Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄)

မိုးမခ ၊ မေ ၁၁ ၊ ၂၀၂၆


ဟောင်ချက်ကတော့နော်...

"ပြည်သူ ရွေးချယ်တဲ့ ဒီမိုကရေစီအစိုးရကို အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့ နိုင်ငံတကာကို သရေကြိုးအူ" ဆိုတဲ့ သတင်းတက်လာတယ်။ ဘယ်လောက်တောင် နံလိုက်မလဲဆိုတာ တွေးကြည့်ရုံနဲ့တင် အော်ဂလီဆန်ပြီး အန်ချင်လာတာပဲ။

အမှန်က သူပြောစရာတောင် မလိုပါဘူး။ နိုင်ငံတကာက လူထုရွေးကောက်ထားတဲ့ အစိုးရကိုပဲ အသိအမှတ်ပြုတာပါ။ ကုလသမဂ္ဂမှာဆိုရင် သမ္မတကြီးက ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံက ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ပါတယ်။ ကိုယ်စားလှယ်ကလည်း ဒေါ်စုခန့်ထားတဲ့ ဦးကျော်မိုးထွန်းပဲလေ။ အာဆီယံ သတင်းစာရှင်းလင်းပွဲမှာတောင် ခေါင်းဆောင်က ဒေါ်စု၊ ခေါင်းဆောင်အလုပ် လုပ်ရမှာကလည်း ဒေါ်စုပဲလို့ ဆိုထားတယ်။ ဂွေးဘုတဲ့ ခွေးပုက မကြားတာလား၊ လူစကားကို ခွေးမသိတာလား၊ ဒါမှမဟုတ် ဂွေးစိမှတ်ပြီး ပွတ်သပ်ပြီး ဇွတ်ရွတ်အူနေတာလား မသိပါဘူး။

ရွေးကောက်ပွဲကို ဝေဖန်ဖို့ ပါးစပ်ပြင်တာနဲ့ လူ ၄၀၀ ကျော်ကို ဖမ်းထားတယ်။ လူထု ရွေးချယ်ထားတဲ့ ပူပူနွေးနွေး အစိုးရကို သေနတ်ပြ အနိုင်ကျင့်၊ ဖမ်းဆီးထောင်ချပြီး အာဏာဓားပြတိုက်ထားတဲ့ လူထုချဉ်ဖတ်၊ မြင်သူတိုင်း သတ်ချင်နေတဲ့သူကများ ရာရာစစ မိမိကိုယ်ကိုယ် "ပြည်သူရွေးချယ်တဲ့ အစိုးရ" တဲ့။ တစ်ပြည်လုံးက ပြည်သူတွေ မပြောနဲ့၊ ပြည်မြို့က ပြည်သူတွေတောင် သူ့ကို တံမြက်လှည်း အမှိုက်သိမ်းဖို့အတွက်တောင် ရွေးမှာမဟုတ်ဘူး။

"ပြည်သူတွေက ဒီမိုကရေစီနည်းလမ်းနဲ့ ရွေးချယ်ထားတဲ့ အစိုးရအပေါ်မှာ နိုင်ငံတချို့က စီးပွားရေးပိတ်ဆို့မှုတွေ၊ ကန့်သတ်မှုတွေ ဆက်လုပ်နေကြတယ်။ ဒီမိုကရေစီနိုင်ငံတွေဟာ မိမိဆန္ဒအလျောက် မဲပေးခဲ့တဲ့ ပြည်သူတွေရဲ့ ဆန္ဒကို တန်ဖိုးထားသင့်တယ်" တဲ့။ အဲဒါ ဒီရက်ပိုင်း ခွေးအုပ်ထဲမှာ ဆူညံနေတဲ့ အူသံတွေပေါ့။ အင်း... လူသံမပါတဲ့ အူသံတွေပါ။

ခွေးပုဟာ ခွေးဝင်စားပေမဲ့ ခွေးစဉ်မမီ၊ ခွေးရည်မပြည့်၊ မစေ့ခွေးတန်း၊ လေးဘက်စမ်း သေးပန်းတဲ့ ခွေးသရမ်းပဲ။ အဲဒီလို ခွေးရောင်မပြောင်တာကိုပဲ နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု ထိခိုက်နေရတာပါဆိုပြီး ဖင်လေးတရွတ်ဆွဲ၊ ဘွတ်အဲသံနဲ့ နွားသံနှောပြီး ကြူလိုက်သေးတယ်။ ပြည်သူကသာ အမှန်တကယ် ရွေးကောက်ထားတာဆိုရင် ထရန့်ဘောငုံဖို့ ဒေါ်လာသုံးသန်း အကုန်ခံစရာ မလိုဘူး။ ရော်ဂျာစတုန်းကို "လော်ပါဦး" လို့ အူနေစရာ မလိုဘူးလေ။ မီးမမှန်၊ ကီးမမှန်၊ ဖရီးခံ၊ အထီးကျန်ဖြစ်လို့ ရင်းနှီးမြှုပ်နှံသူတွေ ပြန်ကုန်ကြပြီ။ ပေါတောတော သွပ်ချောင်ချောင် ဟောင်ကောင်တွေနဲ့ တိုင်းပြည်ကို ဘက်ပေါင်းစုံက ရသမျှနည်းနဲ့ ဖျက်ဆီးနေတဲ့ ခွေးငတ်တွေနဲ့ ဘယ်သူက ဘယ်ကိုယ်ကျင့်တရား၊ ဘယ်စိတ်ထားနဲ့ အလုပ်တွဲလုပ်နိုင်မှာလဲ။ စစ်အုပ်စုနဲ့ တွဲလုပ်ရင် လူကောင်းမဟုတ်သလို၊ လူကောင်းဆိုရင်လည်း တွဲမလုပ်ကြဘူး။ ကြာရင် ခွေးရုပ်ပေါက်မှာ သူတို့သိကြတယ်လေ။

ဂွေးဘုတဲ့ ခွေးပုရဲ့ ခွေးစဉ်မမီပုံကလည်း တကယ့်ကို အကြမ်းစားကြီးပါ။ သူကသာ အာဆီယံနဲ့ နိုင်ငံတကာကို အသိအမှတ်ပြုပေးဖို့ ဘောကို ခေါင်းနဲ့ခွေ့လိုက်၊ ဖင်နဲ့ပွတ်လိုက်၊ အမြီးယမ်းလိုက်၊ ဟောင်သံပေးလိုက်၊ အူသံပေးလိုက်နဲ့ အမျိုးမျိုး ကြူနေတာ။ သူ့မွေးစားအဖေ (၂) ကတောင် ခွေးတိုးပေါက်ပါပိတ်ပြီး ဘေးချိတ်ထားတာလေ။ ကြွက်မင်းပူတင်က (၈၁) နှစ်မြောက် ဒုတိယကမ္ဘာစစ် အောင်ပွဲနေ့ အခမ်းအနားကို "ခွေးတက်မခံဘူး" တဲ့ဗျာ။ လှိုင်ဘောငုံခမျာ ဘောလေးယက်လိုက်၊ လက်နဲ့ဖွလိုက်၊ ပါးနဲ့ပွတ်လိုက်၊ နှာခေါင်းနဲ့တွန်းလိုက်နဲ့ တိုင်းပြည်ဘဏ္ဍာတွေပါ ပုံအောထားပေမဲ့ ပူပူကတော့ လူလူသူသူပါပဲ။ လူရာမသွင်း၊ ခွေးစာရင်းမဖျက်၊ မတက်လာနဲ့၊ မပါရဘူးတဲ့။ အဲဒါကို ခွေးပုက ဟန်ကိုယ်ဖို့လုပ်ပြီး "အာဝုကိုများ ဘာဖြစ်လို့လဲ" ဆိုပြီး ကြွက်ပူကို လှမ်းမေးပါလေရော။ အဲဒါ ဟိုက "လူတွေကိုပဲ ဖိတ်တာ" လို့ အကြောင်းကြားလိုက်လို့ ခေါင်းတလားထဲ ဝင်အောင်းနေရသတဲ့။ ခေါင်းတလားထဲ အောင်းသွားဆို သွားစရာပဲရှိတာလေ။ ကိုယ့်ဘေးကပ်ရက်က လာအိုလို နိုင်ငံတောင် ဖိတ်ခံရတာ။ အင်မတန် လူရာဝင်ချင်တဲ့ ခွေးပုခမျာ ဘယ်သူ့ဂွေးဥမှ ပွတ်ခွင့်မရတော့လို့ ဂွေးအရစ်မတိုး၊ ခွေးဖြစ်ဆိုးနေပါလား ဆိုပြီး ခွေးမင်းအူသံတွေ မြည်ဟောင်နေလို့ နေပြည်တော်တောင် ခွေးအူသံတွေကြောင့် တွေးပူနေကြတယ်လို့ ဆိုကြတယ်။

ခွေးပုဟာ အာဏာသိမ်းပြီးပြီးချင်း အမြီးလေးမ၊ ဖင်လေးဟပြီး ကွတကွတနဲ့သွားကာ "ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မယ်" လို့ အူခဲ့တာကို သူကိုယ်တိုင်မေ့သွားပြီ။ အခုမှ သူ့ကို အသိအမှတ်မပြုလို့ဆိုပြီး ကတ္တရာလမ်းနဲ့ ဖင်နဲ့တေ့ပွတ်ကာ ဇွတ်အူနေတော့တာပဲ။

ကဲ... ခွေးပုကို အာဆီယံစာမေးပွဲ စစ်ကြည့်ရအောင်။

၁။ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန် - မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်တန့်ဖို့နဲ့ အဘက်ဘက်က အစွမ်းကုန် ထိန်းသိမ်းမှုကို ကျင့်သုံးဖို့။

ပြည်သူကို လိုက်ကိုက်နေတဲ့ ခွေးရူးဆိုတော့ အမှတ်က Minus (အနုတ်) အောက်မှာ။

၂။ သက်ဆိုင်သူအားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးရေး - ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုပြီး ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ အဖြေရှာဖို့ သက်ဆိုင်သူအားလုံး ပါဝင်တဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေကို စတင်ဖို့။

ထိုင်မယ်ဆိုတဲ့သူ မှန်သမျှ ခုံအောက်ကနေ ခြေသလုံးလိုက်ဆွဲနေတဲ့ ခွေးဆိုးဆိုတော့ တစ်မှတ်မှ မရတဲ့အပြင် အမှတ်တောင် အကြွေးတင်နေတယ်။

၃။ အထူးကိုယ်စားလှယ် ခန့်အပ်ရန် - တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်တွေကို အာဆီယံအတွင်းရေးမှူးချုပ်ရဲ့ အကူအညီနဲ့ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်က ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးဖို့။

ပါပီကလေး ပုတုတု၊ ဝုဝု ဝုဝု။ လူစကားသူမသိ၊ သနားစရာ အခြေအနေမို့ တစ်မှတ်မှ မရပါလေ။

၄။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ - အာဆီယံရဲ့ AHA Centre (လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဌာန) ကတစ်ဆင့် မြန်မာနိုင်ငံကို အကူအညီတွေ ပေးအပ်ဖို့။

လာသမျှ အကုန် ခွေးဂိုဒေါင်ထဲထည့်ပြီး ခွေးစာလုပ်ဖို့ပဲ ကြံစည်နေတာဆိုတော့ အမှတ်ဝေးလို့ ခြစ်ရာတောင် မထင်ဘူး။

၅။ အထူးကိုယ်စားလှယ် လာရောက်ရန် - အာဆီယံအထူးကိုယ်စားလှယ်နဲ့ အဖွဲ့ဟာ သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ဖို့။

ဒေါ်စုကိုတောင် အခုထိ တွေ့ခွင့်မပေးသေးဘူး။ ရမှတ်နဲ့ ဝေးလှပြီ။ စုစုပေါင်းရမှတ်က Minus (အနှုတ်) အောက် အဝီစိပဲ။

ဒီကြားထဲမှာ ခွေးချုပ်တစ်ကောင်ကလည်း "ခွေးဘဝ ရခဲတယ်" လို့ အူနေပြန်ရော။ ခွေးမတွေကလည်း ဝိုင်းအူ ဝိုင်းဟောင်ကြဖို့၊ ခွေးသည်တွေ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် အမြီးဖြတ်မယ်လို့ အူနေတယ်။ သစ္စာရှိဖို့ဆိုတာ ထမင်းရှင်ပြည်သူတွေကို ကိုက်သတ်ဖို့ ဟောင်နေတာပါ။ ဘုံသဘောတူညီချက်တွေကို ဖျက်ဆီးဖို့ အူနေတာပါ။ အဲဒီ ခွေးယဉ်ကျေးလိမ္မာ ငါးချက်ကို လိုက်နာရင် တရားဝင်မှုပေးဖို့ စဉ်းစားမယ်လို့ မလေးရှားက ပြောတယ်။ တိုင်းပြည်ကို ခွေးကျင့်ခွေးကြံ ကြံလိုက်ကတည်းက လူစာရင်းထဲက ဖြုတ်လိုက်ကြတာ။

ခွေးပုက လည်ပင်းမှာ ခြူစလွယ်ကြီးနဲ့ဆိုတော့ ဆူသံ၊ အူသံတွေကြားမှာ ခြူသံလေးလည်း ပေးလိုက်သေးတယ်။ "အဂတိနဲ့ မဆင်မခြင် စီမံမှုကြောင့် နိုင်ငံတော် ဘီလီယံချီ ဆုံးရှုံးခဲ့ရတယ်" တဲ့။

"နိုင်ငံတော်က နစ်နာဆုံးရှုံးခဲ့ရတဲ့ ငွေကြေးပမာဏအနေနဲ့ ဆိုရင် အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၃၄၄) သန်းနဲ့ ငွေကျပ် (၂၂၆ ဒသမ ၁၀၇) ဘီလီယံ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလို မဖြစ်စေဖို့အတွက် တို့အနေနဲ့ လုပ်ငန်းဆောင်ရွက်မှု အားလုံးကို လုပ်ထုံးလုပ်နည်းနဲ့အညီ စဉ်းစားဆင်ခြင် ဆောင်ရွက်ရပါမယ်" လို့ ခွေးအစည်းအဝေးမှာ ရှယ်အူတာလေ။

အမှန်တော့ ဒါဟာ ဖျက်ဆီးတာကလွဲရင် ဘာမှမလုပ်တတ်လို့ စီးပွားပျက်တာကို နိုင်ငံတကာနဲ့ ဒေါ်စုအပေါ် လွှဲချတာပေါ့။ ဒေါ်စုကို အားလုံးက ဝိုင်းတောင်းဆိုနေကြတာလည်း ပါတာပေါ့။ ခွေးမတန် ဟန်ကိုယ်ဖို့ ဆိုပါတော့။

"နိုင်ငံ့ဝန်ထမ်းများအနေနဲ့ အဂတိတရားကင်းစွာ နိုင်ငံတော်က ပေးအပ်ထားတဲ့ တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်ပြီး နိုင်ငံတော်နဲ့ ပြည်သူတို့ရဲ့ အကျိုးကို ဖော်ဆောင်ပေးရမယ်" လို့လည်း ဆူသံ၊ ခြူသံ၊ အူသံတင်မက ဘူသံပါ ပေးသွားပါကြောင်း။


👉 အူတော့သည်လည်း ခွေးစကား (၁)

👉 အူတော့သည်လည်း ခွေးစကား (၂)

👉 အူတော့သည်လည်း ခွေးစကား (၃)


Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar