မင်းညွန့်လှိုင် - တံတွေးဂူ
တံတွေးဂူ
မင်းညွန့်လှိုင်
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၆
ဟ
ငါသေတာခုမှသိသလားတဲ့
နောက်ကျနေတဲ့ဝမ်းနည်းကြောင်းတွေဖတ်ရတော့
နာမည်အသေက ထရယ်တယ် ။
တကယ်က
အုတ်ဂူကိုတံတွေးနဲ့ထွေးတာ မဟုတ်ပါဘူး
သူကိုယ်တိုင်
ကြိုးစားပမ်းစား
တံတွေးနဲ့တည်ထားခဲ့တဲ့ဂူပါလေ ။
တဂူစာတံတွေးတွေရရှိဖို့
သူဘယ်လောက်စုဆောင်းခဲ့ရတယ်မှတ်သလဲ။
နာမည်အသေဟာအဖော်မနည်းပါဘူး
တံတွေးဂူတွေဆင့်လိုက်ရင်
တိမ်တွေတောင်မလွတ်လောက်ဘူး ။
ဒါပေမယ့်
ဝမ်းနည်းပါတယ်
ကမ္ဘာကြီးကကြိုတင်နှစ်မြှုပ်ပစ်ခဲ့ပြီ ။ ။
၂၁ ဂျွန် ၂၀၂၆
-
t.me@moemaka
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
youtube.com/@moemaka
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
