မောင်ဥက္ကလာ - သိမ်းတာကို ဝမ်းပန်းတသာ ကြိုဆိုတာပေါ့

(မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၂၁
အချိန်က အာဏာမသိမ်းမီ တစ်ရက်အလို၊ နေရာက နေပြည်တော်ဌာနေ တပ်နယ်မြေထဲက အလွန်ကျယ်ဝန်းလှသော ခြံကြီးထဲရှိ ကြီးမားလှသော တိုက်ကြီးတစ်တိုက်အတွင်း …
“အောင်ပြီကွ … အောင်ပြီ … အောင်ပြီ … ဟား ဟား ဘူး ထွား ထွား” အရူးလိုလို ခုန်ပေါက်ပြီး ပြေးထွက်လာတဲ့ ပုတတ်တတ် ပုကွကွ - ရှေ့လူကြီးတွေပြောတဲ့ စကားနဲ့ဆို ‘ခွေးပစ်တဲ့ တုတ်လောက်ရှိတဲ့’ ကလေးလိုလို လိပ်လိုလို (ကိုယ်ဘက်ကိုယ်ယက်တတ်သူ ဖြစ်လို့) တစ်ယောက်သူ၏ အော်ဟစ်သံကြောင့် ရွှေအိမ်စံ အိမ်သူအိမ်သားများ အလန့်ထညှက်ဖြစ်ကာ အိမ်နေရင်း စိန်တွေညွှတ်အောင် ဝတ်ထားသော မျက်နှာစူပုပ်ပုပ်နဲ့ အိမ်ကြီးရှင်မက “ကိုကြီးရယ် … အလန့်တကြား … ဘာတွေ အောင်တာလဲ … လင်းစမ်းပါအုံး … ဒီမှာတော့ ကိုကြီးရဲ့ ငှက်ဆိုးထိုးသံ … အဲ … ငှက်ကလေးလို အသံလေးကြောင့် ရင်ထိတ်မိလို့ပါ” လို့ ကနွဲ့ကလျ စနိုက်ကျော်မ လေသံနဲ့ မေးလိုက်တော့ …
“ဒီလိုကွာ ညလေးရ … ကိုကြီးတို့ နှစ်လချီ ရှာဖွေကြံဆနေတဲ့ ဖော်မြူလာအကွက်ကို ရရှိလို့ ဝမ်းသာပြီး ဟစ်ကြွေးမိတာပါ …”
“အို … ဟို.. ကိုကြီး ရှယ်ယာအများကြီး ထည့်ထားတဲ့ သတ်မတော် (မိန်းမဖြစ်သူမှာ တခါတလေ “တ” နဲ့ “သ” မကွဲ၊ မပီ) က ထုတ်လုပ်နေတဲ့ ကိုယ့်နိုင်ငံတားတွေကို ချေးမှုန်းသတ်ဖြတ်နိုင်တဲ့ လက်နက်ဆန်းတွေ ထုတ်လုပ်အောင်မြင်လို့လား … ဝမ်းတာလိုက်တာ … အဲဒီလက်နက်တွေကိုရောင်းပြီး နိုင်ငံတဝှမ်း ချေးမှုန်းလိုက်ရင် ညလေးတို့ ဒီထက်ပိုချမ်းသာမယ် မဟု့လား။”
“မဟုတ်ပါဘူးကွာ … အဲဒီထက်များစွာပိုတဲ့ အကွက်ကြီးကြီး ရလိုက်တာကွာ … ဘယ်လိုပြောရမှန်းတော့ စကားရှာမရဘူး … ကိုကြီး ပြောပြမယ် … ဂိ .. ဂိ …ဂိ” ပြောရင်ဆိုရင် ရုတ်တရက် မျက်ဖြူလန် ပါးစပ်မှ အမြုပ်တွေ ထွက်လာပြီး တွန့်လိမ်ကွေးကောက်သွားတဲ့ ကိုကြီးဖြစ်သူကို ပြူးပြူးပြဲပြဲကြည့်ပြီး …
“အိုမီဂေါ် … ကိုကြီးကလဲ အရေးဆို ဖြစ်ပြန်ပြီ … ဟဲ့ ကောင်မတွေ၊ ကောင်တွေ ဘာငေးကြည့်နေတာလဲ … ကိုကြီးကို ဆိုဖာပေါ်တင် လဲသိပ်ပေးပြီး၊ အဲကွန်းထပ်ဖွင့် … ပြီးတော့ ကိုကြီးတောက်တဲ့ ဆေးနဲ့ ရေတစ်ခွက် မြန်မြန်တွားယူစမ်း … နင်တို့တွေ လုပ်တာနဲ့ ကိုကြီး တေတော့မယ် … မြန်မြန်တွားကြ …” ခြေတုန်လက်တုန် ကောက်ညှင်းထုပ်လို့ ခန္ဓာကိုယ်ကို လှုပ်ခါရမ်းကာ အော်ဟစ်ပြောဆိုပြီး၊ သူကိုယ်တိုင် တဒုန်းဒုန်းတုန်ခါလာတဲ့ နှလုံး သက်သာဖို့ ဒေါ်လာထောင်ကျော်တန် ဂူချီလက်ကိုင်အိတ်ထဲမှ ဆေးဘူးလေးကို ထုတ်ကာ တစ်ချက်မော့သောက်လိုက်ပြီး “ကိုကြီးနယ် … ဒီလောက် ဆေးဝါးကောင်းတွေ တောက်နေတာတောင် … နေမြင့်လာရင် ရောဂါက ပြန်ပြန်ဖောက်တာ … ရုရှားတမားတော်တွေ၊ တရုတ်ဆရာဝန်တွေလည်း မနိုင်ဖြစ်နေတာ … စိတ်ညစ်ပါတယ် …” စိတ်ထဲမှာ တတွက်တွက် ပြောဆိုရင် မရှိတော့တဲ့ လည်းဂုတ်ကိုဆွဲဆန့်ပြီး တမော့မော့နဲ့ ဆေးသွားယူတွေကို မျှော်ငေးနေလေတယ်။
“နင်တို့တွေ တွားလိုက်တာ တမေ့တမော … ဒီမှာတော့ တေတော့မယ် … ကိုကြီး … ဒီမှာ ကိုကြီးတောက်တဲ့ဆေး … ဖြည်းဖြည်းတောက်လိုက် … ကိုကြီး တေလို့မဖြစ်ဘူး … တားတားတို့အတွက် ကန်တာယာဆေးရုံကြီး၊ ဆေးရုံခွဲတွေ ထပ်ဆောက်ဖို့ … အခြားဖုန်းကုမ္ပဏီတွေတိမ်း ပိတ်ပြီး … တားတားတို့ချုပ်ထားတဲ့ မိုင်တဲတစ်ခုထဲ ချုပ်တိမ်းဖို့၊ ဆဲဗန်ဆန့်၊ အိတ်ဆန့်၊ နိုင်ဆန့် အကုန်ဆန့် ရုပ်ရှင်ထုတ်လုပ်ရေးတွေ ထပ်တိုးချဲ့ဖို့ ကိုကြီး ရှိမှ၊ အာဏာမြဲနေမှ ဖြစ်မှာနော်… နော် …နော် … ကိုကြီး တေလို့မဖြစ်ဘူး တိလား…”
ဆေးသောက်ပြီး ပုံမှန်ပြန်ဖြစ်လာကာ “အေးပါကွာ … ညလေးကလဲ နမိတ်မရှိ နမာမရှိ … ကိုကြီး မသေပါဘူး … အခုက နေအရမ်းပူလို့ ရောဂါအခံကြောင့်ပါ … ပြီးတော့ ညလေးကို ပြောပြချင်ဇောများပြီး ဝမ်းသာလွန်လို့ စို့သွားတာပါ … စိတ်မပူနဲ့ … မတေတေဘူး … အဲ .. မသေနိုင်သေးဘူး … ”
“တိပါတယ် … ကိုကြီးက … အရပ်တာပုတာ … ဟိုဟာရှည်တယ်ဆိုတာ … အဲ .. ဉာဏ်နီဉာဏ်နက် ရှည်တယ်ဆိုတာကို ညလေး တိပါတယ်။ ကဲ … ရေတောက်ပြီးရင် ပြောပါအုံး … အကွက်ကြီးကြီးတွေ ရပြီဆိုတော့ အဘတန်းရွှေက ကျောက်ကွက်တွေ ထပ်ပေးလို့လား … ဒါမှမဟုတ် ကိုကြီးကိုယ်တိုင် အကွက်တွေ ထပ်တိမ်းလိုက်လို့လား .. မြန်မြန်ပြောပါ … ဒီမှာ စိတ်တွေလှုပ်ရှားပြီး … ဒီ ၂၀၂၁ မှာ လိုချင်တဲ့ စာရင်းထဲ မှတ်မလို့ အဆင်တင့် ဖြစ်နေပြီ … ရေတောက်ပြီးရင် ပြောတော့ … အဲ ခဏနေအုံးနော် … ဟဲ့ ကောင်တွေ ကောင်မတွေ ဘာငေးကြည့်နေပြန်ပြီလဲ … တွားတော့လေ … နင်တို့အလုပ် ဘာမှမရှိတော့ဘူး … ဝေးဝေးတွားကြ တွား တွား …”
“ဒီလိုကွ … ပြီးသွားတဲ့ ရွေးကောက်ပွဲမှာ ဟိုအုပ်စု နိုင်သွားတာကို ဆီလို့အပေါက်ရှာ ပယ်ဖျက်ပြီး အာဏာသိမ်းမလို့ နေ့မအိပ်ညမအိပ် အကွက်အကွင်း နေ့ရက်တွက် ရှာကြံနေတာ အခုတော့ ရေကန်အသင့်ကြာအသင့် စွပ်စွဲလုပ်ကြံ ပြောနေတာတွေနဲ့ ဗေဒင်ကိန်းဂဏန်းတွေအရ အချိန်သင့်ပြီမို့ … အဲဒါကို ပြောချင်ဇောနဲ့ အရမ်းပျော် ဝမ်းသာနေတာကွ …”
“အမ် … ကိုကြီးကလည်း … အဲဒါကြီးက မဖြစ်နိုင်တာ … ဟိုအုပ်စု အပြတ်အတတ်နိုင်တာ တနိုင်ငံလုံး ခလေးခွေးတောင် တိတယ် .. ကမ္ဘာကြီးလည်း တိတယ် … အဲဒါကြီးကို တွားကိုင်လို့ ကိုကြီးတို့ ပျားအုံတုတ်နဲ့ ထိုးတလို ဖြစ်တွားမှ ညလေးတို့ ဒုက္ခရောက်ပြီး … အခုပိုင်ထားတိမ်းထားတဲ့ အိမ်ခြံယာမြေကွက်တွေ လုပ်ကွက်တွေ ကုန်တွားမယ်နော် … ကိုကြီးရယ် .. ညလေး ရင်တွေတင်တွေတုန် စိတ်ပူလှတယ် …. မလုပ်ပါနဲ့ နော် … အခုရှိတလောက်လည်း ညလေးတို့ အချမ်းသာဆုံး စာရင်းထဲ ပါတယ်မဟုတ်လား … နော် နော် သွားမထိုးပါနဲ့ အတုပ်ခံရပြီး ဒုက္ခရောက်မှဖြစ် … ”
“ဟယ် … ဥုံဖွ လွဲပါစေ ဖယ်ပါစေ … အဲ့ဒီလို တွေးမပူပါနဲ့ ညလေးရယ် … ကိုကြီး ညစ်စုတ်ကလိမ်ကညစ် … အဲ ဉာဏ်များထက်မြက်မှုကို ညလေး ကောင်းကောင်းသိပါတယ်။ ဒီနေရာကို ဘယ်လိုကြံပြီး ရောက်လာ၊ လက်ရှိ ဆွေစဉ်မျိုးဆက်, သားစဉ်မြေးဆက် ဆယ်သက်စားမကုန်တာတွေ ကိုကြီးကြံဆ ရှာဖွေပေးခဲ့တာ တော်ရုံစကေးနဲ့ မရဘူးလေ … အခုက ကိုယ့်ဘက်က အပိုင်ကိုင်ထားပြီးပါပြီ … တစ်ချက် မီးစိမ်းပြလိုက်ရင် အားလုံး Go လို့ရပြီ … ဒီလို မလုပ်ဘဲ နောက် ငါးနှစ်စောင့်လိုက်ရင် ကိုကြီးတို့ နေရာပျောက် … တစ်သက်လုံး သိမ်းထားတာလေးတွေ ပြန်ပါသွားနိုင်တယ် … အခုတောင်ကြည့် အားလုံးက နီပြီးရင်နီ ဖြစ်နေကြတာ … လက်ဦးမှုရအောင် ထမိန်ခြုံ … အဲ … ခြုံခိုတိုက်မှ ဖြစ်တော့မှာ … ဘာမှ မစိုးရိမ်နဲ့ ညလေး ပိုင်ဆိုင်မှုတွေ တစ်ပြားတစ်စေ့ မလျော့ဘဲ .. ပိုတိုးစေရမယ် … ကိုကြီး ကတိကြီးကြီး ပေးရဲပါတယ် …”
“အဟင့် ဟင့် … အဲတာကြောင့် ကိုကြီး ချစ်ပြီးရင် ပိုချစ်တာ … ဒီတစ်ခါဆို ဒီရွှေအိမ်ကြီးကို စိန်တွေ၊ မြတွေ၊ ကျောက်စိမ်းတွေနဲ့ မိုးကာဆင်မြန်းပြီး ဘာမှမလုပ်ရဘဲ ကမ္ဘာ့အချမ်းဆုံး Fat Lady ဖြစ်မှာနော် … အားကြီး ဝမ်းသာတယ် … ကျေနပ်တယ် … အခု သွားတိမ်းလိုက်တော့ … ညလေး … ဝီဝီ ဆရာတော်ဘုရားနဲ့ တီတဂူ မင်းဆရာတော် တရားတွေနာပြီး ဆုတောင်းနေလိုက်မယ်နော် … ကိုကို အာဏာတိမ်းမှာကို ညလေးကတော့ ဝမ်းမြောက်ဝမ်းတာ ကြိုဆိုပါတယ် …”
“ညလေးကလဲ စိတ်မလျောပါနဲ့ ကိုကို တကယ်သိမ်းမှာပါ … ဒါကို ညလေးက ဒီညနေ ပိုကာဝိုင်းမှာ အခြားဗိုလ်ကတော်တွေကို ပြောမနေနဲ့အုံး … တော်ကြာနေ ဖွဘုတ်ပေါ်တင် ဖွလွှင့်နေလို့ ကိုကြီးအစီအစဉ်တွေ ပျက်သွားလိမ့်မယ် … အခုန ကိုကြီး ဝမ်းမြောက်ပြီး အော်ဟစ်အူမိတာက … အဲ … ဟစ်ကြွေးမိတာက … ဟို မင်းတရားကြီး တည်ထားတဲ့ ဥပ္ပါတသန္တိ စေတီတော်မှာ အဓိဌာန်ဝင်နေတဲ့ ဘိုးတော်ယတြာ တွက်ကိန်းအရ “တစ်နှစ်သုံး” ပစ်ဆိုတဲ့အတိုင်း မနက်ဖြန် တစ်ရက်၊ နှစ်လ၊ နှစ်ဆယ့်တစ်ပေါင်း (၁-၂-၂၁) သုံး မိုးသောက်အာရုံ သုံးလေးနာရီလောက်မှာ သိမ်းစရာရှိတာသိမ်းလိုက်ရင် အောင်ပြီတဲ့ … ဒါကြောင့် … ကိုကြီးက အောင်ပြီကွ … သုံးကြိမ်သုံးခါ ဟစ်ကြွေးပြီး အဓိဌာန်အခန်းထဲက ခုန်ပေါက်ထွက်လာတာပေါ့ … ဘယ်နဲ့ရှိစ … ငါးနှစ်ငါးမိုး ကြိုးစားခဲ့သမျှ သူကိုမော့ကြည့်နေရတဲ့ ဘဝက လွတ်ပြီကျွတ်ပြီ … ညလေးနဲ့ သားသားမီးမီး ဆွေမျိုးတွေလည်း ဘဝရှင်မင်းတရာကြီး သားသမီးမြေးမြစ်တွေလို သိမ်းချင်တာသိမ်း ယူချင်တာယူလို့ရပြီး … မနက်ဖြန် နေမွန်းတည့်ချိန်ဆို ညလေးဘဝ ပိုကြီးလာပြီမှတ်ပေတော့ …”
ပိုင်ဆိုင်မှုတွေ ပိုရတော့မယ် ကြားလိုက်တော့ မျက်လုံးတွေ တဝင်းဝင်းတောက်လောင်းလာသလို ခံစားရပြီး အရပ်ပုသလောက် ဉာဏ်များသော ကိုကြီးကို တစ်ချက်ကြည့်ပြီး ရုတ်တရက် နေမွန်းတည့်ချိန်ဆိုတာကို ဖြတ်ကနဲ ကြားလိုက်ပြီး စိတ်ထဲတီးတိုပြောမိတာက “မပြောကောင်းမဆိုကောင်း … ဟိုစကားလိုများ ဖြစ်နေမလား ဘာတဲ့ … ‘ဟိုကောင် ကောင်းစား တစ်မွန်းတည့်’ … မဖြစ်လောက်ပါဘူး … ကိုကြီးက ခြေတိုလက်တိုပေမယ့် ကျော်ခွဖြတ်စားတဲ့နေရာမှာ နှစ်ယောက်မရှိဘူးဆိုတော့ အားလုံးအိုကေမှာပါ…”
“ညလေး … ဘာတွေ ပွစိပွစိနဲ့ တွေးနေပြောနေတာလဲ … ကိုကြီး အဓိဌာန်ပြန်ဝင်လိုက်အုံးမယ် … ညလေး မသွားခင် … လက်ရှိသိမ်းထားပြီး စာရင်းတွေနဲ့ မနက်ဖြန်ကစပြီး သိမ်းချင်ရချင်တာတွေ စာရင်းပြုစုထားလိုက်အုံးနော် … သားနဲ့ချွေးမ၊ သမီးသမက်တို့လည်း တရုတ်ပြည်ကနေ အခြေအနေကို စောင့်ကြည့်ဖို့ ထွက်သွားကြပြီ မဟုတ်လား … အကွက်ချထားတဲ့အတိုင်း အားလုံးကွက်တိသွားတာနဲ့ သူတို့တွေလည်း စာချုပ်တွေချုပ်ပြီး ပြန်လာလိမ့်မယ် … ညလေးတို့ ကိုကြီးတို့ ဒီတစ်ခါမှ အကုန်လုံး မသိမ်းနိုင်ရင် နောက်ဘယ်တော့မှ ဒီအခွင့်အရေးမျိုး မရတော့ဘူး … ကဲ လုပ်စရာရှိတာလုပ် … ကိုကြီးလည်း ဂျွမ်းထိုးမှောက်ခုံ ဖြစ်နေတဲ့တိုင်းပြည် ပိုချွတ်ခြုံကျလေအောင် အောင်နိုင်ဖို့အရေး အဓိဌာန်ပြန်ဝင်လိုက်အုံးမယ် … မနက်မိုးလင်းမှ ပြန်တွေ့ကြစို့ … ဘိုင်ဘိုင် … မွမွ …”
“ကိုကြီးရေ ... အောင်ပါစေ … အောင်ပါစေ …ကိုကြီးတိမ်းမှာကို ဘယ်သူကြိုကြိုမကြိုကြို ညလေးကတော့ ဝမ်းမြောက်ဝမ်းတာ လက်ပံပွင့်တွေနဲ့ ကြိုနေပါမယ် … ကိုယ်တွေ ဆတိုးချမ်းတာဖို့အရေး ဝမ်းမတာပဲ နေပါ့မလား … အဟတ် အဟတ် … သိုင်းကူး ကိုကို … ဆီးယူ …”
ဒီမှာတင် ပြည်ဖုံးကား ဇောက်ထိုးကျွမ်းပြန်ကျ တစ်ခန်းရပ်၊ ရွှေပြည်တော် မျှော်တိုင်းဝေး Back to Square ဖြစ်ရပြန်လေတော့သည်။
စာကြွင်း -- ဒီနေ့ ကမ္ဘာတဝှမ်း ကိုဗစ်ကပ်ရောဂါဆိုးကြီးကြောင့် လူသန်းနဲ့ချီ တဖြုန်းဖြုန်း သေဆုံးနေချိန် လူသားစိတ်ရှိသော ကမ္ဘာ့ခေါင်းဆောင်ကြီးများက နေ့မအားညမအား ကပ်ရောဂါကြီး အမြစ်ပြတ်ကွယ်ပျောက်ရေး၊ လူသားများ ကျန်းမာရှင်သန်ရေးအတွက် ဆေးဝါးတွေ ကြိုးစားရှာဖွေထုတ်လုပ်နေချိန်၊ အံ့ဘနန်း ချမ်းသာကြွယ်ဝသော ရွှေပြည်နန်းစိုက် ဗမာ့စစ်ခေါင်းဆောင်ကြီးများမှာတော့ ရှေ့က သူတို့ ဆီနီယာ ဗိုလ်ချုပ်ကြီးများ (ဗိုလ်နေဝင်း ၂၆ နှစ်၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွှန့်၊ ဗိုလ်သိန်းစိန် နှစ် ၃၀) တည်ဆောက်ခဲ့သော “စစ်အုပ်စုချမ်းသာ ပြည်သူဆင်းရဲမွဲတေ” လမ်းစဉ်အတိုင်း အစဉ်တစိုက် ဖျက်ဆီးဖြိုဖျက်ခဲ့သော တိုင်းပြည်ကြီး အလုံးစုံ မပျက်စီးသေးတာကြောင့် သူတို့ခေတ်ရောက်မှ လုံးဝဥဿုံအကြွင်းမဲ့ မပျက်စီးနိုင်ပါက သူတို့ တာဝန်မကျေ၊ ညံ့ရာရောက်မှာကို အလွန်အမင် စိုးရိမ်ကြောင့်ကျ ဖြစ်နေတာကြောင့် အချိန်မီ ဖျက်ဆီးနိုင်ဖို့ ၂၀၂၁ နှစ်သစ်ဦးမှာ ခလောက်ဆန် သိမ်းယူလိုက်ခြင်း ဖြစ်ပေသည်။
မြန်မာပြည်သူပြည်သားများ စစ်အာဏာရူးများ လက်အောက်မှ အမြန်ဆုံး ပြန်လည်လွတ်မြောက်နိုင်ကြပါစေ။