Breaking News

Art - Than Htay Maung

တံလျှပ်အနီရင့်မှောင်မှောင်
မေလင်းနောင်
(မိုးမခ) ဖေဖော်ဝါရီ ၂၃၊၂၀၂၆

အာဏာရှင် (တစ် တုန်းက
မိုးပေါ်ထောင်မဖောက်ဘူးဆိုပြီး
ငြိမ်ဝတ်ပိပြားသည်အထိ ရက်စက်ခဲ့တယ်
အာနာရှင်ကို မုန်းတယ်

အာဏာရှင် နှစ် မှာ
ရူးကြောင်မူးကြောင် ကတိစာကားတွေဟာ
စစ်တန်းလျှားကို ပြန်မသွားခဲ့ပြန်ပါဘူး
လူထုတွေသာ 
သမဆိုင်မှာ တန်းစီပြီး အသမခံခဲ့ကြရတာ

အာဏာရှင် သုံး တောင်
နှစ်ပေါင်းနှစ်ဆယ်လောက်
ထုထောင်းခြေမွရမ်းကားပြီး
ညကိုစိန်စီ ကတီပါကော်ဇောနီပေါ်မှာ
စာဖတ်နေပုံများ 
တတိုင်းပြည်လုံး သူ့ကျွန်သဘောက်ကို 
ရောက်ရသလို ရောက်မှန်းသိသိ ရောက်လို့

အခု
အာဏာရှင် လေးဆက်
ခွေးတက်ပြန်ပြီ ဒီပုလ္လင်ပေါ်

ငါတို့အဖြစ်က
မသူတော်တစ်ယောက်မင်းမူတိုင်း
အာဏာရူးသူ ထို လု လူ လူး ကိုသာ အပြစ်ဆိုတယ်
ကျွန်ရူးတွေဟာ သောနုပ်ထိုလို
သနားစကားဆိုပြတိုင်း ခွင့်လွှတ်လွယ်ကြတယ်
ဒါဟာ
ရှုံးခဲ့သမျှ 
ပြည်ပုန်းကားချတတ်သူတို့ရဲ့ တော်လှန်ရေးပဲ

ငါ့ အဘိုး ငါ့ အဖေ နဲ့
ငါ့ အရှုံးကို 
ငါ့သားက အလေးပြုမှာ ငါမလိုချင်ဘူး
ငါလိုချင်တာ အနာဂတ်
လူငယ်အားလုံးရဲ့ သစ်လွင်တောက်ပ မနက်ခင်းများ

မပြတ်သားရဲပဲ
ဓားစွဲတုတ်စွဲ လုပ်ကြတဲ့ပွဲတွေနဲ့
နှစ်ရှစ်ဆယ်နီးပါး မပြတ်သားတာကြ
ရုပ်ပေါက်လွန်းတယ်
ဒါ့ကြောင့်လည်း
လက်ရှိရလာဒ်နဲ့ တန်လွန်းနေပြန်တယ်

နည်းမျိုးစုံနဲ့ ဝိုင်းညစ်ကြသူတွေကို
ရိုးရိုးသားသား မေတ္တာတရားနဲ့နိုင်ဖို့ဆိုတာ
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းကြာအောင် ကျင့်ပြီးမှရမယ့်အရာ

ဝံပုလွေနဲ့ငြိမ်းချမ်းရေးဟာ
ဒီတစ်ကောင် သူဆွဲသွားပြီးရင် အေးသွားမှာပါဆိုတဲ့
သိုးအုပ်ရဲ့အတွေးအခေါ်ကို
ဘုရားရှင်ကတော့ ဆိတ်ဆိတ်နေတော်မူမှာပါ 

ရှစ်ဆယ့်ရှစ်က အချိုးတွေ 
နှစ်ဆယ့်ရှစ်မှာ လာမချိုးနဲ့ တဲ့
ညာသံပေး အော်ဟစ်ကြွေးကြော်ခဲ့ကြ
သမိုင်းကို သင်ခန်းစာမယူခဲ့ကြ
ပစ္စုပ္ပန်သဘောထားတွေ ဝင်္ကမ္ဘာဆန်ဆန် ရှုပ်ထွေး
အနာဂတ်တွေ
ချောက်ထဲကျနေပုံက ဒလိမ့်ခေါက်ကွေး
စစ်မှန်တဲ့ပြည်ထောင်စုအရေး ရင်လေးသေးတယ်။ ။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar