မောင်ဥက္ကလာ - အဘနဲ့ စကားစမြည် ၊ ဂျင်း ရောင်းသူများ နှင့် စားသုံးသူများ

(မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၂၀
မောင်ဥက္ကလာတစ်ယောက် မိုးမခစာမျက်နှာပြင်ပေါ်ကနေ ရုတ်ချည်းပျောက်ကွယ်သွားလို့ ဝီလပ်ဖ် မောင်ဥက္ကလာဖန်တွေက လွမ်းစွတ်တမ်းတနေချိန်၊ တဘက်မှာ တတိုင်းပြည်လုံး ကပ်ရောဂါဆိုးကြီးကြောင့် စိုးရိမ်ကြောင့်ကျ စိတ်မချမ်းမြေ့ ဖြစ်နေကြတုန်း၊ ကိုရွှေရဲတွေ လိုက်မရှာဘဲ လွှတ်ထားတဲ့ ဝီဝီတစ်ယောက် ရွှေတောင်ကြားကနေ မာစီဒီကားကြီးစီးပြီး တခမ်းတနား ဘွားကနဲပေါ်လာပြီးနောက် မောင်ဥက္ကလာလည်း ရှေ့ဆင့်နောက်ဆင့် ရုတ်ချည်းပြန်ပေါ်လာလို့ တပူပေါ်တပူဆင့် ထိတ်လန့်သွားရင် တောင်းပန်ပါတယ်။
တကယ်တော့ အပြစ်ကင်းစင် မောင်ဥက္ကလာတစ်ယောက် ရာဇဝတ်သား ဝီဝီ၊ ဘူးဘူးတို့လို မကြောက်ဘူးဆိုပြီး ပုန်းရှောင်နေစရာ မလိုတဲ့အတွက် စာချစ်သူတွေနဲ့ဝေးရာ ရှောင်ပုန်းနေတာ မဟုတ်သလို၊ ကိုယ်ပျောက်ဝိဇ္ဇာ သမ္မတကြီးလို၊ ပြန်ဝန်တို့လို့လည်း Invisible Man ဖြစ်ဖို့ ကြိုးစားနေတာလည်း မဟုတ်ပါ။
မောင်ဥက္ကလာ ပျောက်နေတဲ့အကြောင်း (လျှာရှည်) အကျဉ်းချုပ်ပြောရင်တော့ မောင်ဥက္ကလာအဖို့ ရည်ရွယ်ချက်ကြီးကြီး၊ တိုင်းရေးပြည်ရေးအတွက် ကိုယ်ရှို့တဲ့မီးကို ကိုယ်တိုင်ပြန်မသတ်နိုင်ကြတဲ့ ကယ်တင်ရှင် ခေါင်းဆောင်ကြီးများကို တဘက်တလမ်းမှ ကူညီလိုတာနဲ့ လူမစွမ်း ဘုရားတ ဆိုသလို “တသက်လုံး မငြိမ်းချမ်းနဲ့ ဒီတိုင်းနိုင်ငံ အေးချမ်းငြိမ်းချမ်းဖို့အတွက်” နေပူတော်မြို့နန်းမှာ အကြည်ညိုခံလိုသော မင်းဘုရင်၊ ဘုရင်မတွေ အာဏာရလာတဲ့အခါ ဦးစွာဆောင်ရွက်တော်မူသော (လုပ်တတ်တဲ့) အလုပ် - လုပ်လေ့ရှိတဲ့ ယတြာ အင်းအိုင် ဘာညာအကွက်တွေနဲ့ တည်ဆောက်ထားသော ဘုရားစေတီတွေဖြစ်တဲ့ - ဥပ္ပါတသန္တိ စေတီတော်၊ ဓာတုစယ ဓာတ်ပေါင်းစုစေတီတော်၊ ထာဝရငြိမ်းချမ်းရေးစေတီတွေကို လှည့်လည်ပြီး ဝဇီပိတ် အဓိဌာန်ဝင် တရားဘာဝနာပွားများနေလို့ အချိန်ကာလကြာ စာပေစင်မြင့်ကနေ ပျောက်ကွယ်နေခဲ့တာပါ။
အဲ့ဂလို ဘယ်သူမှ မမေး၊ မသိချင်တာကို လျှာရှည်ပြောမိတာနဲ့ လိုရင်းမရောက်နိုင်တာကို ခွင့်လွှတ်ပါ။
ကဲ…ရှိစေတော့ … ခြေဆင်းတွေ၊ ပတ်ပျိုးတွေ အခုရပ်ပြီး ပြောပါမည် … သာယာသောနေ့တစ်နေ့မှာ လူသူလာရောက်မှု မရှိသေးသော တည်ဆောက်လတံ့ ထာဝရငြိမ်းချမ်းရေးစေတီဝင်းအတွင်းရှိ ညောင်ပင်အရိပ်အောက်မှာ တရားထိုင်နေတုန်း ဆိုင်းမဆင့် ဗုံမဆင့် ရုပ်ရည်သန့်သန့်ပြန့်ပြန့် လူငယ်တစ်ယောက် ရောက်ရှိလာပြီး၊ ဝတ်ဖြူစင်ကြယ်ဝတ်ပြီး အဓိဌာန်ဝင်နေတဲ့ မောင်ဥက္ကလာကို ဘိုးတော်ထင်မှတ်ပြီး၊ ရက်ပိုင်းအတွင်း ကျင်းပတော့မည့် ရွေးကောက်ပွဲကြီးမှာ သူ့မွေးစားမေမေ blessing ကြောင့် အနိုင်ရသလောက် သေချာနေပေမယ့်၊ သူ့ကိုယ်သူ မယုံ၊ ပိုစိတ်ချရအောင် ယတြာအင်းအိုင်၊ ဓာတ်ရိုက်ဓာတ်ဆင် လုပ်ပေးဖို့ တောင်းခံတော့တယ်။
ချော်လဲရောထိုင်တော်တဲ့ မောင်ဥက္ကလာကလည်း ဘိုးတော်ဟန်နဲ့ အနီးအနားကြွေကျနေတဲ့ ညောင်သီးလေးတွေကို ပိတ်ဖြူထဲထည့်ကာ ပွစိပွစိ ဂါထာမန္တန် ရွတ်ဖတ်ပြီး ပေးကမ်းလိုက်တယ်။ အဲ့ဂလို အကျိုးလိုလို့ ညောင်သီးထောင်ပေးပြီးနောက် စိတ်တွေပရမ်းပတာ ဖြစ်နေတဲ့ ကောင်လေးရဲ့ ကြီးမားတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ နိုင်ငံရေးဇာတ်ခုံပေါ် ရောက်ရှိလာခဲ့ပုံကို တစ်ချက်တီးခေါက်ကြည့်တော့၊ သူ့ကျေးဇူးရှင် ဆရာသမားနဲ့ သူ့ဆရာသမား၏ ကျေးဇူးရှင်ကြီးအဘတို့ သူနဲ့ပတ်သက်ရာ ပြောဆိုထားတဲ့ အသံဖိုင်ကို နားထောင်ကြည့်ဖို့ ပေးခဲ့တာကြောင့် ဒီလိုအရေးကြီးပြီ ညီနောင်အပေါင်းတို့ အခြေအနေမှာ အားလုံးသိရှိအောင် စာပြန်သီးကုံးကာ တင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဟုတ်မဟုတ် … မောင်ဥက္ကလာကို အသံဖိုင်ပေးသွားသော အမတ်လောင်းလေးကိုသာ မေးကြည့်တော့။
အခန်း (၁)
အချိန်ရာသီက ဖြော့တော့တော့ နေရောင်ခြည်နဲ့ အေးမြကြည်လင်သော ဆောင်းဦးနံနက်ခင်း။ နေရာက မျက်စိတဆုံး ကြီးမားကျယ်ဝန်းလှသော လယ်တောခြံကြီးအတွင်း။ ဒီခြံမြေကြီးနဲ့ နိုင်ငံတဝှမ်း များစွာသော မြေယာကို ပိုင်ဆိုင်သော သူ့ကိုယ်သူ ရေမြေ့ရှင်သခင်လို့ ခံယူထားတဲ့ အဘတစ်ယောက် ဒီလို သာယာတဲ့နံနက်ခင်းမှာ ခြေဆန့်လက်ဆန့် လမ်းလျှောက်တတ်ပြီး၊ သူစကားစမြည်း ပြောလိုတဲ့သူများကို ရှေ့တော်မှောက်ခေါ်ကာ သူပြောချင်ရာ၊ သိလိုရာတာတွေကို ပြောဆိုမေးမြန်းတတ်လေသည်။
ဒီလို ဖိတ်ကြားခံကံထူးရှင်နဲ့ တွေ့ဆုံပြောဆိုတဲ့အခါ အဘ လမ်းလျှောက်ရာကို အနီးကပ်စောင့်ရှောက် လိုက်ပါလာကြသော ရေပူရေချမ်းကပ်ရတဲ့ ကျေးကျွန်တော်များမှာ ဝါးနှစ်ရိုက်အကွာလောက်ကနေ ခေါင်းကလေးများငုံကာ လိုက်ရပြီး၊ လက်နက်အပြည့်နဲ့ လုံခြုံရေးတပ်သားတွေကတော့ မနီးမဝေးမှ ကြမ်းတမ်းစူးရှသော မျက်လုံးများနဲ့ အရပ်ရှစ်မျက်နှာ ကျီးကန်တောင်မှောက်ကြည့်ကာ လိုက်ပါတတ်ကြသည်။ အဲဒီအချိန်ကာလအတွင်း မည်သူမျှ ရှေ့တော်မှောက် မခေါ်မချင်း လာရောက်ခွင့် လုံးဝ လုံးဝ မရှိ။
ဒီနေ့ အဘနဲ့ လမ်းလျှောက်ခွင့်ရတဲ့ ကံထူးရှင်ကတော့ အဘတို့ ရွှေပြည်ကြီးကို နှစ်သုံးဆယ်နီးပါး သေနတ်မိုး အုပ်ချုပ်ခဲ့စဉ်ကာလ အဘတို့ လက်နက်ကိုင်တပ်ဖွဲ့ကြီးအတွက် လိုအပ်တဲ့ သေနတ် လက်နက်မျိုးစုံကို နိုင်ငံတကာမှ ဝယ်ယူပေးနိုင်ခဲ့တဲ့ တစ်ချိန်ကတော့ ပြည်သူ့ချဉ်ဖတ် “ခရိုနီ”၊ ဒီနေ့တော့ ရွှေပြည်ကြီး၏ အချမ်းသာဆုံး ဂုဏ်သရေရှိ လူကြီးလူကောင်း “တိုက်ကွန်ကြီး” တစ်ဦးဖြစ်တဲ့ မောင်ထူး ဖြစ်လေသည်။
သူ့အဖို့ အဘမင်းတရာကြီးကို ဖူးမျှော်ခွင့်ရလို့ ကမ္ဘာ့ထီး ပေါက်သလို ပျော်နေလေသည်။ တကယ်တော့ အဘနဲ့ နှစ်ကိုယ်ကြား ပြောခွင့်ရဖို့ အခွင့်အရေးကို သူ့လို ခရိုနီ … အဲ … တိုက်ကွန်ကြီးများ အလွန်လိုလားကြသည်။ အဘတို့ သေနတ်မိုးအုပ်ချုပ် ထီးနန်းစံချိန်တုန်းကတော့ သူတို့တွေ အလုအယက် ချဉ်းကပ်နိုင်ခဲ့လို့ နေ့ချင်းညချင်း တတိုင်းပြည်လုံး ပြာပုံထဲ ထိုးဆင်းနေချိန်မှာ သူတို့အဖို့ ကြီးကြီးတက် ချမ်းသာကြွယ်ဝလာခဲ့ပြီး၊ ဒီနေ့ဆို အဘတို့လို တန်းခိုးထွားတဲ့ အမကြီး ကျေးဇူး - အပြန်အလှန် ပေးကမ်းမှုတွေကြောင့် - ပိုလိုပင် အဆင်ပြေတယ်လို့ ပြောနိုင်လေသည်။ သို့ပေမဲ့ ရလေလိုလေ အိုတစ္ဆေ ဆိုစကားအတိုင်း အဘ၏ ကျေးဇူး၊ ပေးကမ်းမှုများကိုလည်း ရလိုတာကြောင့် ဒီလို လာရောက်ဖူးမျှော်ခွင့်ရတဲ့အတွက် ဝမ်းသာနေတာ မဆန်း။
အဲ့ဂလိုနဲ့ အဘနဲ့ မောင်ထူး နှစ်ယောက်တည်း တောရိပ်တန်းလမ်းလေးအတိုင်း အတွေးကိုယ်စီနဲ့ မိနစ်အနည်းငယ် စကားမပြောဘဲ တလှုပ်လှုပ်လျှောက်လာခဲ့ရာ … ယူကလစ်ပင်တန်းတစ်စုနား ရောက်တော့ တစ်ချက်ရပ်နားကာ … “ဟေ့ကောင် မောင်ထူး.. ဟိုမှာကြည့်စမ်း၊ အဲဒီအပင်တွေကို မင်းသိလား” လို့ ခပ်ပြတ်ပြတ် မေးလိုက်တယ်။
“မှန် … မှန်လှပါဘုရား။ ကျွန်တော်မျိုး သိပါတယ်ဘုရား။ အဲဒါ ယူကလစ်ပင်တွေပါ ဘုရား။”
“အေး … မင်းတော်တယ်။ ဒါနဲ့ အဲဒီအပင်တွေကို ဘယ်သူစိုက်ခဲ့တာလဲ သိလား။”
“မှန်လှပါ … ဒီလောက် ကြီးထွားအမျိုးကောင်းပုံထောက်တော့ အဘ မင်းတရားကြီး စိုက်ခဲ့တာ ဖြစ်ပါလိမ့်မယ် ဘုရား။”
“လခွီး … ရမ်းတုတ်ပြန်ပြီ။ အဲဒီအပင်တွေက မင်းအမေလင်ကြီး စိုက်ခဲ့တာ …”
မောင်ထူးမှာ ရုတ်တရက် အနည်းငယ်တွေဝေသွားပြီး၊ မျက်နှာငယ်လေးနဲ့ … “ကျွန်တော်မျိုးအမေမှာ လင်ကြီးရှိခဲ့တာ ကျွန်တော်မျိုး အမှန်တကယ် မသိရှိကြောင်းပါဘုရား။ အခုမှ သိရလို့ အတော်လေး စိတ်မကောင်းဖြစ်၊ ဝမ်းနည်းမိပါတယ် ဘုရား။”
“တယ် … ငတုံး … တုတ်ကောက်နဲ့ နှာနုဖြတ်ရိုက်လိုက်လို့ သေတော့မယ်။ မင်းတို့အမေလင်ကြီး ဗိုလ်သောက်ရမ်း ဟိုအဘိုးကြီး (၂၆) နှစ် အုပ်ချုပ်ခဲ့တုန်းက သူ့အမိန့်နဲ့ တနိုင်ငံလုံး စိုက်ခဲ့တဲ့ ဂျင်းပင်တွေကွ။ ဒီအပင်တွေ စိုက်ပြီးတော့ ဘာရလို့လဲ … မြေဆီတွေပဲ ပျက်ဆီးတယ်လို့ ပြောကြတယ်။ ကြည့်လေ … မင်းတို့တွေတောင် ခုတ်ရောင်းလို့ မရလို့ ဒီအတိုင်း ပစ်ထားကြတာ မဟုတ်ဘူးလား။ ထွီး အလကားကောင်ကြီး။”
ပြောရင် မျက်နှာမဲကြီး နီတွတ်လာက ဒေါသတွေ အချောင်းလိုက်ထွက်လာတာမို့ … အကင်းပါးတဲ့ မောင်ထူးက ချက်ချင်းပဲ ...
“မှန်လှပါဘုရား … အဘဘုရားတို့လို ဉာဏ်အမြော်အမြင်မရှိတဲ့ တကိုယ်ကောင်းသမား နလပိန်းတုန်းကြီးပါ ဘုရား။ အဘဘုရား မမြင်ချင်၊ စိတ်အနှောင့်အယှက် ဖြစ်တယ်ဆိုရင် အခုချက်ချင်း တပည်တွေခေါ်ပြီး ခုတ်ရှင်းခိုင်းလိုက်ပါမယ်ဘုရား။ ဒီအပင်စုလောက်ကတော့ တနိုင်ငံလုံးမှာရှိတဲ့ သစ်တောတွေကို အပြောင်ရှင်းနိုင်ခဲ့တဲ့ ကျွန်တော်မျိုးအဖို့ ‘a piece of cake’ ကိတ်မုန့်တစ်ဖဲ စားရသလောက် မခက်ပါဘူးဘုရား။”
“နိုး နိုး နိုး …” အဘ ပြောတတ်သော သိုးဆောင်စကား (၃) လုံးထဲမှ တစ်လုံးကို ပိုင်ပိုင်နိုင်နိုင် ပြောဆိုပြီး … “မင်းကို ရှင်းဖို့လင်းဖို့အတွက် ပြောနေတာ မဟုတ်ဘူး။ မင်း သိဖို့က ဒီအပင်တွေကို ဘာကြောင့်စိုက်ပြီး၊ ဘယ်သူတွေ ကြီးပွားချမ်းသာ၊ ဘယ်သူတွေ ငုတ်တုတ်မေ့ ဒုက္ခရောက်ကုန်တယ်ဆိုတာကို သိစေချင်လို့။”
“မှန်လှပါဘုရား … ကျွန်တော်မျိုး နားထောင်မှတ်ယူနေပါတယ် ဘုရား။”
“အေး … အဲဒီအချိန်တုန်းက ငါတို့အပါအဝင် - အဆိုးဆုံးက ကြောင်ချေး အညွှန့် - ငါတို့တွေ အဖေကြီးလို့ ခေါ်ခဲ့ရတဲ့ ဗိုလ်သောက်ရမ်းက ငါတို့တွေကို ကူသလိုလိုနဲ့ သွေးစုပ်ဖို့ ကြံနေတဲ့ ဂျပန်တစ်အုပ်နဲ့ပေါင်းပြီး ထောက်ပံ့ငွေတွေ၊ ချေးငွေတွေယူပြီး လက်ခံစိုက်ခဲ့ကြတာ … အဖိုးကြီးနဲ့ အဖော်တစ်သိုက်တော့ ကြီးပွားသွားပြီး၊ တောင်သူတွေလယ်ပျက် ဒုက္ခရောက်လိုက်တာ ဖွတ်ဖွတ်ကြေပေါ့။”
“တော်တော်ဆိုးတာပဲ ဘုရား။ အဘဘုရားတို့လို နိုင်ငံအကျိုးပြု စိုက်ပျိုးခဲ့တဲ့ ကြက်ဆူပင်လို အကျိုးမရှိတဲ့ လုပ်ဆောင်မှုကြီးပေါ့။ ကျွန်တော်မျိုး သိနားလည်သလောက် အဘဘုရားတို့ စိုက်ပျိုးခဲ့တဲ့ ကြက်ဆူပင်တွေကတော့ အတော်လေး အကျိုးရှိပါတယ် ဘုရား။ အဲဒီအချိန်တုန်းက ဟိုး ပြည်ပအားကို ပုဆိန်ရိုးတွေ သွားပုပ်လေလွင့် ဖွကြလို့ မကောင်းသတင်း နည်းနည်းထွက်သွားပြီး၊ အဘဘုရားလည်း စိတ်ပျက်ပြီး ရပ်နားလိုက်လို့ပါ။ အကယ်လို့များ ပိုမိုစိုက်ပျိုးခဲ့ရင် အခုအချိန်မှာ ကမ္ဘာ့ဈေးကွက်တင်ရောင်း အတော်လေး အလုပ်ဖြစ်နေမှာ သေချာပါတယ် ဘုရား။ ကျွန်တော်မျိုးတို့ကတော့ အဘဘုရားရဲ့ ကြီးမားတဲ့မေတ္တာတရား၊ ဉာဏ်အမြော်အမြင်ကို အနီးကပ်သိရှိတာမို့ အဘဘုရားရဲ့ လုပ်ဆောင်မှုတွေကို မှတ်ကျောက်တင် ဂုဏ်ယူနေခဲ့ပါတယ် ဘုရား။ အမြဲတမ်း အဘဘုရားတို့ကို ဦးထိပ်တင်ကျေးဇူးတင်နေပါတယ် ဘုရား။”
“အခုလို ငါတို့တွေ ကျေးဇူးကို သိတတ်တဲ့ မောင်မင်းစကားကို ကြားရတာ နားဝမှာ ချိုလှတယ်ကွယ်။ ငါတို့ကျေးဇူး၊ မေတ္တာတရားကို သိတတ်တဲ့ မောင်မင်း ဒီထက်ကြီးပွားအုံးမယ်။ ပြီးတော့ မင်းလို ငါတို့ စေတနာကို နားလည်တဲ့ကောင်တွေ ဒီနိုင်ငံမှာ များများရှိဖို့ အရေးကြီးတယ်။”
တံတွေးတစ်ချက် ဗြစ်ကနဲ ထွေးလိုက်ပြီး ဆက်ပြောသည်မှာ …
“ကဲ အဘိုးကြီးကိစ္စ ဘေးခေါက်၊ ပျက်တာတွေ ရှိစေတော့ … နောက်ကြောင်းပြန်မလှည့်တာ ကောင်းတယ်။ နောက်ကြောင်းပြန်မလဲဆိုလို့ … အခု မောင်ရင်ကို ရှေ့တော်မှောက်ခေါ်ရတဲ့ အကြောင်းက ဟိုး ခေါင်းမာစွာကျယ်မလေးနဲ့ မင်းတို့ အခြေအနေ။ မင်းတို့ ပူးချုပ်ထားတာ ဘယ်လိုအနေအထား ရောက်နေပြီလဲဆိုတာကို သိချင်ကြားချင်လို့။ သူတို့က ပြောင်းလဲချိန်တန်ပြီဆိုတော့ ငါတို့လည်း ဗျူဟာတွေ အစဉ်ပြောင်းရမယ် မဟုတ်လား။ ဟိုနှစ်ကောင် ငဘူး၊ ဂတုံးတို့က စွတ်ရမ်းနေတော့ ငါတို့တွေပါ လာပြီးအမှုပတ်နေတာ ဟန်မကျလှဘူး။ ပြောမယ်ဆို … အခြောက်လိုလို၊ ဂေါက်သလိုလို ငါ့မြေးတော်လေးက တယ်မဆိုးလှဘူး။”
“မှန်လှပါဘုရား။ အဘဘုရားတော် ဘုန်းတန်းခိုးကြောင့် မြေးတော်လေးကို ဆရာတော်ကြီးတွေ၊ ဆယ်လီတွေ၊ စီးပွားရေးသမားတွေ၊ နိုင်ငံရေးသမားတွေ - အထူးသဖြင့် အစ်မကြီးလည်း သဘောခွေ့ပါတယ်ဘုရား။”
“အေး သိတယ်။ ဒီကောင် တခါတလေ ဓါတ်ပုံတွေ လာလာပြ၊ ပြောပြလို့ သိရတယ်။ အေး … ငါပြောချင်သိချင်တာက ငါ့မြေးအကြောင်းလည်း မဟုတ်ဘူး။ မင်းရဲ့ အကွက်တွေ၊ လှုပ်ရှားမှုတွေကို သိချင်တာ။”
“မှန်လှပါဘုရား … ကျွန်တော်မျိုး ဆယ်နှစ်ဆယ်မိုး လက်သပ်မွေးထားခဲ့တဲ့ ကောင်လေး အခြေအနေ အတိုင်းထက်အလွန် ကောင်းပါတယ် ဘုရား။”
“အဲဒီကောင်လေးအကြောင်းတော့ နည်းနည်းပါးပါး ကြားမိတယ်။ ဒါပေမဲ့ ငါမြှောက်စားလိုက်တဲ့ ဟိုကောင် ဆိတ်လစေ့ သစ္စာ၊ မေတ္တာလို ချော်မသွားဘို့ သတိထားရမယ်။ အဲဒီကောင် တော်တော်ဆိုးတာ မင်းအသိ … ငါ့အကွက်အတိုင်း မလုပ်ဘဲ၊ သမ္မတဖြစ်ချင်၊ ဘာဖြစ်ချင်နဲ့ ကောင်မလေးကို အတင်းလုံးပြီး ငါတို့ကို ကန်ပေမယ့်၊ ကောင်းမလေးကလည်း ငပါးဆိုတော့ ရသလောက်ယူပြီး ကန်ထုတ်ခံရတောင် မမှတ်၊ ဝှက်ထားသမျှတွေထုတ်ပြီး ပါတီထောင် သမ္မတအိပ်မက် မက်နေပြန်တယ်။ ဒီကောင် ဉာဏ်နီဉာဏ်နက် တော်တော်များတဲ့ကောင် … အဲဒီကောင်အကြောင်းပြောရင် အန်ချင်သလိုဖြစ်တာမို့ … မင်းကို လုပ်ခိုင်းထားတာတွေ ဘယ်အခြေအနေရှိတာဆိုတာကို မြန်မြန်တင်လျှောက်စမ်း။”
“မှန်လှပါဘုရား … အဘဘုရားဘုန်းတော်ကြောင့် ကျွန်တော်မျိုး ချမ်းသာကြွယ်ဝမှုရဲ့ တစ်စိတ်လောက်ကို တစ်အိတ်လုပ်ပြီး ကောင်မလေး အဲ … အမကြီး လုပ်နေတာတွေကို လူသိရှင်ကြား၊ လူမသိရှင်မကြား ပေးကမ်းပြီး ဝင်ပူးတာ အတော်အောင်မြင်ပါတယ် ဘုရား။ ပွဲဦးထွက်ကတည်းက သူ့အဖွဲ့တွေကို ကျွန်တော်မျိုး ဟိုတယ်တွေမှာ အလုပ်ရုံပွဲတွေပေးလုပ်၊ ဟိုတယ်တွေမှာ ဖရီးနေထိုင်ခွင့်ပြု၊ စားစရာတွေ၊ လက်ဖွဲ့တွေပေးနဲ့ အချော့အမြှောက်၊ အချိုသကာကြိုက်တဲ့ အဘ့ဘုရား ကောင်မလေးလည်း အရည်ပျော်ပြီး ကျွန်တော်မျိုးကို နှစ်သက်သဘောကျ ဆုလာဘ်ပေးတဲ့အနေနဲ့ ရာထူးဘွဲ့သစ် ‘တိုက်ကွန်’ သူကြွယ်ဘွဲ့တွေ ပေးကမ်းခဲ့တာမို့ အခုဆိုရင် အရင်ကထက် အနှောင့်အယှက်ကင်း၊ လွတ်လပ်စွာ လုပ်ငန်းများစွာကို လုပ်ကိုင်နိုင်ပါတယ်ဘုရား။”
“အေး ဒီတစ်ခုတော့ ချီးကျူးတယ်ကွာ ... ငါ့လူ မင်းတို့တွေကို မထိဘို့နဲ့ နောက်ကြောင်ပြန်လှည့်ပြီး ငါတို့တွေကို ပြဿနာမလုပ်ဘို့ သဘောတူထားတဲ့အတိုင်း လုပ်နေတာကိုတော့ ဘာမှပြောစရာ မရှိပါဘူး။ သို့ပေမဲ့ ဒီအတိုင်း ပြစ်ထားလို့တော့ မရဘူး။ ဒီငါးနှစ်အတွင်းမှာတော့ မင်းတို့ငါတို့တွေ အတော်လေးအဆင်ပြေပေမယ့်၊ တစ်ချက်တစ်ချက် နီပိန်းတွေက ဒို့တွေကို လာခွပ်နေကြတယ်။ သိချင်တာက နောက်ငါးနှစ်အတွက် ဘာတွေလုပ်ထားလဲ ကြားချင်တယ်ကွယ်။”
“အဲဒီအတွက်တော့ တစ်စက်ကလေးမျှ မစိုးရိမ်ပါနဲ့ ဘုရား။ ကျွန်တော်မျိုး ဘက်ပေါင်းစုံကနေ အကွက်ချပြီး စီမံဆောင်ရွက်ထားတာ အတော်လေး ခရီးပေါက်နေပါပြီဘုရား။ ကျွန်တော်မျိုး နှစ်ပေါင်းများစွာ လက်သပ်မွေးခဲ့တဲ့ လူယုံတော် ခြံပေါက်ကောင်လေးဆိုရင် အစ်မကြီနဲ့ တစ်ချက်တွေ့ပေးလိုက်တာနဲ့ ဒီကောင့်အပြောအချိုကို သဘောတော်ခွေ့ပြီး နေရာရာထူးလုပ်ပိုင်ခွင့်တွေ တစ်ခုပြီးတစ်ခု ပေးလိုက်တာ အခုဆိုရင် မြို့တော်ဟောင်းကြီးရဲ့ ဝံကြီးတစ်ပါးတောင် ဖြစ်လာတော့မယ်ဘုရား။”
“မြေးတော်လေး ပြောပြလို့တော့ တစ်လောက ဗီဒီယိုဖိုင်တစ်ခု ကြည့်မိပါတယ်။ မင်းလက်ထွက်မို့လား မသိ … တော်တော်အချွဲ အမြှောက်တော်ပါတယ်။ ဒါပေမဲ့ တခါတရံ အိုဗာတင်းတွေများပြီး၊ မေမေတွေ အပ်ကြောင်းထပ်မနေဘူးလား။ ကြာကြာနားထောင်မိရင် အန်ချင်သလို ဖြစ်မိတယ်။”
“မှန်လှပါဘုရား။ ဒီကောင် လိုတာထက်ပို ပြောဆိုနေတာကို ကျွန်တော်မျိုးလည်း နားခါးပေမယ့်၊ ဟိုတစ်ယောက်နဲ့ သူ့လူတွေကတော့ ဘဝင်ကျလှပြီး ဝီလပ်ဖ်ကွီး ‘We Love Kwee’ တွေ ဘာတွေ ဖြစ်နေကြပြီဘုရား။”
“လခွီး … ဘာလဲကွာ ဝီလုခွီး ဆိုတော့ အဲဒီကောင်က တရုတ်နွယ်ဖွားလား…”
“မဟုတ်ပါဘူး အဘဘုရား။ ကျွန်တော်မျိုး ပြောချင်တာက ဒီနေ့ ကောင်မလေး .. အဲ… အစ်မကြီးကို ထောက်ခံနေသူတွေက တစ်ခုခုဆို ဘိုလို အင်္ဂလိပ်လို ဝီလပ်ဖ် - မြန်မာလို ဒို့ချစ်တဲ့ ဘယ်သူဘယ်ဝါဆိုပြီး လုပ်တတ်ကြတယ်။ အခုတော့ ဒီကောင့် ဗျူးတွေ ပတ်ချွဲနှပ်ချွဲတွေကို နားထောင်ကြည့်ပြီးတော့ မေမေ့ကို သိပ်ချစ်၊ သိပ်ရိုသေ၊ သိပ်တော်တာပဲဆိုပြီး သည်းသည်းလှုပ် ဖြစ်လာနေကြတော့တယ်။ ဒီကောင့်အပြောတွေကိုလဲ ကြည့်လိုက်အုံး … မေမေ့စကား နားထောင်ပြီး နိုင်နိုင်ရေး စိတ်ဝင်စားလာကြောင်း၊ တိုင်းပြည်အတွက် အလုပ်အကျွေးပြုလိုကြောင်း၊ အမျိုးသမီးတွေထဲမှာ သူချစ်ခင်လေးစားဆုံးက မေမေ ဖြစ်ကြောင်း၊ မေမေ့ကြောင့် သက်ရှင်လာခဲ့ကြောင်း၊ ဖွဘုတ်ပေါ် တင်ပြီး ကြွေပြတဲ့စာတွေ ဂျင်းကိုပျားရည်နဲ့ ရောပြီးကျွေးနေတော့ ပိုကြိုက်ကြတာပေါ့။ ဒီကောင် သင်ပေးထားတာထက် ပိုလုပ်နေတော့ လောလောဆယ်တော့ သူ့အရှိန်နဲ့သူ လွှတ်ပေးထားပါတယ် ဘုရား။”
“ကောင်းတော့ကောင်းပါတယ် … ဒါပေမဲ့ ဟိုကောင် ဆိတ်လစေ့လို ချော်တောငေါ့မသွားဖို့ အရေးကြီးတယ်။ ဘာများထပ်ဖြည့် ပြောချင်သေးလဲ။”
“မှန်လှပါဘုရား … ဒီကောင် နိုင်ငံရေးမလုပ်စားဘဲ၊ ဓါတ်ရှင်မင်းသားလုပ်ပြီး ‘ထာဝရမေမေ’, ‘အမေ့ခြေရာ’, ‘အမေ့နို့ဖိုး’ ဇာတ်ကားတွေ ရိုက်လိုက်ရင် ဝက်ဝက်ကွဲ အကယ်ဒီမီတွေ တန်းစီရကုန်မှာ။ အခု သူ့မေမေကလည်း မင်းသားမင်းသမီး အချောအလှအကြိုက်ဆိုတော့ သူ့အရပ်နဲ့ သူ့ဇာတ်ကတာ့ ဘာမှပြောစရာမရှိ ကွက်တိဖြစ်နေပါတယ် ဘုရား။ မစိုးရိမ်ပါနဲ့ ဘုရား။ ဆင်ထားတဲ့အကွက်တွေအတိုင်း ဖြစ်လာပါလိမ့်မယ် ဘုရား။”
“ကောင်းပါပေတယ်။ ဒါပေမဲ့ အယုံသွင်း အလုပ်လွန်ပြီး ငါတို့တတွေ မကောင်းကြောင်းတွေ အပြောမလွန်ဘို့၊ စွတ်ပြီးမလော်နေဘို့ သတိပေးထားအုံး။ ဒီကောင်လေး ပြောပုံဆိုပုံတွေက ငါတို့ရဲ့ မရှိမဲ့ရှိမဲ့ သိက္ခာကို လာလာထိခိုက်နေတယ်။ တော်ရုံတန်ရုံဆို လုံလောက်ပြီလို့ ပြောထားလိုက်။”
“သင့်မြတ်ကြောင်းပါ ဘုရား။ အခုချိန်က ပြောင်းလဲချိန်တန် သူတို့အချင်းချင်းအခေါ် နီပိန်းတွေ သွေးဆူ၊ သူ့လူငါ့လူ ခွဲနေကွဲနေချိန်မို့ ဒီအချိန်မှာ မေမေ့ကို ဘယ်ဂလောက်ချစ်ကြောင်း ရင်ဘတ်စည်တီး ချစ်ပြနိုင်မှ သူ့လူကိုယ့်ဘက်သား ဖြစ်မှာမို့ အဘဘုရားတို့ကို နည်းနည်းပုတ်ခတ်ပြောပြီး၊ တချိန်က ကောင်မလေးနဲ့ တလှေထဲစီးပြီး အဘဘုရားတို့ကို အန့်တုခဲ့တဲ့ ဟိုငမိုက်သားတွေတော့ စစ်ဖိနပ်အစား၊ ဒေါက်ဖိနပ်အောက် အလူးအလဲခံနေရပြီး၊ လက်ကလေးရှေ့ပစ် မေမေ မခေါ်ကြလို့ သစ္စာဖောက်တွေ၊ အဘ ေ_ာမတွေ နေ့ချင်းညချင်းဖြစ်ကာ၊ အဆဲမိုးအောက် နစ်မွန်းနေတာကိုကြည့်ရင် ကျွန်တော်မျိုးတို့ စွမ်းဆောင်မှုက ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် (လင်းတနဲ့ဒေါင်း) တွေကို ပစ်ခွင်းနိုင်ပါတယ် ဘုရား။”
“တော်ပါပေတယ် … မောင်မင်းက ငါထင်တာထက်တောင် ပိုတော်နေတယ် -- ဒါနဲ့ မင်းတို့တွေက ဂုဏ်သရေရှိ တိုက်ကွန်ကြီးအဖြစ်နဲ့ လွတ်လွတ်လပ်လပ် နှစ်သီးစားတွေ - ငါတို့ဆီကလည်းစား၊ ဟိုဘက်ခြမ်းနဲ့လည်း ပေါင်းစားပြီး နှစ်ဆတိုး ကြွယ်ဝလာတယ်ဆိုတာ ကြားသိနေရလို့ ငါတို့တွေကို ဘဏ္ဍာတော် ဆက်သဖို့လည်း မေ့မနေနဲ့အုံး။ တဘက်မှာ လူမြင်ကောင်းအောင် ကောင်မလေး တောင်းသမျှကို အောင့်အီးပေးနေပြီး၊ ငါတို့ကိုပေးဖို့ ရှောင်နေရင်တော့ မင်းသိတယ်နော် … မလွယ်ဘူးမှတ်။”
“ဘဝကျေးဇူးရှင်ကြီး အဘဘုရားကို ကျေးဇူးဆပ်ဖို့ တစ်စက်ကလေးမျှ မမေ့ပါဘူး ဘုရား။ အခုလဲ အဘဘုရားကို ကပ်လှူဖို့ အပြည့်အစုံ သယ်ယူလာပါတယ် ဘုရား။ အဘဘုရားအနေနဲ့လဲ ကျွန်တော်မျိုးတို့ကို အရင့်အရင်အတိုင်း ချီးမြှောက်မစတော်မူပါ ဘုရား။”
“အိမ်း … မင်းတို့တွေ ငါတို့အပေါ် သစ္စာခံနေသမျှ မင်းတို့ရဲ့ တောင်းဆိုမှု ရမှာပေါ့။ ကဲ ကောင်းပြီ .. အခုတော့ ဒီလောက်ပဲ။ လုပ်စရာရှိတာ ဆက်လုပ်၊ အောင်မြင်အောင်လုပ်။ နောက်တစ်ကြိမ် လာတွေ့ရင် ဟိုကောင်လေးပါ ခေါ်လာခဲ့။”
“မှန်လှပါဘုရား … ခေါ်လာခဲ့ပါမယ်ဘုရား။ အဘဘုရား လိုအပ်တာ၊ လိုချင်တာတွေလည်း စာရင်းပို့ခိုင်းထားပါ ဘုရား။ (၂၄) နာရီ (၇) ရက် အချိန်ပြည့် ဖြည့်ဆည်းပေးပါမယ် ဘုရား။”
“ကဲ ကဲ ကောင်းပြီ … ဝမ်းတော်ဆာ၊ မောလှပြီ … စီးတော်ယာဉ် ခေါ်လိုက်တော့။ နန်းတော်ပြန်၊ အဆောင်ဝင် စားတော်ပွဲတည်ခင်းပြီး၊ နားဆက်အုံးမယ်။ မောင်မင်းလည်း သွားလိုရာ သွားတော့။”
“မှန်လှပါဘုရား။ ကျေးဇူးတော် ကြီးမားလှပါတယ်ဘုရား။ အဘဘုရား ဘုန်းတော် ပိုမိုကြီးလို့၊ သက်တော်ရာကျော် ရှည်ပါစေဘုရား။ ဦးတင်ပါတယ်ဘုရား။”
အခန်း (၂)
ဘဝရှင်မင်းတရာကြီးနဲ့ တိုက်ကွန်သူဌေးသူကြွယ်ကြီးတို့ တိုင်းရေးပြည်ရေး စကားစမြည်း ဒီမှာပြီဆုံး။ မောင်ဥက္ကလာလည်း အဓိဌာန်ဖျက်ကာ ဒီအကြောင်းအရာ တင်ပြမှု ဒီမှာရပ်ပြီး ဘုရားရိပ်၊ တရားရိပ်ပြန်ဝင်အုံးမည်။
ရွှေပြည်သူ၊ ရွှေပြည်သားတွေ ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်မှုမှကင်းဝေး ဆန္ဒမဲ ပေးနိုင်ကြပါစေ။ ဘုရားတည်၊ အဓိဌာန်ဝင်၊ ယတြာခြေ၊ ဆုတောင်းနေကြတဲ့ ခေါင်းဆောင်ကြီးများ၏ ငြိမ်းချမ်းရေးလည်း အောင်မြင်ပါစေ။