ကိုသန်းလွင် - ဂျပန်ပြည်မှ စာအုပ်ဆိုင်များ
| PHOTO: WALTER SIM |
ကိုသန်းလွင် - ဂျပန်ပြည်မှ စာအုပ်ဆိုင်များ
မိုးမခ ၊ ဇူလိုင် ၉ ၊ ၂၀၂၆
(၁)
ဂျပန်ပြည်တွင် ရယ်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်ခဲ့ပါသည်။ မာရီကို အေအိုကီ (Mario Aoki) ခေါ် ဂျာနယ်လစ်တစ်ယောက်က ၁၉၈၅ ခုနှစ်တွင် မဂ္ဂဇင်းတစောင်၌ ဤသို့ရေးခဲ့ပါသည်။ လူတို့သည် စာအုပ်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်လိုက်ပြီဆိုသည်နှင့် ရုတ်တရက် ဝမ်းသွားချင်သည့်ကိစ္စ ပေါ်ပေါက်လာသည်။ ဤသည်ကို (Mariko Aoki Phenomenon)ဟုခေါ်သည်။ အမျိုးသမီးငယ်က သူ့အတွေ့အကြုံကို ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုအကြောင်းကို သိပ္ပံပညာရှင်များနှင့် မီဒီယာပညာရှင်များက သက်သေပြရန် ကြိုးစားကြသော်လည်း မအောင်မြင်ခဲ့ပါ။
ထိုသို့ အပေါ်ပြူလာဖြစ်နေသော သီအိုရီအရ ဤသို့ ပြောကြခြင်းမှာ ကဗျာဆန်ဆန် ပြောဆိုကြခြင်း ဖြစ်သည်။ စာအုပ်ဆိုင်တစ်ဆိုင်အတွင်းသို့ ဝင်လိုက်ပြီဆိုသည်နှင့် စိတ်ပညာဆိုင်ရာ အကျပ်အတည်းများကို ကြုံကြရာမှ လွတ်လပ်သွားသည်။ အားလုံးကို ဖွင့်လှစ်ပေးလိုက်သည်နှင့်တူပြီး စာရွက်များ၏ရနံ့ကို ရှူလိုက်သည်နှင့် လွတ်လပ်သွားသော အတွေ့အကြုံကို ခံစားကြရသည်ဟု ယုံကြည်ကြသည်။
(၂)
သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ယခုအခြေအနေတိုင်းဆိုလျှင် ထို အုတ်၊ အင်္ဂတေတို့ဖြင့် တည်ဆောက်ထားသော စာအုပ်ဆိုင်များသည် တဖြည်းဖြည်း ပျောက်ကွယ်နေကြပြီ ဖြစ်သည်။ မတ်လတွင် ဂျပန်ပြည်၌ စာအုပ်ဆိုင်ပေါင်း တစ်သောင်းအောက် လျော့ကျသွားပြီးဟု မှတ်တမ်းတင်ကြသည်။ ၁၉၉၄ ခုနှစ်က စတင်ရေတွက်လျှင် အောက်ဆုံးသို့ ကျရောက်သွားခြင်း ဖြစ်သည်ဟု ဂျပန်နိုင်ငံ၏ စာအုပ်ထုတ်လုပ်ရေးဌာန Publishing Organization for Information Infrastucture Dvelopment က ကြော်ငြာခြင်း ဖြစ်သည်။
ယနေ့တွင် စာအုပ်ဆိုင်စာရင်းမှာ ၉၉၉၃ ရှိနေပြီး ၁၉၉၈ ခုနှစ်က ၂၄,၂၇၈ ရှိသည်နှင့်စာသော် ၆၀ %မျှ လျော့ကျခဲ့ခြင်း ဖြစ်သည်။ ယနေ့ စာအုပ်ဆိုင်များ မရှိတော့ဘူးဟု ကြော်ငြာသော မြူနီစီပါယ်အုပ်ချုပ်ရေးဌာန ပေါင်း ၅၀၀ ကျော်သွားပြီ ဖြစ်သည်။ ၎င်းသည် လူမှုရေးနှင့်ပက်သက်၍ ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ဆိုသည်။ ယဉ်ကျေးမှုဆိုင်ရာ အေဂျင်စီတစ်ခုက ၂၀၂၄ ခုနှစ်အတွက် လူ ၆၂ ဒသမ ၆ ရာခုန်းနှုန်းကျော်သည် တစ်လလုံး စာအုပ်တစ်အုပ်မျှ မဖတ်ရပါဟုဆိုသည်။
စာအုပ်ဆိုင်များသို့ လူထုသည် စာအုပ်များကို ဖတ်ရှုရန်ဖြစ်စေ၊ ပိုနေသောအချိန်များကို ကျော်လွန်စေရန်ဖြစ်စေ လာကြသည်။ စာအုပ်ဆိုင်တစ်ဆိုင်များ ပျောက်သွားခြင်းကို ဝမ်းနည်းစွာဖြင့် မှတ်ချက်ချကြသည်။ ဂျပန်နိုင်ငံသည် မည်သည့်အလုပ်မဆို တခြားနိုင်ငံများထက် ဦးအောင် ဆောင်ရွက်တတ်ပါသည်။
ဥပမာ စာအုပ်ဆိုင်နှင့် ကော်ဖီဆိုင် တွဲဖွင့်သည့် အလေ့အထကို ဂျပန်နိုင်ငံတွင် ၂၀၀၃ ခုနှစ်က စတင် ဖွင့်ခဲ့ခြင်း ဖြစ်သည်။ တိုကျိုမြို့ အဆောက်အဦတစ်ခုတွင် (Tokyo Roppongi Hill) ရှိ စူတာယာ စာအုပ်ဆိုင် (Tsutaya bookstore) တွင် စားသုံးသူတို့သည် မဝယ်ရသေးသော စာအုပ်များကို ကော်ဖီသောက်ရင်း ဖတ်ရှုနိုင်ကြသည်။
ဆူတာယာကလပ်တွင် (Tsutaya Culture Convenient club) စားသုံးသူများ အဆင်ပြေစေရန်၊ နေ့စဉ် ဘဝများနှင့် လိုက်လျောညီထွေရှိစေရန် စာအုပ်ဆိုင်၏ ပိုသောနေရာများကို အများပြည်သူသုံး နေရာအဖြစ် သုံးခွင့် ပေးသည်။ ဆူတာယာဆိုင်များတွင် ဖက်ရှင်ကျသော အိမ်သုံးပစ္စည်းများကို တွေ့နိုင်သည်။ အချို့ဆိုင်များတွင် ဂျပန်လုပ်သားများကို စာအုပ်များနှင့် တွေ့နိုင်မည့်နေရာများအဖြစ် ဖန်တီးပေးသည်။ အချို့သောနေရာများကို အားကစားပစ္စည်းများ အသုံးပြုသောနေရာ (Gym) အဖြစ် အသုံးပြုနိုင်သည်။
ယခုအချိန်တွင် အသိသာဆုံးအလုပ်မှာ ဂျပန်စာအုပ်ဆိုင် အများအပြားသည် ပြန်လည်ပြုပြင်၍ အများပြည်သူတို့ အသုံးပြုနိုင်ရန် စီစဉ်နေကြပါသည်။ နန်းလက်ချာ (Nonlecture) သည် ရှင်ဘူယျ (Shinbuya) နယ်တွင် မတ်လအတွင်းက ဖွင့်လှစ်ခဲ့ပြီး ၎င်းတွင် အနုပညာ ဂယ်လာရီနှင့် စာပေတို့ကို စုပေါင်းပြသထားပါသည်။
တိုရန်နိုမွန် စီးပွားရေးဇုံ (Toranomon Business District) တွင် စားသုံးသူများ အလွယ်တကူကောက်ယူနိုင်သော စာအုပ်အမှတ်အသား (Book Mark) များတွင် ဖီလိုဆိုဖီ အသုံးအနှုန်းများကို ရေးထားသည်။ ကျွန်ုပ်တို့သည် “အရင်းရှင်ဝါဒအတိုင်း လိုက်နာကျင့်ကြံနိုင်မည်လား”၊ “ ကျွန်ုပ်တို့ တက်ခနိုလိုဂျီနှင့် အမှီမလိုက်နိုင် လျင် “ စသောစာများကို တစ်ဖက်တွင်ရေးထားပြီး နောက်တစ်ဖက်တွင် ၎င်းနှင့်သက်ဆိုင်ရာ စာအုပ်များကိုရည် ညွှန်း ရေးသားထားသည်။
တကယ်လက်တွေ့တွင် စာအုပ်ရောင်းသူများက စာအုပ်ကို မရောင်းနိုင်ဖြစ်နေသော အချိန်တွင် ဂျပန်တို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ဒေသဆိုင်ရာအစိုးရများက တစ်ဆိုင်ပြီးတစ်ဆိုင်ပိတ်နေရခြင်းကို တားဆီးရန် ကြိုးစားလာကြပါသည်။
ဥဒါ (Oda) ပြည်နယ်တွင် လူဦးရေ ၃၀, ၀၀၀ နေထိုင်သော ရှင်မိန်း (Shinmane) ဒေသတွင်စာအုပ် ဆိုင်ကို ၂၀၂၄ ခုနှစ်က ပိတ်လိုက်ရသောအခါ ဒေသအစိုးရက ယန်း ၅၅ သန်း (USD ၃၅၀,၀၀၀) ထောက်ပံ့ငွေအား ၁၀ နှစ်တွက် စာအုပ်ဆိုင်ဖွင့်ရန် ဒေသတွင်းစာအုပ်ဆိုင်ချိန်း (Imai) ကို ပေးရန်ဂတိပြုခဲ့သည်။
ထိုဆိုင်သည် စာအုပ် အမျိုးပေါင်း ၃၀,၀၀၀ ကျော်ကို ၂၉၀ စကွဲယားမီတာ ကျယ်ဝန်းသောနေရာ၌ မြို့တော်ဝန်က ဇွန်လ ၂၄ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သည်။ စာအုပ်ဆိုင်ကို ဖွင့်လှစ်ပေးခဲ့ရာတွင် “ကာလအကြာ ကြီး ပိတ်ထားခဲ့သောစာအုပ်ဆိုင်က မီးတွေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါပြီ” ဟု ပြောခဲ့သည်။ ဤကဲ့သို့သောဆိုင်များ သည် ဂျပန်ကျွန်းတွင် အလျှိုလျှို ပေါ်လာကြသည်။
တိုတိုရီ ပရီဖက်ချား (Totoyi Prefecture) ရှိ ကိုဖူးမြို့တွင် နေထိုင်သူ ၂၅၀၀ ကျော်ရှိပြီး စာအုပ်ဆိုင်မရှိ ဘဲ ၁၀ နှစ်ကျော် ကြာခဲ့သည်။ ဒေသဆိုင်ရာအစိုးရက မီးရထားဘူတာရုံအနီးတွင် မြေဝယ်ပြီး အများပြည်သူဆိုင်ရာစာအုပ်ဆိုင် ဖွင့်လှစ်ရန် အဆောက်အဦးတစ်ခုကို ၂၀၂၆ ခုနှစ်အတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်ကြသည်။
ရှင်မိုစီးကီ (Shinmoseki) တွင် အိမ်ရောင်းအိမ်ဝယ် လုပ်သူတစ်ဦးက စာအုပ်ဟိုတယ် (Book Hotel) တစ်ခုကို ၂၀၂၄ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ လူပုဂ္ဂိုလ်တို့၏ စုပေါင်းမှု အစိုးရ၏ စောင်မကြည့်ရှုမှုတို့ကြောင့်ပျက်စီးတော့မလိုဖြစ်နေသော စနစ်တစ်ခုသည် ဂျပန်နိုင်ငံတွင် အားယူ၍ ပြန်လည်ထူထောင်လာနေပါသည်။
ဇွန်လ ၂၂ ရက်နေ့တွင် စာအုပ်ရောင်းသူများက စုပေါင်းကြော်ငြာရာတွင် စာအုပ်ရောင်းချခြင်းကို ပုံစံ ပြောပြီး ရောင်းချတော့မည်ဟု ဆိုသည်။ စာအုပ်ဆိုင်တစ်ဆိုင်နှင့်တစ်ဆိုင် စုပေါင်းပြီလျှင် ဆက်သွယ်ရေးစနစ်တစ်ခုကို ထူထောင်၍ စာအုပ်ဝယ်သူများသည် ထုတ်ဝေသူထံမှ တိုက်ရိုက်ဝယ်ယူနိုင်တော့မည် ဖြစ်သည်။ နေရာတစ်ခု၌ စာအုပ်မရှိဘူးဟု မပြောရအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာအုပ်ဆိုင်အချင်းချင်း ရိုင်းပင်းကူညီသည့်အနေဖြင့် မည်သည့်ဆိုင်တွင်မဆို ဝင်၍စုံစမ်းလျှင် စာအုပ်ရှိရာဆိုင်ကို သိနိုင်မည်ဖြစ်သည်။
ဤသို့ပြုလုပ်ခြင်းဖြင့် ကွန်ဆိုင်းမင့်(Consignment) နှင့်ပေးသော အသုံးမဝင်တော့သည့် စာအုပ်ဟောင်း များများပြားလာခြင်းကို ပယ်ဖျက်ရာရောက်ကြောင်း၊ စာအုပ်ဆိုင်များမှ မရောင်းရ၍ ပြန်ပို့ရလျှင် ဘဏ္ဍာငွေထိခိုက်မှုရှိကြောင်း ၂၀၂၃ ခုနှစ်တွင် မရောင်းရသည့် စာအုပ်များ၏တန်ဖိုးမှာ ၃၃ ဒသမ ၄ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဂျပန်စာအုပ်ဆိုင်များသည် ယခုအခါ လမ်းဆုံးလမ်းခွသို့ ရောက်နေရခြင်း ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်စာအုပ်များ၏ အရေးကြောင့် စာအုပ်ရောင်းချသူများ ခေါင်းခဲနေရသည့်အဖြစ် ဖြစ်သည်။ သို့သော် ၎င်းဒစ်ဂျစ်တယ်စနစ်တွင် မရှိသည်မှာ ပတ်ဝန်းကျင်ဟု ခေါ်ဆိုရမည့် စာရွက်နံ့များ သင်းသည့် စာအုပ်ဆိုင်များပင် ဖြစ်သည်။
အစိုးရ ကျောထောက်နောက်ခံပေးခြင်း၊ အသစ်အသစ်သော တီထွင်မှုများဖြင့် အမြဲဆန်းသစ်နေခြင်းတို့ဖြင့် မခိုင်မမာဖြစ်နေသော လုပ်ငန်းကို အခိုင်အမာဖြစ်အောင် ကြိုးစား၍ တည်ဆောက်ကြပါသည်။ ထို့ကြောင့် စာပေလောကမှ စာအုပ်ဆိုင်များ ထွက်ခွာသွားရန် အချိန်မရောက်သေးပါ။
(၃)
ရည်ရွယ်ချက်မှာ စာအုပ်ဆိုင်များသည် စာအုပ်ရောင်းချရန်သာ မဟုတ်ဘဲ လူတိုင်းအတွက် မွေ့လျော်စရာ နေရာဖြစ်အောင် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။
ထို့ကြောင့် စာအုပ်ဆိုင်မှ မီးများမငြိမ်းရအောင် ဆောင်ရွက်ခြင်းမှာ ဂျပန်တို့၏စာပေကို ချစ်မြတ်နိုးစိတ်၊ ရေးထားသောစကားလုံးများကို ချစ်မြတ်နိုးစိတ၊် အေအိုကီ ပြောသည့် ပြင်ပကမ္ဘာကြီးတွင် သောကနှင့်စိုးရိမ်စိတ်များ ကင်းလွတ်ရာ နေရာသို့ ရောက်အောင် ဖန်တီးနေခြင်း ဖြစ်ပါသည်။
ကိုသန်းလွင်
Ref:Fight to keep Japan Bookstores from turning their last page, By Walter Sim, The Straits Times, June 7 2026
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar