Breaking News

မောင်လူပေ - တသိန်းကျော်် ကိုရိုနာ (၁၀/၀၄/၂၀)





မောင်လူပေ - တသိန်းကျော်် ကိုရိုနာ (၁၀/၀၄/၂၀)

(မိုးမခ) ဧပြီ ၁၁၊ ၂၀၂၀

ရောဂါကြောင့် သေဆုံးခဲ့သူ တစ်သိန်းကျော် ရှိသွားပါပြီ။

တောင်ကိုးရီးယားနိုင်ငံမှာ ရောဂါတွေ့ခဲ့သူများထဲမှ (၉၁)ဦးဟာ ရောဂါကင်းရှင်းကြောင်းကြေညာပြီးနောက်မှ ဆေးပြန်စစ်ဆေးရာ ရောဂါပိုး ပြန်လည်တွေ့ခဲ့ရကြောင်း ကြေညာတယ်။ ရောဂါကူးစက်ခံရသူတွေ ပြန်လည်ပျောက်ကင်းတဲ့အခါ ခန္ဓာကိုယ်က ရောဂါဒါဏ်ခံနိုင်တဲ့ဓါတ်တွေ ထုတ်ပေးလိုက်လို့ ပြန်လည်ကူးစက်မှုမရှိတော့ဘူး ထင်ခဲ့ပေမယ့် ဘာလို့ ပြန်ဖြစ်တယ်ဆိုတာမသိကြပါ။

ဂျပန်မှာလည်း ကူးစက်ခံ ခြောက်ထောင်ကျော်သွားသလို သေဆုံးသူလည်း တစ်ရာအထိ တက်လာတယ်။

တူရကီနိုင်ငံမှာလည်း သေဆုံးသူ တစ်ထောင်ကျော်လာခဲ့သလို ကူးစက်သူ ခြောက်သောင်းနီးပါးရှိပြီ။

အင်္ဂလန်နဲ့ပြင်သစ်တို့မှာ တစ်ရက်တွင်းသေဆုံးသူ တစ်ထောင်နီးပါးစီရှိကြတယ်။ အင်္ဂလန်မှာ ကိုးထောင်ကျော်နဲ့ ပြင်သစ်မှာ တစ်သောင်းသုံးထောင်ကျော် သေဆုံးခဲ့ပြီ။



အမေရိကားမှာလည်း သေဆုံးသူ တစ်သောင်းရှစ်ထောင်ကျော်ရှိသွားပြီး ကူးစက်ခံ လေးသိန်းကိုးသောင်းနီးပါးအထိ တက်လာခဲ့တယ်။ နယူးယောက်ပြည်နယ်မှာ တစ်ရက်အတွင်း (၇၇၇)ဦးသေဆုံးခဲ့လို့ သေဆုံးသူ (၇၈၄၄)အထိ ရှိသွားပြီ။

ကမ္ဘာ့လူဦးရေ ၁.၆၇သန်းကျော်ကူးစက်ခံရပြီး သုံးသိန်းခွဲကျော်လည်း သက်သာပျောက်ကင်းခဲ့ပါပြီ။

မြန်မာပြည်မှာ ကူးစက်တစ်ဦးထပ်တိုးလို့ (၂၈)ဦးအထိ ရှိလာပါပြီ။

ဂရုစိုက်ကြပါဗျာ။