Breaking News

ကိုတင်ထွန်းနိုင် - ရှုမြင်ပုံအဟောင်း

KT#
ရှုမြင်ပုံအဟောင်း
ကိုတင်ထွန်းနိုင် 
(မိုးမခ) သြဂုတ် ၅၊ ၂၀၂၀

မြေသယ်ကားတွေတဝီဝီဖြတ်မောင်းသွားတဲ့အခါ
အလှီးအဖြတ်ခံရတဲ့တောင်တန်းကြီးတွေအကြောင်း
အဖို့ခံရမဲ့ချိုင့်ဝှမ်းတွေအကြောင်း
တွေးမိပါရဲ့။
သူများထက်မြင့်ချင်လို့ ဖို့ကြတယ်
သူများအောက်နိမ့်နေလို့ ဖို့ရတယ်
ခန္ဓာဟာစိတ်ကိုမမီခင်
ကမ္ဘာဟာမိမိဝင်ရိုးပေါ်တစ်ပတ်မပြည့်ခင်
ကွေးသောအလိုဆန္ဒွတွေမဆန့်ခင်
ရေတစ်ပွက်စာကြာခဲ့တယ်
မီးခဲတွေဟာ ပြာဖြစ်ဖို့တန်းစီနေကြ
မြေသယ်ကားတွေ တဝီဝီဖြတ်မောင်းနေတဲ့လမ်းမကြီးပေါ်မှာ။ ။

(15/6/2020)