ကိုအောင်မှိုင်း - လူထုတိုက်ပွဲနဲ့ အနာဂတ်မြန်မာနိုင်ငံ

cartoon Beruma

ကိုအောင်မှိုင်း - လူထုတိုက်ပွဲနဲ့ အနာဂတ်မြန်မာနိုင်ငံ
(မိုးမခ) ဖေဖေါ်ဝါရီလ ၁၂၊ ၂၀၂၁
ကနေ့လူထုတိုက်ပွဲမှာ လက်ရှိအနေအထားအရ အားသားချက်ကြီးများစွာကို လူထုက ဆုတ်ကိုင်နိုင်လိုက်ပြီလို့ပြောလိုပါတယ်။
၁။ CDM လှုပ်ရှားမှုနဲ့ လူထုရဲ့လမ်းပေါ်ထွက်တိုက်ပွဲဝင်မှု ၂ခုကို အခိုင်အမာ ချိတ်ဆက်နိုင် ခဲ့တာတွေ့ရပါတယ်။ ဒီအတွက် ခန္ဓာကိုယ်ရဲ့လက်နှစ်ဖက်စလုံး ဟန် ချက်ညီ လှုပ်ရှားနိုင်ခဲ့ တယ်လို့ သုံးသပ်ရမှာဖြစ်ပါတယ်။ CDM လှုပ်ရှားမှုနဲ့ လူထုလှုပ်ရှားမှုဟာ အပြန်အလှန်အ ကျိူးပြုနေတာဖြစ်သလို အပြန်အလှန်ထိမ်း ကြောင်းနိုင်နေတာဟာ ဗျူဟာမြောက်အားသာချက်လို့ ကျနော်မြင်ပါတယ်။
၃။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချိူ့အပါအဝင် ရဲအရာရှိအချိူ့ရဲ့ လူထုနဲ့အတူ အာဏာသိမ်း စစ်အုပ်စုကို ဖီဆန်အံတုလာမှုဟာ အောင်မြင်မှုအတွက်ခြေလှမ်းသစ်တွေလို့ ကျနော်မြင်ပါတယ်။
၅။ ကနေ့ဗိုလ်မင်းအောင်လှိုင်အပေါ် စစ်တပ်ရဲ့ထောက်ခံမှုဆိုတာ အကန့်အသတ် ရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ ကိုယ်ကျိူးစီးပွါးအတွက် စစ်တပ်အာဏာသိမ်းတယ် ဆိုတာပေါ်လွင်လာတာနဲ့အမျှ စစ်တပ်အတွင်း စဉ်းစားတွေးခေါ်မှုပြဿနာကို အကြီးအကျယ်ရင် ဆိုင်ကြရမှာဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်အတွင်း အာဏာရှင်ဆန်ဆန်လုပ်ရပ်တွေနဲ့ လိမ်ညာမှုတွေဟာ ဂိတ်တခုအရောက်မှာ ပေါက်ကွဲထွက်သွားမှာပါ။
၃။ လူထုက မဲမသမာလို့ ဆန္ဒတွေပြကြတယ်လို့ ဗိုလ်မင်းအောင်လှိုင်ပြောပြန်ပါတယ်။ အဲဒီဆန္ဒပြတဲ့လူထု ဆိုတာ ဘယ်လိုလူထုတွေလဲ ဆိုတာ လူအများသိပြီးမို့ ပြောရတာ ရှင်းပါတယ်။ လက်ပါတ်နီခေတ်ကထဲက မွေးထားတဲ့ လူဆိုးလူမိုက်ကြေးစား ရာဇဝတ်သားတွေနဲ့ ပြည်သူလူထုကို ဗိုလ်မင်းအောင်လှိုင် ခွဲခွဲခြားခြားမသိနိုင်အောင် ဆင်ခြင်တုံ တရားချိူ့တဲ့ နေတာကိုတော့ အတော်စိတ်ပျက်ဘို့ကောင်းပါတယ်။ ခက်တာက စစ်တပ် မှာသူထက်တော်တဲ့လူ မရှိလို့ သူက ဆက်လုပ်နေရတာပါလို့လဲ ပြောပြန်တော့ ကနေ့ ဗမာ့တပ်မတော်ကြီးကတော့ ရှက်ဘို့အတော်ကောင်းတဲ့ အခြေအနေလို့ဘဲ ပြောရ တော့ မှာပါ။
နောက်တချက် အာဏာသိမ်းဖြစ်စဉ်က ပိုလို့တောင် ရုပ်ပျက်လှပါတယ်။ ဒုသမ္မတက သမ္မတကို အာဏာသိမ်းပြီး ကာလုံခေါ်တယ်ဆိုတော့ ၂၀ဝ၈ခြေဥ ချီးပုံးထဲ ရောက်ပြီပေါ့ ဗျာ။ ဘယ်ဥပဒေအရ ဒုသမ္မတက သမ္မတကိုဖြုတ်ချခဲ့တာလဲဆိုတာ ICJ အတွင်းရေးမှုး ကတောင် မေးခွန်း ထုတ်ယူရတဲ့အထိ ဥပဒေကြောင်းအရ မခိုင်လုံကြောင်း ကမ္ဘာကသိ နေခဲ့တာပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကတော့ ဗိုလ်မင်းအောင်လှိုင် လိမ်ပေါင်း များလို့ သူလိမ်လိုက်တာနဲ့ ချက်ခြင်းဆိုသလို သိလိုက်ပြီးဖြစ်ပါတယ်။
၂။CDM နဲ့ လူထုတိုက်ပွဲတွေရဲ့ တိုက်ပွဲဆက်တိုင်းမှာ ဖြစ်ပေါ်တိုးပွါးမှုဟာ မျော်မှန်းတာထက်များစွာ ခိုင်မာဖြစ်ထွန်းလာတာ တွေ့ရတာဖြစ်ပါတယ်။
၃။မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်အချိူ့အပါအဝင် ရဲအရာရှိအချိူ့ရဲ့ လူထုနဲ့အတူ အာဏာသိမ်း စစ်အုပ်စုကို ဖီဆန်အံတုလာမှုဟာ အောင်မြင်မှုအတွက်ခြေလှမ်းသစ်တွေလို့ ကျနော်မြင်ပါတယ်။
၄။ ၂၀၂၁ ဟာ အရေးတော်ပုံတခုဆီကို ရောက်ရှိသွားပါပြီ။ ဘယ်လိုနည်းနဲ့မှ ဖြိုခွဲလို့ မရနိုင်တော့ပါဘူး။ ပွင့်လင်းတဲ့ ကမ္ဘာလူ့အဖွဲ့အစည်းထဲမှာ စစ်အာဏာသိမ်းတယ် ဆိုတာ ကျောက်ခေတ်က အတွေးအခေါ်နဲ့ယဉ်ကျေးမှုအဖြစ် လူသားတရပ်လုံးက ရှု မြင်ကြလို့ဘဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုဆိုတာ စစ်အေးခေတ်ရဲ့ ဘေးထွက်ဆိုကျိူး ဆိုရင်မှားမယ်မထင်ပါ။ ဆိုလိုချင်တာက ကမ္ဘာမှာစစ်အာဏာသိမ်းတယ်ဆိုတဲ့ ဓလေ့ဆိုးကို စစ်အေးခေတ် နဲ့အတူ မြေမြုတ်သင်္ဂြုလ်ပစ်လိုက်ပြီလို့ ပြောလိုပါတယ်။
၅။ ကနေ့ဗိုလ်မင်းအောင်လှိုင်အပေါ် စစ်တပ်ရဲ့ထောက်ခံမှုဆိုတာ အကန့်အသတ် ရှိပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ ကိုယ်ကျိူးစီးပွါးအတွက် စစ်တပ်အာဏာသိမ်းတယ် ဆိုတာပေါ်လွင်လာတာနဲ့အမျှ စစ်တပ်အတွင်း စဉ်းစားတွေးခေါ်မှုပြဿနာကို အကြီးအကျယ်ရင် ဆိုင်ကြရမှာဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ စစ်တပ်အတွင်း အာဏာရှင်ဆန်ဆန်လုပ်ရပ်တွေနဲ့ လိမ်ညာမှုတွေဟာ ဂိတ်တခုအရောက်မှာ ပေါက်ကွဲထွက်သွားမှာပါ။
သေချာတာ က စစ်တပ်အာဏာသိမ်းလို့ အကျိူးအရှိနိုင်ဆုံးလူဟာ ဗိုလ်မင်းအောင်လှိုင်ပါဘဲ။ ကနေ့ဒေါ်လာကုဋေချီ ချမ်းသာနေတဲ့ ဗိုလ်မင်းအောင်လှိုင် အာဏာသိမ်းပြီ တနှစ်ပြည့်တဲ့အချိန်မှာ အခုထက် ဆယ်ဆ အဆတရာ ပိုချမ်းသာတာ ကလွဲပြီး အခြားမရှိနိုင်တာ သေချာလှပါတယ်။
တိုင်းပြည်ကတော့ စစ်အာဏာသိမ်းပြီး တနှစ်ကြာတဲ့အခါ အခုလက်ရှိအခြေအနေထက် အ ဆပေါင်း ၅၀ လောက် နောက်ဆုတ်သွားမှာ ဆိုတာလဲ သေချာတဲ့ကိစ္စဘဲဖြစ်ပါတယ်။
၆။ ကနေ့လူထုဆိုတာ လူမျိူးပေါင်းစုံပြည်သူလူထုကြီးဖြစ်ပါတယ်။ ဒီတိုက်ပွဲကို လူထုကြီး တိုက်နေတာ ၂၀ဝ၈ခြေဥကို အပြီးအပိုင် မောင်းထုတ်ကြဘို့ဆိုတာလဲ သေချာတဲ့အချက်ပါ ဘဲ။ ဗိုလ်မင်းအောင်လှိုင်ဟာ စီးပွါးရေးဗိုလ်ချူပ်ပီပီ လောဘအလွန်ကြီးပါတယ်။ ၂၀ဝ၈ ကို ကိုင်ပြီး အာဏာသိမ်းတယ်ဆိုတာမျိူး လုပ်ချင်တာပါ။ တကယ်က သူအာဏာသိမ်းတဲ့နေ့မှာဘဲ ကျနော့်အမြင်က ၂၀ဝ၈ခြေဥ ပျက်သွားခဲ့ပါပြီ။
အကြောင်းကတော့ စစ်အာဏာသိမ်းခဲ့တဲ့အကြောင်းပြချက်အဖြစ် ဗိုလ်မင်းအောင်လှိုင် ပြောတဲ့ အချက် ၃ ချက် ကတော့ လုံးဝမခိုင်မာသလို လိမ်ညာတာသက်သက် ဆိုတာ ပွင့်ကျ လာခဲ့ပါတယ်။ ဗိုလ်မင်းအောင်လှိုင်ရဲ့ မိန်းမလိုမိန်းမရ ပြောတတ်မှုတွေဟာ ကျနော် တို့ နိုင် ငံအတွက်တော့ အတော်စိတ်ပျက်စရာနဲ့ အကျိူးပျက်စေတဲ့ကိစ္စတွေပါဘဲ။
၁။ မဲစာရင်းအမှားကြောင့် အာဏာသိမ်းဘို့ စစ်ဥပဒေ၂၀ဝ၈မှာတောင် ခွင့်ပြုမထား ပါဘူး။
၂။ နိုင်ငံရေးပါတီတွေက စစ်တပ်ကို အာဏာသိမ်းစေချင်သလို ပြောပြန်တော့ အဲဒိနိုင်ငံရေးပါတီ ၃၄ ပါတီဆိုတာတွေဟာ ဘယ်လိုပါတီတွေဆိုတာ စစ်သားလေးတယောက် ရဲသား လေးတယောက် လယ်သမားအလုပ်သမားလေးတယောက် ဆိုက်ကားဆရာတယောက် လောက်ကို မေးကြည့်ရင်တောင် စစ်အုပ်စုပေးကမ်းထောက်ပံ့စာနဲ့ ရပ်တည်နေတာ ဆို တာ သိကြမှာဖြစ်ပါတယ်။ ဒီချာပါတီ အုပ်စု ၃၄ ပါတီပေါင်း ကို လူထုက ၃၃မဲ နေရာဘဲ ပေး တယ်ဆို တော့ တပါတီကို တယောက်တောင် မရတဲ့သဘောပါ။ ဗိုလ်မင်းအောင်လှိုင် ပြောတဲ့ နိုင်ငံရေးပါတီတွေဆိုတာ အဲလိုပါတီတွေပါ။ အများစုက မဲတမဲမှ မရတဲ့ ပါတီ တွေဖြစ်ပါတယ်။
၃။ လူထုက မဲမသမာလို့ ဆန္ဒတွေပြကြတယ်လို့ ဗိုလ်မင်းအောင်လှိုင်ပြောပြန်ပါတယ်။ အဲဒီဆန္ဒပြတဲ့လူထု ဆိုတာ ဘယ်လိုလူထုတွေလဲ ဆိုတာ လူအများသိပြီးမို့ ပြောရတာ ရှင်းပါတယ်။ လက်ပါတ်နီခေတ်ကထဲက မွေးထားတဲ့ လူဆိုးလူမိုက်ကြေးစား ရာဇဝတ်သားတွေနဲ့ ပြည်သူလူထုကို ဗိုလ်မင်းအောင်လှိုင် ခွဲခွဲခြားခြားမသိနိုင်အောင် ဆင်ခြင်တုံ တရားချိူ့တဲ့ နေတာကိုတော့ အတော်စိတ်ပျက်ဘို့ကောင်းပါတယ်။ ခက်တာက စစ်တပ် မှာသူထက်တော်တဲ့လူ မရှိလို့ သူက ဆက်လုပ်နေရတာပါလို့လဲ ပြောပြန်တော့ ကနေ့ ဗမာ့တပ်မတော်ကြီးကတော့ ရှက်ဘို့အတော်ကောင်းတဲ့ အခြေအနေလို့ဘဲ ပြောရ တော့ မှာပါ။
နောက်တချက် အာဏာသိမ်းဖြစ်စဉ်က ပိုလို့တောင် ရုပ်ပျက်လှပါတယ်။ ဒုသမ္မတက သမ္မတကို အာဏာသိမ်းပြီး ကာလုံခေါ်တယ်ဆိုတော့ ၂၀ဝ၈ခြေဥ ချီးပုံးထဲ ရောက်ပြီပေါ့ ဗျာ။ ဘယ်ဥပဒေအရ ဒုသမ္မတက သမ္မတကိုဖြုတ်ချခဲ့တာလဲဆိုတာ ICJ အတွင်းရေးမှုး ကတောင် မေးခွန်း ထုတ်ယူရတဲ့အထိ ဥပဒေကြောင်းအရ မခိုင်လုံကြောင်း ကမ္ဘာကသိ နေခဲ့တာပါ။ ကျနော်တို့ မြန်မာနိုင်ငံသားတွေကတော့ ဗိုလ်မင်းအောင်လှိုင် လိမ်ပေါင်း များလို့ သူလိမ်လိုက်တာနဲ့ ချက်ခြင်းဆိုသလို သိလိုက်ပြီးဖြစ်ပါတယ်။
၇။ ပြောရမယ်ဆိုရင် ကနေ့စစ်အာဏာသိမ်းအစိုးရအပေါ် လူထုကြီးတရပ်လုံးက ဆန့် ကျင် နေသလို နိုင်ငံတကာကလဲ ဆန့်ကျင်နေချိန်ဖြစ်ပါတယ်။ CDMလှုပ်ရှားမှု လူထုလှုပ်ရှားမှု နိုင်ငံတကာတိုင်းပြည်များစွာနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပါအဝင် ထောက်ခံမှုရနေတဲ့ စစ်အာဏာသိမ်းအစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ဖြစ်ပါတယ်။
တရုတ်လေယျာဉ် ၅စင်း ဗမာပြည်လေဆိပ်မှာ ဆင်းတာကအစ တရုတ် အစိုးရ ချက်ခြင်းသတင်းစာရှင်းလင်းပွဲလုပ် ဖြေရှင်းနေရတဲ့အချိန်ဖြစ်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်အတွက် အနာဂါတ်က ICJ တို့ ICC တို့လို ကမ္ဘာလုံးဆိုင်ရာ တရားရုံးတွေကလဲ အချက်အလက်တွေ ဆက်လက်စုဆောင်းနေသလို ကမ္ဘာ့ကုလသမဂ္ဂ ကလဲ အချက်အလက်ရှာဖွေရေးအဖွဲ့အနေနဲ့ အချက်အလက် ဆက်လက် စုဆောင်းနေချိန်ဖြစ်ပါတယ်။
ခက်တာက ကနေ့ကမ္ဘာ့နည်းပညာဖွံ့ဖြိူးမှုခေတ်ကြီးမှာ ၁၉၈၈ခုနှစ်အရေးအခင်း ကြီးကလို လိမ်ဘို့ ညာဘို့ ဖုံးကွယ်ဘို့နဲ့ မတရားတဲ့နည်းလမ်းတွေသုံးပြီး တိုင်းပြည်ကို ချောက်ထဲဆွဲချ ဘို့ဆိုတာ ခက်မယ်လို့ကျနော်တော့ ထင်တယ်။ ဆိုပါစို့ ၁၉၈၈ ခုနှစ် တုန်းက မဝင်းမော်ဦး ဆိုတဲ့ ကျောင်းသူလေး သေနတ်မှန် ကျဆုံးတယ်။ဘယ်သူပစ် လိုက်မှန်းမသိခဲ့ဘူး။ ကနေ့ မမြသွဲ့သွဲ့ခိုင်ဆိုတဲ့ အသက်၁၉ နှစ်ကျောင်းသူလေး ခေါင်းကို သေနတ်မှန်တယ်။ ပစ်လိုက်တဲ့ ရဲ အရာရှိအမည် နေရပ်လိပ်စာ မိသားစု အလုပ်အကိုင်နဲ့ သေနတ်အမျိူးအစားကအစ ချက် ခြင်းဖေါ်ထုတ်နိုင်တဲ့ အခြေအနေပါ။
ဗိုလ်မင်းအောင်လှိုင် ကနေ့လုပ်နေတာ ရာဇဝတ်မှု တွေဆိုတာ သူနောင်တရတဲ့ တနေ့မှာ သူရော သူ့မိသားစုရော သူ့အပေါင်းပါတွေပါ တရား ဥပဒေနဲ့ရင်ဆိုင်ရမှာ မလွဲဘူး ဆိုတာတော့ ပြောလိုက်ရတော့မှာပါ။ ကနေ့ ဗမာ့တပ်မတော် အနေနဲ့ ဗိုလ်မင်း အောင်လှိုင်တယောက်အတွက် တိုင်းပြည်ပျက်ရတော့မဲ့ အခြေအနေမျိူး ဖြစ်နေပြီ ဆို တာ နားလည်သိရှိသဘောပေါက်လာရင်တော့ ဗိုလ်မင်းအောင်လှိုင်နဲ့ တိုင်းပြည်ကို တခုခုတော့ရွေးရမဲ့အချိန်ရောက်လာလိမ့်မယ်လို့ ကျနော်တော့အခိုင်အမာယုံကြည်မိပါ တယ်။
လူထုကသာ အမှန်တရားဖြစ်ပြီး လူထုကသာ နောက်ဆုံးအောင်ပွဲခံလေ့ရှိတာကိုတော့ သမိုင်းကအထင်အရှား သက်သေပြပြီးဖြစ်ပါတယ်။
ကိုအောင်မှိုင်း
ဖေဖေါ်ဝါရီလ ၁၁ရက် ၂၀၂၁ခုနှစ်။
ဖေဖေါ်ဝါရီလ ၁၁ရက် ၂၀၂၁ခုနှစ်။