Breaking News

ကျော်မင်းထွန်း(NEW YORK) - ဇန်နဝါရီ


ဇန်နဝါရီ

ကျော်မင်းထွန်း(NEW YORK)

မိုးမခ ၊ ဇန်နဝါရီ ၊ ၂၀၂၆


ဒီဇင်ဘာပြီးတော့ ဇန်နဝါရီ

လာပြန်ပြီ နောက်တနှစ်။


ဒုက္ခမြစ်ထဲ သမုဒယလှေလေးလှော်

Happy New Year လို့ ကျယ်ကျယ်အော်။


နှစ်တနှစ် ကုန်သွားလည်း

နှစ်သစ်ကို အချစ်သစ်နဲ့ ပြန်စမှာပဲ။


အတိတ်ကို ပြင်မရတော့

အနာဂတ်ကို ပြင်ရမှာပေါ့၊

ရေစုန်မှာ လှေကြုံမစီးဖူးတော့

ရေဆန်မှာ ဝေဖန်တာ ခံလိုက်ရုံပေါ့။


သူ့ကို ဘယ်လောက်ပဲ ကုတ်ခြစ်ကုတ်ခြစ်

သူ့အပေါ် ဘယ်လိုပဲ ပြေးလွှားပြေးလွှား

စိတ်မဆိုးသွားတဲ့ ထင်းရှူးပင်ကြီးကို

ရှဉ့်လေးတွေကိုယ်စား နှင်းတွေကြား

ခခယယ တောင်းပန်ထားရမယ်။

ဒီတညတော့..

နှင်းတွေက အေးသထက်အေးလာလို့

ဝေဒနာတွေ နွေးသထက်နွေးသွားအောင်

နှလုံးသားကို Fireplace ထဲ ထည့်ထားလိုက်ပါတယ်။    ။

-