Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၈)

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၈)

မိုးမခ ၊ မေ ၂၈ ၊ ၂၀၂၆


အာဆီယံမှာ မအူရလို့ အိန္ဒိယသွားအူဖို့ ကြံ၊ ကြံကာရှိသေး အိန္ဒိယရောက် မြန်မာတွေကလည်း ခွေးမောင်းထုတ်မယ် လုပ်၊ ဒေဝဒတ်နဲ့ အဇာတသတ် ဓာတ်ယူမလို့ပါဆို မြေမျိုနိမိတ်အရုပ် အထုခံရလို့ ချောက်ချားပြီး ဟော အခု ကုလားကြီးနဲ့ မှောက်မှားမယ် ဖြစ်လာပြန်ပြီ။ တရုတ်ကြီးက အဟုတ်မတီးလို့တဲ့။ ပူတင်ကလည်း သူ ထင်သလို မကိုင်တော့ ငလှိုင်မ ရောက်ရက်ခတ် ဆီဖူးခါနေတာ မြင်မကောင်း။

ပြည်သူ့ကျန်းမာရေးအတွက် ဆေးအသွင်းမခံ၊ ရေမန်းပဲ သောက်ခိုင်းထားပြီး သူကျ အိန္ဒိယသွား ဆေးကုမယ့် ခွေးပုရဲ့ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ အကြံ။ အဲဒီလို ခွေးပုကို လက်ခံလို့ကတော့ အိန္ဒိယမြေကွဲအက်ပြီး ပဲထွက်၊ စပါးထွက်ပါ ရပ်သွားနိုင်တာကလား။ မတန်မရာ ဖက်ဒရယ် ဘာညာ၊ ပညာရေးဆိုတာ ဘာညာကွိကွတွေ အူလွန်းလို့ မြေက လေးလှပြီ။ ဟိုနေ့ကတောင် တရက်တည်း ငလျင်လေးခါ လှုပ်တယ်ဆိုတော့ သဘောပေါက်။

မြေရှားနဲ့ ဖေကုလားလုပ်ရအောင်ကလည်း မြေရှားက ကချင်နဲ့ ရှမ်းမြောက်မှာ၊ စစ်အုပ်စုက ရှမ်းမြောက်မှာ လမ်းတောင်လျှောက်လို့ မရ။ ကုလားတန်စီမံကိန်းကလည်း အစ်ကိုထွန်း သနားမှ စားရမဲ့ ဘဝမျိုး။

ကုလားကြီးဆီ အလျားမှောက်သွားတာက သွားတာပဲ၊ ပြည်တွင်းမှာလည်း မလစ်ဟင်းရအောင် ခွေးတော်သလင်း ဆိုပေမဲ့ ကြံ့နဲ့ဖွတ်ပါ သွေးနှောလိုက်တော့ ဝါခေါင်နဲ့ ‌သီတင်းကျွတ်ပါ စပ်လို့ ရက်တစ်ရာ ဖြစ်သွားတယ် မဟုတ်လား။ အဲဒီရက်တစ်ရာထဲမှာ ငြိမ်းချမ်းရေးဆိုတဲ့ မြေမျိုမဲ့ဟာကြီး ထည့်ထားတာလေ။ ငြိမ်းချမ်းရေးအတွက် ဗုံးမပြတ်ကြဲဖို့၊ စစ်ကြောင်းထိုး မီးရှို့ဖို့၊ ဘောမှုထမ်းဥပဒေ ဆိုတဲ့ လူငယ်မျိုးတုံးရေးစီမံချက် အကောင်အထည်ပေါ်အောင် တစက္ကန့်မပြတ် ပြန်ပေးဆွဲဖို့၊ ပစတွေ အကုန်လုံး အသုံးချ၊ သေသွားရင် အသက်အာမခံကြေးကို သားလေး အူပြည့်စုံ ဘုံးဖို့၊ တပ်ထဲကျန်တဲ့ ဇနီးနဲ့သမီးတွေကို ကျန်အရာရှိတွေက မအလ သားအဖဖို့ဆိုပြီး အကုန်စီစဉ်ထားပြီးသား။

မြန်မာစစ်အုပ်စုရဲ့ ဘောမှုထမ်းကိစ္စဆို အတင်းအဓမ္မ စစ်သားစုဆောင်းပြီး မျိုးဆက်တစ်ခုလုံးကို ခိုးယူဖျက်ဆီးနေတယ်လို့ အာဆီယံလွှတ်တော်အမတ်တွေက ပြောကြတယ်။ စစ်ဘီလူးတွေဟာ မဖွယ်မရာ မတန်မရာ အာဏာကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ဖို့အတွက် လူငယ်တွေကို နည်းမျိုးစုံနဲ့ အဓမ္မဖမ်းဆီးပြီး စစ်မြေပြင်ဆီကို လူသားဒိုင်းအဖြစ် စေလွှတ်နေတယ်လို့ အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့က ပြောထားပါတယ်။ အဲဒီအဖွဲ့ရဲ့ ဥက္ကဋ္ဌ အင်ဒိုနီးရှား လွှတ်တော်အမတ် မာစီခရစ္စတီးဘာရိန့်စ်က "မင်းအောင်လှိုင်နဲ့ စစ်အုပ်စုဟာ မြန်မာနိုင်ငံရဲ့ မျိုးဆက်တခုလုံးကို ခိုးယူနေတာဖြစ်ပြီး လူငယ်တွေရဲ့ လွတ်လပ်ခွင့်နဲ့ သိက္ခာရှိရှိ နေထိုင်ခွင့်တွေကို ရိုက်ချိုးဖျက်ဆီးနေတယ်" တဲ့။

မအလက သားအတွက်တင် မဟုတ်၊ သမီး တခုလပ်မလေး ယီးမပြတ်ရအောင်လည်း ယာဉ်အို/ယာဉ်ဟောင်းတွေကို လျှပ်စစ်ကားနဲ့ အစားထိုးလဲလှယ်ရေးအစီအစဉ် အကောင်အထည်ဖော်ခိုင်းတယ်။ လျှပ်စစ်သာမရှိတာ၊ EV မှ EV ပဲ။ တပြားသားမှ မလျှော့တာက အကုန်လုံး သူ့သမီးဆီက ဝယ်ရမှာလေ။

တိုင်းပြည် မီးတိုက်၊ အိုးအိမ်တိုက်တာ ဘူဒိုဇာနဲ့ ဖြို‌နေတဲ့‌ကောင်က အိုမင်းဟောင်းနွမ်းသော မော်တော်ယာဉ်များဟာ စက်သုံးဆီ ပိုမိုသုံးစွဲရခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုဖြစ်သတဲ့။ သစ်အဆက်မပြတ် အဆင်အခြင်မဲ့ထုတ်၊ သယံဇာတမှန်သမျှ ယန္တရားကြီးတွေနဲ့ ကော်ထုတ်နေတဲ့ကောင်တွေက ယာဉ်မှထုတ်လုပ်သော မီးခိုးငွေ့များသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေခြင်းတို့ကို ဖြစ်ပေါ်စေသတဲ့။ လူငယ်တွေကို ပြန်ပေးဆွဲ ရှေ့တန်းပို့၊ လမ်းပေါ်မှာ တွေ့သမျှ ပစ်သတ်နေတဲ့ကောင်တွေက အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်ရန်တဲ့၊ ဟောင်တစ်ခါ အူတစ်လှည့် လုပ်ပြနေတယ်။

ခင်သီရိသက်မွန်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် နိုင်ဖြိုးကျော်၊ ဝေယံမင်းမောင်တို့နဲ့အတူ NPK Motor Co., Ltd. ကုမ္ပဏီထူထောင်ပြီး လျှပ်စစ်ကားတွေနဲ့ MG Myanmar၊ Leapmotor Myanmar အမှတ်တံဆိပ် အမျိုးအစားအပါအဝင် တရုတ်လျှပ်စစ်ကားမျိုးစုံ တင်သွင်းရောင်းချနေတယ်။

သမီးလော်က လျှပ်စစ်ကား ဓာတ်အားသွင်းတဲ့ EV Charging Station များပါ လုပ်ပိုင်ခွင့်ယူထားသေးတာ။

သားအူပြည့်စုံကလည်း တရုတ် BYD ကုမ္ပဏီက လျှပ်စစ်ကားတွေကို ပြည်တွင်းကုမ္ပဏီခွဲတွေ အများကြီး တည်ထောင်တင်သွင်းနေသေးတာ။

မအေဘေးက သူကသာ အိန္ဒိယသွားပြီး နိုင်ငံရေး၊ စီးပွားရေးထိ စိတ်ပူဖို့မရှိပါဘူး အူတာ၊ ကုလားတန် ဆိုတဲ့အတိုင်း ကုလားက မတန်ဘဲ ဆက်လုပ်လို့ မြုပ်နေတဲ့ စီမံကိန်းကိုသာ ကြည့်လေ။ အခုလည်း သူ ရောက်ကာရှိသေး၊ သဲမုန်တိုင်းက ဝင်ပြီ။ မြေတွေမကွဲရင် ကံကောင်း၊ မိုဒီ မဲမရှုံးချင်ရင် အိန္ဒိယပွင့်တဲ့ဘုရား အကုန်တပေတော့။ မအလလည်း အိန္ဒိယကို ကုလားယီးစုတ်ချင်လွန်းလို့သာ သွားရတာရယ်၊ စိတ်မချ အိပ်မရနဲ့ အနိစ္စသွားနိုင်တာ သိတော့ အကြောက်ပြေ အမျိုးသားလုံခြုံရေးဆိုပြီး ခါတော်မီ ဖွဲ့လိုက်ရသေးတယ်။ တပ်ချုပ်ရဲဝင်းဦး၊ ဒုတပ်ချုပ်ကျော်စွာလင်း၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တွေကို သမ္မတလုပ်နေရရက်နဲ့ကို သူ့လက်အောက်ခံတွေပါဆိုပြီး ထပ်စာချုပ်ချုပ်တာပေါ့လေ။ ဟိုကောင်တွေကလည်း စိတ်ချလက်ချသွားပါပေါ့၊ ငါတို့လုပ်ချင်ရင် မင်းကုပ်ဘယ်ချိန်ချိုးချိုးပါဆိုတဲ့အထာနဲ့ ညာသံနဲ့ ပြန်အူလိုက်သေးတယ်။

သူ ပေါက်ကရလုပ်ထားတဲ့ ၂၀၀၈ ခြေဥမှာ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ပါပြီးသားကို အမျိုးသားလုံခြုံရေးအဖွဲ့ဆိုပြီး ကြောက်ချေးပါတာ။

မအလက သူ့သား အူပြည့်စုံကို လုပ်ခွင့်ပေးထားတဲ့ ရတနာပုံမြို့သစ်စီမံကိန်းမှာ အိန္ဒိယလုပ်ငန်းရှင်တွေကို လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်ပြန်ပြီဆိုတော့ ရတနာပုံမြို့သစ်လည်း ဘိတစ်ခုလိုတော့ ဖြစ်နေပြီ။ တစ်နေ့ကမှ ဝန်ကြီးဌာနတွေကို လိုတာ ကြည့်လုပ်ဖို့ ဟောင်ထားသေးတာ၊ အဲဒီအရင်ကလည်း တရုတ်ကို လုပ်ဖို့ဆိုပြီး ဆီဆွတ်ပေးထားသေး။ ဒါတောင် ရုရှား-အာဆီယံဆွေးနွေးပွဲ တက်ရဖို့ မသေချာသေးလို့၊ မဟုတ်ရင် ပူတင်ကိုပါ ယူချင်တာယူ အူဘာဒယ် လုပ်ဦးမယ်။

"ကျွန်တော်တို့က IT နဲ့ ပတ်သက်ပြီး တော်တော်တော့ နောက်ကျနေပါပြီ" တဲ့၊ အမယ်၊ သတ်တာနဲ့ မီးရှို့တာ၊ ညစ်ပတ်တာနဲ့ ယုတ်မာတာ၊ ဘောမတာနဲ့ ဖျင်ခံတာကလွဲ ဘာကများ ရှေ့ရောက်တာ ရှိလို့ပါလိမ့်။ အဲဒီလို အကျွတ်ထထအူတာတွေကလည်း သိပ်မပြတ်တတ်။

ဒါတောင် တရုတ်ဖိအားနဲ့ TNLA က နောက်ဆုတ်၊ MDY PDF က စိုးသူရဇော်တို့ အချင်းချင်း ပတ်ရှုပ်နေကြလို့ ရတနာပုံ ဆိုက်ဘာစီတီးက ဆက်လုပ်ခွင့်ရသွားတာကို စောက်ကြီးစောက်ကျယ်တွေ သွားအူနေတယ်။ ဒီစီမံကိန်းက သန်းရွှေလက်ထက်ကတည်းက ပျက်လိုက်ရပ်လိုက်၊ NLD လက်ထက်လည်း ရှေ့မဆက်နိုင် တိုင်အပတ်ဆုံး စီမံကိန်းရယ်။




Join Us @ MoeMaKa Telegram
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar