မောင်နွေထက် - ပိတောက်ပင်အရိပ်အောက်မှာ
ပိတောက်ပင်အရိပ်အောက်မှာ
မောင်နွေထက်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၆
ကိုယ်တိုင်စိုက်ခဲ့တဲ့
ပိတောက်ပင်ကလေးရဲ့အောက်မှာ
ကဗျာဆရာက ထိုင်လို့
ပိတောက်ပင်ကလေးကလဲ
ပိတောက်ပင်ချစ်တဲ့ ကဗျာဆရာလာရာလမ်းဆီ မျှော်ငေးလို့
ပိတောက်ပင်ကလေးက
ကဗျာဆရာ့ချစ်သူပန်ဖို့
ပိတောက်လက်ကျန်ပွင့်ပေးပြီ
ကဗျာဆရာက ပိတောက်ချစ်တဲ့စိတ်နဲ့
ပိတောက်ပွင့်ကလေးတွေကို မခူးရက်
ပိတောက်ပင်ကလေးကို ပိတောက်သရဖူဆောင်းပေးလိုက်တယ်
ပိတောက်ရနံ့ကို တရှိုက်မက်မက်မွှေး
ပိတောက်ရနံ့ကိုသာ နမ်းလို့
ဟောဒီခေတ်ဆိုးကြီးထဲ
ဖြတ်သန်းရဲတဲ့ကဗျာဆရာဟာ
သူစိုက်ထားတဲ့ပိတောက်ပင်ကလေးကိုအရိပ်တကြည့်ကြည့်နဲ့
အော် ... ဒဏ်ရာတွေ ဝေဒနာတွေ
ဘဝအမောတွေနဲ့ ဒုက္ခတွေတနင့်တပိုးနဲ့
ပြည့်မောက်လျှံကျလာတဲ့ မတွေးဝံ့စရာခေတ်ကြီးထဲ
ကဗျာဆရာက ကဗျာလွယ်အိတ်လေးလွယ်
သူ့ခေတ်ကို ဖတ်နေတယ်
ရက်စက် ယုတ်မာ အကောက်ကျစ်ဆုံးတွေနဲ့
ခေတ်ကြီးဟာ မျက်နှာဖုံးစွပ်
ဟန်ဆောင်ဖုံးကွယ်မှုတွေနဲ့လုံးလည်ရိုက်နေတဲ့ဒီကာလမှာ
ကိုယ်ချင်းစာတရားက ဘယ်မှာလဲ
ဘဝထဲမှာ မရှိတာကြာပြီ
ဘယ်မှာ ကျန်ခဲ့သလဲပ
ဒုက္ခတွေထမ်းထားရရှာတဲ့ ရွာကလေးတွေမှာ
လောင်မီးကျလို့
လေယာဉ်သံတွေကလဲ တဝီဝီ
ဒုံးကျည်တွေကလဲ တဝဲဝဲ
အော် ... ကမ္ဘာကြီးတခုလုံးမှာလဲ
အနုမြူစစ်ပွဲတွေလို
မပြီးနိုင် မစီးနိုင်နဲ့
တောင်တန်းတွေကျော် ပင်လယ်တွေဖြတ်
သွေးဆာနေတဲ့ မိစ္ဆာတွေရဲ့အာဏာရဟတ်က မရပ်မနား
" ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ..." တဲ့
မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး
တကယ့်ငြိမ်းချမ်းရေးအစစ်က ဘယ်မှာလဲ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဆိုတာ
စကားနဲ့ပြောလို့မှမရတာ
ငြိမ်းချမ်းရေးဆိုတာ
ကိုယ့်အတွင်းအဇ္ဈတ္တထဲက
တကယ်ကိုလိုချင်မှရတာ
လူကြားကောင်းအောင် အသံကောင်းဟစ်
အယောင်ဆောင်စကားနဲ့ပြော
မာယာတွေနဲ့ ကြေညာစာတမ်းထုတ်လို့မှမရတာ
ခုတော့
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးက
အမြောက်သံ ဗုံးသံတွေကြားမှာ ပြားပြားဝပ်လို့
ငြိမ်းချမ်းရေးကို သတ်နေကြပြီ
ပိတောက်ပင်ကလေးက
ခေတ်ဆိုးကြီးအကြောင်းတွေးနေရှာတဲ့
ကဗျာဆရာကိုငေးအကြည့်
ပိတောက်ပင်အောက်ရောက်လာတဲ့ကဗျာဆရာက
ပိတောက်ကဗျာမဖွဲ့နိုင်
ချစ်သူပန်ဖို့ ပိတောက်ကိုမခူး
ပိတောက်ပင်ကလေးကို တလွမ်းတဆွေးနဲ့ကြည့်နေတုန်း
ပိတောက်သရဖူဆောင်းထားတဲ့
ပိတောက်ပင်ကလေးက အဝါရောင်
အဝါရောင်လွင်ပြင်ထဲ
ပိတောက်ရင်ပြင်အောက်
ကဗျာဆရာက လက်မမြှောက် ဦးမညွှတ်
ဒူးမထောက်ဟော့
သူ့ခေတ်ကြီးကို သူ ရဲရဲဖြတ်သန်း
ပါဘလိုပီကာဆိုရဲ့ ဂွာရာနီကာထက်ဆိုးတဲ့
အရက်စက်ဆုံးနဲ့ အနင်းခြေခံထားရတဲ့
ကာလပျက်ကြီးထဲကနေ
ပိတောက်ပင်ကလေးကို နှလုံးသွေးနဲ့သယ်ဆောင်
ယုံကြည်ချက် ဝိညာဉ်ထမ်း
လွတ်မြောက်ရာ ကောင်းကင်လမ်းဆီ
ခေါ်သွားပြီ
မောင်နွေထက်
၁၇ ဇူလိုင် ၂၀၂၆
-
မောင်နွေထက်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၂၆
ကိုယ်တိုင်စိုက်ခဲ့တဲ့
ပိတောက်ပင်ကလေးရဲ့အောက်မှာ
ကဗျာဆရာက ထိုင်လို့
ပိတောက်ပင်ကလေးကလဲ
ပိတောက်ပင်ချစ်တဲ့ ကဗျာဆရာလာရာလမ်းဆီ မျှော်ငေးလို့
ပိတောက်ပင်ကလေးက
ကဗျာဆရာ့ချစ်သူပန်ဖို့
ပိတောက်လက်ကျန်ပွင့်ပေးပြီ
ကဗျာဆရာက ပိတောက်ချစ်တဲ့စိတ်နဲ့
ပိတောက်ပွင့်ကလေးတွေကို မခူးရက်
ပိတောက်ပင်ကလေးကို ပိတောက်သရဖူဆောင်းပေးလိုက်တယ်
ပိတောက်ရနံ့ကို တရှိုက်မက်မက်မွှေး
ပိတောက်ရနံ့ကိုသာ နမ်းလို့
ဟောဒီခေတ်ဆိုးကြီးထဲ
ဖြတ်သန်းရဲတဲ့ကဗျာဆရာဟာ
သူစိုက်ထားတဲ့ပိတောက်ပင်ကလေးကိုအရိပ်တကြည့်ကြည့်နဲ့
အော် ... ဒဏ်ရာတွေ ဝေဒနာတွေ
ဘဝအမောတွေနဲ့ ဒုက္ခတွေတနင့်တပိုးနဲ့
ပြည့်မောက်လျှံကျလာတဲ့ မတွေးဝံ့စရာခေတ်ကြီးထဲ
ကဗျာဆရာက ကဗျာလွယ်အိတ်လေးလွယ်
သူ့ခေတ်ကို ဖတ်နေတယ်
ရက်စက် ယုတ်မာ အကောက်ကျစ်ဆုံးတွေနဲ့
ခေတ်ကြီးဟာ မျက်နှာဖုံးစွပ်
ဟန်ဆောင်ဖုံးကွယ်မှုတွေနဲ့လုံးလည်ရိုက်နေတဲ့ဒီကာလမှာ
ကိုယ်ချင်းစာတရားက ဘယ်မှာလဲ
ဘဝထဲမှာ မရှိတာကြာပြီ
ဘယ်မှာ ကျန်ခဲ့သလဲပ
ဒုက္ခတွေထမ်းထားရရှာတဲ့ ရွာကလေးတွေမှာ
လောင်မီးကျလို့
လေယာဉ်သံတွေကလဲ တဝီဝီ
ဒုံးကျည်တွေကလဲ တဝဲဝဲ
အော် ... ကမ္ဘာကြီးတခုလုံးမှာလဲ
အနုမြူစစ်ပွဲတွေလို
မပြီးနိုင် မစီးနိုင်နဲ့
တောင်တန်းတွေကျော် ပင်လယ်တွေဖြတ်
သွေးဆာနေတဲ့ မိစ္ဆာတွေရဲ့အာဏာရဟတ်က မရပ်မနား
" ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေး ..." တဲ့
မငြိမ်းချမ်းသေးတဲ့ ငြိမ်းချမ်းရေး
တကယ့်ငြိမ်းချမ်းရေးအစစ်က ဘယ်မှာလဲ
ငြိမ်းချမ်းရေး
ငြိမ်းချမ်းရေးဆိုတာ
စကားနဲ့ပြောလို့မှမရတာ
ငြိမ်းချမ်းရေးဆိုတာ
ကိုယ့်အတွင်းအဇ္ဈတ္တထဲက
တကယ်ကိုလိုချင်မှရတာ
လူကြားကောင်းအောင် အသံကောင်းဟစ်
အယောင်ဆောင်စကားနဲ့ပြော
မာယာတွေနဲ့ ကြေညာစာတမ်းထုတ်လို့မှမရတာ
ခုတော့
ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးက
အမြောက်သံ ဗုံးသံတွေကြားမှာ ပြားပြားဝပ်လို့
ငြိမ်းချမ်းရေးကို သတ်နေကြပြီ
ပိတောက်ပင်ကလေးက
ခေတ်ဆိုးကြီးအကြောင်းတွေးနေရှာတဲ့
ကဗျာဆရာကိုငေးအကြည့်
ပိတောက်ပင်အောက်ရောက်လာတဲ့ကဗျာဆရာက
ပိတောက်ကဗျာမဖွဲ့နိုင်
ချစ်သူပန်ဖို့ ပိတောက်ကိုမခူး
ပိတောက်ပင်ကလေးကို တလွမ်းတဆွေးနဲ့ကြည့်နေတုန်း
ပိတောက်သရဖူဆောင်းထားတဲ့
ပိတောက်ပင်ကလေးက အဝါရောင်
အဝါရောင်လွင်ပြင်ထဲ
ပိတောက်ရင်ပြင်အောက်
ကဗျာဆရာက လက်မမြှောက် ဦးမညွှတ်
ဒူးမထောက်ဟော့
သူ့ခေတ်ကြီးကို သူ ရဲရဲဖြတ်သန်း
ပါဘလိုပီကာဆိုရဲ့ ဂွာရာနီကာထက်ဆိုးတဲ့
အရက်စက်ဆုံးနဲ့ အနင်းခြေခံထားရတဲ့
ကာလပျက်ကြီးထဲကနေ
ပိတောက်ပင်ကလေးကို နှလုံးသွေးနဲ့သယ်ဆောင်
ယုံကြည်ချက် ဝိညာဉ်ထမ်း
လွတ်မြောက်ရာ ကောင်းကင်လမ်းဆီ
ခေါ်သွားပြီ
မောင်နွေထက်
၁၇ ဇူလိုင် ၂၀၂၆
-
Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar
