Breaking News

ရင်နီ - မသေမရှင်

Art- KT# 
မသေမရှင်
ရင်နီ
(မိုးမခ) မတ် ၂၇၊ ၂၀၂၆

အရွယ်အရ
ကိုယ်တွင်းကလီစာတွေ မပျက်စီးအောင်
ဓာတုဆေးဝါးနဲ့စောင့်ရှောက်ရင်း
ကြွက်သားနဲ့ အရိုးအတွက်
ဖြည့်စွက်စာ စားရတယ်။

ဝမ်းမှန် ဆီးမှန် အကြောသန်ဖို့
အနေအထိုင်ဆင်ခြင်
လိုအပ်ရင်
မစင်ကိုပင် လစဥ်ကြေး ပေးရတယ်။

ခေတ်ကြီးကို ဖြစ် ပျက် ရှုရင်း
အိပ်ရေးဝဝအိပ်ဖို့ လိုအပ်ပြန်တယ်။

နံနက်စောစောလမ်းလျှောက်တဲ့အခါ 
ခွေး​​​ကြောက်လို့ တုတ်ကောက် ဆောင်ရ၊
မယုံရတသက် စုံ မ တွက်ခါ
၄ နာရီခြား လာ ပြတ်မို့
အနတ္တ အနတ္တ လို့ နှလုံးသွင်း
သေခြင်းဟာ ရှင်ခြင်းမှာ စိုက်ဝင်နေပါလား။ ။

6:54 am
26.3.2026 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar