Breaking News

ကိုသန်းလွင် - အမေဇုန် မြစ်နှင့်ဆည်မြောင်းများ

ကိုသန်းလွင် - အမေဇုန် မြစ်နှင့်ဆည်မြောင်းများ

(မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၂၀

(၁)
အမေဇုန်မြစ်ဝှမ်းလွင်ပြင်သည်ကြီးမားကျယ်ပြန့်လှပါသည်။ ကမ္ဘာကြီးပေါ်မှာကျသမျှရေ၏ ငါးပုံတပုံသည် ဤမြစ်ဝှမ်းတွင်ကျရောက်သည်ဟုဆိုသည်။ မြစ်လက်တက်ပေါင်း ၁၁၀ဝ ကျော်ရှိရာ အချို့ မြစ်လက်တက်များ ကိုယ်တိုင်ကမြစ်သဖွယ်ဖြစ်နေပါသည်။ မြစ်ရေသည် လွတ်လပ်စွာစီးဆင်းလိုကြပါ၏။ သို့သော်ဆည်များက အဟန့် အတားသဖွယ်ဖြစ်နေပါသည်။

ထိုမြစ်ရေများသည် လျှပ်စစ်ကိုထုတ်ပေးနိုင်ကြပါသည်။ ထို့ကြောင့် အမေဇုန်မြစ်ဝှမ်းဒေသကို အစိုးရများ လျှပ်စစ်ထုတ်လိုသူ စက်မှုလုပ်ငန်းရှင်များက ဤဒေသကို ဧရာမစွမ်းအင်များကို ထုတ်ပေးနိုင်သည့် ဒေသအဖြစ် မှတ်ယူကြပါသည်။ အနည်းဆုံးဆည် ၁၅၈ ခုသည် ဤဒေသတွင်တည်ဆောက်ပြီးသော်လည်းကောင်း၊ တည် ဆောက်ဆဲသော်လည်းကောင်းရှိနေကြပါသည်။ နောက်ထပ်ဆည် ၃၅၁ ခုမှာတည်ဆောက်ရန်စီစဉ်နေကြပါ သည်။

(၂)
ထိုနေရာမှ လျှပ်စစ်ထုတ်လုပ်သူတို့က အမေဇုန်မြစ်ဝှမ်းဒေသကို လျှပ်စစ်လုပ်ငန်းအတွက် (Hot spot) တခုအဖြစ်သတ်မှတ်ကြပါသည်။ သို့ပါသော်လည်းတကယ်လက်တွေ့တွင် ဤဒေသ၏သုံးပုံနှစ်ပုံ ကိုပိုင်ဆိုင် သော ဘရာဇီးတွင်စီမံကိန်းများမှာ ခြစားခြင်းများနှင့်ရှုတ်နေပြီး သဘာဝပါတ်ဝန်းကျင်အပေါ်အကျိုးသက်ရောက် မှုများမှာမခန့်မှန်းနိုင်အောင်ဖြစ်နေပါသည်။ ပရောဂျက်အသစ်များမှာ ငြိမ်သက်နေရာမှ ရုတ်တရက်ပေါ်လာပြီး ပျောက်သည့်အခါ လည်းပျောက်သွားပါသည်။ ထို့ကြောင့် ၄င်းတို့ကို (Vampire Project) သွေးစုပ်ကောင် ပရောဂျက် များဟုခေါ်နေကြပါသည်။

တိုင်းပြည်၏ စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်းလိုအပ်ချက်တို့ကြောင့် တောနေလူတို့၏စားဝတ်နေရေးနှင့် သ ဘာဝပါတ်ဝန်းကျင်တို့အပေါ်အလေးမထားဘဲ ဆည်များကို တည်ဆောက်လေ့ရှိကြပါသည်။ တိုင်းပြည်၏ပြန် လည်ဆန်းသစ်နိုင်သော စွမ်းအင် ( Renewable Energy) ထုတ်လုပ်မှုအပေါ်အလေးမထားကြချေ။

ဇန်နဝါရီလ ၂၀၁၉ ခုနှစ်တွင် မစ္စတာဘောစနာရို တက်လာပြီး ဘယ်ကပေါ်လာမှန်းမသိဘဲ ဆည်တခု ဆောက်မည့်စီမံကိန်းသစ်တခုပေါ်ပေါက်လာပါသည်။ (Rio Draneo) ဂရောဂျက်ဟုခေါ်ပါသည်။ ထရွန်ဘီတပ် (Trombetas) မြစ်ရေမှလျှပ်စစ် မီဂါဝပ် ၂၀ဝ၀ မှ ၃၀ဝ၀ အကြားထွက်မည့်ပရောဂျက်ဖြစ်ပါသည်။ ၄င်းမြစ်သည် ဘရာဇီးမြောက်ပိုင်းမှ သယံဇာတပေါများလှသည့် နယ်မြေတွင်စီးဆင်းပါသည်။ ၄င်းဆည်ကြောင့် ကွီလမ်ဘိုလာ (Quilombola) နယ်သည်ရေအောက်ရောက် သွားမည်ဖြစ်ပါသည်။ ၄င်းသည် ဘရာဇီး၏မကြာခဏဖြစ်လေ့ရှိ သော ပြင်ရန်လည်းလွယ်ကူသောဖွဲ့စည်းပုံအခြေခံဥပဒေနှင် ့ကွဲလွဲလျက်ရှိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဒေသ ကွီလမ်ဘိုလာ နယ်ရှိဒေသခံများကို ဆည်ဆောက်တော့မည်ဟု မပြောပြခဲ့ပါ။ သူတို့ နေရာအိမ်များ မှဖယ်ပေးရမည်ဖြစ်သည်။ ၄င်းသည်ဘရာဇီးနိုင်ငံ၏ ကျယ်ပြန့်သောသဲသောင်ပြင်များပေါ်တွင်ရှိသည်.လိပ်မွေး မြူဂေးကိုလည်းထိခိုက်စေတော့မည်ဖြစ်သည်။ သမ္မတဘော့စနာရိုက တိုင်းပြည်၏သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ နှင့် ပရောဂျက်အသစ်များကို မှတ်ပုံတင်ရသည့်လိုင်စင်ပေးရာဌာနတို့ကို ဖျက်သိမ်းပြီးဖြစ်သည်။ ဤ သို့လုပ်ခြင်းဖြင့် ဒေသခံလူတို့၏ အကျိုးစီးပွားကို ကာကွယ်ရန်ပျက်ကွက်ခဲ့ပါသည်။

ဤဆည်ကိုတည်ဆောက်ခြင်းဖြင့်အခြားဆည်များကိုတည်ဆောက်ရေးကိုပါ ဥပမာပေးရာရောက်ပြီး ထိုကဲ့ သို့ဆည်များကို တည်ဆောက်ပါက (Bio diversity) ကိုဖျက်ဆီးပစ်ခြင်းဖြစ်သည်။ တချိန်ထဲမှာyပင် အမေဇုန် သစ်တောမှာ ကျွဲ၊ နွားမွေးမြူရေးနှင့် စိုရာဘင်း ပဲနို့(Soy bean) စိုက်ပျိုးရေးအတွက်ရှင်းလင်းခြင်းခံနေရပါသည်။ 

နှစ်စဉ်နှစ်တိုင်း ဘရာဇီးနိုင်ငံ မိုင်းဝန်ကြီးဌာနကလာမည့် ၁၀ နှစ်အတွင်း ပြီးစီးမည့် အနည်းဆုံး မီဂါဝပ် ၃၀ အထက်ဆည်များစာရင်းကို ထုတ်ပြန်လေ့ရှိပါသည်။ မကြာသေးမီက ထုတ်ပြန်သောစာရင်းတွင် ဆည် ၃ ခုကို ၂၀၂၉ ခုနှစ်အတွင်း အပြီးတည်ဆောက်မည်ဟုထုတ်ပြန်ထားပါသည်။ 

နောက်ဆုံးဆည်သည် ဘရန်ကို (Rio Branco) မြစ်ကိုဖြတ်၍တည်ဆောက်ပါသည်။ ထိုမြစ်တွင်ရှိသော အနည်၏အရောင်ကိုလိုက်၍ မြစ်ဖြူမြစ်ဟုခေါ်ကြပါသည်။ ထိုအနည်များသည်ကျွန်း ၄၀ဝ ခန့်ရှိသောကျွန်းစု များ ကိုသစ်ပင်စိုက်ပျိုးနိုင်သည့် နုန်းမြေများကိုပေးပါသည်။ ဤ ရေစိုတော (Wetland) မှာရှိသော သတ္တဝါများ နှင့် စိုက်ပျိုးရေး အပေါ်မှီခိုအားထားရမှုမှာ ပျက်ပြား ရတော့မည်။

ထို့ပြင် ပီရူး၊ ဘိုလီဗီးယား နှင့်အီကွေဒေါနိုင်ငံတို့တွင်လည်း အမေဇုန်မြစ်နှင့် ပါတ်သတ်၍ဆည်များတည် ဆောက်ကြပါလိမ့်ဦးမည်။ ၂၀၁၀ ခုနှစ်ကပီရူးနှင့်ဘရာဇီးနိုင်ငံတို့သည် ပီရူးနိုင်ငံတွင်ဆည် ၆ ခုတည်ဆောက်ရန် သဘာတူညီခဲ့ကြပါသည်။ ကြီးမားသောဆည်ကြီးများကိုဘရာဇီးကုမ္ပဏီကြီးများကတည်ဆောက်ပြီးဘရာဇီး ဘဏ်များကပင်ငွေထုတ်ပေးမည်ဖြစ်သည်။ ထွက်လာသောလျှပ်စစ်ကို ဘရာဇီးနိုင်ငံသို့တင်ပို့ရန်စီစဉ်ထားသည် မည်သည့်အချိန်တွင်အကောင်အထည်ဖော်မည်မသိရသော်လည်း တည်ဆောက်မည့်ဘရာဇီးကုမ္ပဏီမှာအကျင့် ပျက်ခြစားမှုများဖြင့်သပွတ်အူလည်လျက်ရှိသည်။ နိုင်ငံရေးသမားများစွာတို့ ဤပရောဂျက်နှင့်ပါတ်သတ်နေပြီး ဘရာဇီး၏ ၂၀၅၀ စွမ်းအင်တိုးပွားရေး အစီအစဉ်တွင်အပါအဝင်ဖြစ်သည်။

ဘရာဇီးနိုင်ငံတွင်ဥပဒေများမှာ ဖောင်းပွရောရှုတ်လျှက်ရှိပြီး ကိစ္စတခုအတွက်မည်သည့်ဥပဒေက အကျုံး ဝင်ပြီး မည်သည်ကိုလစ်လျူရှုရမည်ကို အမြဲကြည့်နေရသည်။ ဘရာဇီးတွင် Belo Monte ဆည်သည် ရေအား လျှပ်စစ် တွင်အကြီးဆုံးဖြစ်ပြီးပြဿနာအများဆုံးဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး ဒေသခံ ပြည်သူများ နှင့်သဘာဝပါတ်ဝန်းကျင်သမားတို့က မကျေနပ်၍ ဆန္ဒအပြဆုံးဖြစ်သည်။ ၄င်းက ၂၀ဝ စကွဲယား မိုင်ခန့်ကိုရေမြှုပ်စေခဲ့ပြီးမြေနိမ့်ပိုင်းမှသစ်တောကိုပျက်ပြုန်းစေကာလူပေါင်း ၂ သိန်းခန့် တို့နေရာဖယ်ပေးကြရပြီး (Eco sytem) ကို အများဆုံးပျက်စီးစေခဲ့သည်။

ဒေသဆိုင်ရာ တရားသူကြီးက ဤဆည်ကို ထုတ်ပေးသောလိုင်စင်မှာတရားမဝင်ဟုဆုံးဖြတ်ခဲ့သည်။ အ ဘယ့်ကြောင့်ဆိုသော်ဆည်ဆောက်လုပ်ရန်အတွက်ဒေသခံပြည်သူများကိုအသိမပေးခဲ့သောကြောင့်ဖြစ်သည်။ သို့သော်ဆောက်လုပ်ရေးလုပ်ငန်းများကို ဆက်လုပ်ခွင့်ပေးခဲ့သဖြင့် ယန့တွင်ဆည်အဖြစ်ရပ်တည်နေခဲ့သည်။
ထိုပရောဂျက်တွင်ဆည်၂ ခုပါဝင်ပြီး ၄၅ မိုင်မျှရှည်သော မြစ်ကြောင်းတစ်လျှောက်ကရေများ၏ ၈၀ ရာခိုင် နှုန်း ကိုအသုံးပြုခဲ့ကြသည်။ ဤဆည် ၂ ခုကို ၁၈ ဘီလီယံကုန်ကျသည်ဟုခန့်မှန်းကြသော်လည်း စီးပွားရေးအရ တွက်ခြေကိုက်မှုမှာရှာမရဘဲဖြစ်နေသည်။ နှစ်တစ်နှစ်အတွက်အချိန်ပေါင်းများစွာ ရေအလာနည်းသဖြင့် ့တာဗိုင် များမှာ မလည်နိုင်ဘဲရှိနေသည်။

ဆည်များသည်ငါးများ၏နေရာပြောင်းလဲနေနိုင်ခြင်းကို အဟန့်အတားဖြစ်စေပြီး ငါးဦးရေကိုလျော့နည်းစေ ပါသည်။ ဆည်နှစ်ခုကို (Medeira) မြစ်တွင် ၂၀၁၁ နှင့် ၂၀၁၃ တွင် တည်ဆောက်ခဲ့ရာဘရာဇီး ဘိုလီဗီးယားနှင့် ပီရူးနိုင်ငံတို့တွင် (Catifish) များအဖမ်းကျခဲ့သည်။ ထုံးစံအတိုင်းဆိုပါက ကမ္ဘာပေါ်တွင်ဒုတိယအကြီးဆုံး ငါးဖမ်း ဈေးကွက်ဖြစ်သည်။ တံငါလုပ်ငန်းကိုမှီ၍ သက်မွေးကြရသောပြည်သူလူထု ထောင်ပေါင်းများစွာမှာ ဤလုပ်ငန်း ကိုဆက်လက်မလုပ်ကိုင်နိုင်တော့ပေ။ ငါးမရရှိ၍ ငါးဈေးကွက်ပျက်ပြားရာမှ ပဋ္ဋိပက္ခ များနှင့် မငြိမ်မသက်ဖြစ်ခဲ့ ရသည်။

အခြားပြဿနာမှာ မြေသြဇာကောင်းမွန်လာသောနုန်းမြေများသည်မြစ်ကြောင်းအောက်ဘက်သို့မရောက် နိုင်တော့ဘဲ ဆည်များတွင်သာတင်ကျန်ရစ်ခဲ့ခြင်းဖြစ်သည်။ စိုက်ပျိုးရေးလုပ်ရန်ပျက်ကွက်သည်နှင့်အတူ ထိုမြေ များကြောင့်ဖြစ်ပေါ်လာသည့် (Food Chain) မှာပြတ်တောက်သွားရပြီးထိုအဖြစ်အပျက်မှာထောင်းပေါင်း များစွာ ရှည်လျားသောမြစ်ကြောင်းတစ်လျှောက် အကျိုးသက်ရောက်မှုရှိလာရသည်။ 

နောက်တခုမကောင်းသောအဖြစ်မှာ ဆည်ရေပြင်အတွက်လည်းကောင်း၊ ဝေးကွာသော အရပ်သို့ပို့ရန်လျှပ် စစ်ပါဝါလိုင်းများ တည်ဆောက်ရန်အတွက်လည်းကောင်း လူအသွားအလာအတွက်လည်းကောင်း လမ်းဖောက် ခြင်းအတွက်သစ်တောများကိုဖျက်ဆီးပစ်ရခြင်းဖြစ်သည်။ မြင့်တက်လာသောရေမျက်နှာပြင်ကြောင့်များစွာသော လူတို့၏နေစရာနေရာ ပျောက်ကွယ်သွားရခြင်းများရှိနေသည်။

(၃)
ရီဆာဗာပါတ်ဝန်းကျင်တွင်နေသူများ၏ဆံပင်တွင်မာကျူရီမြင့်တက်လာမှုများရှိနေသည်။ရေပြင်အောက် ခြေတွင်အောက်စီဂျင်မလုံလောက်မှုကြောင့် မီသိန်းဓါတ်ဖြစ်ပေါ်ခါ ရေပြင်သို့ပူပေါင်းများအဖြစ်ထွက်ပြီး သဘာဝ ၏ တည်ငြိမ်မှုကိုပျက်စီးစေသည်။ ထို့ကြောင့်ယခုအခါဆည်များကို ဖျက်သိမ်းခြင်းဖြင့် မြစ်ရေစီးကြောင်းကို သ ဘာဝအတိုင်းပြန်လည်စီးဆင်းစေခြင်းများပြုလုပ်လျက်ရှိကြသည်။ လွတ်လပ်စွာစီဆင်းနေသောအမေဇုန်မြစ်ရေ သည်အမေဇုန်သစ်တောနှင့် ဒေသခံလူများမှီခို၍နေခဲ့ကြသည်မှာ ရာစုပေါင်းများလှပါပြီ။ ထွက်လာမည့် လျှပ်စစ် ဓါတ်အားကြောင့် လူများနှင့်သဘာဝ ပါတ်ဝန်းကျင်တို့ပေးရသော တန်ဘိုးမှာကြီးမားလှပေသည်။

ကိုသန်းလွင်

Ref: Many Rivers, too many Dams By Phillip Fearnside New York Times, November 14 2020