မောင်လူမွှေး - ရွာကလေးရဲ့ တပ်ဦးအိမ်
မောင်လူမွှေး - ရွာကလေးရဲ့ တပ်ဦးအိမ်
(မိုးမခ) မတ် ၁၉၊ ၂၀၂၆
ဝါးကပ်ခင်းတံတား ယိုင်ယိုင်နဲ့ပေါ် ဆိုင်ကယ်စီးပြီး မြစ်ကိုဖြတ်ရတယ်။ တံတားပေါ်ကဆင်း ကမ်းစပ်ရောက်တာနဲ့ ဆိုင်ကယ်အသံကျယ်ကြီးထွက်တဲ့အထိ ကမ်းပါးမော့တက်တစ်ခုကို တက်ရတယ်။ မြစ်ကိုကျော်ပြီးလို့ လမ်းအတိုင်းစီးနေရင်း တောင်ကုန်းကလေးတစ်ခုကို ကျော်လိုက်မှ ရွာကလေးကို ဘွားကနဲ မြင်ရတယ်။ ရွာအဝင် ကုန်းထိပ်က အိမ်လေးဟာ မောင်လူမွှေးရဲ့ ဖလေးနဲ့ လေးလေးတို့အိမ်ပေါ့။ အဖေ့ညီအငယ်အဆုံးကို ဖလေး၊ ဖလေးရဲ့မိန်းမကို လေးလေး လို့ မောင်လူမွှေးငယ်စဥ်ကတည်းက ခေါ်ခဲ့တာပါ။
မောင်လူမွှေး အဖေရဲ့ မွေးချင်းညီအစ်ကိုတွေထဲမှာ ဖလေးဟာ အငယ်ဆုံးဖြစ်သလို အဆင်းရဲဆုံးလည်း ဖြစ်တယ်။ အစ်ကိုအစ်မတွေ အများဆုံးရှိတဲ့ ဇာတိရွာမှာမနေဘဲ သူ့မိန်းမရွာကို ပြောင်းသွားသူဖြစ်တယ်။ သူ့မိန်းမရွာကို ပြောင်းတော့ ရွာအစွန်မှာ စျေးသက်သာတဲ့ အိမ်ဝန်းဝယ်ပြီးနေတယ်။ ဒါကြောင့် ဖလေးအိမ်ဟာ ရွာအဝင်ကုန်းထိပ်လေးမှာဖြစ်နေတာပေါ့။
စစ်တပ်က အာဏာသိမ်းပြီး သူတို့ရွာကို စစ်ကြောင်းထိုးတော့ လူငယ်တွေတစ်စုဟာ ရွာကိုလာတဲ့ စစ်ကြောင်းကို ရွာထိပ်သူ့အိမ်ရှေ့ကနေ တူမီးနဲ့ ဆီးပစ်တယ်။ ပြီးတော့ ပြေးကြရတယ်။ စစ်တပ်က ရွာထဲဝင်တော့ သူ့အိမ်ရှေ့ကနေပစ်ခဲ့တဲ့အတွက် သူ့အိမ်ကို မီးရှိူ့ပစ်ခဲ့တယ်။ မောင်လူမွှေး ဖလေးတို့ သားအဖတွေ ဆယ်စုနှစ်တစ်ခုလောက် ကြိုးစားပြီး ဆောက်ခဲ့ရတဲ့ ခိုင်ခိုင်ခန့်ခန့်သစ်သားအိမ်ဟာ မီးလောင်ပြာကျသွားခဲ့တယ်။
အခုမောင်လူမွှေးရောက်နေတဲ့ အိမ်ကလေးကတော့ ဖလေးပြန်ဆောက်ထားတဲ့ ဝါးအိမ်ကလေးဖြစ်တယ်။ မောင်လူမွှေးရောက်တော့ ဖလေးဟာ ဝါးနဲ့လုပ်ထားတဲ့ မြေစိုက် ဝါးကုတင်ပေါ်မှာ လဲလျောင်းနေတယ်။ " တောင်သူက ဘာမှမရဘူး။ ဒါပေမယ့် လေးငါးရက်လောက်နေပြီးရင် ငါတောတက်ဦးမှာ။ တောခုတ်ထားတယ်။ မီးရှို့ရဦးမယ်" လို့ ဖလေးကပြောတယ်။
" မင့်ညီ ခြေထောက်နှစ်ဖက်လုံး သေနတ်မှန်ထားတယ်" လို့ ဖလေးက ဆက်ပြောတယ်။ သူ့သားအငယ်ဆုံး ကျနော့်ညီဝမ်းကွဲက တော်လှန်ရေးထဲမှာ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးဖြစ်တယ်။ " သေနတ်မှန်တာ မဟုတ်ပါဘူး။ ဗုံးစထိတာပါ။ လေယာဥ်နဲ့လာကြဲတာမှာ ထိသွားတာတဲ့။ ခြေထောက်က မဖြတ်ရဘူးလို့ပြောတယ်။ သူ့တပ်က အရာရှိလာပြောတာ။ ချင်းတောင်တိုက်ပွဲမှာဖြစ်တာ။ သားနဲ့တော့ ခုထိတိုက်ရိုက် စကားမပြောရသေးဘူး" လို့ လေးလေးက ပြည့်စုံအောင် ဖြည့်ပြောတယ်။
ဖလေးဟာ အိမ်ကနေ အဖီဆွဲမိုးထားတဲ့ အမိုးအောက်က မြေစိုက်ဝါးကုတင်မှာ လဲလျောင်းပြီး မျက်နှာက ငေးမှိုင်နေတယ်။ သူ့မျက်လုံးတွေမှာ ဘဝအတွက် မျှော်လင့်ချက်အရောင်တွေ နည်းပါးလှတယ်။ မိဘမစုံရှာတော့တဲ့ မြေးနှစ်ယောက်ရယ်၊ စိတ်ဒဏ်ရာရလို့ အလုပ်မလုပ်နိုင်တော့တဲ့ သားအကြီးရယ်၊ သူတို့လင်မယားရယ် နေကြတဲ့ ဝါးကြမ်းခင်းအိမ်လေးဟာ လှေကားကို ခြေတစ်လှမ်းကန့်လိုက်တာနဲ့ လှုပ်ခါသွားပါတယ်။ တော်လှန်ရေးထဲက သားအငယ်ဖြစ်သူ ထိခိုက်ဒဏ်ရာရတော့ သူတို့နှလုံးသားတွေ ဘယ်လောက်လှုပ်ခါနေကြမလဲ။
" တောတက်ပြီး ကိုယ်လုပ်နိုင်သလောက်တော့ လုပ်ရမယ်" လို့ အသက်ခြောက်ဆယ်နီးပြီဖြစ်တဲ့ ဖလေးက မောင်လူမွှေးကို တိုင်တည်သလိုနဲ့ ခပ်တိုးတိုးပြောတယ်။ သူတို့ဟာ ဆင်းရဲတယ်။ ရွာအဝင်အိမ်ဝင်းမှာ အိမ်ဆောက်ပြီးနေခဲ့တယ်။ သူတို့ရွာရဲ့ တော်လှန်ရေးသေနတ်သံကို သူတို့အိမ်ရှေ့မှာ စဖောက်ခဲ့လို့ သူတို့အိမ်ကို မီးရှို့ခံခဲ့ရတယ်။ သူ့သားအငယ်ဆုံးက သူတို့အိမ်အပါအဝင် ပြည်သူတွေရဲ့ အိမ်တွေကို မီးရှိူ့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်ကို ရှေ့တန်းစစ်မြေပြင်မှာ တိုက်နေတယ်။
" ငါ့လည်း ကြိုးစားဝယ်ထားတဲ့ ဖုန်း နှစ်လုံးရှိပြီ။ မင့်ညီလာရင် သူ့မှာဖုန်းမရှိလို့ ယူယူသွားတာ။ သူကလည်း တိုက်ပွဲဝင်နေတော့ တိုက်ပွဲမှာ ဖုန်းက ခဏခဏ ကွဲတာကိုး။ ငါလည်းထပ်မဝယ်နိုင်တော့ဘူး။ ဒီတိုင်းပဲနေနေတော့တာ" လို့ ဖလေးက ပြောတယ်။ ပြီးခဲ့တဲ့လကလည်း သူ့မိန်းမ ကျန်းမာရေးမကောင်းလို့ တော်တော်ဆေးကုယူခဲ့ရကြောင်းပြောပြီး " ပြန်ကောင်းလာလို့ တော်သေးတယ်" လို့ဆိုတယ်။ သူတို့လင်မယားနှစ်ယောက်လုံး အသက်နဲ့စာရင် အရွယ်တွေပိုကျနေကြတာကို မောင်လူမွှေး သတိထားမိတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ် အဖေ့ညီအငယ်ဆုံးအိမ်ကို မောင်လူမွှေး အလယ်ရောက်ခဲ့တာပါ။ သူတို့ မိသားစုကို နှုတ်ဆက်ပြီး မောင်လူမွှေးပြန်ခဲ့တယ်။ ရွာအထွက် အိမ်ကလေးကို လည်ပြန်ကြည့်မိတော့ နွေနေပူပူအောက်မှာ အိမ်ကလေးဟာ ကုပ်လို့။ မွဲခြောက်လို့။ ဒါဟာ ရွာကလေးရဲ့ တော်လှန်တပ်ဦး အိမ်ကလေးပါ။ ဒီလိုအိမ်ကလေးပေါင်းများစွာ မောင်လူမွှေးတို့ မြန်မာနိုင်ငံမှာ ရှိကြပါတယ်ခင်မျာ....။
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar