Breaking News

ဖိုးရွှေညီမှိုင်း - အသံများ

Image- Credit 
အသံများ
ဖိုးရွှေညီမှိုင်း
(မိုးမခ)ဒီဇင်ဘာ ၁၀၊ ၂၀၂၅

ပြောစရာ မကျန်တော့တဲ့အခါ
အသံတွေဟာ တိတ်သွားတယ်
ပြောစရာရှိပေမဲ့
မပြောဝံ့တဲ့အခါလည်း
အသံတွေက တိတ်သွားတတ်ပြန်တယ်။

ပြောစရာတွေ အရမ်းများလွန်းပြီး
ပြောခွင့်မရကြတဲ့အခါ
အသံတွေ တိတ်ဆိတ်လိုက်ကြပုံကတော့
စကြာဝဠာတောင် ကြက်သီးဖြန်းဖြန်းထ
ကြောက်ခမန်းလိလိ
ပကတိ ငြိမ်ဆိတ်ပေးလိုက်ရ။

(၂၀၂၅ ဒီဇင်ဘာ ၁၀)  
 -