Breaking News

ဇော်အောင် (မုံရွာ) ● ရုပ်တုများနဲ့ စကားပြောခြင်း

ဇော်အောင် (မုံရွာ) ● ရုပ်တုများနဲ့ စကားပြောခြင်း
(မိုးမခ) အောက်တိုဘာ ၁၉၊ ၂၀၁၉

လေးစားရတဲ့ စာရေးဆရာ သန်းဝင်းလှိုင်ရေးတဲ့ ရုပ်တုစာအုပ်နဲ့ ဗုဒ္ဓရုပ်ထုကို စကားပြောတဲ့ ကဗျာဆရာကြီးတင်မိုး (ကွယ် လွန်) တို့ကို သတိရလာပါတယ်။ စစ်အာဏာရှင်စနစ် ကြီးစိုးစဉ် သူတို့ ခမြာ ထောင်ကျရရှာတယ်။ စာရေးလို့တဲ့။ ကျနော့်ကို လဲ လျောက်ရေးတတ်လို့ နိုင်ငံခြားမှာနေသူ သူငယ်ချင်းတွေက ၆၆ /ဃ နော်၊ သတိထားလို့ ပြောကြတယ်။ သရဝဏ် (ပြည်) လို ဧရာမ စာရေးဆရာကြီးလဲ မဖမ်းကြတော့ပါ။ ကျနော်က ဘာကြောက်စရာလိုသလဲခင်ဗျာလို့ ပြန်မေးချင်ပါတယ်။

ထောင်ထဲက စာရေးဆရာ၊ ဂျနယ်လစ်တွေ အကုန်လွှတ်ပေးတဲ့ အီသီယိုပီးယားအကြီးအကဲ စစ်ဗိုလ်ဟောင်းတစ်ဦး 2019 ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခံလိုက်ရတယ်။ သူ့ရဲ့ ရုပ်တု လုပ်ရ မှတ်တမ်းတင်ရပါဦးမယ်။

ကွယ်လွန်သူ စစ်အာဏာရှင် ဦးနေဝင်းကို ကြံဖန်ချီးကျူးရင် လူတွေကြိုက်မှာမဟုတ်ဘူး။ သူလုပ်တာ ဆယ်ခုဆို တစ်ခု လောက်က ကောင်းရှာပါတယ်။ ကြားဖူးတာက.. အသက်ရှင်နေဆဲလူတွေကို ရုပ်တုလုပ်ပြီး ဂုဏ်ပြုတာမျိုး မလုပ်ရဘူး။ ငါ့ရုပ်တုလဲ မလုပ်ကြနဲ့..လို့ သူ့တပည့်အရင်းတွေကို ပြောတယ်လို့ ကြားဖူးပါတယ်။ သူ့ရုပ်ပုံ ပိုက်ဆံထဲထည့်ဖို့ ကြိုးစားတဲ့ တပည့်တွေ မအောင်မြင်ဘူး။ ဒီတချက်တော့ လေးစားစရာကောင်းပါတယ်။ သူယုတ်မာပြီး အကျင့်မကောင်းတာ သူ့ကိုယ် သူ သိရှာတယ်။ သူ ကလေးဘဝက ပညာရေးစနစ်ကောင်းက ကြီးပြင်းလာတော့ အကျင့်ပျက်ပေမဲ့ အကျင့်မယုတ်မာဘူး။ အခုခေတ် စစ်ဗိုလ်ချုပ်ဟောင်း အများစုကတော့ ဒီမိုလဲလုပ်လိုက်ရော လူယုတ်မာစရင်းထဲထည့်ပြီး အရွေးမခံရတော့ဘူး။ အလိုလို ပြုတ်သွားတယ်။ ကျန်နေသေးတယ် တပည့်လူယုတ်မာ (In Service) အချို့က သူတို့ဆရာလို သူဌေးကြီး ဖြစ် ချင်နေကြတာ၊ တချို့ ကျန်နေပါသေးတယ်။ သူ့ခေတ် (ဦးနေဝင်းခေတ် ၁၉၆၂ - ၂၀၀၃) က ရုပ်တုဆိုလို့ ဘေးကင်းတဲ့ ဗုဒ္ဓရုပ်တုတွေပဲ ထုနေခဲ့ရတယ်။

ဆန်ဖရန်စ္စကိုက ရုပ်တုနှစ်ခု
Lake Merced အနားမှာ ဆန်ဖရန် စတိတ်ယူနီဘာစတီ ရှိတယ်။ ယူနီဘာစတီမှာ စာကြည့်တိုက်မှူး အလုပ်လုပ်တဲ့ သူ ငယ်ချင်းရဲ့အိမ်မှာ ၂ လလောက် အလုပ်မရှိလို့ ကပ်ပြီးနေခဲ့ရဖူးတယ်။ အလုပ်မရှိသူများရဲ့ထုံးစံအတိုင်း မနက်ဆို လမ်း လျှောက်ထွက်တယ်။ တခါတလေ မနက်ကနေ ညနေအထိ ပိုက်ဆံမကုန် လမ်းချည်းပဲလျှောက်ရတယ်။

ခြောက်ခြားစရာ ဧရာမ Lake Merced ရေအိုင်ကြီးဘေးက ဆန်ဖရန်စစ္စကိုမြို့ကို စတင်တည်ထောင်တဲ့ စပိန်စစ်ဗိုလ် မြင်းစီး ရုပ်ထုကြီးဆီလည်း ရောက်တယ်။ အနီးအနားက ဂိုးဒင်ဂိတ်တံတားဆောက်တဲ့ အင်ဂျင်နီယာကြီး ရုပ်တုဆီလည်း ရောက် တယ်။ ဟိုတောင်ထိပ်၊ ဒီချောက်ကမ်းပါး၊ ပင်လယ်ကမ်းခြေက သူများတွေစီးနေတဲ့ ဂလိုက်ဒါတွေ၊ ရေလွှာလျှောစီးတွေ၊ ခွေး ၁၅ ကောင်နဲ့ ပင်လယ်ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ ခွေးထိန်းတွေ နဲ့ စကားလျှောက်ပြောကြည့်တယ်။

စင်ကာပူမှာ အထပ်လမ်းလျှောက်စရာ၂၀ တိုက်တွေပေါသလို အမေရိကား မြို့ရွာတိုင်း တထက်အိမ်လေးတွေ စနစ်တကျ ခမ်းနားစွာ တည်ဆောက်ထားတာလည်း အံသြစရာပဲ။ ပုသိမ်မြို့မှာတော့ စစ်အစိုးရခေတ် သစ်လုံးခြေတန်ရှည်အိမ်တွေ ရေပေါ်ဆောက်၊ မိုးခါ ရေမြုတ်တဲ့ မြေလမ်းကနေ ဒီမိုခေတ်မှာ ကွန်ကရစ်ခြေထောက်ပေါ် သွတ်မိုး ၁၀ ပေ x ၄၀ ပေ သွပ်မိုး တိုက်လေးတွေ ပြွတ်ကြပ်ကြပ်နဲ့ ကိုယ်ထူကိုယ်ထ မိုးခါရေမမြုတ်တဲ့ ကွန်ကရစ်လမ်းတွေနဲ့ တိုးတက်လာနေတယ်။ အမေရိ ကား မနက်လမ်းလျှောက်ရင် လူတောင် မနည်းရှာရတယ်။ အိမ်လေးတွေချည်းပဲ။ စင်ကာပူနဲ့ ရန်ကုန်၊ ပုသိမ်မြို့ထဲ မနက်လမ်းလျှောက်ရင် ပေါမြားလှတဲ့လူတွေ တွေ့ရတယ်။ လူများတော့ Human Resource လူအရင်းမြစ်ကောင်းလို့ မြန်မာ ပြည်လဲ တရုတ်၊ ဗီယက်နမ်တွေလို ပြောင်းလဲတိုးတက်တော့မှာပါ။

ထားပါတော့။

ပထမရုပ်ထု
မြင်းစီးရုပ်ထုက မက္ကဆီကိုအစိုးရကနေ ဆန်ဖရစ်စ္စကိုအစိုးရဆီ လက်ဆောင်ပို့ပေးတယ်။ သဘောကတော့ မင်းတို့ ကာလီ ဖိုးနီးယား ပြည်နယ်တခုလုံးက ငါတို့ပိုင်တာနော်လို့ သတိပေးသလိုပါပဲ။ လူတွေကြွယ်ဝတဲ့ အမေရိကန်အစိုးရက စပိန်ကိုလိုနီ မက္ကစီကိုအစိုးရဆီက ပိုက်ဆံပေးပြီးဝယ်ထားတဲ့ ကာလီဖိုးနီးယားပြည်နယ်ဆိုပဲ။ လူတွေဆင်းရဲတဲ့ မက္ကစီကိုနိုင်ငံက စပိန် စကားပြောပြီး လူတွေကြွယ်ဝတဲ့ အမေရိကန်နိုင်ငံက အင်္ဂလိပ်စကားပြောတယ်။

မြင်းစီး စပိန်စစ်ဗိုလ် ရုပ်တု ကို ကြည့်ပြီး အိမ်နီးချင်း မက္ကစီကို သန်း ၂၀ က အမေရိကန်နယ်စပ် ဖြတ်ကျော် ပြီး အမေရိကန်တွေ မလုပ်ချင်တဲ့ အလုပ်တွေကို (တရားမဝင်) အလုပ်လာလုပ်နေကြတယ်။ ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းလုပ်သား ၅ သန်း ကလည်း ထိုင်းနယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် ထိုင်းလူမျိုးတွေမလုပ်တဲ့ အလုပ်ကြမ်းတွေ (တရားမဝင်) လာလုပ်နေကြ တယ်။ ခေတ်သစ်ကျွန်တွေပဲလို့ပြောရမှာ စိတ်မကောင်းပါဘူး။

ဒုတိယရုပ်ထု
ကမ္ဘာကျော် ဂိုးဒင်းဂိတ် တံတားကြီးကို အစိုးရငွေ တပြားမှမပါပဲ ပြည်သူတွေကို ရှယ်ယာဝယ်အောင် ဆွဲဆောင် ငွေရှာ တည်ဆောက်ခဲ့တဲ့ အင်ဂျင်နီယာကြီးရဲ့ ရုပ်ထုပါ။ ဒီအကြောင်း ကျနော် ဆောင်းပါးတစ်ခု ရေးခဲ့တယ်။ စစ်အစိုးရဆောက်တဲ့ မြောင်းမြ တံတားကြီး ဆောက်ပြီးတာ အနှစ် ၂၀ မပြည့်ခင် တံတားကျိုးကျလို့ NLD အစိုးရက တနှစ်ကျော်အတွင်း တံတားအသစ် ပြန်ဆောက် ပြီးသွားပါပြီ။ မြောင်းမြ တံတား ကျိုးကျစဉ်က ရေးတဲ့ ဆောင်းပါးမှာ ဒီရုပ်တု အင်ဂျင်နီယာကြီးကို ဂုဏ်ပြု ရေး ခဲ့ပါတယ်။ အချိန် ပေးနိုင်ရင် ဖတ်ကြည့်ပါ။ ဂိုးဒင်းဂိတ်တံတားအောက်မှာ လေယာဉ်တွေ ဝှီးကနဲ ပျံသန်းကြသလို၊ တံတားပေါ်က နှစ်စဉ် ၃ဦးလောက် ခုန်ချ အဆုံးစီရင်ကြတဲ့ တံတားကြီးဆောက်သူ အင်ဂျင်နီယာကြီးအကြောင်း ရုပ်ထုမှာ ရေးထား ပါတယ်။

ဖတ်ကြည့်ပါဦး...
https://m.facebook.com/story.php?story_fbid=10155581131223472&id=755653471

မွန်ပြည်နယ်၊ ကယားပြည်နယ်တွေမှာ ဗိုလ်ချုပ်ရုပ်တုတွေမထားဖို့ ပြည်သူတွေနဲ့ ပြည်နယ်အစိုးရ ပဋိပက္ခတွေ ဖြစ်နေတာ လည်း မြန်မာပြည်ရဲ့ စိတ်ပျက်စရာ စိတ်ယုတ်မာသူတွေ ရုပ်တုတစ်ခု အကြောင်းပြု ဆူပူနေကြတာ။ အစိုးရနဲ့ အစိုးရဟောင်း တွေမှာ စိတ်ယုတ်မာသူတွေ အတော်များနေသေးတယ်လို့ ရေးချင်ပါတယ်။

နိဂုံး သုံးသပ်ရရင်
ရုပ်တုတွေ ထားပါ။ မိမိဒေသကို ချစ်ပြီး ဖွံဖြိုးတိုးတက်ရေးလုပ်ပြခဲ့တဲ့လူတွေကို ရုပ်တုလုပ်ထားပြီး ဒေသခံတွေကို အား ကျစေရ ပါမယ်။ ရန်ကုန်တက္ကသိုလ်ရဲ့ ပထမဆုံး မြန်မာလူမျိုး အကြီးအကဲ (ပါမောက္ခချုပ်) ရာထူးကို အသက် ၃၀ ကျော် အရွယ်မှာ အင်္ဂလိပ် အစိုးရက ရာထူးပေးရတဲ့ ဦးဖေမောင်တင် ရုပ်တုကို မြန်မာစာ ဌာနအထဲမှာပဲ သိမ်းထားရတယ်။ အပြင် ထုတ်လို့ မရသေးဘူး။ ကန့်ကွက် လို့ ဆိုပဲ။

မကြာမီ ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ အခမ်နားမှာ ဆရာကြီး ဖေမောင်တင်ရုပ်ထု အဓိပတိလမ်းမပေါ် ဦးဝိစာရ ရုပ်တုလို ရောက်လာမယ် မျှော်လင့်ပါတယ်။

စစ်အာဏာ စတင်ခဲ့သူ ကာချုပ် ဦးနေဝင်း (1962-2003) လုပ်ရပ်တွေ ၁၀ ခုမှာ ကောင်းတာ တခုလောက်တော့ ပါတယ်။ ငါမသေခင် ငါ့ရုပ်ထုမလုပ်နဲ့၊ ငါ့ရုပ်ပုံ ပိုက်ဆံထဲမထည့်နဲ့.. ပြောခဲ့တာတော့ လေးစားစရာပါ။ သူငယ်စဉ်က ကမ္ဘာကိုကြီးစိုးခဲ့တဲ့ အင်္ဂလိပ်ပညာရေးစနစ်နဲ့ ကြီးပြင်းလာတာကိုး။ ဦးနေဝင်း ပညာရေးစနစ်အောက် ကြီးပြင်းလာတဲ့ ကာချုပ်ဦးသန်းရွှေနဲ့ အပေါင်းပါများကတော့ စိတ်ယုတ်မာလိုက်ကြတာဗျာ။ မရေးလိုတော့ပါ။

ကျနော်တို့ဟာ ရုပ်တုကိုးကွယ်ကြတာ မဟုတ်ပါ။ ရိုသေလေးစား အမှတ်ရအောင် မြင်ရမှ အားရှိသူများအတွက် ရုပ်တု များ ထုလုပ် ပြသ နေရခြင်း ဖြစ်ပါတယ်။ သမိုင်း ဖြစ်ရပ်မှန်ကို ဖော်ပြတယ်။ ပိုက်ဆံရှိရင် ကမ္ဘာ့အမြင့်ဆုံး ရုပ်တုကြီးတွေ ထုလုပ်ပြီး ဂုဏ်ယူနေတာ ကောင်းပေမဲ့ မြို့ရွာတိုင်း ရုပ်ထုချည်း အပြိုင်ထုလုပ် ငွေတွေ ကုန်ဆုံးနေလို့ မဖြစ်တော့ပညဘူး။ ကိုယ်လှူဒါန်းပြသထားတဲ့ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗိုလ်ချုပ်အောင်ဆန်းလိုကလေးတွေကို ပျိုးထောင်ဖို့ ရုပ် ထုတွေ အသုံးချရပါမယ်။

ပန်းတနော်မြို့မှာ ဗိုလ်ချုပ် အောင်ဆန်းရုပ်တုထက် ကမ္ဘာကျော် ကုလသမဂ္ဂအကြီးကဲဖြစ်ခဲ့တဲ့ ဦးသန့်ရုပ်ထုကို ပုသိမ်-ရန်ကုန် ကားလမ်းဘေးမှာ တည်ဆောက်ထားဖို့ စဉ်းစားနေမိပါကြောင်း။

ဇော်အောင် (မုံရွာ)