Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၄)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၄၄)

(မိုးမခ) နိုဝင်ဘာ ၁၈၊ ၂၀၂၆

 

တနိုင်ငံလုံးကို မအလ မိုက်ရိုင်းနေတာကို ဆုံးသွန်သင်ဖို့ ထိုင်းက ဆရာကြီးတွေ ရောက်လာကြတယ်။ ခုဟာက ပြည်တွင်းတင်မက နိုင်ငံပြင်ပ ရောက်သူတွေကိုပါ လိုက်မိုက်ရိုင်းနေတာလေ။ ဆိုပျော်လွှတ်တော်က ပေါ်လာတဲ့ လုပ်ဝန်မင်း မရှိမောင်နိမ့် ဆိုတဲ့ကောင် ပတ်ဟောင်နေတဲ့ ကိစ္စပေါ့။

မိုက်ရိုင်းကောင်တွေက ပြည်ပရောက် လုပ်သားတွေ ဝင်ငွေ ၂၅ ရာခိုင်နှုန်း မဖြစ်မနေ ပြန်လည် လွှဲပို့ရမယ် ဆိုတဲ့ ကန့်သတ်ချက်ကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေ ပတ်စပို့ သက်တမ်းတိုးဖို့ အခက်အခဲဖြစ်ပြီး တရားမဝင်လုပ်သား ဖြစ်သွားနိုင်တဲ့ အန္တရာယ် ရှိနေတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မအလကို မြင်မြင်ချင်း ငတ်ကြီးမကျဖို့ လာဆုံးမတာ။

မိုက်ရိုင်းကောင်ကတော့ ထုံးစံအတိုင်း "ဒို့ ဟောင်ကောင်အုပ်စုက ဝင်ငွေ ၂၅ ရာခိုင်နှုန်း ပြန်လွှဲပို့ခိုင်းတာက ခွေးဘဏ္ဍာအဖြစ် သိမ်းယူတာ မဟုတ်ဘဲ လုပ်သားတွေရဲ့ မိသားစုနဲ့ ဆွေမျိုးတွေဆီ တိုက်ရိုက်ရောက်ဖို့ ရည်ရွယ်တာပါ" ဆိုပြီး အူတာပေါ့။ တိုက်ရိုက်ရောက်ဖို့များ၊ မသိရင် သူလုပ်ပေးမှ ရသလိုလို။

ထိုင်းကလည်း ဒဲ့ကြီး ပလစ်တယ်။

"အေး မင်းတို့ ဟောင်ကောင် လီမိတက်က သတ်မှတ်ထားတဲ့ တရားဝင် ဖွတ်ကလိလဲလှယ်နှုန်းက ပြင်ပ ပေါက်ဈေးထက် အလွန်တရာ လျော့နည်းနေလို့ လုပ်သားတွေ ငွေကြေး အရှုံးပေါ်နေရတယ်။ အာ့ကြောင့် သူတို့ မလွှဲတာ။ သူ့အိမ်သူ လွှဲဖို့က မင်းတို့ ပူစရာ မလိုဘူး၊ အခွန်ကလည်း နှစ်ရာခိုင်နှုန်း သမထားပြီးသားလေ။ အဲဒီ ငွေလွှဲ အထောက်အထား မပြနိုင်ရင်လည်း နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခွင့် ပိတ်ပင်ခံရမယ် ဆိုပြီး မင်းတို့က တော်သလင်း ကြံကြံထားတယ်ကွာ။ အဲလိုဆိုတော့ အမဲရိုး မကျွေးချင်၊ အမဲရိုး မကျွေးပြန်ရင်လည်း စာရွက်စာတမ်း သက်တမ်းတိုးမရတော့ဘဲ တရားမဝင် လုပ်သား ဖြစ်သွားနိုင်တယ်၊ ဒို့ထိုင်းက မင်းတို့ ရွှေ့ပြောင်းလုပ်သားတွေကို တရားဝင် အထောက်အထားနဲ့ပဲ နေထိုင် လုပ်ကိုင်စေလိုပြီး ထိုင်းလုပ်သားတွေလို ဥပဒေအရ အကာအကွယ်နဲ့ အခွင့်အရေးတွေ အပြည့်အဝ ပေးလိုတဲ့အတွက် ကိုယ့်နိုင်ငံသား လုပ်သားကို ချောင်ပိတ် မကိုက်သင့်ဘူး" ဆိုပြီး မစ္စတာ စီဟဆတ်က လက်ပေးသင်တာပေါ့လေ။

အဲတော့ မအလက ဒီပြဿနာကို မရှိမောင်နိမ့်နဲ့ ဗိုလ်ဘဏ် အဲလေ ဗဟိုဘဏ် ပူးပေါင်းပြီး မည်သို့မည်ပုံ လုပ်လိုက်သည်မသိ ဆိုတာကို လုပ်ခိုင်းမယ်လို့ ဟောင်သံ ပြန်ပေးတယ်။

ဆိုပျော်လွှတ်တော်အမတ် လုပ်ဝန်မင်း မရှိမောင်နိမ့် ဆိုတဲ့ကောင်က တခြားခွေးထက် အမြီးပိုရှည်တဲ့ကောင်။ မြန်မာနိုင်ငံမှာ မြေရှား ထွက်သော်လည်း ခွေးတပ်က ထိန်းချုပ်ထားတဲ့ နေရာမဟုတ်လို့ နိုင်ငံခြား အာရကေမရ၊ စီးပွားရေး ပိတ်ဆို့ခံရ၊ ပြည်ပ အကူအညီ မရနဲ့ ခါနာနိမ်းနေလို့ ပြည်ပရောက် အလုပ်သမားတွေဆီက နိုင်ငံခြား အာရကေ အနုကြမ်းစီးနေရပါတယ်လို့ သံရှည်အူတယ်။

မလေးရှားနိုင်ငံ သွား မြန်မာအလုပ်သမားတွေ လိုက်အမြီးနံ့ပြီး အူလို့ မလေးရှားမှာ အူတဲ့ခွေး ဆိုပြီး သူ့ဆိုပျော်လွှတ်တော်ကြီးကတောင် နာမည်ပေးပြီး ကျွေးမွေးတဲ့ အိမ်ကခွေးလေး အရွယ်ထောက်တော့ ခြံလုံအောင် ကင်းစောင့်တတ်ပြီ သီချင်းနဲ့တောင် အမဲရိုးကောင်း တံဆိပ်နှိပ်ပေးထားသတဲ့။

ပြည်ပရောက် အလုပ်သမားတွေဆီက ပေးပို့လာတဲ့ ဖွတ်ကလိဒင်္ဂါးတွေကို စက်သုံးဆီ၊ စားသုံးဆီ၊ လျှပ်စစ်ထုတ်လုပ်ရေးအတွက် သဘာဝဓာတ်ငွေ့၊ ဓာတ်မြေဩဇာနဲ့ ဆေးဝါးတွေ ဝယ်ယူဖို့ သုံးတာပါလို့လည်း အူသတဲ့။
တကယ်က ဆေးနဲ့ စိုက်ပျိုးရေးပစ္စည်း ပိတ်ထားတာ၊ သယ်တာ မြင်တာ ဖမ်းတာ အကုန်သိ။ လေယာဉ်ဆီ ဝယ်ပြီး ကိုယ့်အိမ် ကိုယ့်ရွာ ကိုယ့်မိသားစုအပေါ် ဗုံးကြဲနေတာ အကုန်သိ။ လက်နက်ခဲယမ်း ထုတ်ပြီး ကိုယ့်အမျိုးတွေ သတ်နေတာ အကုန်သိ၊ ဘောရှူမဝ ခေါကြူမ ဆာရင် ဆာသလို၊ လက်ကိုင်အိပ် ပြောပါတယ်၊ ဝယ်စားဖို့၊ အဲလေ ဝယ်ဆွဲဖို့ မှန်း အကုန်သိ။ သူအူလိုက်ရင် ချီး ဘယ်နှစ်တုံး မျိုခားမှန်း အကုန်သိတွေချည်းလေ။

မလေးမှာ မောင်နိမ့် ပါးလျက်နားလျက် လုပ်ချက်က ကြမ်းတယ်၊ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို နိုင်ငံတော်ရဲ့ သူရဲကောင်းတွေလို့တောင် သတ်မှတ်ပါသတဲ့။ ကျဆုံးစစ်သားလေးတွေသာ သူရသုနခဘွဲ့၊ အဲလေ သူရသီဟဘွဲ့ မပေးတာနော်။ မိသားစုတွေနဲ့ ခွဲခွာပြီး ပြည်ပမှာ အလုပ်လုပ်ကိုင်ကာ ငွေကြေး ပြန်လည်ပေးပို့နေတာဟာ စွန့်လွှတ် အနစ်နာခံမှုပါလို့ ငနိမ့်က ရှယ်ပလန်နဲ့ အူတာနော်။

ငွေပြန်ပို့ရာမှာ ငွေလဲနှုန်း ကွာခြားမှုကြောင့် နစ်နာမှု ရှိနေတာကို သိရှိပါသော်လည်း လက်ရှိကာလမှာ မအလနဲ့ သူ့သမီး ကဲဖို့အတွက် အနစ်နာခံပေးကြဖို့၊ ခွေးတပ်ကို အမဲရိုး ဆက်သကြဖို့၊ ခွေးတပ်ကသာ ခွေးဇာတ် မခင်းခဲ့ရင် ခုလို နိုင်ငံခြားကို ထွက်ရကောင်းမှန်း မသိနိုင်၊ မရောက်နိုင်တာမို့ ကျေးဇူးဆပ်တဲ့အနေနဲ့ ငွေကို စိတ်ပါလက်ပါ ပို့ပေးကြဖို့ အူတာပေါ့။

ပြည်ပရောက် အလုပ်သမားတွေဆီကနေ ဂျိုကုတ်မှူးကြီး သန်းရွှေက သူ့မြေး နေရွှေသွေးအောင် ကမ္ဘာပတ် ကဲဖို့၊ ဘောပွဲကြည့်ဖို့ ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းအထိ အခွန် ကောက်ခံခဲ့ဖူးပါတယ်၊ သူတို့က အရင်ခွေးအိုကြီးလောက် မဆိုးပါဘူးပေါ့။ သူတို့က အောင်ပြည်စုံနဲ့ ခင်သီရိသက်မွန်တို့ တော်သလင်းဇာတ် ပတ်ခင်းဖို့လောက်သာ ကောက်ပါတယ်ပေါ့။ နေရွှေသွေးအောင်လို မန်ယူဝယ်ဖို့ထိ မမှန်းပါဘူးပေါ့လေ။ ငနိမ့်က အမြီးရှည်သလောက် အူသံရှည်တာနော်။

မြေရှားသာ လက်တကမ်းမှာ ရှိရင် ဖွတ်ကလိဒင်္ဂါး ဘီလျံချီရမယ်၊ တနင်္သာရီ ကမ်းရိုးတန်းမှာ ကမ္ဘာ့ဒုတိယအကြီးဆုံး ဓာတ်ငွေ့သိုက် တွေ့တယ်။ အဲဒါတွေ သုံးနိုင်ရင် နင်တို့ဆီက ငတ်ကြီးမကျတော့ပါဘူး။ ခုချိန်ကတော့ ခွေးနံပိန်ကာလမို့၊ ဟိုလူတွေကလည်း ဒေါ်လာ သန်းသုံးရာရရင် နှစ်နှစ်အတွင်း ခွေးတပ် အမြစ်ပြတ်မယ် ပြောနေလို့မို့ သနားကြပါခမျာ လာလုပ်တာပါလို့ အူသံနှောတာ နှောတာ။

အင်း ဟောင်ကောင် လီမိတက် တစ်ဖွဲ့လုံး မိုးလင်း ဆက်အူရုံ ရှိတော့တယ်။ အာဆီယံကလည်း မယားငယ်ပေါင်းသာ ပေါင်းတာ၊ ပွဲတက် မယားကြီးအဆင့်ထိ မပေးဘူး။ ဒချိချင်မှ ဒရိုင်ဘာ လွှတ်ခေါ်တာမျိုး။

ထရန့် ရင်ခွင်ထဲ ဝင်မယ်ဆိုပြီး ရှီကျင့်ဖျင်ကို ခြေစုံကစ်သွားတာကလည်း ခုဆို မျက်သစ်ကိုင်းလွတ်၊ ဖွတ်မချမ်းသာ၊ ခွေးနာလောက် ကိုက်ဖြစ်နေရ။ ထရန့်က ဂလိုဘယ် စောက်ရူး၊ ခု အရူး လင်ငယ်တော်မိပြီ။ ဟိုက တစ်နာရီ နှစ်မျိုး ပြောတဲ့ကောင်။ သူက ကျားဖြန့်သိုက် နှိုက်ဖို့ အဓိက။ ဒါမှ သူတို့ ရီပတ်ဘလစ်ကန် အမှတ် ပြန်တက်မှာ။ ဒီက ကျားဖြန့် မရှိ၊ ပြည်ပလုပ်သားဆီက ဝင်ငွေ မရရင် ခွေးဝဲစားဘဝ စမုံတုံးပြီ။ ကိုယ်ယိုတဲ့ချီး ကိုယ်ပြန်တီးရမယ့်ဘဝ ဆိုက်ပြီ။ ဇာတ်တူသားစားရန်သာ ကျန်တော့သည်။ အရှေ့ဗိုလ်ချုပ်က အပြုတ်ဗိုလ်ချုပ် သားစားမည်။ ကောင်းမှ ကောင်းဆိုတာနဲ့ ထောင်းလမောင်းထဖို့သာ။

ဒီချိန်မှာ အမေရိကန် ဖွတ်ကလိဒင်္ဂါးက စစ်ဗိုလ်ချုပ်ဟောင်းတွေဆီမှာ ဖွတ်ကျားအဆင့်တောင် သန်းတစ်ရာလောက် ရှိတာလေ။ သန်းရွှေကြီးတို့ဆို သန်းထောင်ချီတာပေါ့။ ရေနံနဲ့ ဓာတ်ငွေ့ရငွေ ဒေါ်လာတွေကို အစိုးရလဲနှုန်း ကျပ်မတောက်တခေါက် ရာဂဏန်းလောက် မရှိတရှိနဲ့ လဲပြီး အိပ်ထဲထည့်လာတာ နှစ်ပေါင်း နည်းမှတ်လို့။ ကျောက်စိမ်း ရွှေကြော ပယင်းတော ပတ္တမြားတုံးတွေ မပါသေးဘူး။ သစ်တော ကြေးနီ သတ္တု မပါသေးဘူး။ နေဝင်းမြေး ဝက်နေဝင်းတို့တွေတောင် သုံးမကုန် ဖြုံးမကုန်တာ ကြည့်ပေါ့။

မကြာခင် အချင်းချင်း ကိုက်ကြရတော့မယ်လေ။ ဒေါ်လာတွေ ရှိတာဆိုတော့ မကိုက်လို့က မရ၊ နေ့စဉ် လိုနေတာက ဒေါ်လာ၊ ကိုယ့်ဘာကိုယ်က အပ်တောင် ထုတ်တတ်တာ မဟုတ်။ အဲဒါကြောင့် ငနိမ့်ကောင် ထိုင်း၊ မလေး အလုပ်သမားတွေကို ပတ်ဟောင်နေရတယ်။ ကိုယ့်အိမ်ကို ငွေပြန်ပို့တာ ဘယ်ကပို့ပို့ လက်မခံ၊ မပို့ဘဲလည်း မနေရ၊ မိဘ မရှိလည်း ဆွေမျိုးဆီ ပို့ရမယ်၊ ငါတို့ ဖွတ်ကလိ ကျပ်လဲနှုန်းနဲ့ ဖြတ်သန်းရမယ်။ မဖြတ်သန်းရင် ပါ့စပို့ သက်တမ်းတိုးမပေး၊ ငါတို့လိုပဲ သောင်ပြင် လွှတ်တဲ့ခွေး ဖြစ်အောင် လုပ်မယ် ဆိုပြီး ခြိမ်းခြောက်တယ်။ မဆီမဆိုင် လုပ်ခလစာထဲက အခွန်ကလည်း နှစ်ရာခိုင်နှုန်း ဖြတ်ထားပြီးသား။ အမှန်က နေတဲ့နိုင်ငံကိုပဲ ပေးရမှာ၊ သူနဲ့ ဘာမှ မဆိုင်။ စစ်မှုထမ်းလုပ်ဖို့ လူအုပ်နဲ့ လူလိုက်ဖမ်းပြီး အကြပ်ကိုင် ငွေညှစ်နေတဲ့ လူမိုက်ကောင်တွေ လုပ်ရပ်ဟာ ဒီလို စစ်ဗိုလ်ချုပ်တွေဆီက ရတဲ့ ဒီလိုစရိုက် အထာ။

အနောက်နဲ့ ဆက်ဆံရတာနဲ့ တရုတ်ကို မချေမငံ သွားလုပ်တာ၊ ဟိုက အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ရေး လို့ အသံပေးလိုက်တော့ ဟော ခု ဆိုပျော်ဖွတ်တော်မှာ ၂၀၀၈ ခြေဥကို ပေပေါ်တင်ပြီး ထုမယ်၊ နှက်မယ်၊ ပြင်ဆင်ပါတော့မယ် လုပ်ပြီ။ ပြင်လည်း အလကား၊ ဒီခြေဥက သုံးဖို့ အံဝင်ဂွင်ကျကို မဖြစ်တော့သလို သူ့ထက် ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ပေါ်နေပြီ။ ဈေးကလည်း သူ့ပြင်ခလောက်ကို မရှိသလို သူ့ပြင်ချိန်လောက်လည်း မကြာတော့။

တိုင်းရင်းသားတွေ အားလုံးက ဘယ်သူ့ဆီကမှ အထူးသဖြင့် စစ်တပ်က အသိအမှတ်ပြုစရာ မလို၊ ကိုယ့်ဖြစ်တည်မှုနဲ့ကိုယ်၊ ကိုယ့်အာဏာ ကိုယ်တည်ဆောက်နေကြပြီ။ စစ်တပ်နဲ့ နိုင်ငံရေး ဝေးဝေးထားရုံလောက်မက စစ်တည်ရှိနေမှုကိုပါ တနိုင်ငံလုံးက ငြင်းပယ်နေကြတဲ့ခေတ် ရောက်နေပြီ။
အေးလေ စစ်တပ်ဆိုတာလည်း ဖဲဝိုင်းလက်ခံ အကောက်ကောက်တဲ့အဆင့်သာ ရှိတော့တာမဟုတ်ပါလား။

ရန်ကုန်မြို့လယ်ကောင်မှာထိ ကျားဖြန့်တွေ လက်ခံပြီး ငွေလိမ်စားသူတွေဆီက လက်ဝါးဖြန့်နေရတာလေ။ ငွေလိမ်တရုတ်တွေကို အိမ်ထောင်စုဇယား နိုင်ငံသားမှတ်ပုံတင်နဲ့ ပါ့စပို့ ထုတ်ပေး၊ လုံခြုံရေး ယူပေး၊ ဝေယျာဝစ္စ လုပ်ပေး၊ အကြောလျှော့ပေးပြီး ငွေရှာနေရပြီလေ။ ဘယ်လိုလုပ် ဖက်ဒရယ်တွေ ဒီမိုကရေစီတွေ ပြောဖို့ တန်မလဲ။ အဲဒါတွေထားလို့ စစ်တပ်ဆိုပေမဲ့ လုံခြုံရေးစကား ကာကွယ်ရေးစကားတောင် ပြောဖို့ မတန်တော့တာကလား။

တနေ့ကတောင် တရုတ်က အလိုရှိတယ်ဆိုတော့ သူ့ပါတနာတွေကို ထိုးကျွေးတယ်လေ။ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS) နဲ့ လုံကျန်း ပြည်သူ့လုံခြုံရေးဗျူရိုတို့က ဆုကြေးငွေ ထုတ်ပြန်ထားတဲ့ တရားခံ ၄၃ ဦးစာရင်းမှာ ပါဝင်တဲ့ Su Fu Quan (ဆူးဖုချွမ်) ကို သူနေတဲ့ သာကေတမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ နဝရတ်လမ်း၊ အောင်ကောင်းကျော် အိမ်ရာဝန်းအတွင်းရှိ Golden River Residence Condo ရဲ့ သီးသန့်အခန်းတွေမှာ တရားမဝင် အွန်လိုင်း လိမ်လည် လောင်းကစားမှုတွေ လုပ်နေတာကို ဝင်ရောက်စီးနင်းသလိုလို လုပ်ပြီး ဖမ်းဆီးလိုက်တယ်။ ဆူးဖုချွမ်နဲ့ မဟုတ်တရုတ် ၄၈ ကောင်နဲ့ မ ၄ ဦး၊ ဗီယက်နမ် ၈၊ မြန်မာကျား ၃၁၊ မ ၁၅ ဖမ်းတယ်။

ဒါပေမဲ့ အမေရိကန် အလိုရှိတဲ့သူတွေကို သတင်းပေးနိုင်ရင် ဆယ်သန်း ပေးမယ် ထုတ်ပြန်ထားတာကိုတော့ လုပ်မပေးသေးဘူး။ တစ်ရက် ရွှေဥတစ်လုံး ဥပေးနေတဲ့ ငန်းတွေမို့လား၊ တိုးတက်သော ဖထီးတို့ကပဲ အထိမခံလို့လား။ ဒါမှမဟုတ် အဲဒီ ဆယ်သန်းကို ငတ်ကြီးကျအုပ်စုက မယူသေးတာက အဲထက် ပိုရနိုင်တဲ့ ဂွင် ရှိနေလို့လားပေါ့။

အဲဒီ ဆယ်သန်းကို KNU နဲ့ ပေါင်းပြီး SCEF ကရော တော်လှန်ဒေါ်လာ ရှာလို့မရဘူးလားပေါ့။ ကိုတင်ထွန်းနိုင်က ခရိုနီကိုသာ သွားခြိမ်းခြောက်နေတာ၊ ဟိုကလည်း လုံခြုံရေးအရ ထည့်ရဲဖို့ မလွယ်ဘူးလေ။ သေချာပေါက် ရမယ့်လမ်းတွေ ပြည်တွင်းမှာပဲ ရှိနေတယ်မဟုတ်လား။ ကိုယ့်ဖထီးတို့ လက်တကမ်းမှာပဲဟာ။

👉 ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား    


Join Us @ MoeMaKa Telegram

t.me@moemaka

Please show your support, donate with Zelle

Zelle to moemaka.org@gmail.com "MoeMaKa Multimedia"

Like and Subscribe MoeMaKa YouTube Channel

youtube.com/@moemaka

Like us on MoemaKa Facebook

Follow us on X

X.com/MoeMaKa

#MoeMaKaMedia

#WhatsHappeningInMyanmar