Breaking News

နိုင်မွန်အောင်သွင် - မေးခွန်းများ

 

Art- NA

မေးခွန်းများ
နိုင်မွန်အောင်သွင်
(မိုးမခ) မေ ၁၂၊ ၂၀၂၆


နေကောင်းလား။
ထမင်းစားပြီးပြီလား။
ဘယ်ကလာပြီး ဘယ်ကိုသွားမလို့လဲ။
တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ။
တစ်ယောက်တည်းလား။
ငါတို့တွေ့ဖူးကြသလား။
ကြောင်ကို ဘယ်သူခြူဆွဲပေးမလဲ။
ငါ့ဒိန်ခဲကို ဘယ်သူရွှေ့သလဲ။
မ ကို တကယ်ချစ်ရဲ့လား။
မောင့်ကိုသေစေညွှန်းရော့သလား။
မိုးကို ဘယ်သူတိတ်ခိုင်းသလဲ။
လူတကိုယ် မြေမည်မျှလိုသလဲ။
ငရဲပြည်မှာလူဖြစ်ရတာ တကယ်ကံကောင်းရဲ့လား။
ခွေးရူးကောင်းစား တစ်မွန်းတည့်လား၊ တစ်သက်လုံးပဲလား။
ရိုးသားတဲ့အမေ့အိမ်လေးကဘယ်မှာလဲ။
ကမ္ဘာစစ်ကြီးဖြစ်ရန် လက်ဘယ်နှလုံးလောက်လိုသေးလဲ။
မေးခွန်းတွေအပြည့်အသိပ်ထည့်ထားတဲ့အမှိုက်ပုံးဟာ မှောက်သွားတယ်။
ကျီးတွေသာနေဆဲပဲလား။
 
၂.၅.၂၀၂၅  

 

Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar