ကိုရိုနာဗိုင်းရပ်ဒါဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့ အီတလီရဲ့ ၂၀/၀၃/၂၀
ကိုရိုနာဗိုင်းရပ်ဒါဏ်ကို အဆိုးဝါးဆုံးခံစားနေရတဲ့ အီတလီရဲ့ ၂၀/၀၃/၂၀
မောင်လူပေ (မိုုုုုုးမခ) မတ် ၂၁၊ ၂၀၂၀စံချိန်တင်အောင် တရက်အတွင်း(၆၂၇)ဦး သေဆုံးခဲ့ရတယ်။ တစ်နိုင်ငံလုံးမှာ လူလေးထောင်ကျော်(၄၀၃၂)ဦး သေဆုံးခဲ့ရပြီ။ တရုတ်ပြည်မှာသေဆုံးတဲ့ သုံးထောင့်နှစ်ရာကျော်ထက် များစွာ သာလွန်သွားပါပြီ။ ကူးစက်ခံထားရသူ လေးသောင်းခုနှစ်ထောင် ရှိပါတယ်။ တစ်ရက်အတွင်းကူးစက်သူ(၁၅%) တိုးလာပါတယ်။
အသက်၇၀ ၈၀ ကျော် တွေမှာ အလွန်မြန်တဲ့နှုန်းနဲ့ ကူးစက်နေဆဲပါ။ အသည်းအသန်လူနာများလွန်းလို့ ဆေးရုံကတောင် လက်မခံနိုင်တော့ဘူး။
အများဆုံးကူးစက်ပြီး သေဆုံးခဲ့ရတဲ့နေရာကတော့ မီလန် Milan အပါအဝင်ဖြစ်တဲ့ အီတလီမြောက်ပိုင်းလွန်ဘာဒီအရပ်ဖြစ်တယ်။ လွန်ဘာဒီ Lombardi ဟာ ချမ်းသာတဲ့ဒေသပါ။ ကူးစက်ခံရသူထက်ဝက်နီးပါးက ဒီဒေသသားတွေဖြစ်ပြီး ကွယ်လွန်သူ သုံးပုံနှစ်ပုံနီးပါးကလည်း ဒီအရပ်ကပါပဲ။ ဘာဂမို Bergamo မြို့လိုနေရာမှာဆိုရင် အသည်းအသန်လူနာတွေအတွက် ဆေးရုံမှာ နေရာမလောက်လို့ ဆရာဝန်တွေက လူနာရွေးပြီး နေရာချပေးရတဲ့အထိပါ။
ဒီလိုအခြေအနေမျိုးဖြစ်နေတဲ့အတွက် နိုင်ငံကို ပိတ်ဆို့ပြီး ကာကွယ်နေရပါတယ်။ ပိတ်ဆို့မှုကို ပိုမိုတင်းကျပ်ဖို့လည်း ရှိနေပါတယ်။ ဒီလိုလုပ်နေရတဲ့ကြားက သေဆုံးမှုနဲ့ ကူးစက်မှုက မြင့်တက်နေဆဲပါ။ နောက်(၂)ပတ်လောက်ကြာမှ အမြင့်ဆုံးအခြေအနေ ရောက်မယ်လို့ မှန်းထားကြတယ်။ အခြားဥရောပနိုင်ငံတွေလည်း နယ်ခြားတွေပိတ်၊ အိမ်မှာနေကြဖို့ အကြံပေးပြီး ကာကွယ်နေကြရပါတယ်။
ကူးစက်မှုအလွန်လျှင်မြန်တဲ့ ဒီရောဂါကို ဂရုစိုက်ကြပါလို့သာ တိုက်တွန်းပါရစေ။