Breaking News

ကျော်မင်းထွန်း(NEW YORK) - သင်္ကြန်ပုံပြင်

Art- Aung Htet
 သင်္ကြန်ပုံပြင်
ကျော်မင်းထွန်း(NEW YORK)
(မိုးမခ) ဧပြီ ၁၆၊ ၂၀၂၆

သင်္ကြန်ဆိုတာ ငါနဲ့မသက်ဆိုင်သလိုပဲ
သင်္ကြန်မိုးတွေ ဘယ်လိုရွာရွာ
အရင်လို မအေးမြနိုင်တော့ဘူး
အတာပန်းတွေ ဘယ်လိုဝါဝါ
အရင်လို မဝင့်ဝါနိုင်တော့ဘူး
မင်းက မင်းအပူနဲ့ မင်း
အရင်နေရာမှာ လင်းလင်းချင်းချင်းပဲမဟုတ်လား
ငါက ငါ့အပူနဲ့ငါ
အရင်နေရာမှာ အရင်အတိုင်းပါပဲ
တကယ်တော့ 
မင်းရဲ့မျက်စောင်းအောက်မှာ ငါဖူးပွင့်ရတာပါ။

ငါမပွင့်ဝေတော့တဲ့အခါ
သင်္ကြန်သီချင်းတွေ ဘယ်သူဆိုပေးမလဲ
ငါလွင့်ကြွေသွားတဲ့အခါ
သင်္ကြန်ရေအေး ဘယ်သူပက်ဖျန်းပေးမလဲ
ကြွေပြီးမှတော့ နင်းသာနင်းသွားပါတော့
ခြေရာကျန်မယ့်အလုပ်ကို ငါဆက်လုပ်ပါ့မယ်
ငါတပွင့်ပွင့်တိုင်း မင်းမျက်နှာသစ်ရာ အရပ်ဆီ
မျက်နှာမူပြီး ပွင့်ပါမယ်။

အပူမလောင်တဲ့ ဧပရယ်ကိုရှာကြည့်ပါ
ငါ့အရိပ်အောက်မှာ
နွေလယ်နေဟာ ထင်သလောက် မပူတော့ပါဘူး။   ။

 -

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar