လင်းနွေးအိမ် - သက်ပြင်းသံငွေ့ငွေ့
သက်ပြင်းသံငွေ့ငွေ့
လင်းနွေးအိမ်
(မိုးမခ) မတ် ၂၄၊ ၂၀၂၆
ညတိုင်းမက်နေတဲ့ အိပ်မက်ထဲက နိုင်ငံတော်သစ်နဲ့
မနက်တိုင်းပြန်ရနေတဲ့ လက်တွေ့ထဲက နိုင်ငံတော်ဟောင်းကြားမှာ
သက်ပြင်းတွေသာမြိုချရင်း
ဒုက္ခတွေကို ဟာသလုပ်ရင်း
သောကတွေကို သီကျူးရင်း
အိပ်မက်နတ်ဘုံနဲ့ လောကငရဲကြား အဖန်တလဲလဲကူးခတ်ရင်း
ညီမလေးရဲ့ချစ်ခြင်းကို ဆန္ဒမပါပဲဥပက္ခာပြုထားမိရင်းပေါ့ ။ ။
မတ်လ ၂၃ ရက် ၂၀၂၆။
-
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
