ကျော်ကျော်(မြရည်စမ်း) - ဦးဖိုးကျား၊ မစန္ဒာနှင့် မြန်မာပြည် မီးရထားပေါ်က ခရီးသွားများ
www.go-myanmar.com |
ဦးဖိုးကျား၊ မစန္ဒာနှင့် မြန်မာပြည် မီးရထားပေါ်က ခရီးသွားများ
ကျော်ကျော်(မြရည်စမ်း)
(မိုးမခ) ဇွန် ၁၈၊ ၂၀၂၀
ရထားစီးရလျှင် မြင်ကွင်းစုံသည်။ ဘူတာစဉ်ရပ်သောရထားဆိုလျှင် ပို၍ပင် မြင်ကွင်းစုံသည်။ ဦးဖိုးကျားကလည်း ရထားစီးရင်းခံစားမိသည့်ခဏငယ်ကိုစာဖွဲ့သည်။ ဆရာမမစန္ဒာကလည်း ဂျုံးဂျုံးဂျက်ဂျက်..မှာ မကြာ ခဏမြင်တွေ့ရသည့် ဘဝတချို့ကို ပူးကပ်ခံစားသည်။ ရထားစီးရင်းဘေးကိုကြည့်လျှင် ပြတင်းပေါက်ရှုမျှော်ခင်းများ သည် အသွေးအရောင်ပြောင်းလဲနေတတ်သည်။ အနုအရင့်၊ အပူအအေး၊ အနိမ့်အမြင့် အတက် အကျ အကျစ်အပွ အစုံမြင်နိုင်သည်။ သာမန်ကြည့်လျှ င် သာမန်။ စူးစူးစိုက်စိုက်ဆိုလျှင် နက်နက်ရှိုင်းရှိုင်းနင့်ခနဲ။ တခါတရံတွင် မျှော်လင့်မထားပါပဲ ဟာခနဲ။
ဟောလိဝုဒ်ရုပ်ရှင်များတွ င် ရထားဖြင့် ခရီးရှည်ကြီးသွားကြသည်ကို ကြည့်ဖူးသည်။ ဇာတ်အိမ်ကြီးကြီးကို အတတ်ပညာ နှင့်အနုပညာပေါင်းကာ ဖန်တီးထားသဖြင့် ထိုး ဇာတ်ထဲ မျှောလိုက်ခဲ့ရဖူးသည်။ ကိုရီးယား ၊ ဂျပန်၊ ဂျာမန်၊ အိန္ဒိယ ရထားရုပ်ရှင်ကားများစွာ ရှိခဲ့ကြသည်။ရထားကို မြင်းဖြင့်ဆွဲခဲ့ကြသည်။ ရေနွေးငွေ့ စက်ခေါင်းဖြင့် မောင်းနှင်ခဲ့ကြသည်။ ဒီဇယ်စက်ခေါ င်းဖြင့် ဆွဲယူခဲ့ တွန်းရွှေ့ခဲ့ကြသည်။ ဒီဇယ်လျှပ် စစ်စက်ခေါင်းများအဖြစ် နည်းပညာတိုးတက်လာပြီးနောက် သံလိုက်ဖြင့်ပါ ရွေ့စေနိုင်ခဲ့သည်။
ရထားလမ်းများကျယ်လာသလို ရထားလည်းကျယ်လာသည်။ ရထားသည် ပုံသဏ္ဍာန်မျိုးစုံလာသည်။ မိုင် နှုန်းမြင့်လာသည်။ ရထားသည် တံခါးပိတ်ဝါဒကို ကျင့်သုံးလာရသည်။ ဆင်းချင်သလို ဆင်း တက်ချင်သလို တက်ခွင့်မရတော့။ ပြတင်းဝကို ဖြတ်ဝင်လာတတ်သော လေနုအေးနှင့်နေခြည်နွေးနွေး။ ခံ နိုင်ရည်ကို စမ်း သပ်သည့် ပြင်းရှရှနေရောင်ခြည်နှင့် ရိုးပြတ်နံ့သယ်လာသည့် လေပွေရိုင်းများကို ရထားပေါ်မှ ခံစားခွင့်မရတော့။
_______
၁၉၈၈ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးနောက် ပထမဆုံးပြန်ပြေးဆွဲခဲ့သည့် (ရန်ကုန်-ပျဉ်းမနား-မန္တလေး) လော်ကယ်ရထားကြီးကို ကျွန်တော်သတိရနေမိသည်။ (မန္တလေး- ခင်ဦး-နဘား)လော်ကယ်ရထားကြီးကို လွမ်းနေမိသည်။ထိုရထားကြီးပေါ်တွ င် ပဒေသာပင်သီးနေသလို ခရီးသွားများ ပါခဲ့ကြသည်။ကျွန်တော်သည်လည်း ခရီးသွားချာတိတ်တစ်ယောက်အဖြစ် ရောနှောပါလာခဲ့သည်။ ပြတင်းပေါက် မှာ၊ တံခါးဝလှေကားအတက်အဆင်းမှာ ခေါင်မိုးပေါ်မှာ ခရီးသွားများစွာ။ ပန်းတိုင်တစ်ခု ကို ရည်ရွယ်၍ လူများစွာ ခရီးဆက်ခဲ့ကြသည်။ရန်ကုန်က စထွက်တော့ ဝေလီဝေလင်း။ လူလုံးပင် မသဲကွဲသေး။ လူမကွဲအောင် လက်ချင်းမြဲမြဲတွဲထားရသည်။ "ခေါ င်းဖြတ်လာတာကွ။ လူသတ်လာတာကွ" ဟု မိုက်ဂုဏ်ဟစ်ကာ လက် မှတ်တန်းစီနေသည့် လူတန်းထဲကြားဖြတ်ဝင်သူက ကျွန်တော့်နောက်မှာ နေရာယူသည်။ ရထားထွက်တော့ သူပါမလာတော့။ စိတ်အေးရသေးသည်။ ထို သူ့အစား ခန့်ခန့်ထည်ထည် လူတစ်ဦးပါလာသည်။ လူမိုက်ထံမှ တဆင့်ခံလက်မှတ်ဖြင့် လိုက်ပါလာသည့် လူကြီးကို ကျွန်တော်စကားမပြောရဲပါ။ လောကအကြောင်း ဓမ္မနှင့်အဓမ္မအကြောင်း ကျွန်တော်သေသေချာချာမသိသေးပါ။
_______
ခရီးရှည်(journey)၊မဟုတ်ပဲ ခရီးတို (trip)သာ သွားနိုင်သေးသည့် မြန်မာပြည်မီးရထားပေါ်မှ ခရီးသွားများအကြောင်းကို ရဲရဲရေးဖို့ မရဲသည်ကို မချင့်မရဲကြီး ခံစားရဖူးသည်။
ကျော်ကျော်(မြရည်စမ်း)
တာမွေ
၁၅/၆/၂၀၂၀