ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၇)
ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - အူတော့သည်လည်း ခွေးစကား (၇)
မိုးမခ ၊ မေ ၂၈ ၊ ၂၀၂၆
တိရစ္ဆာန်ဆိုတော့ တိရစ္ဆာန်အတွေး တိရစ္ဆာန်အကြံပဲ ရှိတယ်။ ရှင်းရှင်းပြောရရင် ခွေးအထာ။ ခွေးတောင် ရိုးရိုးအိမ်မွေးခွေးမဟုတ်၊ ချီးစားခွေးအထာ။ တိရစ္ဆာန်ချီး ခပ်မပစ်နဲ့၊ လျှပ်စစ်ထုတ်မယ်လို့ သရေကြိုး တက်အူပြန်ပြီ။ ကြက်ဆူသန်းရွှေထက် ခြေလှမ်းတွေ နောက်ကျနေလေပြီတကား။ တစ်ကောင်ပြီးတစ်ကောင် ကြံကြီးစည်ရာတွေနဲ့ ပြည်နာအောင် ကိုက်ကြခဲကြ၊ စစ်ခွေးတွေ လွဲသမျှ မွဲလှတဲ့ နိုင်ငံကြီးပါ။
သရေကြိုးကောင်က မွေးမြူရေးခြံတွေသွား၊ ချီးတွေ အဝစားပြီး သေးက လျှပ်စစ်ထုတ်မယ်၊ ချီးက လျှပ်စစ်ထုတ်မယ်၊ ဒါတွေကို ခွေးကလွဲရင် ဘယ်သတ္တဝါမှ နားမလည်ဆိုပြီး အူကြွယ်ကြွယ်တာ။ အင်း... ဒါတွေကလည်း သူ့လို ချီးစုံစား သတ္တဝါမှ သိနိုင်တာမျိုး။ အဲဒီနေ့က ခြံတကာလှည့်ပြီး နွားချေး၊ ကြက်ချေး၊ ဝက်ချေး၊ ဆိတ်ချေး အကုန်တီးခဲ့တာဆိုတော့ အူပြီပေါ့။
သူ့ဘာသာ ချီးစုံစားပြီး အူတာက ဘယ်လောက်အူအူ၊ ဘယ်လိုအူအူ ပြဿနာမရှိ။ ခုတော့ တော်လှန်ရေးသမား ထူးအိမ်သင်ရဲ့ သွေးသစ္စာကို ယူအူတာကတော့ ခွေးရုပ်ပေါက်လွန်းသည်။ အဖျင်းအမှော် ဝင်းမော် (အူသံစဉ်) ဆိုတဲ့ ချီးစားခွေးတစ်ကောင်ရဲ့ ချီးတွေပါစားပြီး မြဝတီကနေ အူကြောင်ကြားတာကတော့ ပြဿနာရှိပြီ။ မတန်မရာ နံ့သာဆီနဲ့သေး၊ 'ခွပ်ဒေါင်းသွေး' နေရာမှာ 'စစ်သားသွေး' တဲ့။ 'လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် ရည်' ခဲ့တဲ့ သီချင်း။ ၁၉၆၀ တုန်းက ပေါ်ခဲ့သတဲ့။ အဲဒီတုန်းက တပ်က ဘာလွတ်လပ်ခွင့်များ ဆုံးရှုံးနေလို့ပါလိမ့်။ တိုင်းပြည်က ၁၉၆၂ မှာ သူတို့ အာဏာသိမ်းလိုက်မှ လွတ်လပ်ခွင့် စဆုံးရှုံးသွားတာလေ။ ငြိမ်းချမ်းရေးပါ ပျောက်သွားတာ။ အဲဒီကစပြီး ခွပ်ဒေါင်းတွေဟာ လွတ်လပ်ခွင့်နဲ့ ငြိမ်းချမ်းရေးအတွက် ခွပ်ဒေါင်းသွေးနဲ့ ရဲရဲရည်ရွယ် လုပ်ဆောင်လာကြလို့ ဒါကို ဂုဏ်ပြုပူဇော်ထားတဲ့ စစာသားတွေ။ သွေးဆိုတာ ခွေးကိစ္စလား။ 'တောတောင်တွေကို ရှောင်ရှားမည် တက်ရဲတက်ညီ ရှိပါသည်' ဆိုတာမျိုးတွေက ခွေးစကားတွေ။ ဘယ်လူမှ ခံစားလို့မရတဲ့ဟာတွေ။ စစ်တိုက်ပါတယ်ဆို တောတောင်ရှောင်မယ်တဲ့။ အမယ်... တောတောင်ရှောင်ပြီးမှများ ဘယ်တက်ရဲတက်ညီ ရှိဦးမယ်မသိ။ အဲလို အဆက်အစပ်မဲ့၊ အဓိပ္ပာယ်မရှိ၊ အူကြောင်ကြားပလားဆို တပ်ထုတ်ကုန် အစုတ်အပဲ့တွေချည်းနော်။ အေးလေ... ဦးဆောင်တာကလည်း အဖျင်းအမှော် ဝင်းမော်။ အူသံစဉ်ဝိုင်း ထောင်ထားတဲ့ အဆံချောင်။ ကြာကူလီ ဖာဆွယ်ရုပ် ပြာသုတ်ထားတဲ့ အရောင်နဲ့ တော်သလင်းကောင်။ နံ့သာဆီခွက်ထဲကို သေးလာပန်းတဲ့ လေးဘမ်းခွေးဝဲစား။
မင်းအူလှိုင်ဆိုတဲ့ အတိုင်း အဲလိုကောင်တွေ ချီးစားပြီး နံထူနေအောင် အူတတ်သလို အောင်သေအောင်သား စားရချိန်မျိုးမှာ တစ်မျိုးအူတယ်။ အဲလိုမျိုးဆိုရင် အူလှိုက်သဲလှိုက်ဆိုတာကို နားလည်ခံစားမိနိုင်တယ်။ အောင်သေအောင်သားဆိုလို့ PDF, ERO တွေ အသားလို့ မထင်နဲ့။ အဲဒီအသားမျိုး ဘယ်တော့မှ မစားဖူးသေး။ သူ့တပ်က အသားတွေကို ပြောတာ။ သားအဖနှစ်ယောက် ရဲဝင်းဦးကောင်းမှုနဲ့ ဂန့်ကြွေစစ်သားတွေရဲ့ အသက်အာမခံကြေး ထုတ်ပေးစရာမလို မိသားစုလိုက် မျိုချင်သလို မျိုစို့နေချိန်မျိုးဆို တစ်မိသားစုလုံး မြေး၊ ခွေးပေါက်လေးတွေပါမကျန် ဇွန်ဘီသံတွေနဲ့ အူကြတယ်။ သူ့မိသားစုအတွက် အသက်စွန့်တိုက်ပေးပြီးရင် အသက်အာမခံကြေးပါ ပြန်ဆက်သခံရတဲ့ အူသံမျိုး ဘယ်ခွေးဆိုးမှာမှ မရှိ။ ဒါက ခွေးတကာ ဆလံသ အမြီးကုတ်ရတဲ့ သရေကြိုးသူရဘွဲ့ခံ ခွေးမျိုး။
မင်းအူလှိုင်နဲ့ အူပြည့်စုံကို အမြီးတဖျတ်ဖျတ် ခပ်ပေးနေရတဲ့ ရဲဝင်းဦးက အဲသလို သရေကြိုးမိသားစုအတွက် အသက်ရော အသက်အာမခံကြေးရော ပေးဆပ်ခွင့်ရတဲ့အတွက် 'စစ်သားဘဝ ရခဲတယ်' လို့ နှုတ်သီးကြီးချွန်ကာ တပ်တကာလှည့်အူပြီးသကာလ စစ်သားဘဝက ရခဲလို့ ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ကြဖို့၊ ဇနီးမယား သမီးသားတွေလည်း မုဆိုးမ၊ ဖတဆိုးဘဝနဲ့ ဂုဏ်ယူစွာ ပါရမီဝိုင်းဖြည့်ကြဖို့၊ စစ်သားတွေ သစ္စာရှိဖို့ အထူးလိုအပ်ပြီး သစ္စာပျက်ရင် ရက်မရွေး အသက်ပေးရမယ်လို့ လှည့်ဟောင်ပေးနေတယ်။ အဲလို သမ်းမကြီးမိသားစုကို အသက်ရော အသက်အာမခံကြေးရော ဆက်သရတဲ့အတွက် တပ်ထဲမှာ "ရာထူးနဲ့ဥစ္စာ လုပ်ယူလို့မရ" ဆိုပြီး ဟောင်သံဆင့်လိုက်သေးတယ်။ ဒါကတော့ မင်းတို့ ရာထူးနဲ့ဥစ္စာ မက်မနေနဲ့၊ အချိန်မတန်ခင် သေရမယ်၊ ရာထူးရော ဥစ္စာရော ထားခဲ့ရမယ်လို့ အူလိုရင်းပါ။ အဲဒါကြောင့် တပ်မတော်သားကောင်းဖြစ်ဖို့ မတော်လောဘနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာ ပါဝင်ပတ်သက်မှုမပြုဘဲ ကင်းကင်းရှင်းရှင်း နေထိုင်ဖို့လိုတယ်၊ အဲဒီအတွက် စစ်ထွက်တာနဲ့ ဇနီးမယား သမီးသားတွေကို အောင်မြင့်မိုရ်မင်း အသက်အာမခံရုံးကို ချေးထုပ် သွားမရှုပ်ဖို့ မှာကြားထားခဲ့ပါလို့ တဆက်တည်း ဟောင်သွားတယ်။
တပ် CDM တွေဟာ မင်းအူလှိုင်နဲ့ အူပြည့်စုံအရေးကို နိုင်ငံ့အရေးလို့ ကွဲကွဲပြားပြား သိမြင်မှုမရှိဘဲ နားယောင်ပြီး DCS ဆိုတဲ့ နိုင်ငံ့သစ္စာဖောက် ဝန်ထမ်းလုပ်ဆောင်သွားကြလို့ အတော်လေး ဒုက္ခရောက်ခဲ့ကြောင်းလည်း အူသံနဲ့ရော နတ်သံနှောသွားသေးတယ်။
ဒီရက်ပိုင်း အရင်လို မင်းအူလှိုင်တောင် အူခွင့်မသာတော့။ သိတယ်ဟုတ်၊ တပ်မှာ တပ်ပိုင်ရှိတဲ့ကောင်သာ အကောင်အစစ် ဆိုတဲ့အတိုင်း ကာချုပ် ဖြစ်တာနဲ့ ရဲဝင်းဦး ကနေ ဝစ္စနှစ်လုံးပေါက်ဖြုတ်ပြီး ရဲဝင်းအူ ဘွဲ့ခံလိုက်တော့တယ်။ မင်းအူလှိုင် အူတာလောက်တော့ ရဲဝင်းအူက ပျင်းတာပေါ့လေအချိုး။ သရေကြိုးကောင် မအူရလို့ အူပွနေတယ်ဆိုပဲ။
ခုတောင် ရဲဝင်းအူက ဆိုရှယ်မီဒီယာဟာ အဆိပ်အတောက်ဖြစ်စေတဲ့အရာလို့ စောက်တည်ကြီး အူလာပြန်ပြီ။ အင်း... အူရမည်။ စူကာဘတ်က လူသာဖတ်ရတဲ့အရာမို့ သူ့ဖေ့ဘွတ်မှာ ခွေးတက် အအူအဟောင်မခံတော့ စာပဲဖတ်ဖို့ အူရတာပေါ့လေ။ ခွေးဘဝ အရတော်ကြောင်း၊ တော်သလင်းမှာ ဖော်တစ်သင်းနဲ့ လော်ရင်း ကိုက်ရတာ မိုက်ကြောင်း၊ ခွေးကောင်းကြောင်းစာအုပ်တွေ၊ ခွေးရူးပြန်ခြင်းအရသာ၊ သခင့်လက် ဘယ်လို ကိုက်မယ်၊ ဒီလို ကိုက်မယ်တွေချည်း ရေးထားတဲ့ စာအုပ်တွေချည်း တပ်စာကြည့်တိုက်တွေမှာ ဖြန့်ထားတာမို့ အဲသလို အူနေတာလေ။ အဲသလို ဖေ့ဘွတ်မှာ ခွေးနေရာ မရတော့ VPN မပါဘဲ ကြည့်မရအောင် စစ်ချုပ်ပီပီ ညစ်ယုတ်ထားပြန်သေး။ ဆိုရှယ်မီဒီယာမှာက စစ်တပ် မဟုတ်သမျှ ယုတ်သမျှ၊ ဘောမှုထမ်းဥနဲ့ ပတ်ထုနှိပ်စက်တာမှန်သမျှ၊ လူပြန်ပေးဆွဲ ငွေညှစ်နေတာမှန်သမျှ၊ တိုင်းပြည်ကို မီးတိုက်နေသမျှ၊ သတ်ဖြတ်မုဒိန်းကျင့်နေသမျှတွေ ပါနေသမို့ စာပဲဖတ်ကြဖို့ လိုက်အူတာ။ အဲ... အဲ... စာအုပ်တော့ဖတ်၊ ဒါပေမဲ့ မျက်နှာစာအုပ် (Facebook) ကိုတော့ မဖတ်ရ၊ ဖတ်ရင် ပြည်ရန်မှတ်ပြီး သေဒဏ်ပင် ခတ်မယ်လို့ပါ ဟောင်လိုက်အူလိုက်သေးတယ်။
ဒီကြားထဲ ကြောင်မျိုးမင်းက ခွေး၊ ကြံ့နဲ့ ဖွတ်တွေဟာ တရုတ်ကို အလွန်တစ်ရာ ကြောက်ကြတယ်လို့ ညှောင်ညှောင် လုပ်လိုက်တဲ့အတွက် “လက်ရှိအချိန်မှာ အင်အားကြီးနိုင်ငံတွေဟာ နိုင်ငံတစ်နိုင်ငံကို စစ်ရေးနည်းလမ်းနဲ့ တိုက်ရိုက်ကျူးကျော်တာထက် ထောက်ပံ့ကူညီမှုတွေကတဆင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ စစ်ရေးနဲ့ သံတမန်ရေး စတဲ့ အသွင်မျိုးစုံနဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းနေတယ်” လို့ အာဆီယံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးမှာ အူလိုက်သေးတယ်။ ဒါကတော့ ငါကမှ ဗီဒီယိုနဲ့ အူရသေး၊ ဟိုခွေးအို မင်းအူလှိုင်ဆို ငါ့လိုတောင် အူခွင့်မရရှာဘူးလို့ ကြွားရင်း တရုတ်ကို ခပ်တည်တည်နဲ့ ဖုတ်တာပေါ့လေ။ တစ်နေ့က မာကျားက ကြံ့တွေ၊ ဖွတ်တွေ၊ ခွေးတွေကို တစ်ကောင်ချင်း ခေါ်ပြီး အူဝါဒပေးတာကို ဘူနေတယ်ပြောတာပဲ။
တရုတ်သံမ မာကျားက ဒုသမ်းမ ၂ ကောင်နဲ့ လွှတ်တော်အူကဋ္ဌ နှစ်ကောင်ကို တစ်ကောင်ချင်းစီ ခေါ်ဟောက်တာလေ။ အဲဒီမှာ ညိုစောဆိုတဲ့ကောင်က တရုတ်-မြန်မာ စီးပွားရေးစင်္ကြံပေါ် လေးဘက်ထောက် လျှောက်ပါမယ့်အကြောင်း၊ ကျားဖြန့်တိုက်ဖျက်ရေး ဇာတ်လမ်းရိုက်ပါ့မဲ့အကြောင်း အူပြရသလို နန်းနီနီအေးကိုခေါ်ပြီး ဝန်ထမ်းတွေကို တရုတ်မှု ပြုပေးမယ်၊ နင် သေချာပြင်ဆင်ထားလို့ ပြောသွားလို့ တရုတ်တန်းမှာ မဆုတ်တမ်း အူစစ်တိုက်နေရပြီလေ။
လွှတ်တော်အူကဋ္ဌ နှစ်ကောင် ဟောင်လင်းခွေးနဲ့ ဖင်သီခင်ရီတို့ကိုလည်း "ရက် ၁၀၀ ငြိမ်းချမ်းရေးအစီအစဉ်" ကို သူတို့ စီစဉ်ထားတဲ့အတိုင်း သေချာအူဖို့၊ သူ့ကိုယ်သူ ပညာသေ ပညာသေ ဆိုပြီး ပေါက်ကရ လျှောက်ဟောင်နေတဲ့ ဒေါက်ချာ အောင်မျိုးဆိုတဲ့ နှုတ်သီးမဲကောင်ကို ပေါက်ကရမပြောအောင် ထိန်းဖို့၊ တရုတ်ရဲ့ အခန်းကဏ္ဍနဲ့ ဒေသအခြေခံ ဖက်ဒရယ်စနစ် ဖော်ဆောင်မှုတွေကို အူခိုင်းတဲ့အတိုင်းအူဖို့၊ ဟောင်ခိုင်းတဲ့အတိုင်းဟောင်ဖို့ အူဝါဒပေးသွားတယ်။ ပြောတဲ့အတိုင်း မအူမဟောင်ရင် နှုတ်သီးဖြတ်ရိုက်ပစ်မယ်လို့လည်း ကြိမ်းသွားသတဲ့။ အကုန် ဝေတွေ၊ ရှောက်တွေ ဘဝမျိုးဆိုက်ပြီး အဘိုးကနေ မြေးအထိ သေဒဏ်ပေးခံရလို့ ဆွေစဉ်မျိုးဆက် စမုံတုံးသွားနိုင်တယ်မဟုတ်လား။
တရုတ်က အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ နိုင်ငံရေးကဏ္ဍအားလုံးမှာ သူတို့အူဝါဒအတိုင်းပဲ အူရမယ်ဆိုတာကို ရဲဝင်းအူက မကျေနပ်ဘူး။ တရုတ် ခိုင်းတဲ့အတိုင်း စောင့်ကြောင့်ထိုင် မအူချင်ဘူး။ သူ့နည်းသူ့ဟန်နဲ့ ပက်လက်လှန် အူချင်တာတဲ့လေ။
t.me@moemaka
Please show your support, donate with Zelle
Zelle to moemaka.org@gmail.com "MoeMaKa Multimedia"
Like and Subscribe MoeMaKa YouTube Channel
youtube.com/@moemaka
Like us on MoemaKa Facebook
Follow us on X
X.com/MoeMaKa
#MoeMaKaMedia
#WhatsHappeningInMyanmar