အောင်ဝေး - ၂ ၀၂ ၁ - လူထုတော်လှန်ရေး (သေနင်္ဂဗျူဟာ နှင့် နည်းပရိယာယ်)

(မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁စစ်အာဏာရှင်စနစ် မုချ ကျဆုံးရတော့မည်။
ယင်းကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့က "စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁" စုရပ်အောက်တွင် ဖော်ပြထားသည်။
တိုက်ပွဲတစ်ခုတွင် ကြွေးကြော်သံ အရေးကြီးသည်။ ကြွေးကြော်သံသည် သေနင်္ဂဗျူဟာပင်တည်း။ သေနင်္ဂဗျူဟာကို အထူးအလေးထားရသည်။ မျက်ခြည်ပြတ်၍ မဖြစ်။ သို့ဖြစ်ရာ၊ ယခု မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက် ညီညီညွတ်ညွတ် ဆင်နွှဲနေသော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ၏ သေနင်္ဂဗျူဟာသည် -
ယခုအချိန်မှာ Day-1 ပြဿနာကို အရင်ကိုင်တွယ်ဖြေရှင်းနိုင်အောင် မိမိတို့ အာရုံစိုက် ကြိုးပမ်းကြရမည်။ မလွဲမသွေလုပ်ကြရမည်။
Day-1 အောင်ပွဲခံလျှင်၊ Day-2 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပစ်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြမည်။
ယနေ့ ဆင်နွှဲနေသော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲသည်၊ လူထုအသွင်နှင့်ဆင်နွှဲနေသော လူထုလှုပ်ရှားမှုတိုက်ပွဲဖြစ်သည်။
တိုက်ပွဲဟုဆိုလျှင် သေနင်္ဂဗျူဟာ ရှိရသည်။ နည်းပရီယာယ် ရှိရသည်။
ယခုတိုက်ပွဲအတွက် အနှစ်သာရ အကျဆုံး၊ အကိုက်ညီဆုံး ကြွေးကြော်သံ ၂ ရပ်ရှိသည်။

၁။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဖမ်းဆီးခံထားရသူ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး။
၂။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး။
၂။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး။
ယင်းကို ကိုမင်းကိုနိုင်၊ ကိုဂျင်မီတို့က "စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁" စုရပ်အောက်တွင် ဖော်ပြထားသည်။
တိုက်ပွဲတစ်ခုတွင် ကြွေးကြော်သံ အရေးကြီးသည်။ ကြွေးကြော်သံသည် သေနင်္ဂဗျူဟာပင်တည်း။ သေနင်္ဂဗျူဟာကို အထူးအလေးထားရသည်။ မျက်ခြည်ပြတ်၍ မဖြစ်။ သို့ဖြစ်ရာ၊ ယခု မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက် ညီညီညွတ်ညွတ် ဆင်နွှဲနေသော စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးတိုက်ပွဲ၏ သေနင်္ဂဗျူဟာသည် -
၁။ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဖမ်းဆီးခံထားရသူ အားလုံး အမြန်ဆုံး ပြန်လွှတ်ပေးရေး။
၂။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး။
၂။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး။
ဒီအတိုင်းသာဖြစ်သည်။ ဖြစ်ရမည်။
သေနင်္ဂဗျူဟာသည် တိုက်ပွဲ၏ဦးတည်ချက်ဖြစ်သည်။ ထိုဦးတည်ချက်ကို ဖော်ဆောင်သော လုပ်နည်းလုပ်ဟန်လုပ်ရပ်အားလုံးကို တိုက်ပွဲပုံသဏ္ဍာန်ဟုဆိုသည်။ တိုက်ပွဲပုံသဏ္ဍာန်မှာ နည်းပရိယာယ်ပင်
ဖြစ်သည်။
ဖြစ်သည်။
ယနေ့တိုက်ပွဲ၏ သေနင်္ဂဗျူဟာ(ဦးတည်ချက်)ကို စနစ်တကျနှင့် တည့်တည့် မတ်မတ် ရောက်ရှိစေနိုင်သော တိုက်ပွဲပုံသဏ္ဍာန်(နည်းပရိယာယ်)က ဘာတွေလဲ။
၁။ GZ။ Generation Z ၏ လှုပ်ရှားမှုမှန်သမျှသည် နည်းပရိယာယ်ဖြစ်သည်။
၂။ CDM။ ဝန်ထမ်းပေါင်းစုံ၏ Civil Disobedience Movement သည် နည်းပရိယာယ်ဖြစ်သည်။
၃။ GS။ ကျောင်းသား၊ အလုပ်သမား၊ ပြည်သူများ၏ General Strike အထွေထွေသပိတ်သည် နည်းပရိယာယ်ဖြစ်သည်။
၄။ CRPH။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ခံကိုယ်စားလှယ်များ၏ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ Committee Representing Pyidaungsu Hlattaw သည် နည်းပရိယာယ်ဖြစ်သည်။

နည်းပရိယာယ်အသီးသီးသည် သေနင်္ဂဗျူဟာမှ ချော်ထွက်သွား၍ မရ။ သွေဖည်သွား၍ မရ။ တိမ်းစောင်းသွား၍ မရ။ ကင်းကွာသွား၍ မရ။ တစ်နည်းအားဖြင့်၊ သေနင်္ဂဗျူဟာက "အလံ" ဖြစ်၍၊ နည်းပရိယာယ်က
"အသံ" ဖြစ်သည်ဟု ဆိုနိုင်သည်။
"အသံ" ဖြစ်သည်ဟု ဆိုနိုင်သည်။
ယခုဆင်နွှဲနေသော တိုက်ပွဲသည် ကျောင်းသား၊ အလုပ်သမား၊ ဝန်ထမ်း၊ ပြည်သူ လူထုလူတန်းစားပေါင်းစုံက တပ်ပေါင်းစုအသွင်သဏ္ဍာန်အောက်တွင် ရပ်ခံတိုက်ခိုက်နေသော တိုက်ပွဲဖြစ်သဖြင့်-
အလံစုံ
အသံစုံ
ဌာန်ကုန် တိုက်နေခြင်းဖြစ်သည်။
အလံစုံ
အသံစုံ
ဌာန်ကုန် တိုက်နေခြင်းဖြစ်သည်။
ဗ က သ(ဗကသများအဖွဲ့ချုပ်)နှင့် NLD တို့၏ခွပ်ဒေါင်းအလံများအပြင်၊ အခြားတိုက်ပွဲဝင် ပါတီ၊ အစု၊ အဖွဲ့အသီးသီး၏ အခြားအလံ အသီးသီးလည်း ရှိနိုင်ပါသည်။ ထိုအလံအားလုံး၏အချုပ်၊ တစ်နည်း အဓိပ္ပာယ်
သည် စစ်အာဏာသိမ်းမှုဆန့်ကျင်တိုက်ခိုက်ခြင်းအလံတော်ပင် ဖြစ်သည် မဟုတ်လား။

အထူးသတိပြုရန်-
တိုက်ပွဲဝင်နေကြသူတချို့က "၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး" ကို "၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး" လောက် အလေးအနက်မထားကြသည့်သဘောမျိုးတွေ့ရပါသည်။

ယခုလက်ငင်း လတ်တလော ရန်သူ(ဘုံရန်သူ) အာဏာသိမ်းစစ်တပ်က စစ်ဖိနပ်ဖြင့် လည်မျိုနင်းထားသည်မှာ "၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်" မဟုတ်ဘူးလား။ ဟုတ်တယ်။
မြန်မာပြည်သူလူထုတစ်ရပ်လုံး တစ်ခဲနက် မဲပေးခဲ့ကြသည့် ရလဒ်(NLD တောင်ပြိုကမ်းပြိုအနိုင်ရခြင်း)ကို၊ အာဏာသိမ်းစစ်တပ်က(စစ်အာဏာရှင် တစ်ဦး၊ တစ်စုက) လက်မခံဘဲ၊ တစ်နည်း စစ်တပ် ကျောထောက်နောက်ခံ ပြုထားသာ ကြံ့ဖွတ်ပါတီ ခွက်ခွက်လန် မဲရှုံးတာကို ဝန်မခံဘဲ၊ လက်နက်
အားကိုးဖြင့် ပိတ်ပင်ဟန့်တားလိုက်ခြင်း မဟုတ်ဘူးလား။ ဟုတ်တယ်။
ထိုအချက်သည် လက်ငင်းလတ်တလောမှာ သေရေးရှင်ရေးတမျှ အထူး တလည် အရေးကြီးသော အချက်ဖြစ်သည်။ သော့ချက် မဟုတ်ဘူးလား။ ဟုတ်တယ်။

"မဲ မသမာမှုများရှိ၍" ဟူသော၊ "ဒီမိုကရေစီကို ထိန်းကျာင်းရန်" ဟူသော အာဏာသိမ်းစစ်တပ်၊ သမ္မတရူး မင်းအောင်လှိုင်၏ ခိုင်လုံမှု မရှိသော၊ မလုံလောက်သော အကြောင်းပြချက်များကို အမြန်ဆုံးချေဖျက်ဖယ်ရှား
ပစ်ဖို့ အရေးကြီးသည် မဟုတ်လား။ ဟုတ်တယ်။
ထိုအတွက် မိမိတို့ တိုက်ပွဲဝင် အင်အားစုအသီးသီး(တပ်ပေါင်းစု)သည်-
၁။ ရွေးကောက်ပွဲ တရားမျှတမှုရှိကြောင်းကို မမှိတ်မသုန် ဆုပ်ကိုင်၊ လက်တွေ့သက်သေပြရမည်။
၂။ ရွေးကောက်ပွဲကျင်းပရေးကော်မရှင်၏ နောက်ဆုံးအတည်ပြုချက်ကို
အသေအလဲ ကာကွယ်စောင့်ရှောက်ရမည်။

အာဏာသိမ်းစစ်အုပ်စုသည် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံရေးခေါင်းဆောင်များ၊ တက်ကြွလှုပ်ရှားသူများ၊ စာရေးဆရာများကို ပစ်မှတ်ထား ဖမ်းဆီးထိန်းသိမ်းထားခြင်းမှာ NLD က လွှတ်တော်သစ်
မခေါ်နိုင်ရန်၊ အစိုးရသစ် မဖွဲ့နိုင်ရန်၊ သမ္မတသစ် မရွေးချယ်နိုင်ရန်တို့ အတွက် ကြိုတင်ဟန့်တားပိတ်ပင်လိုက်ခြင်းပဲ မဟုတ်လား။ ဟုတ်တယ်။

ထို့ကြောင့် မိမိတို့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည် ဖော်နိုင်ရေးအတွက်၊ ဖမ်းဆီးခံထားရသော ခေါင်းဆောင်များအားလုံး အမြန်ပြန်လည် လွတ်မြောက်လာရေးသည် အထူးပင် အရေးတကြီးရှိလှသည် မဟုတ်လား။ ဟုတ်တယ်။
ဟုတ်ရင် ... ။ ယခုတိုက်ပွဲ မိမိတို့နိုင်လျှင် ... ။
ပထမအဆင့်- ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို အကောင်အထည် ဖော်နိုင်ကြပြီဆိုလျှင်၊ ဒုတိယအဆင့်- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေးတိုက်ပွဲကို ဆက်သွားဖို့၊ မိမိတို့ တံတားထိုးပြီးသား အဆင်သင့် ဖြစ်နေမည် မဟုတ်ပါသလော။

နိဂုံးချုပ်ပါမည်။
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဖမ်းဆီးခံထားရသူအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရေး နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် အကောင်အထည်ဖော်ရေး တို့သည် လက်ငင်းအရေးကြီးထိပ်တန်း
Day-1 ပြဿနာဖြစ်သည်။
Day-1 ပြဿနာဖြစ်သည်။
ယခုအချိန်မှာ Day-1 ပြဿနာကို အရင်ကိုင်တွယ်ဖြေရှင်းနိုင်အောင် မိမိတို့ အာရုံစိုက် ကြိုးပမ်းကြရမည်။ မလွဲမသွေလုပ်ကြရမည်။
Day-1 အောင်ပွဲခံလျှင်၊ Day-2 ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပစ်ဖို့ ဆက်လက်တိုက်ပွဲဝင်ကြမည်။
ဒီတစ်ခါ မအောင်မြင်စရာ ဘာအကြောင်းမှ မရှိ။
မိမိတို့မှာ စည်းလုံးမှုရှိသည်။
မိမိတို့မှာ ညီညွတ်မှုရှိသည်။
မိမိတို့မှာ တိုက်ရဲ၊ အောင်ပွဲခံရဲသော စိတ်ဓာတ်ရှိသည်။
မိမိတို့မှာ ဥာဏ်ပညာရှိသည်။
ယနေ့ ဆင်နွှဲနေသော တိုက်ပွဲသည် ရန်သူကို ထိပ်တိုက် ရင်မဆိုင်၊ ဥာဏ်နှင့်တိုက်သောတိုက်ပွဲ။
ဒါပဲဖြစ်သည် မဟုတ်လား။
အရေးတော်ပုံ အောင်ရမည်။ ။

(ဖေဖော်ဝါရီ ၁၁၊ ၂၀၂၁)