Breaking News

မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်) - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၀)


မန်းဖိုးအေး(ဝါးခယ်မ) - (ဘာသာပြန်)  - အဆိပ်အတောက်ရွှေတြိဂံ အခန်းဆက်များ (၁၀)

(မိုးမခစာအုပ်စင်ကောက်နုတ်ချက်)  နိုဝင်ဘာ ၂၁၊ ၂၀၁၉

အပိုင်း (၈) - ပေါ်ပီပင် တိုးချဲ့စိုက်ပျိုးရခြင်းအကြောင်း ဝတို့ရဲ့ စကား


အနောက်တိုင်းသားတို့၊ ယန်းကီးတို့ အလကားနေ ခင်ဗျားတို့ လေပဲ လည်နေကြတာကိုးဗျ။ ဝပြည်နယ်အစိုးရနဲ့ စစ်သေနာပတိချုပ် ပေါင့်ယို့ရှန်တို့က တစ်ကမ္ဘာလုံးကို စောစောကတည်းက ကတိစကား ပြောခဲ့ပြီးလေဗျာ။ ၂၀ဝ၅ ခုနှစ် နောက်ပိုင်း ဝပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါး နည်းနည်းလေးလောက် ကို တွေ့ရှိမယ်။ မျိုးစေ့လေးတစ်စေ့လောက်ကို တွေ့တာနဲ့ စစ်ဦးစီးချုပ် ပေါင့် ရဲ့ ဦးခေါင်းကို ဖြတ်ပြီး မြန်မာအစိုးရကို သွားပြလိုက်ပါ။ အခု ၂၀ဝ၅ ခုနှစ် ရောက်ဖို့ (နှစ်) နှစ်က လိုပါသေးတယ်။ ဘိန်းစိုက်တောင်သူတွေ တွေးနေကြတာ က နောက်နှစ်နှစ်ဆိုရင် ဘိန်းကို လုံးဝစိုက်တော့မှာ မဟုတ်တော့တဲ့အတွက် အခုအချိန်မှာ စိုက်တာက ဆန့်ကျင်တာမျိုးမဟုတ်ဘဲ ပုံမှန်အနေအထားလို့ပဲ သဘောထားကြပါတယ်။

ဝပြည်နယ် နံပါတ် (လေး) ခေါင်းဆောင် ဗိုလ်ချုပ် ကျောက်ဝံကွမ်းက 

သတင်းထောက်အဖွဲ့နဲ့ လက်ခံတွေ့ဆုံဖို့ သဘောတူလက်ခံလိုက်ပါတယ်။ ကျောက်ဝံကွမ်း အသက်က ခု ၅၄ နှစ်မှာပါ။ တရုတ်ပြည်က ပညာတ်လူငယ်။ ကမ္ဘာ့တော်လှန်ရေးကို အထောက်အကူပေးမယ်ဆိုတဲ့ ရဲဘော်ချေဂွေဗားရားရဲ့ အနီရောင်လွှမ်းတဲ့ အတွေးအခေါ်ကို ရင်မှာပိုက်ပြီး၊ ၁၉၆၉ ခုနှစ် အသက် နှစ်ဆယ်မှာ မြန်မာပြည် မြောက်ပိုင်းဆီ အပြေးရောက်လာပါတယ်။ ရောက်လာ ပြီး ထိုတုန်းက ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက်ဒေသက လက်နက်ကိုင် တပ်ဖွဲ့အထဲ ဝင်လိုက်ပါတယ်။ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး တောက်လျှောက် ဖြစ်ပြီ တပ်မဟာမှူးက တဖန် အမှတ် ၂၁၄ တပ်မမှူးတွေ တက်ဖြစ်ပါတယ်။ သူဟာ ၁၉၉၀-၁၉၉၆ ခုနှစ် ဝပြည်နယ်ညွန့်ပေါင်း တပ်ဖွဲ့ထဲကနေ ခွန်ဆာနဲ့ တိုက်ကြ ခိုက်ကြတဲ့ နောက်ပိုင်းမှာ ရှေ့တန်းတပ်ခွဲနိုင်ငံရေးမှူး ဖြစ်နေပါတယ်။

ကျောက်ဝံကွမ်းက ဝပြည်နယ်အဖွဲ့အစည်းအကြောင်းကို ပြောပြပါ တယ်။ ''ဝပြည်နယ်ရဲ့ အဖွဲ့အစည်းပေါင်းစုံထဲမှာ အများစုက တရုတ်ပြည်သွား ပြီး ရေးရာအသီးသီးတွေ တက်ရောက်သင်ကြားကြပါတယ်။ ဥပမာ ပြည်သူ့လုံ ခြုံရေးစခန်း၊ ပြည်သူ့ရဲတပ်ဖွဲ့၊ စစ်တပ်တပ်ဖွဲ့ရဲ့ သုံးသုံးဖွဲ့စည်းမှု စနစ်ရယ်၊ နိုင်ငံရေး စစ်ရေးအတွေးအခေါ်ပိုင်းတွေအားလုံးက တရုတ်ပြည်ပုံစံပါ။ နောက် ထပ်ပြီး ဥပမာ ပါတီကတပ်ကို ညွှန်ကြားရမယ်လု့ ချမှတ်ပြီး ဗမာပြည်ကွန်မြူ နစ်ပါတီကနေ ထွက်လာတာပါပဲ။ ထွက်လိုက်တာနဲ့ ဝပြည်နယ်ညွန့်ပေါင်းတပ် ကို ဖွဲ့စည်းတည်ထောင်လိုက်တယ်။ ကျောက်ဝံကွမ်းက အုပ်ချုပ်ရေးအာဏာ ကိုင်ထားပါတယ်။ သူ ဒီအာဏာကို ကိုင်တွယ်ထားပေမယ့်လည်း တရုတ်ပြည်က စီမံကိန်းနဲ့ ကလေးမွေးဖွားရမယ့်စနစ်ကို လက်မခံပါ။ ဒီလို လက်မခံရတဲ့ အဓိကအကြောင်းရင်းက ဘာလဲဆိုရင် နှစ်ကာလရှည်ကြာလာတဲ့ တိုက်ပွဲတွေ ကြောင့် လူဦးရေ အရေအတွက် တအားကို လျော့ပါးသွားတယ်။ ကနေ့ ဝပြည် နယ် ၅၈ プ ရဲ့ နယ်မြေဒေသအတွင်းမှာ ပေါ်ပီပင်စိုက်ပျိုးမှုကို လုံးဝ ပိတ်ပင် တားမြစ်ထားပါတယ်။ ဝပြည်နယ်အစိုးရက နိုင်ငံတကားကို ကတိပေးစကား ပြောကြားခဲ့ပါတယ်။ ''သက္ကရာဇ် ၂၀ဝ၅ ခုနှစ် ဝပြည်နယ် နယ်နိမိတ်အတွင်းမှာ မူးယစ်ဆေးဝါး လုံးဝကင်းရှင်းစေရမယ် (အမြတ်ပြတ်စေရမယ်)'' ကျောက်ဝံကွမ်း က ဝပြည်နယ် အစိုးရကိုယ်စားလှယ်အနေနဲ့ တရုတ်သတင်းထောက်အဖွဲ့လာ ရောက်မှုကို ကြိုဆိုဧည့်ခံပါတယ်။ ဒါ့အပြင် သူက ဝပြည်နယ်မှာ မူးယစ်ဆေးဝါး ပြဿနာတစ်ရပ် တည်ရှိနေသေးတယ်ဆိုတာကို သူ မရှောင်လွှဲပါ။ ဒါပေမဲ့ သတင်းထောက်တွေကနေတဆင့် ကမ္ဘာကို ဝပြည်သူလူထုရဲ့ နှလုံးသားအသံကို ပြန်လွင့်စေလိုပါတယ်။ 

''ကျွန်တော့်တို့ ခု တကယ့်ကို တကယ့်ကို မူးယစ်ဆေးဝါး ကို တိုက်ဖျက်နှိမ်နင်းလိုတဲ့ စိတ်ဆန္ဒတွေ ရှိပါတယ်။ တကယ့်စစ်မှန်တဲ့ ဝပြည် နယ်သားတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်ကို ကမ္ဘာသူ ကမ္ဘာသားတွေ သိမြင်စေ ချင်ပါတယ်ဗျာ''

သတင်းထောက်မေး - မူလဇစ်မြစ်က ခင်ဗျားဟာ ယူနန်ပြည်နယ် သား ပညာတတ်လူငယ်ရယ်လို့ ကြားသိရပါတယ်။ ဘယ်ကနေ ရောက်လာတာ လဲခင်ဗျာ။ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မူလက အဆင့်မြင့်လက်နက်ကိုင်တပ်ဖွဲ့ ခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်ဆိုပဲ။ ခင်ဗျားတို့ အဲဟိုတုန်းက ဗမာပြည်ကွန်မြူ နစ်ပါတီနဲ့ ဘယ်နှယ့်ကြောင့် ကွဲပြဲသွားကြတာလဲ။ ခင်ဗျားတို့ ဘာကြောင့် ခွန်ဆာကို တိုက်ကြတာလဲ''
ကျောက်ဝံကွမ်း တိုတိုပဲ ဖြေပါတယ်။ ''ကျွန်တော် ယူနန် လိန်ချန်းဒေသ ချန်းယွမ်ခရိုင်သားပါ။ ၁၉၆၉ ခုနှစ်က ဒီကို ရောက်လာတာပါ။ အဲဒီတုန်းက အထက်တန်း (မြန်မာ့ပညာရေးစနစ် ဆယ်တန်း) ကျောင်းပြီးကာစ အချိန်ပေါ့ ဗျာ။ အလုပ်ဆိုလို့ ဘာကို လုပ်ရကိုင်ရမှန်း ရှာမတွေ့သေးဘူးလေ။ နောက်ပြီး ကျွန်တော့်ကို တရုတ်ပြည်တွင်းက ကြာလေ ဆိုးရွားလေ၊ ကြာလေ ပြင်းထန်လေ ဖြစ်နေတဲ့ နိုင်ငံရေး အရေးတော်ပုံကိုလည်း စက်ဆုပ်ရွံ့ရွာလွန်းတယ်ဗျာ။ နောက်ပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ကမ္ဘာလုံးက အနီရောင်တော်လှန်ရေး ထဲမှာ နှစ်မြုပ်ပစ်ချင်တဲ့ စိတ်ဆန္ဒတွေက ပြင်းထန်နေတယ်လေဗျ။ ဒီတော့ မြန်မာပြည်မြောက်ပိုင်းဆီ ထွက်လာပြီး ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့မြောက် ပိုင်းရဲ့ ပြောက်ကျားတပ်ဖွဲ့ထဲ ဝင်လိုက်ပါတယ်။ ၁၉၈၉ ခုနှစ်မှာ ဝညွန့်ပေါင်း တပ်ဖွဲ့က ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လိုက်တယ်။ ကျွန်တော်က ၂၁၄ တပ်မရဲ့ တပ်မမှူးပေါ့ဗျာ။ ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲပျက်စီးရတဲ့ အကြောင်းရင်းကို သုံးသပ်ရမယ်ဆိုရင် နိုင်ငံရေးပိုင်းမှာ လက်ဝဲအစွန်းရောက် လွန်းနေတယ်။ စစ်ရေးမှာ စွန့်စားမှုကို ကျင့်သုံးတယ်။ ဖွဲ့စည်းမှုမှာ ဂိုဏ်းဂဏ ဝါဒဖြစ်နေတယ်၊ နောက်ဆုံးတော့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်မနေကြတော့ ဘူး။ ဒါကြောင့် ကျွန်တော်တို့ ခွဲထွက်လိုက်တယ်''

''ခွန်ဆာ့ရဲ့ တပ်ဖွဲ့စည်းမှုက အင်မတန်ကောင်းတာဗျ။ သေနတ်က လည်း အမေရိကန်လုပ် M-၁၆ တွေဗျ။ သူတို့ တောင်ထိပ်မှာ စောင့်နေတယ်၊ ကျွန်တော်တို့ အတင်းတက်လိုက်တယ်။ တိုက်ရ သိပ်ခက်တာဗျ။ စစ်တိုက်တာကို ကျွန်တော်တို့ မကြောက်ဘူးနော်။ ဝတိုင်းရင်းသားတပ်ဖွဲ့က သေမှာ ကြောက်တာ မဟုတ်ဘူး။ ကျွန်တော်တို့ အရွံမုန်းဆုံးကတော့ဗျာ၊ ထိုင်းမြန်မာနယ်နိမိတ်တွေ မှာ မြေမြှုပ်မိုင်းတွေက တယ်လည်း ပေါတာကိုး။ အဲဟိုနေရာတွေဟာ ကမ္ဘာ မှာ မိုင်းအများဆုံး မြှုပ်ထားတဲ့ နေရာ ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ မှာ အမြောက်တွေက အများကြီးရှိနေတာ။ အချိုးအရဆိုရင် ရှစ်ချိုးတစ်ချိုးပေါ့ ဗျာ။ ခုခေတ် စစ်ဖြစ်တာမှာ အမြောက်က နံပါတ် ၁ နေရာမှာဗျနော်။ ဒါ ကြောင့် ကျွန်တော်တို့ ဘယ်ယှဉ်သာမလဲဗျာ။ ခွန်ဆာကို တိုက်တုန်းက လီကျူ လူက တပ်မှူးချုပ်၊ ကျွန်တော်က စစ်ဦးစီးမှူး။ နောက်ပိုင်းတွေမှာ ကျွန်တော်က ရှေ့တန်း ညွှန်ကြားရေးမှူးချုပ် ဖြစ်လာတယ်''

''ခွန်ဆာ လက်နက်ချရတဲ့အကြောင်းရင်းတွေထဲက တစ်ခုက သူ နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေရဲ့ ဖိအားကို အတော်ခံနေရတာ။ မြန်မာအစိုး ရရဲ့ ဖိအားလည်းပဲ လူးလှိမ့်နေရတယ်။ ဝညွန့်ပေါင်းတပ်ဖွဲ့ကပါ ထိုးစစ်ဆင်နေ တယ်ဗျာ။ ဝညွန့်ပေါင်းတပ်ဖွဲ့က တပ်သားပေါင်း ၁၀ဝ၀ ကျော် သေကြေအနာ တရ အဖြစ်ခံပြီး ခွန်ဆာ့ပိုင်နက်ကို အရတိုက်ရတာဖြစ်တယ်။ ဒီတိုက်ပွဲကနေ နယ်မြေဒေသ ၇၀ プကျော် ပိုင်နက်နယ်မြေတိုးလာရတယ်။ ကျွန်တော်တို့ ခွန်ဆာ့လက်ထဲက အပိုင်သိမ်းပိုက်လိုက်တဲ့ နယ်မြေက ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ ဆက်စပ်နေတဲ့ နယ်စပ်ဒေသဖြစ်တယ်။ မုန်းယွမ်၊ ဝမ့်ဟုန်၊ မုန်းဟိုပန်၊ မုန်းထား လန် အစရှိတဲ့ နယ်မြေတွေဖြစ်တယ်''

ကျောက်ဝံကွမ်းရဲ့ မိတ်ဖွဲ့စကားအရ သိလိုက်ရတာက ၁၉၉၉-၂၀ဝ၀ ခုနှစ်တွေမှာ ဝအဖွဲ့အစည်းက မြောက်ဘက်တောင်တန်းကနေ ဝတောင်တန်းသား လေးသောင်းဟာ ခွန်ဆာ့လက်ထဲကနေ တိုက်ယူလာတဲ့ တောင်ပိုင်းနယ်မြေ ဒေသဆီကို ရွှေ့ပြောင်းလာကြပါတယ်။ ခုတစ်ကြိမ် ရွှေ့ပြောင်းတာက ရှေးဦး ဆုံး ရည်ရွယ်ချက်က စစ်ရေးမဟာဗျူဟာအရဖြစ်ပါတယ်။ ကျောက်ဝံကွမ်းက ပြောပါတယ်။ ''တောင်ပိုင်း နယ်မြေဒေသက လူနည်းစုတိုင်းရင်းသားတွေ ဥပမာ - လားဟူတိုင်းရင်းသား အစရှိသူတွေက တယ်ပြီး မကျေမချမ်းဖြစ်နေကြ တာ။ တစ်လျှောက်လုံး လက်နက်ကိုင်ပြီး ပြန်တွန်းလှန်ကြတယ်။'' တောင်ပိုင်း က ဝပြည်နယ် မူလထိန်းချုပ်ထားတာနဲ့ တဆက်တည်းဖြစ်နေတယ်။ ဒါတွေဟာ ကြားမှာ ကီလိုမီတာ ရာချီတဲ့ မြန်မာအစိုးရတပ်စိုးမိုးတဲ့ နယ်မြေက ခြားထားနေ တယ်လေ။ လူတွေ အရွှေ့အပြောင်း မလုပ်ရင်၊ ရေရှည်ထိန်းချုပ်ထားနိုင်မှာ မဟုတ်ပါ။ နောက်ရည်ရွယ်ချက်တစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။ ဒါက တော့ တောင်တန်းကြီးတွေပေါ်မှာ ဘိန်းစိုက်တောင်သူတွေ မြေပြန့်တွေဆီ ရွှေ့ပြောင်းခိုင်းလိုက်တာကြောင့် ဘိန်းစိုက်တောင်သူဘဝကနေပြီး တကယ့် စိုက်ပျိုးမွေးမြူရေးလုပ်တတ်တဲ့ တောင်သူလယ်သမားတွေဖြစ်လို့ သွားရောဗျ''

ကျောက်ဝံကွမ်း ပြောပြန်တယ်။ ''တောင်ပိုင်း ရွှေ့ပြောင်းတဲ့အလုပ် ကို ကျွန်တော်တို့ တာဝန်ယူရပါတယ်။ ဒါက အတင်းအဓမ္မလုပ်ရတဲ့ အလုပ် မျိုးနော်။ တစ်လမ်းလုံး ကားပေါ်က ခုန်ဆင်းတာ၊ ထွက်ပြေးတာ၊ ဖျားနာသေ တာ၊ ကားမှောက်တာ၊ ရေမြေကျင့်သားမရသေးတာ။ တောင်သူတွေ တကယ့် ကို သေကြပါတယ်။ လူလေးသောင်းလောက် ရွှေ့ပြောင်းတာမှာ ၁၀ဝ၀ လောက် လျော့ပါးသွားတယ်။ ဒါပေမဲ့ အခုတော့ ကောငး်သွားပါပြီ။ သူတို့ စိုက်ပျိုးရလာတဲ့ ကောက်ပဲသီးနှံတွေ စားလို့ မကုန်ကြပါဘူး။ မွေးမြူထားတဲ့ ဝက်၊ နွား၊ ဆိတ်တို့လည်း တိုးလာလိုက်တာ အများကြီးပါပဲ။ အရင်ကဆို ဘိန်းစိုက်ပျိုးလို့က မကြီးပွားနိုင်ပါ ခင်ဗျာ။ တစ်အိမ်ထောင်လုံး ဝိုင်းဝန်းစိုက်ပျိုး ကြမှ ဘိန်းပိဿာချိန်လေး နည်းနည်းပဲရမယ်။ ဒီဘိန်းနဲ့ တစ်နှစ်ပတ်လုံး စား သုံးမယ့် စားနပ်ရိက္ခာဝယ်ခြမ်းဖို့ ငွေကလေး နည်းနည်းပဲ အလဲအလှယ် လုပ် လိုက်ရတယ်။''

ကျောက်ဝံကွမ်း စိတ်ပါလက်ပါနဲ့ ပြောလိုက်ပြန်ပါတယ်။ ''ဝအဖွဲ့ အစည်း ၉၈ % က တောင်တန်းအမြင့်မှာ နေကြသူတွေပါ။ လယ်ယာသီးနှံ စိုက်ပျိုးပြီး နေတတ်သူတွေမဟုတ်ပါ။ နှစ်ကာလတစ်ရာကျော်လုံး ပေါ်ပီစိုက် ပျိုးပြီး အသက်မွေးခဲ့ရတဲ့သူတွေဖြစ်ကြတယ်။ အားလုံးစုစုပေါင်း နှစ်တစ်ရာကျော် လာပြီနော်။ ဝလူမျိုးတွေ ဘာကြောင့်များ ဒါလောက် ခေတ်နောက်ကျကျန်ခဲ့ ရတာလဲ။ ဒါက အဖြေပဲဗျ။ ဒီလိုလည်း ဘိန်းက ထပ်စိုက်နေလို့ ဘယ့်နှယ့်လုပ် ပြီး ထွက်ပေါက်လမ်းဆီ ရောက်မှာလဲဗျ။ နောက်ပြီး မူးယစ်ဆေးဝါး ပြဿနာ ရပ်ကြောင့် တစ်ကမ္ဘာလုံးရဲ့ ရန်သူကြီး ဆက်ပြီး ဖြစ်နေလို့ မသင့်တော်ဘူးလေ ဗျ။် တကယ့်တကယ် ကြီးပွားချမ်းသာကြတာက မူးယစ်ဆေးဝါးကို ရောင်းဝယ် ဖောက်ကားကြတဲ့ သူပါ။ ကျွန်တော်တို့ ကြာလေ ကြာလေ ပိုပြီး သိလေသိလေပဲ။ ဘိန်းစိုက်ပျိုးမှုကနေ ဝပြည်နယ်ဒေသဟာ အပြည်ပြည်ဆိုင်ရာ ဆင်းရဲမွဲတေ မှုကို ကူညီပံ့ပိုးပေးတဲ့လောကထဲကို ဝင်ရောက်နိုင်ခွင့်မရှိဘူးဆိုတဲ့ အချက်ကို ကျွန်တော်တို့ သိမြင်လာပါတယ်။ ကျွန်တော်တို့ရဲ့ဌာန (ဝပြည်နယ်လယ်ယာသစ် တော ရေအသုံးချရေးဌာန) ကို ၁၉၉၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ဖွဲ့စည်းလိုက်ပါ တယ်။ ဒါဟာ ရည်မှန်းချက်တစ်ခု (မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေး၊ အစားထိုး သီးနှံစိုက်ပျိုးရေး) လက်တွေ့ပေါ်ပေါက်လာရေးဖြစ်တယ်။ ဒီတစ်ကြိမ် လူနေအိမ်ခြေ ရွှေ့ပြောင်းရေး စစ်ရေးမဟာဗျူဟာအတွက် အထူးဒေသအစိုးရ က ပျမ်းမျှခြင်း လူတစ်ဦးချင်းအပေါ်မှာ ရင်မင်ပိ (၁၀ဝ၀) ယွမ်ကျော်ကျော် သုံးစွဲထားပါတယ်။ ရေအားနဲ့ စိုက်ပျိုးတဲ့ စပါးကောက်နှံ လယ်မြေဧကပေါင်း ၁၃၀ဝ ကျော်ကိုပါ ကျွန်တော်တို့ ဖော်ထုတ်ပြီး စိုက်ပျိုးကြပါတယ်။

ဒါပေမဲ့ ကျောက်ဝံကွမ်းဟာ ခွန်ဆာနဲ့ စစ်ဖြစ်ရတဲ့ တခြားအရေးပါတဲ့ အကြောင်းရင်းကိုတော့ မပြောဘဲ ရှောင်လွှဲထားပါတယ်။ အဲဒါကတော့ ဘိန်း ကုန်စည်ကူးသန်းရေး တောင်ပိုင်းလမ်းဖောက်တဲ့အကြောင်းပါပဲ။ ဝပြည်နယ် တပ်ဖွဲ့နဲ့ ခွန်ဆာတို့ တိုက်ပွဲအစပိုင်းမှာ မြန်မာအစိုးရစစ်တပ်က လက်ဝင်မလျှိုဘဲ တောင်ထိပ်ကနေ အမြိုင့်သား ဇိမ်ခံကြည့်နေတာပါ။ ၁၉၉၅ ခုနှစ်ရောက်ကာမှ ခွန်ဆာ့ကို ထိုးစစ်ဆင်ပြီး ဝပြည်နယ်တပ်ဖွဲ့ကို အကြီးအကျယ် စစ်ကူတိုက်ပေးပါ တယ်။ အဲဒီမှာ ခွန်ဆာ ခံလိုက်ရပါတယ်။ မြန်မာအစိုးရတပ်က ဝဘက်ကနေ ဝင်တိုက်ပေးတော့မှ ခွန်ဆာ့နယ်မြေတို့ကို သိမ်းပိုက်ရယူနိုင်လိုက်တယ်။ စော စောကတည်က မြန်မာအစိုးရတပ် ဝင်မပါသေးတာက ဝတပ်ဖွဲ့အင်အားလျော့ နည်းသွားအောင် စောင့်နေတာလည်း ဖြစ်တယ်။ နောက်မှ ဝင်ပါတာကတော့ မျက်စိစပါးမွှေးစူးနေတဲ့ ခွန်ဆာ့ကို အမြစ်ကနေ လှန်ပစ်လိုက်ရေးဆိုတဲ့ တစ် ချက်ခုတ် နှစ်ချက်ပြတ်တဲ့ နည်းဗျူဟာကို မြန်မာတပ် ကျင့်သုံးလိုက်ခြင်းပါပဲ။

ကျောက်ဝံကွမ်းရဲ့ လက်ထောက်လည်းဖြစ်၊ လယ်ယာသစ်တော ရေ အသုံးချ စိုက်ပျိုးရေးရုံးတာဝန်ခံ ကျိုးဝံကောငး်က ပြောပါတယ်။ 

''ဝပြည်နယ်ရဲ့ ကနေ့သမိုင်းကို ကိုယ်စားပြုနေပါတယ်။ မူးယစ်ဆေးဝါးပြဿနာရဲ့ အရင်းခံက ရှေးရှေးကတည်းက နှစ်တစ်ရာကျော်ကတည်းက အနောက်တိုင်း လူဖြူတွေ သယ်လာတဲ့ ပစ္စည်းတွေပါ။ ဒါ့အပြင် သေနတ်တွေ ပစ်ဖောက်၊ အမြောက်တွေ ပစ်ဖောက်ပြီး သွင်းလာကြတာတွေ မဟုတ်ဘူးလားဗျာ။ အင်္ဂလိပ်တွေလေ သူတို့ပဲ တရုတ်ပြည်နဲ့ ဘိန်းစစ်ကြီး ခင်းလိုက်တယ်လေဗျာ။ ဝပြည်နယ် ညွန့် ပေါင်းတပ်ဖွဲ့ကို အကြမ်းဖက်ဝါဒီ စာရင်းထဲ ထည့်သွင်းတဲ့ အမေရိကန်ကို ကျွန်တော်တို့ အတော်လေး မေတ္တာပျက်တယ်ဗျာ။ အမေရိကန်တွေ ဂြိုလ်တု ကနေ တစ်ချက်ကလေးကြည့်လိုက်တာနဲ့ ဒါဟာ ဝပြည်နယ် မိုင်းဖြတ်၊ မိုင်းပေါ် က ဒီနွေဦးက စိုက်တဲ့ ဘိန်းခင်းဧက် ၅ ဆ ကျော်တက်သွားပါသတဲ့ဗျာ။ မတ်လတုန်းက ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ဗျူရိုက အသက်ခပ်ကြီးကြီး အနောက်တိုင်းသားတစ်ယောက် ကျွန်တော်တို့ ဝပြည်နယ်ဆီ ကို ရောက်လာပါတယ်။ ဒေါနဲ့ မောနဲ့ ကျွန်တော်တို့ကို ပြောလိုက်တယ်လေ။ ''ခင်ဗျားတို့ တော်တော်ဆိုးတယ်တဲ့''။ ကျွန်တော်လည်း သူ့ကို ပြန်ပက်လိုက်တာ ပေါ့။ ''ဒီမယ် မျက်နှာဖြူကြီး၊ ဝပြည်နယ်အစိုးရနှင့် တပ်မှူးချုပ်ကြီး ပေါင့်ယိုရှန် စောစောကတည်းက ကမ္ဘာကို ကတိစကားပြောခဲ့တယ်ခင်ဗျ။ ဘာလဲဆိုတော့ ၂၀ဝ၅ ခုနှစ် နောက်ပိုင်း ဝပြည်နယ်ဒေသမှာ မူးယစ်ဆေးဝါး တစ်မှုန်တစ်စ ရှိနေသေးတယ်။ ဘိန်းစေ့လေးတစ်စေ့ ရှိနေသေးတယ်ဆိုရင် ကျုပ်တို့ခေါင်း ဆောင် ပေါင့်ယိုရှန်ရဲ့ ခေါင်းကို ခုတ်ဖြတ်ပြီး မြန်မာအစိုးရကို သွားသာတွေ့လိုက် တော့ဗျာ။ အခု ၂၀ဝ၅ ရောက်ဖို့ နှစ်နှစ်ကျန်နေသေးတယ်လေဗျာ။ တောင်သူ တွေရဲ့ အတွေးတွေက နောက်ထပ် နှစ်နှစ်ကျော်ရင် ဘိန်းထပ် မစိုက်တော့ဘူး လေ။ ဒါကြောင့် ဒီကာလအတွင်း စိုက်တာက ပုံမှန်တွေပဲ မဟုတ်လားဗျာ''

ကျိုးဝံကောင်းယူဆထားတာက အဲဒီအနောက်တိုင်းသား လူဖြူအဘိုး အိုကြီးက အရှေ့တိုင်းသားတို့ရဲ့ အတွေးအမြင်ကို ဘာတစ်ခုမှ သိရှိတာမှ မဟုတ်တာပဲ။ ကျိုးဝံကောင်းရဲ့ အကြောင်းပြချက်က ''အခု စိုက်တယ်လေ။ ဒါက ၂၀ဝ၅ - ခုနှစ် မူးယစ်ကင်းစင်ရေးကို သွားထိတာမှ မဟုတ်တာ။ ခင်ဗျား တို့ အဲဟိုအချိန်ကျရင် ကြည့်လိုက်၊ ကျွန်တော်တို့ ဘိန်းကို တားနိုင် " မတားနိုင် ဆိုတာရယ်၊ စိုက်" မစိုက်ဆိုတာရယ် စောင့်ကြည့်ပေါ့ဗျာ''

ကျောက်ဝံကွမ်း သက်သေသက်ကာယတွေ ထုတ်ပြီး ပြောပါတယ်။ ''ခွန်ဆာအရင်တုန်းက ဘိန်းကူးသန်ရောင်းဝယ်တာက အားလုံး ကျွန်တော်တို့ ဆီက ဘိန်းကို ဝယ်သွားတယ်။ ကျွန်တော်တို့ သူ့ကိုချတာက မူးယစ်ဆေးဝါး ကို တိုက်ခိုက်နှိမ်နင်းပစ်ဖို့ပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ မိတ်ဆွေဖွဲ့ချင်ကြတယ်။ ၁၉-၁-၂၀ဝ၃ နေ့က ခင်ဗျားတို့ ကွမ်ကျိုးမှာ ဟီးရိုးအင်း ၃၀ဝ ကီလိုဂရမ်ကို ကျွန်းသစ်လုံး အခေါင်းပေါက်ထဲ သွင်းယူလာတဲ့ အမှုကြီး ကို ဖမ်းမိတယ် မဟုတ်လားဗျ။ အဲ့ဟိုက စစ်ကြောပြီးတဲ့ ရလာဒ်အရ ဝပြည်နယ် ဘက်ကို အကြောင်းကြားပြီး ဒီဘက်ကနဲ့ ပူးပေါင်းပြီး ဖမ်းဆီးကြတယ်လေဗျာ။ ကျွန်တော်တို့ ၉-၄-၂၀ဝ၃ မှာ လှုပ်ရှားလိုက်တယ်။ ဒါ့အပြင် ဦးစီးချုပ် ပေါင့်ယို ရှန်ကိုယ်တိုင် တပ်ထွက်ပြီး သွားဖမ်းဆီးတယ်။ တစ်ချီတည်း လူနှစ်ယောက်ကို အသေဖမ်းမိတယ်။ ၁၁ ယောက်ကို အရှင်ဖမ်းဆီးလိုက်တယ်။ အားလုံးကို ကျွန်တော် တရုတ်ပြည်လက်ထဲ လွှဲပြောင်းပေးအပ်လိုက်တယ်လေဗျာ။ ကဲ ဘယ်နှယ့်လုပ်ပြီး ကျွန်တော်တို့က မူးယစ်ဆေးဝါး ကူးသန်းဖောက်ကားတဲ့ အကြမ်းဖက် အဖွဲ့အစည်းကြီးဖြစ်ရမှာလဲ ခင်ဗျာ''

ဝပြည်နယ်အဖွဲ့အစည်းတွေ လက်ရှိရင်ဆိုင်နေရတဲ့ ဘေးအန္တရာယ် နှစ်ခုကို ကျောက်ဝံကွမ်း ထောက်ပြလိုက်ပါတယ်။ 

(တစ်)အချက်က - အပူမီး တလှိုက်လှိုက် ဆွေးမြေ့တောက်လောင်နေတဲ့ မြန်မာနိုင်ငံ စစ်အစိုးရက အစဉ် တစိုက် အင်အားတွေကို စုစည်းနေပါတယ်။ အခွင့်သာတဲ့တစ်နေ့မှာ ခွန်ဆာအုပ် စုကို ''ရှင်းပစ်'' လိုက်သလိုမျိုး၊ မိမိကိုယ်ကို ကနေ့မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အတိုက်အခံ ဝပြည်နယ်ညွန့်ပေါင်းတပ်ဖွဲ့ကြီးကို အမြစ်ကနေ စ ''မြေလှန်'' ပစ်လိုက်ချင်နေပါတယ်။ 
(နှစ်)အချက်က - ကနေ့ အုပ်ချုပ်ရေးအာဏာချုပ် ကိုင်ပြီး အုပ်ချုပ်နေရတဲ့ သူတို့ ဒီလူတစ်စုကလည်းပဲ ဘိန်းစိုက်ပျိုးမှု၊ မူးယစ်ဆေး ဝါး ကူးသန်းရောင်းဝယ်ဖောက်ကားမှု ပြဿနာတွေမှာ သူတို့လွန်ပြီးတဲ့နောက် စိုးမိုးအုပ်ချုပ်မှု မရှိတော့တဲ့အခါကျရင် သေရာက ပြန်လည်ခေါင်းထောင်လာမှာ ကို စိုးရိမ်နေကြပါတယ်။

ကျောက်ဝံကွမ်းရယ်၊ ကျိုးဝံကောင်းရယ် နှစ်ယောက်သား ကားမောင်း ပြီး သတင်းထောက်တွေကို မြူနှင်းတိမ်တိုက်တွေ ဝေ့လည်ပိတ်ဖုံးတဲ့ ဝတောင် တန်း နက်နက်ရှိုင်းရှိုင်းထဲဆီ ခေါ်ဆောင်သွားကြပါတယ်။ အဲဒီနေရာတွေမှာ ဝညွန့်ပေါင်းတပ်ဖွဲ့ လွတ်လပ်ရေးတပ်ရင်းကြီးက စိုက်ပျိုးထားတဲ့ ရော်ဘာတော ကြီးကို လိုက်ပြပါတယ်။ အဲဒီမြေပြင်တကြောဟာ တစ်ချိန်က ပေါ်ပီပင်တွေ တအားစိုက် တအားထွက်တဲ့ နေရာတွေပေါ့။ ကျောက်ဝံကွမ်းက ပြောပါတယ်။ ''ဒါဟာ ဝပြည်နယ်အစိုးရတွေ အရမ်းကို ခက်ခဲကြပ်တည်းတဲ့ အခြေအနေ အောက်မှာ တရုတ်ပြည်၊ ဂျပန်ပြည်တို့လောက်သာ လက်တွေ့ကူညီပံ့ပိုးမှုကနေ အစားထိုးစိုက်ပျိုးပြီး ရလာတာဖြစ်တယ်''။ ကျောက်ဝံကွမ်းက ပြောပြန်တယ်။ ''ပေါ်ပီပင် စိုက်ပျိုးတာ လျော့ပါးသွားအောင် ကျွန်တော်တို့ တစတစ လုပ်နေပါ တယ်။ ကျွန်တော်တို့လို ဒီမြေမှာ မွေး၊ ဒီမြေမှာ ကြီးပြင်းလာကြတဲ့သူတွေကသာ ဘယ်လိုလုပ်ပုံနဲ့ တစ်လှမ်းပြီးတစ်လှမ်း ပေါ်ပီပင် စိုက်ပျိုးမှုလျော့ပါးသွားရမလဲ ဆိုတာကို သိရှိပါတယ်။ တကယ့်ကို လက်တွေ့ကျကျ လုပ်တာ၊ ဝပြည်နယ် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ကူညီပံ့ပိုးပေးတာက တရုတ်ပြည်သာ ရှိနေပါတယ်။ နောက်ထပ် တစ်နိုင်ငံကတော့ ဂျပန်တွေဆီကလည်း အကူအညီ တော်တော်လေး ရပါတယ်။ တခြားအနောက်နိုင်ငံတွေကတော့ ကြောင်တောင် ကန်းနဲ့ အော်နေကြတာပဲ ရှိတယ်။ လက်တွေ့ကျကျ ဆောင်ရွက်မှုတွေ ဘာတစ် ခုမှ မရှိသေးပါ။''

အနီးအနားက မန်သြချွန်းဆိုတဲ့ ရွာထဲမှာ ရွာသူကြီး ယယ်တန်းက သတင်းထောက်တွေကို လက်ခံတွေ့ဆုံပါတယ်။ ယက်တန်းအဆိုအရ ဒီမှာက အရင်ကဆို ဘိန်းထွက်ရာနေရာပါတဲ့။ တစ်တောတစ်တောင်လုံး နေရာမလပ် ဖြန့်ကျက်စိုက်ပျိုးထားတာက အားလုံးပေါ်ပီတွေချည်းပဲ။ ၁၉၉၇ ခုနှစ်၊ တရုတ် ပြည်ရဲ့ ကူညီမှုကြောင့် ရော်ဘာပင်ကို အစားထိုးပြီး စတင်စိုက်ပျိုးကြတယ်။ ဒါပေမဲ့ တောသူတောင်သားတွေက တောင်ရဲ့ နောက်ကျောဘက်မှာ ပေါ်ပီ ပင်တွေ တိတ်တဆိတ်ခိုးပြီး စိုက်ပျိုးကြတယ်။ သူက ဒါကို ရှင်းလင်းပြောပြပါ တယ်။ ဘာကြောင့်ဆိုရင် ဒီနယ်သားတွေက တခြားလယ်ယာသီးနှံ စိုက်ပျိုးမှုမှာ နည်းပညာပိုင်းမှာ သိပ်ပြီး ညံ့ဖျင်းလွန်းကြတယ်။ နှစ်စဉ်စိုက်လိုက်သမျှ သီးနှံ တွေက စားမလောက်ဖြစ်နေတယ်။ ဒါဟာ ဘိန်းတောင်သူတွေ မွဲတေရတဲ့ သံသရာစက်ဝိုင်းကြီးလို ဖြစ်နေတယ်။ ဘိန်းကို ဈေးကွက်ပေါ်တင်ပြီး လက်မှာ ဆုပ်ကိုင်ထားတယ်။ ပြီးနောက်တော့မှ ကျန်နှစ်ဝက်မှာ စားစရာ မလောက်ငတော့ မှ စားနပ်ရိက္ခာဈေးတွေ တက်လာတာတော့မှ လက်ထဲဆုပ်ကိုင်ထားတဲ့ ဘိန်း ကို ထုတ်ပြီး စားစရာနဲ့ လဲလှယ်စားကြပါတယ်။ ဒါကြောင့် ဘိန်းတောင်သူတွေ ဟာ မွဲမြဲမွဲနေကြတယ်။ ပေါ်ပီစိုက်ပျိုးမှုက လုံးဝ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေကြ တယ်။ ဘာကြောင့်လဲဆိုတော့ ဘိန်းက တစ်နှစ်မှာ အချိန်မရွေး ရှိရှိသမျှ ငွေ ကြေးတို့ရ လားရာရင်းမြစ်ဖြစ်နေလို့ပါပဲ။

၁၉၉၇ ပြည်နယ်၊ ဝပြည်နယ်အစိုးရက တစ်ကမ္ဘာလုံးကို ကြေညာလိုက် တယ်။ ၁၉၉၅ ခုနှစ်အတွင်း ဝပြည်နယ် စီရင်စုအတွင်းမှာ ပေါ်ပီပင် စိုက်ပျိုး မှုကို ဘက်စုံပိတ်ပင်ဟန့်တားသွားမယ်။ တစ်ချိန်တည်းမှာပဲ ပေါင့်ယိုရှန်ကလည်း ကြေညာချက် ထုတ်ပြန်ပါတယ်။ ကနေ့၊ ဝပြည်နယ်က စီရင်စု နယ်အတွင်းမှာ ၅၀% နှုန်း နယ်မြေတွေအားလုံးလိုလို ဒါမှမဟုတ် အစိတ်အပိုင်းတစ်စုံတစ်ရာ အထိ ပေါ်ပီပင်စိုက်ပျိုးမှု တားမြစ်ပိတ်ပင်ချက်ကို လက်တွေ့အကောင်အထည် ဖော်နိုင်ပါပြီ။ တရုတ်သတင်းထောက်တွေ မလာရောင်ခင် တစ်လလောက်ဖြစ် တဲ့ ၁၅-၃-၂၀ဝ၂ နေ့မှာ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အမှတ်နှစ်အထူးဒေသ (ဝပြည်နယ်) အစိုးရ ဥက္ကဋ္ဌရယ်၊ ဝညွန့်ပေါငး်တပ် တပ်မှူးချုပ် ပေါင့်ယိုရှန်ကို ရန်ကုန်မှာ မြန်မာနိုင်ငံအခြေစိုက်တဲ့ စင်ဟွာ သတင်းဌာနက သတင်းထောက်နဲ့ လာရောက်တွေ့ဆုံစဉ်က ပြောပြလိုက်တယ်။ ''ဝပြည်နယ် အဖွဲ့အစည်းဟာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးမှာ ''ဝမ်းမြောက်စရာ ရလာဒ်ကို ရပါတယ်'' ဆိုပြီး ပြောလိုက်ပါတယ်။ ဝပြည်နယ်မှာ ပေါ်ပီပင်စိုက်ပျိုးတာ နှစ်ပေါင်း တစ်ရာကျော်တဲ့ သမိုင်းပါ။ ဒါပေမဲ့ ပေါ်ပီက ဝပြည်နယ် ပြည်သူလူထုဆီ သယ်ဆောင်လာတာက သုတိမင်္ဂလာသာယာတဲ့ အသံပါ။ ဘေးဒုက္ခမဟုတ်ရပါ။ သူဟာ ဝပြည်သူလူထုရဲ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးကို ဆိုးကျိုးဒုက္ခပေးပါ တယ်။ နောက်ပြီး ဝပြည်နယ် ထုတ်လုပ်မှုရင်းမြစ်အင်အားကိုပါ ဖြုန်းတီးရာ ရောက်နေပါတယ်။ ဝပြည်နယ်ရဲ့ ကုန်ထုတ်လုပ်မှုရဲ့ ဖွံ့ဖြိုးရေးကိုလည်း ဆိုး ကျိုးဒုက္ခပေးနိုင်ပါတယ်။

ပေါ့ယိုရှန်ရဲ့ ပြောစကားအရ ဝပြည်နယ်အထူးဒေသကို ၁၉၈၉ ခုနှစ်မှာ တည်ထောင်လိုက်ပါတယ်။ ဝပြည်နယ်အစိုးရက ၁၉၉၀ ခုနှစ်၊ ဇန်နဝါ ရီလမှာ ပေါ်ပီပင်စိုက်ဧက တစ်နှစ် တစ်နှစ် နှစ်အလိုက် လျှော့ချဖို့ကို စီမံကိန်း ချ သတ်မှတ်လိုက်ပါတယ်။ (၁၅-၂၀) နှစ်ကာလအတွင်းမှာ ပေါ်ပီစိုက်ပျိုးမှု လုံးဝအမြစ်ပြတ်ရမယ်ဆိုတဲ့ စီမံကိန်းကို ချမှတ်လိုက်ပါတယ်။ ၁၉၉၀ ခုနှစ်တုန်း က ဝပြည်နယ်က ပေါ်ပီပင်စိုက်ပျိုးတဲ့ စိုက်ဧကပေါင်း ဟက်တာ ၄၀၅၀ ခန့်ရှိ ပါတယ်။ နှစ်စဉ် ဘိန်းတန်ချိန် ၆၀ ခန့်ထွက်ရှိပါတယ်။ ဆယ်နှစ်ကျော် ကြိုးပမ်း လာခဲ့တာကြောင့် ၂၀ဝ၀ ခုနှစ်မျာ ဟက်တာ ၂၀၂၅ ကို ဇောက်ထိုးကျဆင်းသွား ပါတယ်။ ထွက်နှုန်းလည်းပဲ တန် ၃၀ လောက် ကျသွားပါတယ်။ အဲဒီကာလ အတွင်း ဝပြည်နယ်အစိုးရ မီးရှို့ဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးဝါးနဲ့ ပြုပြင်မွမ်းမံ ရာမှာ သုံးစွဲတဲ့ အထောက်အကူ ပစ္စည်းတန်ဖိုးပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၂၀ ကျော်ပါတယ်။

ပေါင့်ယိုရှန်က ခိုင်ခိုင်မာမာ အရေးဆိုပါတယ်။ 

မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းစဉ်ထဲမှာ ဝပြည်နယ်က မူးယစ်ဆေးဝါး တိုက် ဖျက်နှိမ်နင်းရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကို ပြိုင်တူဆောင်ရွက်ဖို့ကို ချမှတ်ပါတယ်။ ဒါကနေ ပြည်သူတွေရဲ့ စားဝတ်နေရေး ပြဿနာကို ဖြေရှင်း နိုင်မှာ ဖြစ်တယ်။ ကုန်လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကာလအတွင်းမှာ ဝပြည်နယ်က ရော်ဘာပင် ဟက်တာ နှစ်သောင်းကျော် အစားထိုး စိုက်ပျိုး နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်ဖက်ခြောက်စိုက်ခင်းက ဟက်တာ ၃၂၄၀၊ နှစ်ရှည်သစ်သီးပင် ဟက်တာ ၂၆၇၃၊ နောက်ပြီး ဝက်မွေးမြူရေးခြံ၊ ကြက်မွေးမြူရေးခြံ၊ စီးကရက် စက်ရုံ၊ ကျောက်မျက်ရတနာကုမ္ပဏီတွေကို ပြုပြင်မွမ်းမံဆောင်ရွက်ခဲ့ပါတယ်။ အထက်က ပြဆိုခဲ့တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် ဝပြည်နယ် အရပ်သူ အရပ်သားတို့ရဲ့ ဝင်ငွေတွေက ပေါ်ပီပင် စိုက်ပျိုးတဲ့ ဝင်ငွေတွေထက် ၃၀ プ တိုးပွားများပြားလာပါတယ်။ တစ်ချိန်တည်းမှာပဲ ဝပြည်နယ်ရဲ့ ပညာရေးနှင့် ကျန်းမာရေး အနေအထားကလည်း ပိုမိုကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာ ပါတယ်။ ၁၉၈၉ ခုနှစ်တုန်းက ဝပြည်နယ်မှာ မူလတန်းကျောင်း ၁၀ သာ ရှိပါတယ်။ ကျောင်းသားဦးရေ ၄၈၀ သာရှီတယ်။ အခုဆိုရင် ဝပြည်နယ်မှာ ကျောင်းပေါင်း ၂၈၉ ကျောင်းရှိပါတယ်။ ၁၉၈၉ ခုနှစ်တုန်းက ဝပြည်နယ်မှာ ဆေးရုံ ၄ ရုံရှိပြီး၊ ကျန်းမာရေးအဆောက်အဦး ၈ ခုသာရှိပြီး၊ ဆေးဝန်ထမ်း ပေါင်း ၁၅၀ ပဲရှိပါတယ်။ ကနေ့ ဝပြည်နယ်မှာ ဆေးရုံက ၂၀၊ ဆေးပေးခန်းတွေ က ၁၀၆ ခု၊ ကျန်းမာရေး ဝန်ထမ်းဦးရေ ၆၀ဝ နီးပါး တိုးတက်လာပါတယ်။ ပညာရေးတွေ၊ ကျန်းမာရေးတွေ ပြုပြင်ပြောင်းလဲတဲ့ အခြေအနေကြောင့် ဝပြည်နယ် ပြည်သူတွေရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းမှု သဘောသကာရ အနှစ်သာရကို တစတစ တိုးပွားသိမြင်လာပါတယ်။

တစ်ချိန်တည်းပဲ ပေါင့်ယိုရှန်က ပြောပါတယ်။ မျက်မှောက် ဝပြည်နယ် က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးမှာ ဟိုးအရင်က မူလကအတိုင်း ငွေကြေးမလုံလောက်မှုနဲ့ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ တရုတ်ပြည်နှင့် ဂျပန် တို့ရဲ့ ဝပြည်နယ်ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ကူညီပံ့ပိုးပေးတာက လွဲပြီး ကနေ့အထိ ဝပြည်နယ်က တခြားဘယ်နိုင်ငံကမှ အကူအညီမရရှိသေးပါ။ ဒါကြောင့် သူက အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းတို့က ဝပြည်နယ်ရဲ့ မူး ယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးကို ဝိုင်းဝန်းကူညီပေးကြဖို့ကို ဆော်သြလိုက်ပါ တယ်။

ဒါမှသာ ဆောလျင်စွာနဲ့ ဝပြည်နယ်မှာ မူးယစ်ဆေးဝါးကို အပြီးအပိုင် ဖြေရှင်းလိုက်တယ်ဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ကြီး ထမြောက်အောင်မြင်မှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့ဘောင်အဖွဲ့အစည်းများက ဝပြည်နယ်မှာ ကနေ့ နွေဦးမှာ ပေါ်ပီပင်တွေ ခါတိုင်းနှစ်တွေထက် ၅ ဆ တိုးချဲ့ စိုက်ပျိုးတာနဲ့ စပ်လျဉ်းပြီး ပြစ်တင်ဝေဖန်ကြပါတယ်။ ဝပြည်နယ်ဟာ အမေရိကန်ပြည်ထောင် စုက လက်နက်အားနဲ့ အပြတ်ရှင်းပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ရင်ဆိုင်ကြုံ တွေ့နေရပါတယ်။ ဒါ့အပြင် မြန်မာအစိုးရဆီကလည်း ဟိုးအရင်တုန်းက မရှိခဲ့ ဖူးတဲ့ လေးလံပြင်းထန်တဲ့ ဖိအားတွေလည်း မကြုံစဖူး ကြုံတွေ့နေရပါတယ်။ နောက်တစ်ချက် ကျန်နေပြန်ပါသေးတယ်။ ထိုင်းနိုင်ငံဘက်က မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးရယ်၊ နယ်မြေစိုးမိုးမှုစနစ် စာတွေမှာ ပေါ်ပေါက်လာမှုတွေ က လက်နက်ကိုင် တပ်ဖွဲ့ချင်း ထိပ်တိုက်ရင်ဆိုင်တိုးမှုတွေ မကြာခဏ ဖြစ်ပေါ် နေရပြန်တယ်။ ဒါတွေက ဝပြည်နယ်သားတွေ ရှေးယခင်က မကြုံစဖူး ကြုံတွေ့ နေရတဲ့ ဖိအားတွေဖြစ်တယ်။ ဒါတွေက ချုပ်ငြိမ်းတော့မယ် အရေးတွေ၊ နေ့ ရော ညပါ ကျီးလန့်စာစား အထိတ်တလန့်ဖြစ်ရတာတွေ အစရှိတဲ့ အနေအထား ဝပြည်နယ်ဟာ ရင်တထိတ်ထိတ်နဲ့ ခံစားနေပါတယ်။ ပန်ခမ်းနေ လူသူတွေက သတင်းထောက်ကို တိုးတိုးတိတ်တိတ် ပြောပြပါတယ်။ ဟိုးအရင်က ပန်ခန်းပတ် လည်နားက နယ်မြေတွေမှာ ဈေးနေ့တွေ ရောက်လာလေတိုင်း ဘိန်းရောင်းကြ ဝယ်ကြတဲ့ မြင်ကွင်းတွေကို မြင်တွေ့ရပါတယ်။ အခုဒါတွေကို မမြင်တွေ့ရတော့ ဘူး။ ဒီရှုခင်းဟောင်းကို မြင်ချင်တယ်ဆိုရင်တော့ ဝပြည်နယ်တောင်တန်းဒေသရဲ့ မြို့ရွာကလေးရဲက ဈေးနေ့မှာသာ တွေ့နိုင်မြင်နိုင်ပါတယ်။ ဘိန်းစိုက်ပျိုးထုတ် လုပ်မှု၊ ဟီးရိုးအင်းထုတ်လုပ်မှုက ကနေ့ စုပေါင်းလုပ်ငန်းကြီးဖြစ်သွားပါပြီ။ သာမန်လူသူတွေ လုံးဝကို လုပ်ပိုင်ခွင့်မရှိတော့ပါ။ ဘိန်းစိုက်ပျိုးထုတ်လုပ်တဲ့ ဒေသရဲ့ လမ်းဝမှာ အစောင့်အကြပ် တပ်သားတွေ အထပ်ထပ်ချထားတဲ့ ဂိတ်စခန်းတေါ ရှိနေပါတယ်။ အပြင်လူ လုံးဝ ဝင်လို့မရပါ။

ဘိန်းစိုက်ပျိုးတာကို မြင်လို တွေ့လိုတဲ့အတွက် သတင်းထောက်တွေက ထိုဒေသသားတွေ ဖွင့်လှစ်တဲ့ ခရီးသွားကုမ္ပဏီတစ်ခုကို ရှာဖွေတွေ့ရှိရပါတယ်။ ၄င်းကုမ္ပဏီ စီစဉ်ထားတဲ့ ခရီးလှည့်လည်ကြည့်ရှုတဲ့ အစီအစဉ်မှာ ဘိန်းပန်းကို အရသာခံ ကြည့်ရှုရမယ့် အစီအစဉ်တစ်ခု ပါရှိပါတယ်။ ခရီးသွားလမ်းညွှန် မမလေးရဲ့ နောက်ကျောမှုက တောင်ခါးပန်းက ခရီးသွား ရှုခင်းကောင်းတဲ့ တျိုင်ချိုက်လျံတောင်ရွာ နံဘေးကို ရောက်သွားပါတယ်။ ရိုးတံတွေ ပြိုင်းပြိုင်းကျ၊ ခြောက်ရော်ရော် ပေါ်ပီပင်အခင်းကို တွေ့မြင်လိုက်ပါတယ်။ သတင်းထောက်က စူးစမ်းတဲ့အနေနဲ့ တာဝန်ကျတဲ့သူကို မေးမြန်းလိုက်တယ်။ ''ဘိန်းလေးနည်းနည်း ပါးပါးလောက် ရနိုင်မလားခင်ဗျာ။ ဘယ်လိုအရသာမျိုးလဲဆိုတာ တစ်ဖွာ နှစ် ဖွာလောက်တော့ မြည်းစမ်းကြည့်ချင်လို့ပါ'' တာဝန်ကျသူက ချီတုံချတုံဖြစ်သွား တယ်။ ''ဘိန်းလား၊ မရှိဘူးခင်ဗျာ။ အခု တားမြစ်ချက်တွေ ဒါ့လောက် တင်းကြပ် နေတာဗျာ။ ဘယ့်နှယ်လုပ်စိုက်ဝံ့ပါမလဲဗျာ''။ ပါးစပ်ကသာ ပြောတာ၊ ချက်ချင်းပဲ အစားထိုးပစ္စည်းတစ်ခုကို ယူလာပါတယ်။ မည်းညစ်ရောင်လိုလို၊ ချောကလက် ရောင်လိုလို ပိတ်စိမ်းပါး တစ်စ၊ သူပြောတာကတော့ ဒီပိတ်စိမ်းပါးစနဲ့ ဘိန်းရည် စစ်ရပါတယ်တဲ့။ ''အပေါ်ပိုင်းမှာ ခြောက်သွားတဲ့ ဘိန်းအစအနလေး နည်းနည်း ပါးပါး ကပ်ကျန်နေသေးတယ်။ မီးရှို့ပြီး ရေနဲ့သောက်ရှူရတဲ့ ဝါးလုံးပြောင်းဆေး တံကြီးနဲ့ တစ်ရှိုက်နှစ်ရှိုက်လောက်ဆိုရင်၊ အကျိုးအာနိသင်က သိပ်ပြီး မကွာခြား လှပါဘူးခင်ဗျ။ ဒါပေမဲ့ ခင်ဗျားတို့လို ဟိုအတွေ့အကြုံလေး၊ ဒီအတွေ့အကြုံ လေးတွေ့လို့ကြတဲ့ တရုတ်တွေအနေနဲ့ကတော့ အံဝင်ဂွင်ကျပါပဲ။ နည်းနည်းလေး တော့ ယစ်တစ်တစ် ရှိပါလိမ့်မယ်။ မူယစ်ယစ်ထိုင်း ဖြစ်သွားလောက်အောင် မစိုးရိမ်ရပါဘူး''

ပိတ်စိမ်းပါးစ တစ်ပုဝါပါးကို ကြည့်လိုက်ရုံနဲ့ ဒါဟာ အသုံးပြုလို့ သိပ်ပြီး ကြာလှသေးတာ မဟုတ်မှန်း အထင်အရှား သိလိုက်ပါတယ်။ အပေါ်ယံ ကြောမှာ ကပ်တင်နေတဲ့ ဘိန်းပုံဆောင်ခဲလေးတွေက လတ်လတ်ဆတ်ဆတ် ကလေးရှိနေတုန်းပါပဲ။ သတင်းထောက် နားလည်သဘောပေါက်ထားတဲ့ ဘိန်း ထုတ်လုပ်မှုရဲ့ အစီအစဉ် စီးကြောင်းကနေ ကြည့်လိုက်ရင် ဘိန်းတောင်သူလက် ထဲက ဘိန်းစိမ်းအစေးကို ဝယ်ယူသိမ်းဆည်းပြီးတဲ့နောက်၊ ပထမ ဗွေဆော်ဦး အလုပ်က ဘိန်းစိမ်းကို အပူပေးပြီး ပျော်ဝင်စေတယ်။ နောက်ပြီး ပိတ်စိမ်းပါးနဲ့ ဘိန်းထဲက အရောအနှောအမှိုက်သရိုက်တွေကို စစ်ထုတ်လိုက်တာဖြစ်ပါတယ်။ ပြီးနောက် ခမ်းခြောက်အောင် ထားရပါတယ်။ ဒါဟာ ဘိန်းစိမ်းကနေ ကျက် သွားပါပြီ။ နောက်တစ်ဆင့် ကျက်ပြီးသား ဘိန်းကို ဓာတုဗေဒ ဆေးဝါးတွေ ရောနှောထည့်လိုက်ပြီး ပြုပြင်မွမ်းမံရပါတယ်။ အဲဒီကနေ အဆင့်တွေခွဲ၊ အမျိုး အစားတွေ ခွဲပြီး စိန်ဝါတို့ ဟီးရိုးအင်းအစရှိတဲ့ မူးယစ်ဆေးဝါးတွေအဖြစ် ပြောင်းလဲသွားပါတယ်။ အဆင့်မြင့် မူးယစ်ဆေးဝါးတွေ ဖြစ်သွားပါပြီ။ ခုတာဝန် ကျသူက ဇာပိတ်စိမ်းပါး ယူလာပြီး ကျွန်တော်တို့ မြည်းစမ်းဖို့ဆိုပြီး ပြပါတယ်။ တကယ်တော့ ဒါဟာ စောစောလေးကမှ ဘိန်းရည်တွေ အမှိုက်စစ်ထုတ်တဲ့ ဇာပိတ်စိမ်းပါးအစကြီးထဲက ကတ်ကြေးနဲ့ ကိုက်ဖြတ်ယူလာတဲ့ အပိုင်းအစလေး ဖြစ်တယ်ဆိုတာ အထင်အရှားပါပဲ။ ဒါတွေက ဘာကို ပြောပြနေသလဲဆိုရင် ၄င်းနေရာမှာ ဒီတစ်နှစ် ဘိန်းအများအပြား ရိတ်သိမ်းတာရယ်၊ ဘိန်းစိမ်းကနေ ပထမအဆင့် အကျက်ဖြစ်အောင် ချက်လုပ်တဲ့ အလုပ်ကို ဘယ်နေရာမှာမဆို တွေ့နိုင်မြင်နိုင်တယ်ဆိုတာကို ပြောပြနေတာပါပဲ။

၄င်းနေရာကလူက ပြောပါတယ်။ ''ပန်ခမ်းနဲ့ မိုင်နှစ်ဆယ်၊ သုံးဆယ် အကွာအဝေးက တချို့မြို့ကလေးတွေ၊ ရွာတွေမှာ၊ ဈေးနေ့ရောက်တဲ့နေ့ကျမှပဲ ဘိန်းစိမ်းတွေ ချရောင်းတာကို တွေ့မြင်နိုင်ပါတယ်။ ဒါပေမဲ့ ဟိုးအရင်လို မဟုတ်တော့ပါ။ အခုတော့ အတော်များများက ပုန်းလျှိုး ကွယ်လျှိုးတွေဖြစ်ကုန် ကြပြီဗျ။ အများစုကတော့ လူသိရှင်ကြား မလုပ်ကြတော့ဘူးလေ''။ ယင်းနေရာမှာ ဘိန်းဟာ အမြဲတမ်း တွေ့မြင်ကြရတဲ့ ကုန်စည်ဖလှယ်ဖို့ ဒါမှမဟုတ် ငွေကြေး စီးဆင်းမှု ရုပ်ဝတ္ထုပစ္စည်းတစ်ခုဖြစ်နေပါတယ်။ ယင်းဒေသနေ အတွင်း အစင်း သိတွေက တိုးတိုးလေးကပ်ပြီး ပြောပြပါတယ်။ ကျွန်တော်တို့ကို တိုးတိုးတိတ် တိတ် တိုက်တွန်းကြတာပေါ့ဗျာ။ ကျွန်တော်တို့ကို ဒီကနေ ဆယ်ကီလိုမီတာ လောက် သွားလိုက်ရင် တပ်စခန်းတစ်ခုကို တွေ့ရပါလိမ့်မယ်တဲ့။ အဲဒီမှာ ဈေးနေ့တွေဆိုရင် ဘိန်းရောင်းချနေတာကို တွေ့ရပါလိမ့်မယ်တဲ့။ ဒါပေမဲ့ ''ဓာတ်ပုံရိုက်လို့တော့ မကောင်းဘူးနော်။ အရိုက်မတော်ရင် ခင်ဗျား အသက်ပါ သွားနိုင်တယ်ဗျနော်။ ဝတပ်သားတွေက ရိုင်းလည်း ရိုင်းတယ်။ ကြမ်းလည်း ကြမ်းတယ်။ သူတို့က ခင်ဗျားကို အရင်ဦးအောင် ဆော်ထည့်လိုက်မှာ၊ သိပ် သတိထားရတာဗျ။ ပြောရရင် ခင်ဗျား ကင်မရာကို မတွေ့တာ အကောင်းဆုံးပဲ''။ ဒါပါပဲ။ အဲဒီ အတွင်းသိ အစင်းသိ ဒေသခံမိတ်ဆွေတွေက ကျွန်တော်တို့ကို ထပ်ပြီး သတိပေးလိုက်ပြန်တယ်။ ''ဒါဟာ ဝပြည်နယ်နော်။ ခင်ဗျားတို့ရဲ့ ပြည် တွင်းမှာလို မဟုတ်ဘူး။ ကိုယ့်ပြည်တွင်း (တရုတ်ပြည်) မှာ နေသလိုမျိုး၊ ပေါ့ တိပေါ့ဆနေလို့မရဘူးဗျ။ ဘိန်းရာဇာကြီးတွေက ကားပေါ်မှာတင် လူသတ်တာ ခင်ဗျ။ ဒါတွေဟာ ဝပြည်နယ်မှာ မရှိတာမျိုး မဟုတ်ဘူးနော်။ အဲဒီသတ္တဝါကောင် တွေက သူတို့ကိုယ်မှာ အမြဲပဲ သေနတ်ဆောင်ထားတာဗျ။ တရုတ်ပြည်က လူတွေ ဒီမှာ အမြဲပဲ သေကြရတယ်။ သေမှုသေခင်း ဘာတစ်ခုမှ မရှင်းမလင်း ကြီးပဲဗျ။ တရုတ်ပြည်ကလာတဲ့ တရုတ်လူမျိုးတွေဆိုရင် ဟောဒီက ရဲတွေက တယ်ပြီး စာရင်းထဲထည့်တာ မဟုတ်ဘူးဗျနော်''
စာရေးသူ (သတင်းထောက်) နယ်နိမိတ်ကျော်ပြီး သတင်းစုဆောင်း ရာမှာ ဝပြည်နယ်မှာ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းရေးအပြင် အခြားလန်း ဆန်းလတ်ဆတ်ထူးကဲတဲ့ သိချင်စရာအကြောင်းတစ်ခုပါ ကြားသိလိုက်ရပါတယ်။

ဟိုးအစောကြီး ရှေးနှစ်တွေဖြစ်တဲ့ သက္ကရာဇ် ၂၂၅ ခုနှစ်တုန်းက ဟူလူ (ဗူးသီး) ဘုရင့်နိုင်ငံတော်မှာ ဝတိုင်းရင်းသား ခနာ့မန်ကျွိုင်အုပ်စုရယ်လို့ ရှိပါတယ်။ အဲဒီအုပ်စုနဲ့ တောင်ပိုင်းစစ်ချီတဲ့ စူဟန့်နန်းရင်းဝန် ကြူးကို့လျန့်တို့ မဟာမိတ် ဖွဲ့လိုက်ကြတယ်။ သူတို့နှစ်ဦးသား နယ်ခြားစခန်းမှာ အတူတူ စောင့်ကြပ်နေထိုင်ကြမယ်။ တစ်ဦးနဲ့တစ်ဦး မဆန့်ကျင် မတိုက်ခိုက်စတမ်း ကိုယ့်အပိုင်နဲ့ကိုယ် အေးအေးချမ်းချမ်း နေထိုင်ကြပါတယ်။ စူဟန့်မင်းဆက် ကလည်း ခနာ့မန်ကျွိုင်လူမျိုးစုရဲ့ ဟူလူ (ဗူးသီး) ဘုရင်ကို ခေတ်အရင်အဆက်က ဝလူမျိုးတွေ ပိုင်ဆိုင်တဲ့ လူမျိုးစုဖြစ်ပြီး တကယ်လို့ ခနာ့မန်ကျွိုင် လူမျိုးစုရဲ့ ဟူလူ (ဗူး) ဘုရင်ကို ပြင်ပက ရန်သတ္တုပြုမူလာရင် မဟာမိတ် စူဟန်မင်း ဆက်နန်းတော်ကနေပြီး စစ်ကူပေးဖို့ တာဝန်ယူရမှာဖြစ်ပါတယ်။ အဲဒီအချိန်က အစပြုပြီး နောက်ပိုင်း သက္ကရာဇ် ၁၇၀ဝ ခုနှစ်ကြားကာလမှာ ခနာ့မန်ကျွိုင် မိသားစု ထီးမွေနန်းမွေဆက်ခံတဲ့ ဝဘုရင် အရိုက်အရာကို တရုတ်သမိုင်း အစဉ်အဆက်မင်းတွေက ကာကွယ်စောင့်ရှောက်ထားပါတယ်။ ဒီလိုနဲ့ ဝလူမျိုး တွေက တရုတ်ပြည်ကြီးအပေါ်တစ်လျှောက်လုံး ကတိသစ္စာ တည်ခဲ့ပါတယ်။

၁၈၈၆ ခုနှစ်၊ ဗြိတိသျှတို့ မြန်မာနိုင်ငံတစ်နိုင်ငံလုံးကို ကျူးကျော်သိမ်း ပိုက်လိုက်တယ်။ ၄င်းနောက် တရုတ်မြန်မာနယ်စပ် ခဝတောင်ကို မျက်စောင်း ထိုးလာတယ်။ ထိုတုန်းက မင်းဆက်အမှတ် ၅၉ ဆက်မြောက် ဝအချုပ်ဘုရင့် နာမည်က ဟူယွိစန်းခေါ်ပါတယ်။ သူ့ရဲ့ လက်အောက်မှာ ၁၈ အုပ်စု ဝလူမျိုး စုအုပ်စုတွေ ရှိကြပါတယ်။ ဗြိတိသျှတို့က ရှေးဦးဆုံး ဘုရင်ဟူယွိစန်း သူတို့ရဲ့ အင်္ဂလိပ်ပိုင် မြန်မာ့လက်အောက်ခံ ဖြစ်ချင်နေကြတယ်။ ဘုရင် ဟူယွိစန်းရဲ့ အညံ့မခံမှုကြောင့် ဗြိတိသျှတို့က တပ်အင်အား နှစ်ထောင်စေလွှတ်ပြီး ခဝ တောင်ကို အတင်းထိုးနှက်လေတယ်။ ဒါ့အပြင် အတင်းအကြပ်ပဲ ထိုတုန်းက ဝတို့ရဲ့ နန်းစိုက်မြို့ဖြစ်တဲ့ ပန်ဟုန်ကို တိုက်လေတယ်။ လက်နက်အသာစီးအားကိုး နဲ့ အတင်းဝင်၊ အတင်းသိမ်းလုပ်ကြတဲ့ ဗြိတိသျှတွေက ဝအုပ်စု ၁၈ စု၊ အထဲက ယုံပန်၊ မန်ရှန်းကို သိမ်းပိုက်လိုက်တယ်။ ဝခေါင်းဆောင် ဟူယွိစန်းက ကျန်ရှိတဲ့ ၁၆ အုပ်စုက လူတွေကို ခေါင်းဆောင်ပြီး ဗြိတိသျှတို့ရယ်၊ ၄င်းတို့ရဲ့ လက်ပါးစေ ဝသစ္စာဖောက်တို့နဲ့ သွေးချောင်းစီး တိုက်ပွဲကြီးကို တိုက်ကြလေတယ်။ နောက် ဆုံးမှာ ကျူးကျော်သူတို့ကို အနိုင်တိုက်ခဲ့တယ်။ ဘိုးစဉ်ဘောင်ဆက် ခေတ် အဆက်ဆက်က ဝတို့ရဲ့ တောတောင်ရေမြေတွေကိုပါ ထိန်းသိမ်းထားနိုင်လေ တယ်။ ရဲစွမ်းသတ္တိရှိတဲ့ ဟူယွိစန်းဟာ တိုက်ပွဲမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားတယ်။ အောက်ပွဲခံပြီးတဲ့ ဒုတိယနှစ်မှာပဲ ရောဂါဘယနဲ့ ကွယ်လွန်သွားပါ တယ်။

ဟူယွိစန်းရဲ့သား ဟူကျုန်းဟန့်က ၆၀ ဆက်မြောက် ဝနိုင်ငံ ဘုရင် အဖြစ် တက်လာတယ်။ ဟူကျုန်းဟန့်ဘုရင်ဖြစ်ပြီးတဲ့ ၆ နှစ်မြောက် ၁၉၄၀ ခုနှစ်မှာ ကျူးကျော်ရေးသမား ဖက်ဆစ်ဂျပန်တို့ဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက နေပြီး တရုတ်ပြည်ကို ထိုးစစ်ဆင်လေတယ်။ ဝရဲ့ နန်းစိုက်ထားတဲ့ ပန်ဟုန်ကိုပါ တိုက်တာပေါ့။ ဝဘုရင်ဟူကျူန်ဟန့် သူ့ဖခင်သွေးနဲ့ ဝတွေကို ဦးဆောင်ပြီး ဂျပန်တပ်နဲ့ အကြိတ်အနယ် တိုက်ကြလေတယ်။ နှစ်ဖက်သွေးချောင်းစီးတိုက်ပွဲ ကြီးက သုံးနှစ်ကြာပါတယ်။ နောက်ဆုံးမှာ ဂျပန်တွေ ပန်ဟုန်ကို တစ်လက်မလေး တောင် ခြေချလို့မရလိုက်ပါ။

၁၉၄၃။ ဝဘုရင် ဟူကျုန့်ဟန် ဂျပန်နဲ့ တိုက်တဲ့ပွဲမှာ ဒဏ်ရာရတာရယ်၊ အပင်ပန်းခံလွန်းတာနဲ့ ရောဂါကြောင့် ကွယ်လွန်သွားပြန်တယ်။ ဒီအချိန်တုန်းက သူ့ရဲ့ သားက ကလေးငယ်လေးသာ ရှိသေးတာဖြစ်တယ်။ ဒီတော့ ညီဖြစ်တဲ့ ဟူကျုန်းဟွာက ဝတို့ရဲ့ မင်းဆက် ၆၁ ဆက်မြောက် ဘုရင်ဖြစ်လာတယ်။ ဟူ ဘုရင့်မိသားစုတို့က ၁၇၀ဝ ခုနှစ် မတိုင်ခင်ကတည်းက ကတိသစ္စာဆိုထားတာ ရှိပါတယ်။ ကမ္ဘာတည်သရွေ့ ကာလပတ်လုံး ကျုံဟွာဟန့်တရုတ်တို့နဲ့ ဥမကွဲ သိုက်မပျက် တစ်စည်းတစ်လုံးတည်း ရှိနေပါ့မယ်။ အရိုးထဲကနေပြီး မိမိတို့ရဲ့ မျိုးရိုးစဉ်ဆက်က တရုတ်လူမျိုးတွေသာ ဖြစ်တယ်။ ဒါကြောင့်လည်း ဖခင်ဟူယွိ စန်းက သူ့သားတွေကို နာမည်ပေးတာကမှာ ကျုန်းဟွာ၊ ကျုန်းဟန့် ဆိုတာတွေ ကို ကြည့်ရင် သိနိုင်ပါတယ်။

 (မှတ်ချက်။ ။ ကျုန်းရဲ့ အဓိပ္ပာယ်က ''သစ္စာရှိခြင်း၊ သစ္စာထားခြင်း၊ သစ္စာစောင့်သိခြင်း''၊ ဟွာက ''တင့်တယ်ခြင်း၊ အဆီအနှစ်၊ အညွန့်အဖူး၊ တရုတ်၊ ဟန့် - ဟန်က ''ခရစ်သက္ကရာဇ် ဃြ၂၀၆ မှ ဗီ၂၂၀ နှစ်အထိ မင်းဆက်ရှည်လျားတဲ့ ဟန်မင်းဆက်ခေတ်ဖြစ်တယ်။ ဟန်မင်းဆက် ခေတ်မှာ တရုတ်ပြည်မှာ အင်မတန် စည်ပင်သာယာဝပြောပါတယ်။ ဒါကို အကြောင်းပြုပြီး တရုတ်တို့က သူတို့ကိုယ်သူတို့ ''ဟန်လူမျိုး'' ''ဟွာတရုတ်'' ဆိုပြီး ခေါ်ကြတယ်။ ဒါကြောင့် ဟွာ = တရုတ်၊ ဟန့် (ဟန်) = တရုတ် ဖြစ် တယ်။ ဟန်မင်းဆက်ခေတ်လိုပဲ ''ထန်မင်းဆက်ခေတ်လည်းပဲ ရှိပါသေးတယ်။ ထန်မင်းဆက်ခေတ်က ခရစ်သက္ကရာဇ် ၆၁၈-၉၀၇ ခုနှစ်အထိ ဖြစ်တယ်။ မြန်မာတို့ရဲ့ ပျူခေတ်နှင့် ခေတ်ပြိုင်ပါ။ တရုတ်မြန်မာ တရင်းတနှီး ဆက်ဆံမှု အရှိဆုံး ခေတ်တစ်ခေတ်လည်း ဖြစ်ပါတယ်။ ထန်ခေတ်မှာ စက္ကူ၊ ပုံနှိပ်၊ သံ လိုက်အိမ်မြှောင် တီထွင်မှုတွေ ပြုခဲ့တယ်။ ြွေကထည်ပစ္စည်းတွေ ထွန်းကားတယ်။ ဗုဒ္ဓဘာသာ ထွန်းကားမှု ပြုလာတယ်။ စွန်းဝူခုန်း မျောက်ကားက ဘုန်းတော်ကြီး အနောက်မဇ္ဈိဆီကို ပိဋကတ်သုံးပုံ သွားရောက်ပင့်ဆောင်ခြင်း သမိုင်းဝတ္ထုကြောင်း က ထန်မင်းဆက်ခေတ်ကို နောက်ခံပြုထားတာပါ။ ဒါကြောင့် ထန်မင်းဆက်ခေတ် ကလည်း ဟန်မင်းဆက်ခေတ်လိုပဲ ထန် = တရုတ်ရယ်လို့ ဖြစ်လာပါတယ်။ နောက် ''ကျုံး'' ဆိုတဲ့ ''အလယ်၊ အတွင်း၊ အထဲ၊ ကြား'' ဆိုတဲ့ အဓိပ္ပာယ်ပါ။ ''ကို''က ''တိုင်းပြည်၊ ပြည်၊ နိုင်ငံ၊ တိုင်းနိုင်ငံ'' ပါ။ လူမျိုးတိုင်း လူမျိုးတိုင်းက ကိုယ့်လူမျိုးကို အမွှမ်းတင်စကားဆိုလေ့ရှိကြပါတယ်။ တရုတ်လည်းပဲ သူတို့ လူမျိုးဟာ ကမ္ဘာလောကသားတွေထဲမှာ အစွမ်းဆုံး၊ အထက်ဆုံး၊ အတော်ဆုံး၊ အကောင်းဆုံးလို့ လူမျိုးတိုင်းရဲ့ သဘောဆန္ဒအတိုင်း ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့ နိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေရဲ့ ''ဗဟိုစံထားရမယ့် နိုင်ငံ'' ဆိုတဲ့ ကျုံးကိုလို့ ကိုယ့်နိုင်ငံကို ခေါ်တွင်လာပါတယ်။ ဒါတွေကို ခြုံလိုက်ရင် တရုတ် = ဟွာ = ဟန့် (ဟန်) = ထန် တို့ ဖြစ်ပါတယ်ခင်ဗျာ။ မြန်မာပြန်ဆိုသူ၏ ရှင်းလင်းချက်)

ဒါကြောင့် မြန်မာနိုင်ငံကို ကျူးကျော်နယ်ချဲ့တဲ့ အင်္ဂလိပ်တို့က တရုတ် ပြည်ကို မြန်မာနိုင်ငံ မြောက်ပိုင်းကနေ ကျူးကျော်ဝင်ရောက်ဖို့ အစဦးဆုံး ဝ ဘုရင့်နေပြည်တော် ပန်ဟုန်ကို တိုက်ရပါတယ်။ ဝဘုရင် ဟူယွိစန်းက ရွပ်ရွပ် ချွံချွံ ခုခံတိုက်ခိုက်တယ်။ အင်္ဂလိပ်တို့ နောက်ဆုံး လက်လျှော့ပြီး ပြန်ဆုတ်တယ်။ ပြန်ဆုတ်ပြီး နောက်တစ်နှစ်မှာ ဝဘုရင် ဟူယွိစန်း ထိခိုက်ထားတဲ့ ဒဏ်ရာရှိန် ရယ်၊ တခြားရောဂါ ဘယရယ်ကြောင့် သေသွားတယ်။ သူ့ရဲ့သား နှစ်ယောက်ကို ''ဟူကျုန်းဟွာ၊ ဟူကျုန်းဟန့်'' လို့ အမည်ပေးခဲ့တယ်။ အဖေဟူယွိစန်းသေတော့ သားကြီး ဟူကျုန်းဟန် ဘုရင်တက်လုပ်တယ်။ သူ့ခေတ်မှာ ဂျပန်တွေကလည်း မြန်မာပြည် မြောက်ဘက်စွန်းကနေ တရုတ်ပြည်ထဲ ဝင်တိုက်တယ်။ ဝဘုရင် ဟူကျုန်းဟန် ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်တယ်။ ဂျပန်တွေ အထမမြောက်တော့ဘဲ ပြန်ဆုတ်ရတယ်။ ဝဘုရင် ဟူကျုန်းဟန်လည်းပဲ တိုက်ပွဲကရတဲ့ ဒဏ်ရာရယ်၊ တခြားရောဂါကြောင့်ရယ်ကြောင့် ကာလအတော်လေးကြာတော့ သေသွားပြန် တယ်။ သူ့ရဲ့သားက အသက်ငယ်နေသေးတော့ ညီဖြစ်တဲ့ ဟူကျုန်းဟန်က ရင်ခွင်ပိုက်အုပ်ချုပ်တဲ့ ဘုရင်အဖြစ် တက်လာပါတယ်။

၁၉၅၂ ခုနှစ်။ ကူမင်တန် တပြွ်ကင်းတပ်ကျန် လီမိက အသစ်တက်လာ တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို ဝတိုင်းရင်းသားတို့က တော်လှန်ပုန် ကန်ဖို့ကို ''အထူးတာဝန်ခံ'' ကို စေလွှတ်လိုက်တယ်။ ဝတိုင်းရင်းသား ရင်ခွင့် ပိုက်ဘုရင် ဟူကျုန်းဟွာကိုယ်တိုင် လီမိစေလွှတ်တဲ့ ''အထူးတာဝန်ခံ'' စေတမန် ကို ကိုယ်တိုင်ကြိုဆိုပြီး ကိုယ်တိုင်ပဲ သတ်ပစ်လိုက်တယ်။ ဒါ့အပြင် တရုတ်ပြည် သူ့လွတ်မြောက်ရေး တပ်မတော်မြို့တော် ပန်ဟုန်မှာ အခြေစိုက် တပ်ချထားဖို့ ကို ကြိုဆိုလေတယ်။

၁၉၅၅ ခုနှစ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က တရုတ် မြန်မာ နယ်နိမိတ်တစ်လျှောက်မှာ ကူမင်တန်တပြွ်ကင်းတပ်ကျန် လီမိတပ်နဲ့ တိုက်ကြ ခိုက်ကြတုန်းက တရုတ်လွတ်မြောက်ရေးတပ် ကင်းထောက်တပ်ဖွဲ့ တပ်စုမှူးလေး ဟွမ်ယွင့်စူးနှင့် ရှေ့ဘဝဘုရင် ဟူကျုန်းဟန်ရဲ့ တစ်ဦးတည်းသော သမီး (ယူနန်တိုင်းရင်းသား ကောလိပ်ကျောင်းပြီးကာစ) ဟူကွေ့မိန်တို့ မေတ္တာ သက်ဝင် ချစ်ကြိုးငင်ကြလေတယ်။ ဝသမီးပျို၊ ကွယ်လွန်သူ ဝဘုရင် ဟူကျုန်း ဟန်ရဲ့သမီး ဟူကွေ့မိန်က ထိုစဉ်တုန်းက ချန်းယွမ်ခရိုင် ကော်မတီ တိုင်းရင်းသား ဌာနမှာ တာဝန်ထမ်းဆောင်ပါတယ်။ နှစ်ဦးသား ကိုယ့်လုပ်ငန်းတာဝန် မပျက် မကွက် ထမ်းဆောင်ကြပါတယ်။ ချန်ယွမ်ခရိုင်အစိုးရက ကင်းထောက်တပ်ဖွဲ့ တပ်စုမှူးလေး ဟွမ်ယွင့်စူးနှင့် ဝတိုင်းရင်းသူလေး ဘုရင့်သမီးတော် ဟူကွေ့မိန် တို့ရဲ့ လက်ထပ်ခွင့်တောင်းခံချက်ကို သဘောတူလိုက်ပါတယ်။ ဒါပေမဲ့ ဝတိုင်း ရင်းသားတို့ရဲ့ ဓလေ့ထုံးတမ်းအရ ဝတိုင်းရင်းသားတို့ဟာ တခြားတိုင်းရင်းသား တို့နှင့် ထိမ်းမြားလက်ထပ်ခြင်း မပြုရပါ။ တော်ဝင် ဘုရင့်မျိုးနွယ်ဆိုတော့ သာမန်အရပ်သားတွေထက် ပိုလို့ပင် ခက်နေချေပြီ။ နောက်တစ်ခုကလည်း ရှိနေပြန်ပါသေးတယ်။ ဝတိုင်းရင်းသားတို့ရဲ့ ရှေးရိုးစဉ်လာ ဓလေ့ထုံးတမ်းအတိ်ုင်း ဘုရင့်သမီးတော် ဟူကွေ့မိန်ဟာ နိုချိုစို့စ၊ ပုခက်တွင်းကာလ ပူတူတူလေး အရွယ်ကလေးမှာတင် တခြားဝတိုင်းရင်းသားအုပ်စုက လူမျိုးစုခေါင်းဆောင်ကြီး ရဲ့ အရွယ်မရောက်သေးတဲ့ သားနဲ့ နောင်တစ်ချိန်မှာ ထိမ်းမြားလက်ထပ်ပေးဖို့ စေ့စပ်ကြောင်းလမ်းထားတာကလည်း ရှိနေပြန်ပါသေးတယ်။ ခက်တကာ့ အခက်တွေ၊ ချစ်သူနှစ်ဦးမှာ အပူမီးတွေ တောက်လောင်လို့ နေချေပြီကော။

ဝသမီးပျိုရဲ့ ဘုရင့်တော်ဝင်အမျိုးနွယ်က တခက်။ ဒါက မိန်းကလေး ဘက်က အခက်။ ဟော ဒီဘက်ယောကျာ်းလေးဘက်ကကောတဲ့။ သူလည်းပဲ သူ့အခက်နဲ့ သူပေါ့လေ။

ထိုတုန်းက စစ်တပ်မှာ တင်းကြပ်တဲ့ စစ်စည်းကမ်းက ရှိနေတယ်လေ။ စစ်တပ်အရာရှိ အရာခံဆိုတဲ့သူဟာ သူဋ္ဌေးသြွူကယ် လယ်သမားရဲ့ အဆင့်ထက် မြင့်တဲ့ လူတန်းစားအလွှာကို လက်ထပ်ပိုင်ခွင့်မရှိရတဲ့။ ကဲ ဟိုဘက်က ခက် သလို၊ ဒီဘက်ကလည်း ခက်တာရှိနေပြန်ပြီ။ ဟူကွေ့မိန်က ပဒေသရာဇ်အရှင် သခင် တော်ဝင်ဘုရင့်မျိုးနွယ် အရင်းခေါက်ခေါက်ကြီးလေ။ စစ်တပ်ခေါင်းဆောင် ပိုင်းက မိန်းကလေးဟာ အဆင့်အလွှာ အင်မတန့်ကို မြင့်လွန်းတဲ့သူလေး ဖြစ် နေတယ်။ ဒါကြောင့်အသည်းချင်းအပ် ရင်ချင်းအပ်ပြီး ချစ်ကြတဲ့ သူနှစ်ဦး နှစ်ကိုယ်တူ ပေါင်းဖော်နိုင်ဖို့ကို နှစ်ဦးသား အတူပူးတွဲပြီး တရားဝင်တောင်းဆို လိုက်တယ်။ စစ်တပ်ဖွဲ့ခေါင်းဆောင်ပိုင်းတို့ရော၊ ရင်ခွင်ပိုက်ဘုရင်ဖြစ်တဲ့ ဘကြီးတော် ဟူကျုန်းဟွာ ဘုရင်မင်းမြတ်တို့ရဲ့ တစ်ပြိုင်တည်း ကန့်ကွက်ချက်နဲ့ ရင်ဆိုင်ကြုံတွေ့ကြရလေပြီ။ ယာယီရင်ခွင်ပိုက်ဘုရင် ဟူကျုန်းဟွာက နဂိုက တည်းက တူမတော် ဟူကွေ့မိန် သူတို့ ဝတောင်တန်းကို ခွဲခွာပြီး တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေကို စလုပ်ပေးကတည်းက တယ်ပြီး နှစ်မြို့လှတာမဟုတ်ပါ။ ခုဟာ အရင်က လုပ်ကိုင်ပေးတာထက်ပိုပြီး မနှစ်မြို့ နိုင်တဲ့ လက်ထပ်ရေး၊ အိမ်ထောင်အရေး၊ မျိုးဆက်ရေးနဲ့လည်း ဆိုင်လာတယ်။ ရှေးထုံးစဉ်လာနဲ့ လားလားမှ မကိုက်ညီတဲ့ အချက်။ ဟိုဘက် အခက် - ဒီဘက် အခက်တွေ စုံလင်နေတဲ့ သပွတ်အူ။ ရှေ့ဆက်ဘယ်လိုတွေများ ဖြစ်ချေလေမလဲ။

နောက်ပိုင်းရဲ့ ရှေ့တိုးဖြစ်လာချက်တွေက ဇာတ်လမ်းအတော့်ကို ဆန်လာတယ်။ တူမတော် ဟူကွေ့မိန်က ဘကြီးတော်ဘုရင် ဟူကျုန်ဟွာကို တစက်ကလေးမှ အလျှော့မပေး။ တပ်မှူးလေး ဟွမ့်ယွင်စူးကလည်း အသနားခံ စာ တစ်စောင်ပြီး တစ်စောင်တင်တယ်။ အခြေအနေကို အစီရင်ခံတယ်။ အထက်ပါတီအဖွဲ့အစည်းကို သူတို့နှစ်ဦး အတူပေါင်းရေးကို ဇွဲကြီးကြီးနဲ့ လျှောက်လဲချက်တွေ မပြတ်တမ်း တင်လေတယ်။ ဒါပေမဲ့ အခက်အခဲတွေက ရှိမြဲရှိနေလျက်။ တင်လိုက်တဲ့ လျှောက်လဲချက်တွေထဲမှာ ဝန်ကြီးချုပ် ချူအင်လိုင်း ဆီကိုတင်တဲ့ စာလည်းပါတယ်။ အချစ်စိတ်တွေနဲ့ မွှန်လွန်းပြီး ခေါင်းဆောင်ကြီး ချူအင်လိုင်းဆီ တင်လိုက်တဲ့စာဟာ ချစ်သူနှစ်ဦးရဲ့ ဘဝကံကြမ္မာကို ပြောင်းလဲ ပစ်လိုက်ချေလေပြီ။ ချူအင်လိုင်းက တပ်စုမှူးလေးရဲ့ အသနားခံတင်ပြချက်ကို သဘောတူ ခွင့်ပြုလိုက်ပါတယ်။

၁၉၅၆ ခုနှစ်ကုန်ပိုင်းကို ရောက်လာပါတယ်။ အဲဒီတုန်းက ကာကွယ် ရေး ဦးစီးချုပ် မာရှယ်ဖုန်တက်ဝှိုင်ကိုယ်တိုင် လက်မှတ်ထိုး ခွင့်ပြုလိုက်တယ်။ စစ်မှတ်တဲ့ ချစ်မေတ္တာရှင်တွေ ဘဝကြင်ဖော်အဖြစ် ပေါင်းသင်းသွားကြလေပြီ။ ၁၉၅၇ ခုနှစ်မှာ ဟွမ်ယွင့်စူနှင့် ဟူကွေ့မိန်တို့မှာ ဟွမ်ဝေ့မိန်ဆိုတဲ့ သားလေး တစ်ယောက် ဖွားမြင်ပါတယ်။ စာရေးသူ (သတင်းထောက်) က ဟူကွေ့မိန်ဆီ ဂါရဝပြုအလည်သွားတဲ့အခါမှာ ယခင် ဝလူမျိုးနွယ်စု ဘုရင့်သမီးတော်လေး ဖြစ်ခဲ့သူကြီးက ဟိုးလွန်ခဲ့တဲ့ ၄၇ နှစ်တုန်းက အချိန်ကို လွမ်းဆွတ်တသပြီး သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ရင်းက စာရေးသူကို ပြောပြလိုက်ပါတယ်။ ''အဲဟိုုတုန်းက လောင်ဟွမ်နဲ့ သမီးရည်းစားဖြစ်ရတာလေ ခက်တာမှ တကယ့်ကို ခက်လိုက်တာ သူငယ်တို့ရယ်''

၁၉၆၀ ခုနှစ်။ 

တရုတ်မြန်မာ နှစ်နိုင်ငံ နယ်နိမိတ်မျဉ်း မပိုင်းခြားခင် တုန်းက ကနေ့မြန်မာနိုင်ငံ ဝပြည်နယ်နယ်မြေဒေသ တရုတ်ပြည်နယ်ရဲ့ ပိုင် နက်နယ်မြေထဲမှာ ကျရောက်နေပါတယ်။ အခု ဝပြည်နယ် ညွန့်ပေါင်းပါတီ အထွေထွေအတွင်းရေးမှူးချုပ် ကျောက်နီလိုင်ဟာ အဲဒီတုန်းကဆိုရင် တရုတ် ပြည် ချန်းယွမ်ခရိုင်၊ ကုန်ထုတ်လုပ်ရေး ဌာနတစ်ခုက စာရင်းကိုင်လေးပဲဖြစ် တယ်။ အခု ဝပြည်နယ် ညွန့်ပေါင်းတပ်ဖွဲ့ စစ်ဦးစီးချုပ် ပေါင့်ယိုရှန်လည်း ဟိုတုန်းက ဝတိုင်းရင်းသား ၁၈ အုပ်စုထဲက တစ်စုဖြစ်တဲ့ အုပ်စုခေါင်းဆောင်ရဲ့ သားတစ်ယောက်ဖြစ်ပါတယ်။ ၁၉၆၀ ခုနှစ်မှာ တရုတ်မြန်မာ နယ်မြေပိုင်းခြား ပြီးစီးသွားတဲ့နောက်၊ နဂိုမူလက ဝတိုင်းရင်းသားတွေ နေထိုင်ခဲ့တဲ့ ဒေသက အစိတ်အပိုင်းတစ်ပိုင်းဟာ မြန်မာ့ပိုင်နက်ထဲဆီ သွတ်သွင်းလိုက်ပါတယ်။ (ဆွဲ ထုတ်သွားတဲ့ နဂိုမူလ ဝဘုရင် နန်းစိုက်တဲ့ ပန်ဟုန်က အခုမြန်မာနိုင်ငံ ဝပြည် နယ်ရဲ့ မုန်းမြောက်ခရိုင်၊ နန်တိတ်အထူးဒေသဖြစ်သွားပါတယ်။) ဒါပေမဲ့ အဲဒီ အချိန်က အစပြုပြီး ဝပြည်နယ် နယ်မြေဒေသက တစ်လျှောက်လုံး တိုင်းရင်း သား ကိုယ်ပိုင်အုပ်ချုပ်ရေးအနေအထားမှာ ရောက်ရှိနေပါပြီ။ ဒီနောက်ပိုင်းမှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ အချိန်ကို ရောက်လာပြန်တယ်။ အဲဒီအချိန်မှာ မြန်မာအစိုးရက ဒီနေရာကို လုံးဝစိုးမိုးလို့မရပါ။ ဗမာပြည် ကွန်မြူနစ်ပါတီ ပြိုကွဲပျက်သုဉ်းသွားပြီးတဲ့နောက် ဝပြည်နယ်မှာ တစ်လျှောက်လုံး တပ်အင်အား သောင်းပေါင်း အတန်သင့် ပိုင်ဆိုင်ပါတယ်။ မူးယစ်ဆေးဝါးဖြင့် တပ်အင်အားကို ကျွေးမွေးတယ်။ အချို့အစိတ်အပိုင်းကို ပိုင်းခြားပေးလိုက်တယ်။ တသီးတခြားထဲ ဝပြည်နယ်ကြီး ဘုရင့်နိုင်ငံတော်ကြီး တည်ထောင်လိုတဲ့ ဆန္ဒရှိတယ်။ နောက် ပိုင်းတွေမှာ မြန်မာနိုင်ငံနဲ့ ခွဲထွက်ပြီး သီးခြားလွတ်လပ်တဲ့ နိုင်ငံအဖြစ် တည် ထောင်လိုတဲ့ တောင်းဆိုချက်ကို အပေါ်ယံကြောအနေနဲ့ စွန့်လွှတ်လိုက်သလိုမျိုး ရှိနေပါတယ်။ မြန်မာနိုင်ငံက ဝပြည်နယ်ကို မြန်မာနိုင်ငံရဲက အမှတ် (နှစ်) အထူးဒေသ အုပ်ချုပ်ရေးဒေသရယ်လို့ အသိအမှတ်ပြုထားပါတယ်။ ဒါတွေက အဆင့်မြင့်မားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာကို ရယူလိုက်ပြီး ကျောက်နီလိုင် နှင့် ပေါင့်ယိုရှန်တို့ ခေါင်းဆောင်နှစ်ယောက်ကို ဒေသအုပ်ချုပ်ရေး အထူးအမှု ဆောင်နှင့် ရဲတပ်ဖွဲ့ဦးစီးမှူး ရာထူးတွေကို ပေးအပ်ထားပါတယ်။ ဘယ်လိုပင် ဘာတွေပဲ ပေးအပ်နှင်းပေမယ့် ဝပြည်နယ်ဟာ ဝပြည်နယ်ကြီး ပေါ်ပေါက်ဖို့ အရေးကိုတော့ ဘယ်တော့မှ လက်အလွှတ်ခံမှာ မဟုတ်ချေ။

၁၉၉၃ ခုနှစ် သြဂုတ်လ။ 

ချန်ယွမ်ခရိုင် ပြည်သူ့လုံခြုံရေးဌာန၊ ဌာန မှူး ဟွမ်ဝေ့မိန်ဟာ အထူးဖိတ်ကြားချက်အရ 

ဝပြည်နယ် အထူးဒေသ ဖွဲ့စည်း တည်ဆောက်တဲ့ အခမ်းအနားကြီးကို တက်ရောက်လာပါတယ်။ ဝပြည်နယ် အထူးဒေသအုပ်ချုပ်ရေး နယ်မြေဒေသ တည်ထောက်ပြီးတဲ့နောက် ကုလသမဂ္ဂ မူးယစ်ဆေးဝါးတိုက်ဖျက် နှိမ်နင်းရေးဗျူရို၊ မြန်မာနိုင်ငံအစိုးရ၊ တရုတ်အစိုးရ တို့ရဲ့ ပံ့ပိုးကူညီမှုကြောင့် ဝပြည်နယ် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းစဉ် ကို စတင်ဆောင်ရွက်နိုင်ပြီးဖြစ်တယ်။ တရုတ်ပြည်ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးအတွက် အစားထိုးသီးနှံစိုက်ပျိုးရေးမှာ အင်တိုက်အားတိုက် ကူညီဆောင်ရွက်မှုတွေ ပြုလုပ်နေပါတယ်။

စာရေးသူ (သတင်းထောက်) တစ်လမ်းလုံး မေးမြန်းရှာဖွေပါတယ်။ နောက်ဆုံးတော့ ရှာတွေ့ပြီး ဟွမ်ဝေ့မိန်နဲ့ တွေဆုံစကားပြောခွင့်တောင်ရပါ တယ်။ ဟွမ်ဝေ့စိန် လူလားမြောက်တော့ တရုတ်ကွန်မြူနစ် ပါတီဝင်ဖြစ်သွားပါ တယ်။ ၁၉၉၀ ခုနှစ်မှာ အသက် ၃၃ နှစ် ပြည့်ပြီးတော့ ချန်းယွမ်ခရိုင် ပြည်သူ့ လုံခြုံရေးဌာနရဲ့ ဌာနမှူးတာဝန် ထမ်းဆောင်နေရပါတယ်။ နောက်ပိုင်း လိန် ချန်းဒေသ ပြည်သူ့လုံခြုံရေးဌာန မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးဌာနခွဲ နိုင်ငံရေးကော်မတီအဖြစ် ထမ်းဆောင်ပါတယ်။ အခုတော့ လိန်ချန်းပြည်သူ့ လုံခြုံရေးဌာန ရဲဘက်ဆိုင်ရာ ကြီးကြပ်စစ်ဆေးရေး ဌာနမှူးတာဝန်ကို ယူထား ပါတယ်။ တရုတ်ပြည်ရဲ့ ပြည်သူ့လုံခြုံရေးဌာနမှူးက ဝလူမျိုးတွေရဲ့ စိတ်ဝမ်း နှလုံးသားထဲမှာ သူတို့ရဲ့ ဘုရင့်မျိုးနွယ်ရယ်လို့ပဲ ခံယူသဘောထားကြပါတယ်။ ဘာကြောင့်ဆို ပန်ဟုန် ဝဘုရင်နိုင်ငံတော်ကြီးဟာ စီရင်စု နယ်မြေ လိန်ခန်းဒေသ နှင့် ဝပြည်နယ် ညွန့်ပေါင်းအစိုးရရဲ့ မုန်းမြောက်ခရိုင်၊ နန်တိန်း အထူးဒေသ တစ်လျှောက်တို့ဟာ အခုဆို နယ်နိမိတ်အပြင်ဘက်က အသက်အရွယ်ရောက်နေ တဲ့ ဝလူမျိုးတွေက ဟွမ်ဝေ့မိန်ကို တွေ့မြင်လိုက်တယ်ဆိုရင်ပဲ ချက်ချင်းမြေပေါ် ဒူးထောက်ဝပ်ချလိုက်ပြီး အရှင်သခင်ကို အရိုအသေပေးသလိုမျိုး ရိုကျိုးဝပ်တွ ကြလေတယ်။ ဒါပေမဲ့ တရုတ်ကွန်မြူနစ်ပါတီဝင် ဖြစ်နေပြီးဖြစ်တဲ့ ဟွမ်ဝေ့မိန် ခမျာ သူအကြောက်ရွံ့ဆုံး ဒီလိုမျိုး အရိုအသေပေးခံရတာမျိုး နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်ရလေပြီ။

ဟွမ်ဝေ့မိန် တာဝန်ယူနေတဲ့ လိန်ချန်းခရိုင် နယ်နိမိတ်အတွင်းမှာ မူးယစ်ဆေးဝါး ကုန်ပစ္စည်းတွေက ဗုန်းပေါလအော ဗွက်ပေါက်နေပြီးဖြစ်ပါ တယ်။ လိန်ချန်းဒေသမှာ မူးယစ်ဆေးဝါး နယ်နိမိတ် ဖြတ်သန်းမှု အကြီးထွားဆုံး နေရာဖြစ်နှင့်နေပြီး ဖြစ်တယ်။ မူးယစ်ဆေးဝါး ရင်းမြစ်နဲ့က ရေမြေတောတောင် က တသားတည်း ဆက်စပ်လို့ နေကြလေတယ်။ သူက နယ်ခြားဒေသ ဆင်းရဲ မွဲတေတဲ့ ခရိုင်တွေက ဝင်ငွေထွက်ငွေ မမျှတတဲ့ မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး အသုံးစရိတ်တွေ၊ လူအင်အား၊ ပစ္စည်းအင်အားကို အားထားနေလို့ က လုံးဝပိတ်ဆို့နိုင်မှာ မဟုတ်တာကို သူ တွေးမိတယ်။ ဒီထက်ပိုကောင်းတဲ့ နည်းလမ်းရှိများ ရှိချေမလားဆိုတာကို သူ အလေးအနက်ထား တွေးပါတယ်။ ဟွမ်ဝေ့မိန် သဘောပေါက်လိုက်တယ်။ ဝပြည်နယ် ထိန်တန်းခေါင်းဆောင်ပိုင်း တွေထဲက အရေအတွက် တစ်ဝက်ကျော်လောက်က ချန်ယွမ်သားတွေ ဖြစ်တယ်။ ဥပမာထောက်ပြရရင် ထိပ်ဆုံးတန်းက ဝပြည်နယ်ညွန့်ပေါင်းပါတီ အထွေထွေ အတွင်းရေးမှူးချုပ် ကျောက်နီလိုင်၊ ဒုအတွင်းရေးမှူး ရှောင်းမိန့်လျန့်၊ ကျောက် ဝံကွမ်း အစရှိတဲ့ သူတွေပါပဲ။ ဟွမ်ဝေ့မိန်ဟာ မိမိရဲ့ အသွင်ထူးခြားတဲ့ ဘုရင့် မျိုးတော် နွယ်တော်အဖြစ်နဲ့ နယ်နိမိတ်ကို အကြိမ်ကြိမ်ဖြတ်ကျော်ပြီး ဝပြည်နယ် ထိပ်တန်းခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပါတယ်။ ရှေ့ဦးဆုံး ''ရန်သူ'' (မူးယစ်ဆေးဝါး) ကို နိုင်ငံ့တံခါးအပေါ် မူတည်ပြီး ရှေ့တိုးဆောင်ရွက်မယ်။ ဒီနည်းလမ်းနဲ့ မူးယစ်ရင်းမြစ်ကို အမြစ်ကစ မြေလှန်ပစ်ကြရမယ်လို့ တွေးဆ ထားပါတယ်။

နှစ်ကာလပေါင်းများစွာ ဝထိပ်တန်းခေါင်းဆောင်တွေနဲ့ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်ရာကနေ ဟွမ်ဝေ့မိန်ဟာ အတွေ့အကြုံတစ်ရပ်ကို သုံးသပ် လို့ ရလိုက်ပါတယ်။ သူ့ရဲ့ နိဂုံးချုပ် သုံးသပ်ချက်ကတော့ ''နည်းနည်းနဲ့ ကျဲကျဲ ဝိုင်း၊ ဖိ-နှိမ်-နှိပ်ကွပ်၊ ပူးတွဲလုပ်ဆောင်မှုပြု၊ ဖိ-နှိမ်-နှိပ်ကွပ် အကြောင်းပြု၊ တိုးမြှင့်ပြောင်းလဲမှုပြု'' (မှတ်ချက် တရုတ်စာလုံးက ရှစ်လုံး ရှိပါတယ်)

တစ်နှစ်တာ ကာလအတွင်းမှာ သူ အကြိမ်ပေါင်းများစွာ နယ်နိမိတ် အပြင်ဘက် ဝပြည်နယ်ဘက်ဆီ ထွက်ထွက်သွားပါတယ်။ ထိုနေရာက အုပ်ချုပ် သူတွေနဲ့ မိတ်ဆွေဖွဲ့တယ်။ စကားလက်ဆုံပြောတယ်။ အခြေအနေကို အမိအရ ဆုပ်ကိုင်တယ်။ အကောင်းအဆိုးတွေကို ထိုးထွင်းမြင်လောက်အောင် လေ့လာ ထားတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး လုပ်ငန်းဆောင်တာကို နိုင်ငံပြင်ပ နယ်နိမိတ်တွေဆီထွက်ပြီး လုပ်ကိုင်တယ်။ နောက်ဆုံးမှာ ဝပြည်နယ် ထိပ်တန်းခေါင်းဆောင်ပိုင်းတွေ အလေးထား ဆွေးနွေးလာကြပါတယ်။ စည်း ဝေးပွဲတွေမှာ ဟွမ်ဝေ့မိန်ရဲ့ ''တရုတ်ပြည် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး အတွေးအခေါ်'' ကို အလေးအနက်ထား ဟောပြောဆွေးနွေးကြတယ်။ ဝမျိုး နွယ်စု အသီးသီးဟာ ဝမျိုးနွယ်စု အလံတော်ကြီးရဲအောက်မှာ တစ်စိတ်တဝမ်း တည်း ရှိနေကြပြီး မူးယစ်ဆေးဝါး သယ်ဆောင်မှုကို တရုတ်ပြည်နယ်နိမိတ်အတွင်း က ဖြတ်သန်းခြင်း မပြုဖို့ကို တောင်းဆိုသမျှ ပြုလိုက်ကြတယ်။

ဟွမ်ဝေ့မိန်ရဲ့ စွမ်းဆောင်ချက်ကြောင့် ၉၀ ခုနှစ် အစဦးပိုင်းတွေမှာ ဝပြည်နယ်က အထူး အမိန့်တစ်ရပ်ကို ဗွေဆော်ဦး ထုတ်ပြန်လိုက်ပါတယ်။ ''တရုတ်ပြည်နယ်ကို ဖြတ်သန်းပြီး၊ မူးယစ်ဆေးဝါးမှောင်ခို သယ်ယူပို့ဆောင်သည့် အချက်ကို ရည်စူးပြီး အတွင်းပိုင်းရဲ့ ပြစ်ဒဏ်ပေးမှုအမိန့်'' - တရုတ်ပြည်ဆီ မူးယစ်ဆေးဝါးမှောင်ခိုသယ်ပို့တာမှာ (ဂရမ် ၇၀ဝ) တစ်မှုလျှင် ထောင်ဒဏ် ၅ နှစ်။ နှစ်မှုဖမ်းမိရင် ထောင်ဒဏ် ၁၀ နှစ်။ ဆယ်နှစ်အထက် ဖမ်းမိရင် သေ ဒဏ်၊ ဝပြည်နယ်ခေါင်းဆောင်တွေက ဒီအမိန့်စာမူကြမ်းကို ရေးဆွဲလိုက်ပါတယ်။ ပြီးတော့ ဟွမ်ဝေ့မိန်ကိုပါ အထူးတလည် ဖိတ်ခေါ်လိုက်ပါတယ်။ အပြန်ပြန် အလှန်လှန် ဆွေးနွေးညှိနှိုင်းကြတယ်။ နောက်ဆုံးမှာ တရုတ်ဘက်က သက်ဆိုင် ရာ ပုဂ္ဂိုလ်တွေနဲ့ နယ်မြေဖြတ်ကျော် မူးယစ်ဆေးဝါး တိုက်ဖျက်မှု ''လူကြီးလူ ကောင်းဆန်တဲ့ သဘောတူညီချက်'' ကို ပုဂ္ဂလိကအပိုင်းအနေနဲ့ပဲ သဘောတူ ဖြစ်မြောက်သွားရပါတယ်။ (ဘာကြောင့်ဆိုရင် အဲဒီအချိန်တုန်းက ဝပြည်နယ် အဖွဲ့ဟာ မြန်မာအစိုးရရဲ့ တရားဝင်အသိအမှတ်ပြု မခံရသေးတာကြောင့် ဖြစ်ပါတယ်)

၁၉၉၄ ခုနှစ်က အစပြုပြီး ဝပြည်နယ်မူးယစ်ဆေးဝါး ကူးသန်းရောင်း ဝယ်ရေးအဖွဲ့တွေ ဖြတ်သန်းရာလမ်းကြောင်းကို တောင်ဘက်ပိုင်းက ထိုင်း- မြန်မာနယ်နိမိတ်ဘက်ဆီ ပြောင်းရွှေ့သွားရလေတယ်။ ချန်းယွမ်ခရိုင် နယ်နိမိတ် ကို ဖြတ်သန်းတဲ့ မူးယစ်ဆေးဝါးတွေ လျော့ပါးသွားပါတယ်။ တစ်နှစ်တစ်နှစ် မှာ ဂရမ် ရာဂဏန်းလေးလောက်ပဲ ရှိပါတော့တယ်။ ထိုစဉ်က ယူနန်ပြည်သူ့ လုံခြုံရေးမှူးကြီးရယ်၊ မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေး ကော်မတီတာဝန်ခံ လျှိုရွှမ်က ဂုဏ်ယူဝြွံ့ကားပြီး ပြောပါသေးတယ်။ ''စံနမူနာထားလောက်တဲ့ ချန်းယွမ်မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နင်းမှု'' တဲ့။ ''ယူနန်ပြည်နယ်က နေရာဒေသ အသီးသီးဟာ ချန်းယွမ်ကို အတုယူကြရမယ်'' လို့တောင် လှုံ့ဆော်လိုက်ပါသေး တယ်။

ဟွမ်ဝေ့မိန်ရဲ့ ဝပြည်နယ်ဒေသရဲ့ တမူထူးခြားတဲ့ အထူးဆောင်ရွက် ချက် ထိရောက်မှုတစ်ရပ်ကို မူးယစ်ဆေးဝါးအမှုတစ်မှုကနေ တွေ့မြင်နိုင်ပါတယ်။ ၁၉၉၅ ခုနှစ်မှာ သူတခြား တာဝန်ဝတ္တရားနဲ့ ပြောင်းရွှေ့သွားလိုက်ရုံလေးပဲ ရှိပါတယ်။ ချန်းယွမ်ခရိုင်မျာ မူးယစ်ဆေးဝါးပြဿနာက ချက်ချင်း ခေါင်းဆောင် ထလာပါလေရော။ ၁၉၉၆ ခုနှစ်၊ မေလပိုင်း၊ ကွမ်ကျိုးမှာ ဘိန်းကူးသန်းရောင်း ဝယ်မှုတစ်ခုက မူးယစ်ဆေးဝါးကီလိုဂရမ် ၅၀ဝ ကျော်ကို ဖမ်းဆီးဖော်ထုတ် လိုက်တယ်။ နောက်ဆုံး စစ်ဆေးတွေ့ရှိချက်က ဝပြည်နယ်မူးယစ်ဆေးဝါး ကုန်ကူးတဲ့အဖွဲ့က ချန်းယွမ်ခရိုင်ကို ဖြတ်သန်းပြီး ကွမ်ကျိုးကို မှောင်ခိုသယ်ချ လာတာပါတဲ့။ နောက်ထပ်မံပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်စစ်ဆေးတာတွေ၊ ပြင်ပနည်းနာတွေနဲ့ ဝင်ရောက်စွက်ဖက် ဆောင်ရွက်တာတွေကြောင့် ချန်းယွမ် မူးယစ်ဆေးဝါးနယ်မြေဖြတ်ကျော်မှု ပြဿနာဟာ နောက်ထပ်တစ်ကြိမ် ဖုံးဖုံး ဖိဖိ ဖြစ်သွားရပြန်လေသတည်း။