Breaking News

ဟိန်းနိုင်(မန္တလေး) - ကိုဗစ်ကာလ တရုတ်- မြန်မာနယ်စပ် ပြည်တော်ပြန်များရဲ့ အခြေအနေ

မူဆယ်အထက(၁)ကျောင်းအတွင်းရောက် ပြည်တော်ပြန်များ
ကိုဗစ်ကာလ တရုတ်- မြန်မာနယ်စပ် 
ပြည်တော်ပြန်များရဲ့ အခြေအနေ
ဟိန်းနိုင်(မန္တလေး)
(မိုးမခ) မေ ၁၄၊ ၂၀၂၀

ကိုဗစ်- ၁၉ ဖြစ်ပွားနေချိန်အတွင်း တရုတ်နိုင်ငံဘက်ကနေ မြန်မာပြည်ဘက်ခြမ်း မူဆယ်မြို့ကိုပြန်လာနေကြတဲ့ ပြည်တော်ပြန်မြန်မာနိုင်ငံသားများဟာ အခက်ခဲများစွာနဲ့ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီကနေတဆင့် ကြားသိရပါတယ်။

အဲဒီ့အခက်အခဲက ပြည်တော်ပြန်တွေ ဇာတိရပ်ရွာပြန်ရောက်ဖို့အရေးလုပ် ဆောင်နေကြရာမှာ ပွဲစားက ခေါင်းပုံဖြတ်နေတာလား... ပွဲစားနဲ့ပေါင်းပြီး သက်ဆိုင်ရာအကျင့်ပျက်နေသူတွေက အမြတ်ထုတ်နေတာလားဆိုတာ အဖြေရှာမရတဲ့ပြဿနာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ အဲဒီလိုပြုမှုနေသူတွေဟာ ဘယ်အဖွဲ့အစည်းကလဲ ဘယ်သူတွေလဲ ဘာညာသေသေချာချာမသိတော့ ပိုပြီး စိတ်မချမ်းမသာဖြစ်တဲ့အပြင် မကျေနပ်မှုတွေလည်း ကြိတ်ဖြစ်နေကြရတယ်လို့ ဆိုပါတယ်။

စာရေးသူအနေနဲ့ အဲဒီ့အဖြစ်တွေကြုံတွေ့နေရတဲ့နေရာဆီ ကိုယ်တိုင်အရောက်သွားလေ့လာချင်ပေမယ့် ကိုဗစ်ကပ်ဘေးကာလ အတား အဆီးအပိတ်အပင်တွေကြားမှာ သွားမရဖြစ်နေတဲ့အတွက် ဒေသခံတွေရဲ့မြေပြင်အခြေအနေပြောကြားမှုတွေကို တဆင့်တင်ပြလိုက်ရပါတယ်။

တရုတ်ပြည်ကနေ မြန်မာပြည်ကိုပြန်ဖို့ မူဆယ်ကို ရောက်နေကြသူတွေကြုံတွေ့ရတာတွေမှာ ကိုယ့်ရပ်ရွာဆီပြန်ရောက်ဖို့အရေး သူတို့သဘောနဲ့သူတို့ ကားငှားမရလို့ မူဆယ်မှာ အစုအပုံဖြစ်နေတဲ့ အဲဒီလူစုလူဝေးကြီးအတွက် ဌာနဆိုင်ရာတွေလည်း တော်တော်လေးဖြေရှင်းရခက်နေရတယ်ဆိုလို့ ဆိုပါတယ်။

အဲဒီ့အခြေအနေမှန်တွေကို မှတ်တမ်းယူပြီး သက်ဆိုင်ရာများကြားသိအောင် သတင်းအဖြစ် အွန်လိုင်းပေါ်တင်ဖို့ ဓာတ်ပုံရိုက်ရင်ပဲဖြစ်ဖြစ် ဗွီဒီယိုရိုက်ရင်ပဲဖြစ်ဖြစ် နယ်စပ်မရိုက်ရဘူး တဲ့။ ဒါ ပရဟိတလုပ်နေတာမဟုတ်ဘူး၊ ဝတ္တရားနှောင့်ယှက်မှုနဲ့ထောင်ကျသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုခံနေရပါတယ်။ အဲဒီ ပြောနေတဲ့လူက တကယ်ပဲတာဝန်အရပြောတာလား၊ ဒီနေရာ ဒီအခက်အခဲကို ခုတုံးလုပ်ပြီး ဟောက်စားလုပ်နေသူလားဆိုတာလည်း  ပြည်တော်ပြန်တွေမှာ တွေးစရာတွေဖြစ်ပြီး စိတ်မချမ်းမသာဖြစ်နေကြရပါသတဲ့။

အဲဒီ့အထဲက တယောက်အဆိုအရ... ကျွန်တော် အထက (၁) ကျောင်းထဲမှာ ၄-ရက်နေခဲ့ရတယ်။ ကားခတွေလည်း မတရားတောင်းတယ်၊ြ ပည်အရောက် ၆၅၀၀၀ ပေးရတယ်။ မေ- ၄ ရက်နေ့ကစထွက်တာ လမ်းမှာ ၃-ရက်အိပ်ရတယ်။ မူဆယ်ကနေ ရန်ကုန်ထိဆို တစ်ယောက်ခအတွက် ပထမ တစ်သိန်းတောင်းတယ်၊
လျှှော့ပါဦးဆိုတော့ ၈-သောင်းတဲ့။ ဒါတောင် အဖွဲ့လိုက်မှရမယ်ဆိုလို့ ကိုယ်ကပဲ လူစုရတယ်။
အစောင့်နဲ့ထားတဲ့ကျောင်းထဲမှာ ကားပွဲစားလိုလူတွေ အများကြီး။ ပေါင်းလုပ်နေကြသလားတောင်ထင်ရတယ်ဆိုသံတွေလည်း ကြားနေရပါတယ်။

ပြည်တော်ပြန်ဆိုတဲ့ခေါင်းစဉ်အောက်မှ ာအနေကြပ်၊ အစားကြပ်ဖြစ်အောင်လုပ်ပြီး ငွေအမြတ်ထုတ်တာတော့ မဖြစ်သင့်ပါဘူးဆိုတဲ့ ငြီးတွားသံတွေလည်း ပဲ့တင်နေပါတယ်။

ဆိုတော့ လက်တွေ့အဲဒီမှာရောက်နေတဲ့သူတွေက မြေပြင်အခြေအနေအရ တရုတ်ပြည်တွင်းက သူငယ်ချင်းတွေကို ခုလိုပဲ သတင်းစကား တွေ ပါးနေကြပါတယ်။ သူငယ်ချင်းတို့ ခုရက်ပိုင်း မြန်မာပြည်ထွက်မလာကြနဲ့ဦး၊ လူတွေ မူဆယ်မှာ ထောင်ချီ သောင်တင်နေပါတယ်။ ကိုယ်သဘောနဲ့ ကိုယ့်ကားငှားပြီး ပြန်လို့လည်း မရပါဘူး။ လူကြီးတွေစီစဉ်ပေးတာနဲ့ ပြန်ရပါတယ်။

မူဆယ် အထက ၁- စာသင်ကျောင်းထဲမှ ာ၃-ရက်မှ ၄ ရက်၊ ကွတ်ခိုင် အထက ၃ မှာ ၂- ရက်၊လားရှိုးမှာ ဘယ်လောက်ကြာမယ်မသိကြရသေးပါဘူးတဲ့။


မွေးရပ်ဌာနေကိုရောက်ဖို့ အနည်းဆုံး ၆ ညအိပ်မှ ၇- ရက် ၈-ရက် အထိ ကြာနိုင်ပါတယ်။ ရွာရောက်ရင်လည်း စောင့်ကြည့် Q-21-ရက် ဝင်ရအုံးမယ်။ ဆိုတော့ ရွာရောက်ရင်တောင် မိသားစုကိုတွေ့ရဖို့ ၁-လကျော်ကြာမှ တွေ့ခွင့်ရမယ်။ ဘဝတူသူငယ်ချင်းတွေ သိစေချင်ပါတယ်လို့ဆိုတဲ့ တရုတ်နယ်စပ်ပြန်တယောက်ရဲ့စာကိုလည်းေ ဖ့ဘွတ်စာမျက်နှာမှာ ဖတ်ရပါတယ်၊

မူဆယ်ကနေ ပြည်တော်ပြန်ကားတွေကို လားရှိုးမှာတားထားပြီ းမီးရထားနဲ့ မန္တလေးထိ တင်ပေးဖို့ စီစဉ်ထားတယ်လို့တော့ သိရပါတယ်။ အဒီကားပေါ်မှာပါလာတဲ့လူတွေဟာ မူဆယ်ကနေ သူတို့ကို တိုင်းဒေသတွေအလိုက် အရောက်ပို့ပေးမယ်ဆိုလို့ ပိုက်ဆံငါးသောင်းပေးပြီး လိုက်လာရတယ်လို့ပြောကြပါတယ်။

အခုက မန္တလေးအထိပဲ ရထားနဲ့တင်ပေးမယ်ဆိုတော့ မန်းတလေးကနေ သက်ဆိုင်ရာဒေသတွေကိုပြန်ဖို့ လမ်းစရိတ်မရှိကြတော့ပါဘူး။ ပိုက်ဆံငါးသောင်းက ဘယ်သူကကောက်ပြီး ဘယ်လိုစီစဉ်ပေးတာလဲမသိရသလို၊ ကားသမားတွေဆီကလည်း ပြန်တောင်းလို့မရဘူးဖြစ်နေကြရပြန်ပါတယ်။
မိဝေးဖဝေး မိသားစုပစ်ပြီး လုပ်ကိုင်ရလာတဲ့ပိုက်ဆံကို အလွဲသုံးစား အတ္တသမားတွေ ရှိနေတာလား။ တာဝန်ရှိသူများ မြင်စေ၊ ကြားစေ၊ သိစေချင်ကြတယ်။ ဒါတွေ မြင်၊ သိ၊ ကြားပြီးပါကလည်း လိုအပ်သလို အဆင်ပြေအောင် စီမံပေးနိုင်ပါစေဆိုတဲ့ အကူညီတောင်းသံကိုလည်း ဖေ့ဘုတ်စာမျက်နှာပေါ်မှာ ဖတ်လိုက်ရပါတယ်။

မေလ ၁၃-ရက်နေ့မနက်ပိုင်းမှာတော့ ပြည်တော်ပြန်တွေကိုစောင့်ကြည့်ထားသော မူဆယ်မြို့ အထက-၁-ကျောင်းဝင်းထဲမှာ အသံချဲ့စက်နဲ့ အသိပေးပြောကြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံဒေသအသီးသီးကိုပြန်မည့်ပြည်တော်ပြန်များအနေနဲ့ ကိုယ့်အစီစဉ်နဲ့ ကိုယ်ပြန်ခွင့်ပြုပေးနေကြောင်းနဲ့ မိမိကိုယ်တိုင်ကားငှားပြီးမိမိဒေသကိုပြန်

နိုင်ကြောင် းအသံချဲ့စက်နဲ့ပြောပြီးကြေညာခဲ့တာပါ။

ကြေညာပြီးနောက်မှာတော့ မြန်မာနိုင်ငံမြေပြန့်အလယ်ပိုင်းနဲ့ အောက်ပိုင်းအထိ ပြန်မယ့်သူတွေကို ဌာနဆိုင်ရာကနေစီစဉ်ပေးတဲ့အစီအစဉ်ကားတွေနဲ့ ပြန်ကြရတယ်ဆိုတဲ့သတင်းတွေ ချက်ချင်း ပျံ့လာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်မြန်မာနယ်စပ်မှပြည်တော်ပြန်တွေကို ပြည်တော်ပြန်ခွင့်ပေးနေတာတွေမှာ လွှတ်ပေးတာလား၊ ထိန်းချုပ်တာလား၊ စစ်ဆေးတာလား၊ ကြိုဆိုတာလားဆိုတာ ....တွေးစရာတွေ ဖြစ်နေကြတယ်ရတယ်လို့လည်း အသံကြားရပါတယ်။

လက်ရှိအခြေအနေအရ လားရှိုးကနေ မီး ရထားနဲ့ပြန်သူတွေရော၊ သူတို့ဇာတိမှာ စောင့်ကြည့်ရက်၂၁-ရက်ကို ဘယ်လိုဝင်မလဲ။ စောင့်ကြည့်ရက်မဝင်ပဲ ပြည်တော်ပြန်သူတွေကို ကိုယ့်သဘောနဲ့ လွတ်လပ်စွာသွားခွင့်ပေးတဲ့အခြေအနေတွေဖြစ်လာခဲ့ရင်တော့ ... စိုးရိမ်စရာဆိုတာမျိုးကြုံလာခဲ့ကြတဲ့အခါ ဘယ်လိုဖြေရှင်းမလဲဆိုတာ ...တသီတတန်းတွေးချင်စရာတွေပါ။
                                                             
ဟိန်းနိုင် - မန္တလေး
၁၃ - ၅ - ၂၀၂၀