Breaking News

နေမင်းသ - အနာ

‌Art- Aung Htet
 
အနာ
နေမင်းသ
(မိုးမခ) ဧပြီ ၂၉၊ ၂၀၂၆


အရောင်စုံတဲ့အလံတော်တွေ
တစ်တောတစ်ကြက်ဖတွန်သံမှာ လည်ဆံမွှေးတခါခါနဲ့
သစ်ရွက်သေတွေ မုန်တိုင်းချူသံမှာ ငြိကျလို့

ငါတို့မှာ
လူအဖြစ်တဲ့လားး

ပါးစပ်တွေအကုန်ပိတ်
တိတ်တိတ်နေ ဆိုကတည်းက

တောတွေမီးလောင်
ထောင်တွေဝေစည်
ရွာတွေ ပြာကျ မြို့တွေ  အနာတရနဲ့

ဒီမြေမှာ
ရေဟာ ကမ်းလုံးလျှံ

မိုးဟာ ညလုံးပေါက်
ငါတို့ပြန်မရတဲ့နေ့တွေ တလျောက်

အမှန်တရားရေ
ထွင်းထားတဲ့လှေ နဲ့ မြင်ရတဲ့ကမ်း
ငါတို့လမ်း သွေးနဲ့တောက်ထားရတယ်။    ။

၂၇ ဧပြီ ၂၀၂၆ 
 -
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar