ကျော်မင်းထွန်း(NEW YORK) - ဧပရယ်
Art- KT#
ဧပရယ်ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဧပြီ ၈၊ ၂၀၂၆
အခုသင်္ကြန်တပွဲပြီးလည်း
နောင်နှစ်မှာ နောက်တပွဲလာဦးမှာပဲ။
ပိတောက်ရယ်.. ငုဝါရယ်..
တနှစ်တခါဆင်းလာရတဲ့ သိကြားမင်းရယ်
အားလုံးကို ငဲ့ကွက်ပြီး
နွေရဲ့အပူဒဏ် ဧပရယ်ခံတယ်။
နွေနေပူမှာ ပိတောက်တွေကြွေနေတာ
ဧပရယ်က ပျော်နိုင်ပါ့မလား။
ကြွေကျတာက လွယ်တယ်
ပွင့်ရတာက ခက်တယ်
ပွင့်မယ်ဆိုလည်း ငုဝါလို ဝါထိန်နေမှ
ကြွေမယ်ဆိုလည်း စိန်ပန်းလို နီရဲနေမှ။
အောင်အောင်မြင်မြင်ဖြစ်အောင်
အတာအိုးထဲ အောင်သပြေထိုးထားပါတယ်
သက်စွန့်သွားတဲ့ အောင်သပြေတွေကိုတော့
သွေးမျက်ရည်နဲ့ ဆေးနေရတုန်းပဲ။
ပလ္လင်ပေါ် ခွေးတက်နေတော့
ပရမ်းပတာပန်းတွေ ဖူးဝေဆဲပေါ့
ဥဩဟာ အသားမည်းပေမယ့်
အသံသာလို့ အသည်းစွဲနေရတာ
မငြိမ်းမချမ်း နိုင်ငံတဝန်းမှာ
ဥဩမတွန်နိုင်တာ ကြာပါပြီ။ ။
-
အခုသင်္ကြန်တပွဲပြီးလည်း
နောင်နှစ်မှာ နောက်တပွဲလာဦးမှာပဲ။
ပိတောက်ရယ်.. ငုဝါရယ်..
တနှစ်တခါဆင်းလာရတဲ့ သိကြားမင်းရယ်
အားလုံးကို ငဲ့ကွက်ပြီး
နွေရဲ့အပူဒဏ် ဧပရယ်ခံတယ်။
နွေနေပူမှာ ပိတောက်တွေကြွေနေတာ
ဧပရယ်က ပျော်နိုင်ပါ့မလား။
ကြွေကျတာက လွယ်တယ်
ပွင့်ရတာက ခက်တယ်
ပွင့်မယ်ဆိုလည်း ငုဝါလို ဝါထိန်နေမှ
ကြွေမယ်ဆိုလည်း စိန်ပန်းလို နီရဲနေမှ။
အောင်အောင်မြင်မြင်ဖြစ်အောင်
အတာအိုးထဲ အောင်သပြေထိုးထားပါတယ်
သက်စွန့်သွားတဲ့ အောင်သပြေတွေကိုတော့
သွေးမျက်ရည်နဲ့ ဆေးနေရတုန်းပဲ။
ပလ္လင်ပေါ် ခွေးတက်နေတော့
ပရမ်းပတာပန်းတွေ ဖူးဝေဆဲပေါ့
ဥဩဟာ အသားမည်းပေမယ့်
အသံသာလို့ အသည်းစွဲနေရတာ
မငြိမ်းမချမ်း နိုင်ငံတဝန်းမှာ
ဥဩမတွန်နိုင်တာ ကြာပါပြီ။ ။
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
