Breaking News

သစ်ကောင်းအိမ် ● အရွယ်

သစ်ကောင်းအိမ် ● အရွယ်
(မိုးမခ) သြဂုတ် ၉၊ ၂၀၁၉

ရောက်နေတဲ့အရွယ်ဟာ
ဘုရားသွားကျောင်းတက်
လုပ်ရမယ့်
အရွယ် မဟုတ်တော့ဘူး

နာရီတွေက ပိုမြန်ပြီး
ရေစီးက ပိုသန်လာတယ်

ရောက်နေတဲ့အရွယ်က
ကိုယ်ရှာရမယ့်တရား
ကိုယ်ဆီမှာပဲကျန်တော့တဲ့
အရွယ်

ကျန်နေရစ်တဲ့ အတိတ်ဟာ
ပိုနီးလာပြီး
ဆန်တက်နေတဲ့ မြစ်က
ပိုကျဉ်းလာတယ်

ရောက်နေတဲ့အရွယ်က
ရောက်လာတဲ့နေ့တနေ့ကို
ရောက်လာမယ့်
နောက်ဆုံးနေ့တနေ့လို နေထိုင်ဖို့
လက်တို့ပြောပြနေတဲ့အရွယ်

ရောက်နေတဲ့အရွယ်က
မလိုအပ်တာတွေခပ်ထုတ်ပြီး
ပိုနေတာတွေကို လှီးဖြတ်လိုက်ရင်
အဝတ်တထည် ကိုယ်တခုအောက်မှာပဲ
အချစ်တခုတည်းကို သိုမှီးဖို့
ပိုပြီး ပြည့်စုံလုံလောက်လာတဲ့အရွယ်

၇ သြဂတ်စ်၊ ၂၀၁၉