Breaking News

မင်းညွန့်လှိုင် - တိတ်ဆိတ်သောတည်ဆောက်ရေး

Art- Aung Htet
 
တိတ်ဆိတ်သောတည်ဆောက်ရေး
မင်းညွန့်လှိုင်
(မိုးမခ) စက်တင်ဘာ ၁၈၊ ၂၀၂၆


လေဟာ
စိုရွှဲငြိမ်ကုပ်နေတယ်။

သစ်ပင်ကြီးတွေ
အေးခဲနှုတ်ဆိတ်နေတယ်။

ဝန်ချီစက်ကြီးက
ဝန်တွေကိုငတ်မွတ်နေတယ်။

အသံတိတ်ကိရိယာတပ်ဆင်ထားတဲ့
စက်သေနတ်ထဲကပစ်လွှတ်လိုက်သလို
မိုးရေစက်တွေ
သွေးအေးအေး
စိမ်ပြေနပြေ။

မီးခိုးက
မီးဖိုထဲမှာမရှိဘူး။

နာရီက
နံရံယောင်ဆောင်လို့။။  

၁၇ စက်တင်ဘာ၂၀၂၆
  
 
Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar