Breaking News

ဘုန်းနိုင်လင်း - ကပ်သင့်ပိတောက်ဦး

Credit- Google.com
ကပ်သင့်ပိတောက်ဦး
ဘုန်းနိုင်လင်း
(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၀

မင်းအကြောင်းလေးပဲတွေးရင်း
ပိတောက်စိမ်း လေးတွေဆီငေးနေမိ၊၊
ချစ်မေတ္ထာ အကွာအဝေး ဘယ်ဆီဘယ်ဝယ်
ပျံသန်းချိန်နဲ့ရောက်မလာနိုင္​သလို
မိုင်တိုင်တွေကျော်ဖြတ်လာဖို့ခရီးလည်း နီးဖို့မမြင်
လက်ခဏခဏဆေးရင်း 
ကိုယ့်ကိုကိုယ် ပြန်ငေးနေမိပြန်တယ်။

ရှင်သန်ခြင်း ရဲ့ အဓိပ္ပာယ်တွေ 
မေတ္တာပုံဆောင်ခဲလည်းမြင်ရ
ကမ္ထာ မြေမှာ အချစ်စစ်စစ်တွေ 
ဘယ်လောက်အသစ်အသစ်ပွင့်ေနပြီလည်း
နေ့နေ့ ညည
ကပ်ရေးကပ်ရာအထွေထွေ....။

လုပ်ခလစာနဲ့ ရသင့်တဲ့အခွင့်အရေး
ငြင်းပယ်ခံတွေ စုဝေးနေတာလည်း 
ကပ်ရေးကပ်ရာ။
လက်လုပ်လက်စားပြည်သူတွေ
နိုင်ငံတော်အထောက်အပံ့မှာ တန်းစီနေရတာလည်း
ကပ်ရေးကပ်ရာ။
ပြည်သူတွေအတွက် ပြည်သူကလှူဒါန်းမှုအထွေထွေ
ပြည်သူတွေအတွက် ရှေ့တန်းက သက်စွန်ဆံဖျား
ကျန်းမာရေးဝန်ထမ်းအထွေထွေ
ကွက်လပ်ဖြည့်နေတဲ့ ပရဟိတအထွေထွေ
အားလုံးဟာ ကပ်ရေးကပ်ရာပါပဲ။
စစ်ဘေးသင့်ပြည်သူတွေရယ်
စစ်ဒဏ်ခံ ဒဏ်ရာအထွေထွေရယ်
အားလုံးလည်း ကပ်ရေးကပ်ရာပါပဲ။

အချစ်ရေ...
တို့နှစ်ဦးရဲ့ ချစ်ရေးချစ်ရာလည်း
ကပ်ရေးကပ်ရာပဲမဟုတ်လား။
ကပ်မရပ်သေးတဲ့အကွာအဝေးမှာ
ကပ်ရပ်လို့မရတဲ့ကာလ....
လွမ်းနေတဲ့ ပိတောက်ရိပ်မှာ
ကျေးငှက်တွေရဲ့ပျော်ရွှင်သံနဲ့နေပါ။
သတိရခြင်းတွေဆိုတာ
ရေလောင်းနေကြ ပန်းရုံလေးက
စံပယ်ဖြူဖြူ ပွင့်လေးတွေပေါ့။

မင်းအကြောင်းလေးပဲတွေးရင်
ပိတောက်စိမ်လေးတွေ ငေးနေမိ။

ဒီတစ်နွေမှာ
ပိတောက်တွေ ဘယ်အရောင်နဲ့ ဝါမလဲ။
တစ်ကိုယ်ရေ လင်းခွင့်ရတဲ့နွေ
ပိတောက်တွေ အကြည်ဓာတ်နဲ့ ဝေနေမယ့်လမ်း...

အချစ်ရေ....
မင်းအကြောင်းလေးပဲတွေးရင်
ပိတောက်စိမ်းလေးတွေဆီ ငေးနေမိ။

11Apr2020, SAT, 1:50AM