Breaking News

ဇာနီကြီး - ဒေါ်အောင်ဆန်းစုကြည်အလွန်

Myanmar NOW photo - 2/15/2021


ဇာနီကြီး - ဒေါ်အောင်ဆန်းစုကြည်အလွန်

(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁

ဒီမိုကရေစီ အကောင်းမြင်ဝါဒီများက ပြောပြောနေတဲ့ ပြည်သူဗဟိုပြုသော အစိုးရစနစ်ကို အခု မြန်မာနိုင်ငံမှာ စတင်မြင်တွေ့လာပါပြီ။ မိုက်မဲ ယုတ်မာတဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးတစု က ပြည်သူတွေ မဲအပြတ်အသတ်နဲ့ ရွေးကောက်ထားတဲ့ ဒီချုပ်အစိုးရ ခေါင်းဆောင်အားလုံး ၃၀၀ ကျော် ကို ဖမ်းဆီးပြီး စစ်အာဏာသိမ်းထားတာ ၁၅ ရက်မြောက် ဖြစ်တယ်။

မိုက်သောအကြံများ

ပထမ မိုက်သောအကြံက စစ်တပ်အာဏာသိမ်းခြင်းပါ။ အံ့သြ၊ တုန်လှုပ်၊ နာကျည်းသွားတဲ့ ပြည်သူလူထုက ၅ ရက်လုံး ဘာလုပ်ရမှန်းမသိတဲ့ ပြည်သူတွေ တွေကို အင်တာနက် ဖြတ်တောက်ခြင်းက ဒုတိယ မိုက်မဲတဲ့ အကြံကို အကောင်ထည်ဖော်တဲ့ လုပ်ရပ်ပါ။

ဒုတိယမိုက်သောအကြံ

ဒီလို အင်တာနက်ဖြတ်တောက် မှ Gen Z ဆိုတဲ့ လူငယ်မျိုးဆက်သစ် အသက် ၁၃ နှစ်မှ အသက်၃၀ အရွယ် စုစုပေါင်း သန်း ၂၀ လူငယ်များ လမ်းမပေါ် ရောက်လာ ဆန္ဒပြလာတော့ ကြောက်အားလန့်အားနဲ့ အင်တာနက်ပြန်ဖွင့်ပေးလိုက်ပါတယ်။ နောက်တခါ အင်တာနက်ဖြတ်ရင် သူတို့အုပ်စု နိဂုံး ဖြစ်သွားပါပြီ။

ဂျင်နရေးရှင်းဇက် လို့ခေါ်တဲ့ မျိုးဆက်သစ်လူငယ် သန်း၂၀ အထဲမှာ ၂၀၂၀ ပထမဆုံးမဲပေးခွင့်ရသူ ၅သန်း ပါဝင်တယ်။ ခေါင်းဆောင်မှု ပျောက်ဆုံးသွားချိန်မှာ စုပေါင်းခေါင်းဆောင်စနစ် ရုတ်ချည်း ပေါက်ဖွားလာပါတယ်။ ကိုယ်ပျောက် ခေါင်ဆောင်တွေပါ။ သူတို့ဟာ လမ်းမပေါ် ထွက်မလာပဲ နည်းပညာနဲ့ နောက်တန်းက နေ ဆုံးဖြတ်ချက်များ အလွန်လျင်မြန်စွာ ပေးနေကြပါတယ်။

စစ်အာဏာသိမ်းများရဲ့ အထိနာဆုံး ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုပါ။ ပြည်တွင်းသုံးကျပ်ငွေ အားလုံးရဲ့ ၉၀% ကို ပြည်သူများနဲ့လုပ်ငန်းများမှာ လည်ပတ်စေပြီး အစိုရနဲ့ဘဏ်များမှာ ကျပ်ငွေ ၁၀% လောက်ပဲ Cash in Hand လက်ထဲ ထားစေပါတယ်။ နိုင်ငံတကာ ချေးငွေ၊ ထောက်ပံငွေများကို ဗဟိုဘဏ်မှာ မထားပဲ အမေရိကန်နိုင်ငံက ဘဏ်လိုပဲ စိတ်ချတဲ့ နေရာမှာ US$ သန်းတစ်ထောင် သိုမြည်းထားတယ်။ လိုမှ ထုတ်သုံးမဲ့ အရံငွေကြေးပါ။ ဒါကို စစ်အာဏာသိမ်းတစုနဲ့ ရခိုင် AA လို လူမျိုးကြီးဝါဒီများက သိပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်ပိုင်ငွေတွေ စုထားတယ်။ စစ်အာဏာသိမ်းခံရရင် ထွက်ပြေးမယ်လို့ တလွဲ ယုံကြည်ကြပါတယ်။

တတိယမိုက်သောအကြံ

စစ်တပ်က ၁၉၈၈ အရေးအခင်းလိုပဲ စစ်ထောက်လှမ်းရေးနဲ့ ထောင်တွေ ခါတယ်။ လူဆိုးတွေကို လွှတ်ပေးတယ်။ မီကွင်းပစ်၊အဆိပ်ခတ် လုပ်ရပ်တွေကို ပြည်သူကြားမှာ စတင်အကောင်ထည်ဖော်တယ်။ ပထမည 13.2.2021 မှာ ကားတွေနဲ့ ရပ်ကွက်တွေမှာ လူလိုက်ချပြီး ရပ်ကွကိုမီးရှိုဖို့ ကြိုးစားတာ ပြည်သူတွေ တညလုံးမအိပ်ပဲ ၂ရက်ဆက်တိုက် အောင်မြင်စွာ တားဆီးနိုင်တယ်။

CDM အစိုးရဝန်ထမ်းများ ဆန္ဒပြလမ်းပေါ်ထွက် ဆန္ဒပြခေါင်းဆောင်များကို နေခင်းနဲ့ ညပိုင်းတွေ လိုက်ဖမ်းတယ်။ အလုပ်အတင်းဆင်းစေတယ်။ စစ်သားတွေ ရဲအသွင်ပြောင်းပြီး အင်အားဖြည့်တယ်။ စစ်သားတွေ အရပ်ဝတ်နဲ့ ပြည်သူကြား ဝင်ရောက် ခြိမ်းခြောက်တယ်။ အတင်းဆွဲ ဖမ်းဆီးတယ်။

အခုထိ မအောင်မြင်ပါ။ သူတို့ဖမ်းဆွဲသွားသူများက Generation Z စူပါဘရိန်း ခေါင်းဆောင်များ မဟုတ်ပါ။ ဖမ်းဝရန်းထုတ်ခံပြီး ပြည်သူကို အားပေး၊အကြံပေးနေတဲ့ မင်းကိုနိုင် စတဲ့ ပြည်သူ့ခေါင်းဆောင်တွေကို ပြည်သူတွေက ရန်ကုန်မြို့ထဲမှာ ကာကွယ် ထားပါတယ်။

စတ္တုတ္ထ မိုက်သောအကြံ

ဘုရားဂေါပက နဲ့ ဘဏ်တွေက ကျပ်ငွေတွေကို လုယူနေခြင်းပါ။ လစာပေးဖို့ လို့ အကြောင်းပြပေမဲ့ စစ်အာဏာသိမ်းသူများ ကျပ်ငွေ ကုန်ခမ်းနေကြောင်း ထင်ရှားပါတယ်။

မိုက်သောအကြံများ ဆက်ပြီးလုပ်နေပါဦးမယ်။

အဓိကနဲ့သာမည

စစ်အာဏာသိမ်းဘက်သားများ - ကြောက်လို့၊ ​ဆွေမျိုးတော်လို့၊ ရာထူးလိုချင်လို့၊ ပိုင်ဆိုင်မှုများလို့ စသဖြင့် အကြောင်းအမျိုးမျိုးနဲ့ စစ်အာဏာသိမ်းတစု နောက်လိုက်များ ရှိပါတယ်။ သူတို့က သာမညပါ။

အဓိကတိုက်ရမှာက စစ်အာဏာသိမ်း မင်းအောင်လှိုင်နဲ့ မိသားစု၊ အမေရိကန်က ကြေငြာထားတဲ့ စစ်ခေါင်းဆောင် ၁၀ဦးနဲ့ မိသားစုဖြစ်တယ်။

NLD ကိုမုန်းတီးတဲ့ ဒီမိုဘက်သားများ ၂၀၂၀ ရွေးကောက်ပွဲမှာ မလှန်နိုင်အောင် ရှုံးနိုမ့်သွားကြတယ်။ တိုင်းရင်းသား သီးခြားလွတ်လပ်တဲ့ နိုင်ငံ ထူထောင်ချင်သူများကလည်း NLD ကို မုန်းလာကြတယ်။ အထူးသဖြင့် ဗမာလူမျိုးကြီးဝါဒီမုန်းတီးသူများက NLD နဲ့ မြန်မာစစ်တပ်အတူတူပဲ လို့ သတ်မှတ်ထားကြတယ်။ ရခိုင် AA (ရခိုင်လူမျိုးကြီးဝါဒီများ) က အထင်ရှားဆုံး တိုင်းရင်းသား လက်နက်ကိုင် ဖြစ်တယ်။ ရခိုင် AA ထောက်ခံသူများက NLD နဲ့ စစ်တပ် နှစ်ခုစလုံး မုန်းတီးပေမဲ့ မိမိကိုကျွေးမွေးထားတဲ့ ကျေးဇူးရှင် တရုပ်အစိုးရ ကိုအားကိုးပြီး စစ်အာဏာသိမ်းသူများဖက် ရပ်တည်လိုက်ပါပြီ။ တရုပ်အစိုးရ အားကိုးနဲ့ ရခိုင်နိုင်ငံတော် စိတ်ကူးနဲ့တည်ထောင်နေတဲ့ ရခိုင်လူမျိုးကြီးဝါဒီတွေ အတော်များပါတယ်။ အခုခေတ်ကာလမှ ဖက်ဒရယ်ပြည်နယ်ပဲ ဖြစ်နိုင်ပါတယ်။ ကမ္ဘာမှာ ဘယ်လူမျိုးမှ သီးခြားလွတ်လပ်နိုင်ငံမရတော့တဲ့ ခေတ်ကာလပါ။

အဓိက တရားခံကတော့
ဗမာလူမျိုးကြီးဝါဒကို ကျင့်သုံးနေဆဲ မြန်မာစစ်ခေါင်းဆောင်များ၊ အထူးသဖြင့် တပ်ချုပ်မင်းအောင်လှိုင်နဲ့ စစ်အာဏာသိမ်းလူတစု ဖြစ်တယ်။

လူမျိုးရေးနာကျည်းနေဆဲ တိုင်းရင်းသာလူမျိုးကြီးဝါဒီများလည်း အသိဉာဏ်တုန်းသွားပြီး ဂဠုန်ဦးစောလိုမျိုး ဗိုလ်ချုပ်အောင်ဆန်း သေရင် အဂ်လိပ်က သူကို နန်းရင်းဝန်ပြန်ခန့်မယ် လို့ ယုံကြည်နေသူ AA ခေါင်းဆောင်၊ မြန်မာစစ်တပ် တပ်ချုပ် မင်းအောင်လှိုင်.. အတူတူပဲ ဖြစ်ပါတယ်။

စစ်ရေးနဲ့ အမေရိကန်ကြိုးစားမှု ဒုတိယကမ္ဘာစစ်အပြီးထိ ဂျပန်၊ ဂျာမဏီ၊ တောင်ကိုးရီးယား နိုင်ငံတွေမှာအောင်မြင်ပေမဲ့ ဗီယက်နမ် နိုင်ငံမှာ မအောင်မြင်ပါ။ ၁၉၈၈ နောက်ပိုင်းမှာ ဂျပန်နဲ့ ဂျာမဏီ စီးပွားအရမ်းတိုးတက်လာပြီး စီးပွားရေးနဲ့ နယ်ချဲ့စနစ်ကျင့်သုံးလာပါတယ်။ အထင်ရှားဆုံးကတော့ တရုပ်နိုင်ငံ နဂါးကြီး တဖန်နိုးထလာပြီး ညံ့ဖျင်းတဲ့အာဏာရှင်နိုင်ငံများကို China Debt Trap ဆိုတဲ့ အကြွေးနဲ့ သိမ်းပိုက်ခြင်းစနစ်ကို တရုပ်ကုမဏီကြီးများနဲ့အစိုးရ CPP တို့ကျင့်သုံးတာ ဝက်ဝက်ကွဲ အောင်မြင်နေဆဲပါ။

နိဂုံး

ဒေါ်အောင်ဆန်းစုကြည်ကိုခန့်မှန်းရင် ရူးသွားမယ်လို့ ဝါရင့် NLD နာယကကြီး ဦးဝင်းတင်က ပြောခဲ့ပါတယ်။ တကယ် နိုင်ငံကို အသက်နဲ့လဲဖို့ အသင့်ရှိတဲ့ အာဇာနည်စိတ်ဓာတ်၊ အောင်ဆန်းသွေး၊ ခွပ်ဒေါင်းသွေး ခေါင်းဆောင်ကြီး ဖြစ်တယ်။

အခု ဒေါ်အောင်ဆန်းစုကြည်အလွန် ကာလရောက်နေပါပြီ။ စစ်အာဏာသိမ်းတစု အရေးနိုမ့်ပြီးချိန်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တရုပ်ခေါင်းဆောင်ကြီး တိန်ရှောင်ဖိန့် ကဲ့သို့ နိုင်ငံရေးက မှေးမှိန်သွားမှာပါ။ မျိုးဆက်သစ်ခေါင်းဆောင်များကို ၅နှစ်အုပ်ချုပ်ချိန် အမြောက်အများ ေမွးထုတ်ပြီးသွားပါပြီ။

CDM အလုပ်မသွားသူများကို အတင်းလိုက်ဖမ်းပြီး ပြည်သူတွေ တုံလှုပ်ခြောက်ခြားစေတဲ့ လုပ်ရပ်ဟာ ၂ညရှိပါပြီ။ ဒီနေ့ တနင်္လာနေ့ ပိုပြီး CDM ငြိမ်းချမ်းစွာ ဆန္ဒပြကြပါမယ်။

နိုင်ငံတကာ ကြီးမားစွာဖိအား ပေးခြင်းက စစ်အာဏာသိမ်းသူများ ၁၅ရက်ကြာချိန်အထိ အကြီးအကျယ်အထိနာလှပါတယ်။ စစ်ရေး အဖြစ် မြောက်ကိုးရီးယားထံမှ လက်နက်ဝယ်ခြင်း၊ IJC ICC လူမျိုးတုန်းသတ်ဖြတ်မှု ဖိအားကြီးစွာ ပေးထားပါတယ်။တရုပ်နဲ့ရုရှားလည်း ဝင်မကယ်နိုင်ပဲ ကြည့်နေရပါပြီ။

အရေးတော်ပုံ အောင်ရမည်။