မောင်ဘဦး - ကျောင်းအပ်ချိန်ကာလ ဗုံထောက်သံ
မောင်ဘဦး - ကျောင်းအပ်ချိန်ကာလ ဗုံထောက်သံ
မိုးမခ ၊ ဇွန် ၄ ၊ ၂၀၂၆
V-1 (ဗာ့စ်-ဝမ်း) ။
( × ကျောင်းအပ်ချိန် ခါသမယ ×
× အတိုင်အတောက မျိုးစုံ × ) ၂
( × ဂနိုင်တစ်ကြောက ပြည်သူဆိုသူ × နုကြည်ဆီ တိုင်သလား ×
× အညာတစ်ကြောက ပြည်သူဆိုသူ × နုကြည်ဆီ တိုင်သလား × )
( × အမေးတစ်ခု မေးလိုပါသည် × ) ၂
( × 'ရွေးတု-အစိုးရ × ကျောင်းအပ်တာ' သည် ×
ပြင်းထန်စွာ ဝမ်နင်ပေး သင့်ပါသလား (အားဟာ) ××
[ ... (စကားပြော) ... ကျောင်းသားတစ်ယောက်ရဲ့ ပညာသင်ကြားခွင့်ကို ... လက်မှာကိုင်စွဲပြီးတော့ ...
... 'ရွေးတု-အစိုးရ × ကျောင်းအပ်တာ' ကို ... ]
× အပြစ်လို့ × အသင်ထင်ပါသလား ××
× မေးကြဖြေကြ ပါခင်ဗျား (အားဟားဟာ) ××× )
V-2 (ဗာ့စ်-တူး) ။
( × ဟုတ်ပေသည် မှန်ပေသဗျ ×
× အသင်က ဆိုလျှင် × ) ၂
( × အရင်က စစ်အာဏာရှင် 'နန်းစီဒင်' ဆရာများနဲ့ ×
× 'ရွေးတု' ရဲ့ နန်းစီဒင် × မတူညီ အသင် × ထင်လေတကား × )
( × 'တစ်ကျောင်းလုံး-စီဒင့်' 'တီ-စီ' တွေရယ် × ) ၂
( × ကျောင်းထွက်လက်မှတ် တီ-စီတွေရယ် × )
× ဘယ်က ဘယ်လို × ဘယ်လောက်ပေး၍ ရရှိသွား (အားဟာ) ××
[ (စကားပြော) ... ကျောင်းအုပ်ကြီးကစ၊ ကျောင်းလုပ်သားအထိ ... ကျောင်းတစ်ကျောင်းလုံး စီဒီအမ်ဝင်ထားတဲ့ ကျောင်းမှ 'တီ-စီ' ခေါ်တဲ့ ကျောင်းထွက်လက်မှတ်တွေသည် ... ]
× ဘယ်က ဘယ်လို × ဘယ်လောက်ပေး၍ ရရှိသွား ××
× ဘယ်ကနေ ဘယ်လို × ဘယ်လောက်အထိပေး၍ ရရှိသွား ×× )
[ မှတ်ချက်။ ။ ကျေးရွာ ဒိုးပတ်ဝိုင်းမှ သိလို၍ မေးမြန်းသည်များ -
၁။ စစ်အာဏာသိမ်းစဉ်က 'နန်းစီဒီအမ် ဆရာ၊ ဆရာမများ' နှင့် ရွေးတုလက်ထက် နန်းစီဒီအမ် ဆရာ၊ ဆရာမများကို ထောက်ခံမှု၊ မထောက်ခံမှု တူညီပါသလား၊ ကွဲပြားပါသလား။
၂။ အညာရွာ၏ တကျောင်းလုံး စီဒီအမ်ကျောင်းမှ ကျောင်းထွက်လက်မှတ် တီစီကို ဘယ်သူက၊ ဘယ်လို၊ အဘယ်မျှဖြင့် ထုတ်ပေးပါသလဲ။ ]
သုခိတာ ဟောထ။
နယုန်လ မဟာသမယ အခါကာလ၌၊ ငြင်းခုံမှု ဝိဝါဒတရားများ နည်းပါးကြ၍၊ နွေဦးတော်လှန်ရေးကြီး ယခုကဲ့သို့သော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ ပြီးမြောက်ပါစေ။
မောင်ဘဦး
(၁၃၈၈ ယုန်ကျော် ၁)
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar