Breaking News

သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေး သူရဲကောင်းများ - ၅



သားကြီးမောင်ဇေယျ - ပြည်သူ့ကျန်းမာရေး သူရဲကောင်းများ - ၅

 (မိုးမခ)မေ ၉၊ ၂၀၂၀

ပန်းချီကားအမည် – မှန်ဘီလူးအသုံးပြုခွဲစိပ်ခြင်း (Operation of the Magnifier)
ရေးဆွဲသူ – Benjamin Gerritsz Cuyp
ရေးဆွဲချိန် – 1630 နှောင်းပိုင်း
ချိတ်ဆွဲပြသထားတဲ့နေရာ – Musée du Louvre ပြတိုက်၊ ပါရစ်မြို့၊ ပြင်သစ်နိုင်ငံ

ဒီပန်းချီကားရေးဆွဲချိန်တုန်းက ဦးနှောက်ပိုင်းခွဲစိပ်မှုတွေလုပ်ဖို့ အလွန်ခက်ခဲတဲ့ အချိန်ဖြစ်ပါတယ်။ အသေးစိတ် ခွဲစိပ်မှုတွေကို ရိုးရိုးမှန်ဘီလူးသုံးပြီး ခွဲစိပ်ခဲ့ရပါတယ်။ လက်ရှိခေတ်လို အနုကြည်မှန်ဘီလူးတွေ မပေါ်သေးပါဘူး။ ဒီပန်းချီကားမှာ ဆရာဝန်တဦက လူနာဦးခေါင်း ကို ခွဲစိပ်ဖို့ ရိုးရိုးမှန်ဘီလူးနဲ့ ကြည့်နေတာ တွေ့မြင်နိုင်ပါတယ်။