ။


မီးကို တွေ့ရှိခဲ့လို့ မဟုတ်

သီချင်းတွေရှိလို့ ဒီည နွေးတာ။



Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Like and Subscribe MoeMaKa YouTube Channel
#MoeMaKaMedia
#WhatsHappeningInMyanmar