Breaking News

မောင်ဖေသက်နီ - မမြသွဲ့သွဲ့ခိုင် သို့ တမ်းချင်း



မောင်ဖေသက်နီ - မမြသွဲ့သွဲ့ခိုင် သို့ တမ်းချင်း

(မိုးမခ) ဖေဖော်ဝါရီ ၂၃၊ ၂၀၂၁


လွန်ခဲ့တဲ့ အနှစ် (၃၀) ကျော် ၁၉၈၈ ခုနှစ်တုန်းက
ညီမငယ် မဝင်းမော်ဦးဟာ စစ်အာဏာရှင်တွေရဲ့ တပ်တွေရဲ့
မတရားပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသလိုမျိုး
၂၀၂၁ ခုနှစ်မှာလည်း ညီမငယ် မမြသွဲ့သွဲ့ခိုင် ဟာ သူ့ရဲ့ ဦးခေါင်းကို
စစ်အာဏာရှင်တွေရဲ့ ပစ်ခတ်ခဲ့တဲ့ ကျည်ဆံထိမှန်ပြီး ကွယ်လွန်ခဲ့တယ်။

မဝင်းမော်ဦးလိုမျိုးပါဘဲ 
(လုပ်ကြံခံရတဲ့နေရာနဲ့ ဒဏ်ရာရရှိခဲ့တာချင်း မတူပေမယ်လို့ နိုင်ငံတော့်အကျိုးအတွက်
ပြည်သူ့အကျိုးအတွက်၊ အနာဂတ်မြန်မာနိုင်ငံကောင်းကျိုးအတွက်
အာဏာရှင်စနစ်ကို အမြစ်ပြုတ်စေဖို့အတွက် သူ့ရဲ့ အသက်ကို မငဲ့ဘဲ
တောင်းဆိုခဲ့တာချင်းကတော့ ထပ်တူထပ်မျှပါဘဲ)

မမြသွဲ့သွဲ့ခိုင် ဟာလည်း ပြည်သူပြည်သားတွေတောင့်တနေတဲ့
ပြည်သူ့အစိုးရပြန်ရဖို့ အာဏာသိမ်းစစ်ကောင်စီကို ဖျက်သိမ်းပြီး 
ရွေးကောက်ပွဲအနိုင်ရသူတွေလက်ထဲ အာဏာပြန်ပေးဖို့ ငြိမ်းချမ်းစွာတောင်းဆိုနေစဉ်မှာ
အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ ့တွေရဲ့ ပစ်ခတ်ခံရမှုကြောင့်

သူမရဲ့ ဦးနှောက်ထဲ ကျည်ဆံဝင်ရောက်ပြီး
(မဝင်းမော်ဦး အသက်ဆုံးရှုံးခဲ့ရသလိုမျိုးနဲ ့ပုံစံမတူပေမယ့်)
သူမလည်း သူမရဲ့အသက်ကို ဆုံးရှုံးခဲ့ရတယ်။

မောင်ဖေသက်နီ
(စစ်တပ်ရဲ့ အဓမ္မပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့ရတဲ့၊ သူ ့ရဲ့ ဈာပနကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ ့မှာပြုလုပ်ခဲ့တဲ့ မမြသွဲ ့သွဲ ့ခိုင်ရဲ့ ဈာပန အခမ်းအနားသို ့ ပေးပို ့ခဲ့တဲ့ ဂုဏ်ပြုအမှတ်တရကဗျာတပုဒ်)