Breaking News

လင်းလက်နွေဦး - အရိုင်းသင်္ကြန်



လင်းလက်နွေဦး - အရိုင်းသင်္ကြန်

မိုးမခ ၊ ဧပြီ ၁၄ ၊ ၂၀၂၆


တဟေးဟေး တဟားဟားနဲ့

မာရ်နတ်ရဲ့နွံထဲ

ကားယားကြီး ကျွံကျ။


စစ်ဘေးရှောင်ကားထဲ

သင်္ကြန်ရေ လှမ်းပက်လိုက်တော့

ရှဲကနဲ အူထလာတယ်

ရုပ်သေကြီးတွေ။


သင်္ကြန်သီချင်းတိုင်း ဒီဂျေနဲ့

ကလေးတွေ

ငမူးတွေ

အိုးမည်းမျက်နှာဖုံးတွေနဲ့။


ငါ့ကို ဥပုသ်စောင့်စေချင်ရင်

မအလကိုပဲ

တရားချကြပေါ့။


လင်းလက်နွေဦး

သင်္ကြန်အကျနေ့၊ ၁၃၈၇ ခုနှစ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar