ကိုအောင်မှိုင်း - လူထုတိုက်ပွဲ ဗျူဟာမြောက်လှုပ်ရှားခြင်းနဲ့ အောင်လံတော်

Photo - 15th Feb 2021, Khit Thit Media

ကိုအောင်မှိုင်း - လူထုတိုက်ပွဲ ဗျူဟာမြောက်လှုပ်ရှားခြင်းနဲ့ အောင်လံတော်
(မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၂၁
လူထုဟာ အောင်ပွဲကိုယုံကြည်လို့ တိုက်ပွဲဝင်နေတာဖြစ်တယ်။ ဒါကြောင့် အောင်လံ တော်ဟာ လူထုနဲ့အတူရှိနေတယ်ဆိုတာ လေးနက်တဲ့တိုက်ပွဲဝင်ယုံကြည်ချက်ဘဲ။
လူထုတိုက်ပွဲဟာ စ လည် ဆုံးဆိုတဲ့တိုက်ပွဲဖြစ်စဉ်ကြီးအတိုင်း သွားနေတယ်လို့ကျနော် ယူဆမိပါတယ်။ကနေ့ဆို ၁၃ရက်ကျော်သွားခဲ့ပါပြီ။ ကနဦးတိုက်ပွဲကို ကျနော်တို့ကျော်ဖြတ်ခဲ့ပြီးချိန်လို့ ပြောရမှာပါ။လူထုတိုက်ပွဲဟာ တနိုင်လုံးဆို သန်းနီးပါး အင်အားနဲ့ နေ့စဉ်တိုက်ပွဲ ဝင်နေကြတာပါ။ လုံလောက်တဲ့အင်အားဖြစ်ပါတယ်။နိုင်ငံတကာကလဲ အသိအမှတ်ပြုနေ သလို နိုင်ငံတကာစုဖွဲ ့မှုတွေကလဲ စစ်အာဏာသိမ်းအစိုးရကို ထိထိရောက်ရောက် ကန့် သတ်မှုတွေအတွက် ပြင်ဆင်ဖွဲ့ တည်နေချိန်ဖြစ်ပါတယ်။
ပထမဆုံးပြောချင်တာကတော့ စစ်တပ်အာဏာသိမ်းလို့ ကျနော်တို့တိုင်းပြည်အနာဂါတ် ဘာဖြစ်လာမှာလဲဆိုတာဖြစ်ပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာမှာလား။ ကျမ္မာရေးဝန် ဆောင်မှုတွေကောင်းလာမှာလား။ပညာရေးတွေ ကောင်းလာမှာလား။ လာဘ်ပေးလာဘ်ယူ တွေကင်းသွားမှာလာ။ အလုပ်သမားတွေ လယ်သမားတွေ ဆင်းရဲသူဆင်းရဲသားတွေထ္မင်း နပ်မှန်ကြတော့မှာလား။ ကုန်သည်ပွဲစား လုပ်ငန်းရှင်တွေ လွတ်လွတ်လပ်လပ် ထ္မင်းရှာစား ခွင့်ရတော့မှာလား။ နိုင်ငံသားအားလုံးအတွက် မဖြစ်မနေလိုအပ်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် စနစ်ကို စစ်တပ်ကတည်ဆောက်ပေးနိုင်မှာလားစတဲ့ မေးခွန်းပေါင်းများစွာကို လူထုက မေးခွန်းထုတ်နေကြတာပါ။ ဆန္ဒပြနေကြတာဟာ အင်မတန်လေးနက်တဲ့ နိုင်ငံသားအားလုံး ရဲ့လိုလားချက်ကြေးမုံပုံရိပ်တွေဖြစ်ပါတယ်။တစ်ကတော့ ဗိုလ်မင်းအောင်လှိုင်ကို လူထုက လုံးဝမယုံကြည်ကြတာဖြစ်ပါတယ်။လူဆိုးလူမိုက်တယောက်လို ဘာမဆိုလုပ်ရဲတယ် ဆို တာလောက်နဲ့တော့ တိုင်းပြည်အုပ်ချူပ်လို့မရနိုင်ဘူးဆိုတာ လူထုကခိုင်ခိုင်မာမာသိနေ ကြတာဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းခဲ့လို့ ကျနော်တို့တိုင်းပြည်ရေတိမ်နစ်ခဲ့ရတာကို တော့ လူထုကြီးက ဘယ်တော့မှမေ့ပစ်ကြမှာ မဟုတ်တာသေချာပါတယ်။
မြန်မာနိုင်ငံအတွင်း လူထုတိုက်ပွဲနဲ့အတူ စစ်အာဏာသိမ်းအစိုးရကို ကြောက်လန့်တကြား ဖြစ်သွားစေခဲ့တာကတော့ CDM လှုပ်ရှားမှုပါ။စစ်အုပ်စုရဲ ့ရင်ဝကိုတိုက်ရိုက်ထိုးနှက်လိုက် တဲ့ဆူးဖြစ်ပါတယ်။ဒီဆူးဟာ ရိုးရိုးဆူးမဟုတ်ပါဘူး။အဆိပ်ရှိတဲ့ဆူးပါ။ကျနော်ဆိုလိုတာက တတ်သိပညာရှင်တွေကိုယ်တိုင် ဦးဆောင်တဲ့စည်းစနစ်တကျ စိစဉ်ဆောင်ရွက်လိုက်နိုင် တဲ့လူထုတိုက်ပွဲရဲ ့လက်ဦးမှုပါ။ကနေ့ စစ်အုပ်စုကျိူးစားနေတဲ့ CDM လှုပ်ရှားမှုကို ရပ်တန့် သွားအောင် ဖမ်းဆီးနှိ်ပ်စက်တဲ့နည်းတွေ အနိုင်အထက်ပြုကျင့်တဲ့နည်းတွေ အတော်မတ ရားဥပဒေတွေထုတ်တဲ့နည်းတွေနဲ့ တားဆီးဘို့ဆိုတာ အတော်ခက်မှာဖြစ်ပါတယ်။ ဆိုလို တာက မြန်မာနိုင်ငံအစိုးရလက်အောက်မှာရှိတဲ့ ဝန်ကြီးဌာနကြီး ၃၆ ခု အနက် ကာကွယ် ရေးဝန်ကြိးဌာနကလွဲပြီး ကျန်ဝန်ကြီးဌာနတွေဟာ CDM လှုပ်ရှားမှုမှာ ဝန်ကြီးဌာနတခုလုံး နီးပါး၊တချိူ ့မှာ အနည်းအများပါဝင် ပါတ်သက်နေတာဖြစ်လို့ ၉၀% ကျော် ပါဝင်ပါတ်သက် နေတယ်လို့ တွက်ချက်နေကြတာလဲဖြစ်ပါတယ်။
ဒီအတွက် CMD လှုပ်ရှားမှုကို ချိမ်းခြောက်အကြပ်ကိုင်လေ ပိုဆိုးလေဖြစ်မယ်ဆိုတာ သေချာတဲ့လော့ဂျစ်ပါဘဲ။ဒါကြောင့် အာဏာသိမ်းအစိုးရအတွက် ရင်ဝမှာ အဆိပ်မြား ဆူးသွား ခဲ့ပါပြီ။ တံခါးပေါက်လောက်ကို သေနတ်ကိုင်ပြီးအပေါက်စောင့်သာသာ လုပ်တတ်တဲ့လူတွေ ကို CDM လှုပ်ရှားမှုထဲပါတဲ့လူတွေနေရာအစားထိုးမယ်ဆိုတော့ အတော်စဉ်းစားတွေးခေါ် မှု ချာတယ်လို့ဘဲ ပြောရတော့မယ်ထင်ပါတယ်။ပညာရှင်တွေအပေါ် သေနတ် လောက်တန် ဘိုးမထားတဲ့ စဉ်းစားမှုဆိုရင်မှားမယ်မထင်ပါ။စာတောင်ဖြောင့်အောင်မရေးတတ်တဲ့ သေ နတ်တပြပြနဲ့ စစ်ဗိုလ်တွေလုပ်နိုင်တာ ၂ခုဘဲရှိပါတယ်။ တခုက ခိုးတာပါ။ နောက်တခုက တိုင်းပြည်ဖျက်တာပါ။ဘယ်လိုလုပ် ကျွမ်းကျင်ပညာရှင်တွေ အလုပ်ကိုလုပ်နိုင်မှာလဲဗျာ။
ဒါကြောင့် ကျနော်အမြင်က CDM လှုပ်ရှားမှုဆိုတာ ဗျူဟာမြောက်လှုပ်ရှားမှု အားအင် အပြည့်အဝရှိတဲ့လှုပ်ရှားမှုတခုလို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို ကျနော်တို့ ရက်သတ္တပတ် ၂ပတ်နဲ့ ၃ပတ်လောက် ဆက်တောင့်ထားနိုင်လို့ကတော့ စစ်အုပ်စုတစု လုံး Paralysis သွက်ချာပါဒ လိုက်ဘို့ သေချာသွားပါပြီ။ ဒီအတွက်ကြောင့်လဲ ဗိုလ်မင်း အောင်လှိုင် မျက်ကလူးဆန်ပြာဖြစ်ပြီး ဖမ်းဟာ ဆီးဟာ ချိမ်းခြောက်ဟာတွေလုပ်နေတာ ဖြစ်ပါတယ်။ဗမာပြည်မှာ ဘဏ်လုပ်ငန်းပြိုလဲဘို့ အခြေအနေတွေဖြစ်နေပါတယ်။တကယ် လို့ ဘဏ်လုပ်ငန်းပြိုလဲပြီဆိုတာနဲ့ စစ်အုပ်စုပြေးရတော့မဲ့ကိန်းပါဘဲ။ တိုက်ပွဲဝင်လူထုနဲ့ အတူရဲတွေ စစ်သားတွေလမ်းပေါ်ရောက်ပြီပေါ့ဗျာ။မုန်တိုင်းကို လက်ဝါးနဲ့ကာသလိုဖြစ်မှာ ပါ။
စစ်အုပ်စုလက်ထဲမှာရှိနေတဲ့ အရံငွေဟာ အစိုးရတရပ်အဖြစ်ဆက်သွားနိုင်ဘို့ဆိုတာ အ တော် အခက်အခဲဖြစ်နေတဲ့အချိန်မှာ နိုင်ငံတကာ sanction တခုခုနဲ့ညိလိုက်လို့ကတော့ ပွဲဘဲပေါ့ဗျာ။လူထုအနေနဲ့ CDM မှာပါတဲ့ အောက်ခြေဝန်ထမ်းတွေကိုတော့ အတတ်နိုင်ဆုံး ကူညီပေးကြစေလိုပါတယ်။ နိုင်ငံတကာမှာလဲ ငွေတွေစုနေကြသလို ပြည်တွင်းမှာလဲ ငွေတွေစုဆောင်းပေးတာမျိူးတွေ တွေ့ရပါတယ်။ ကျနော်ဆိုလိုချင်တာက တဦးချင်းဖြစ်စေ ကူညီတာမျိူးတွေ လုပ်သင့်ပါတယ်။ ဒါမှ မြန်မြန်ပွဲသိမ်းခရာမှုတ်နိုင်မှာပါ။
ညာလက်မောင်းဖြစ်တဲ့ လူထုတိုက်ပွဲကို ကျနော်လေ့လာမိသလောက် တင်ပြလိုပါတယ်။ လူထုဟာသိန်းချီသန်းချီပြီး စစ်အုပ်စုကို ပြတ်ပြတ်သားသား တိုက်ပွဲဝင်ခဲ့တာပါ။ ပြောရမယ် ဆိုရင် လူငယ်ထုရဲ့ အံတုမှုလို့တောင် ပြောနိုင်ပါတယ်။ Generation Z လို့တောင် တင်စား ခေါ်ဆိုနိုင်တဲ့ လူငယ်တွေဖြစ်ပါတယ်။ ကနေ့လူငယ်တွေမှာ လူထုတိုက်ပွဲသင်ခန်းစာတွေကို အသေအချာလေ့လာထားကြတာ တိုက်ပွဲဂွင်မှာဖေါ်ပြလာနိုင်ကြတာတွေ့ရပါတယ်။ စစ်အုပ်စုအတွက် ထိန်းမနိုင်သိမ်းမနိုင်အခြေအနေ ဖြစ်နေတော့တာပါ။ ဒီအတွက်စစ်အုပ်စုလုပ်နိုင်တာက လူထုရဲ့လွတ်လပ်ခွင့်တွေကို အမိန့်တွေထုတ်ပြီးပိတ်ပင်တာတွေ မာဖီးယားဂိုဏ်း သားတွေလုပ်သလို ချိမ်းခြောက်အကြပ်ကိုင်တာတွေ နာမည်ကြီးပုဂ္ဂိုလ်တွေကိုပြန်ပေးဆွဲ တာတွေကို ညလူခြေတိတ်မှာလုပ်လာမှာ အသေအချာဘဲဖြစ်ပါတယ်။
နောက်ဆုံးလုပ်မှာကတော့ လူထုစိတ်ကိုဆွပေးပြီး ဒုစရိုက်လုပ်ငန်းတွေဖြစ်တဲ့ မီးရှို့တာတို့ အဆိပ်ခတ်တာတို့တွေကိုလုပ်ဘို့ ထောင်ကျတွေကို ပက်ပက်စက်စက် လွတ်ပေးခဲ့တာလဲ တွေ့ရမှာဖြစ်ပါတယ်။နိုင်ငံရေးသမားတွေကိုဖမ်း ထောင်ထဲထည့်ပြီး ရာဇဝတ်သားတွေကို ထောင်ကပြန်လွှတ်ပေးနေတယ် ဆိုတော့ စစ်အုပ်စုရဲ ့့လတ်တလောအခြေအနေကို ကျနော် တို့သုံးသပ်ကြည့်လို့ရတဲ့ အနေအထားပါ။ ဒါဟာဗိုလ်ခင်ညွန့်နဲ့စစ်ထောက်လှမ်းရေးသုံးခဲ့တဲ့ နည်းဟောင်းကြီးတခုထက် မပိုပါဘူး။ ဒီဂိတ်ဟာ စစ်အုပ်စုအတွက်နောက်ဆုံးဂိတ်လဲဖြစ်နိုင် ပါတယ်။ဗိုလ်ခင်ညွန့်တုန်းက နည်းပညာအရမဖွံ ့ဖြိုးတာရယ် ဒီလောက်အောက်တန်းကျ အောင် ပက်စက်လိမ့်မယ်လို့ လူထုကမထင်ခဲ့တာတွေကြောင့် လူထုအငိုက်မိခဲ့တာပါ။ စစ်ဗိုလ်ချူပ်တွေဆိုတဲ့စစ်အုပ်စုဟာ အဲဒီလောက်အောက်တန်းကျတဲ့ လုပ်ရပ်တွေအတွက် သမိုင်းဆိုးတွင်ခဲ့ရသလို ဗမာ့တပ်မတော်ဟာ ကမ္ဘာမှာ အင်မတန်နာမည်ဆိုးနဲ့ ကနေ့ထိအောင် ကျော်ကြားခဲ့ရတာလဲဖြစ်ပါတယ်။
လူထုအနေနဲ့ အကြမ်းမဖက်အောင် ထိမ်းလာနိုင်တဲ့အတွက် ဒီလိုလုပ်ရပ်တွေကို လုပ်နေတာ စစ်တပ်ကလွတ်လိုက်တဲ့စစ်သား တွေ ရဲတွေနဲ့ထောင်ထွက်တွေဆိုတာ ဖေါ်ထုတ်လာနိုင်တာတွေ ့ရပါတယ်။ နိုင်ငံတကာမှာလဲ ဒီအချက်အလက်တွေကို အခိုင်အမာမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါဟာဗိုလ်မင်းအောင် အတွက် ကမ္ဘာ့တရားရုံးမှာ နောက်တိုးပြစ်ချက်တွေဘဲဖြစ်မှာပါ။ လူထုကြီးအနေနဲ့အခုလို အကြမ်းမဖက်ဘဲ အကြမ်းဖက်မှုတွေကို ဖေါ်ထုတ်နိုင်အောင်ကြိုးစားတာမှန်ပါတယ်။ အကြံ ပေးလိုတာကတော့ ရပ်ကွက်လုံခြုံရေးတွေ မီးကင်းတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ်လုပ်ကြဘို့ အထူးလိုအပ်ပါတယ်။ ဒုတိယတချက်က အခုလိုအကြမ်းဖက်မှုတွေစစ်ဆေးရာမှာ ရှေ ့နေ တွေနဲ့ ဘုန်းတော်ကြီးများ ရပ်မိရပ်ဖများ လူငယ်ကိုယ်စားလှယ်တွေရှေ ့မှာ အသေအချာ စစ်ဆေးမှတ်တမ်းတွေ ရယူထားဘို့ လိုပါတယ်။ ဗီဒီယိုမှတ်တမ်းတွေပါ တင်ထားနိုင်ရင်ပို ကောင်းပါတယ်။
အရေးအကြီးဆုံးက အကြမ်းဖက်မှုကို စစ်အုပ်စုက ဖြစ်စေချင်နေတာကို အကြမ်းဖက်မှု လုပ်မယ်ဆိုရင် သူဖြစ်စေချင်တာ လုပ်သလိုဖြစ်သွားမှာပါ။ ဗိုလ်ခင်ညွန့်လက်ထက်က အခု လို လူတိုင်းမှာ ဓါတ်ပုံရိုက်နိုင်တဲ့ တယ်လီဖုန်းမရှိပါဘူး။ နိုင်ငံတကာရဲ ့စစ်အုပ်စုပေါ်ထားတဲ့ သဘောထားကလဲ အတော်ကွာပါတယ်။ နောက်တချက်က ဗိုလ်မင်းအောင်လှိုင်ဆိုတာ နိုင်ငံတကာတရားရုံးကအလိုရှိနေတဲ့ တရားခံတယောက်ဘဲဖြစ်ပါတယ်။ သူနဲ့ပါတ်သက်ပြီး နိုင်ငံတကာတရားရုံးတွေဖြစ်တဲ့ ICJ တို့ ICC တို့က အချက်အလက်စုဆောင်းရေးအဖွဲ ့ တွေဖွဲ ့ပြီး အချက်အလက်ရှာဖွေနေကြချိန်ဖြစ်တာပါဘဲ။ အခုဆို ရာဇဝတ်သားတွေလွှတ်ပြီး ရာဇဝတ်မှုတွေလုပ်နေတဲ့ကိစ္စတွေ နိုင်ငံခြားသတင်းစာတွေမှာ မျက်နှာဖုံးတွေအဖြစ်ပါ လာနေပြီဖြစ်ပါတယ်။အကောင်းဆုံးက နိုင်ငံခြားသတင်းစာတွေ နိုင်ငံခြားသံအမှုထမ်းတွေ ကို ဒီမှတ်တမ်းတွေပို့စေချင်ပါတယ်။ဒါကိုလူငယ်တွေဖြစ်တဲ့ Generation z တွေက တာဝန် ယူလုပ်နိုင်လိမ့်မယ်ထင်ပါတယ်။
နောက်လှုပ်ရှားမှုကတော့ နိုင်ငံတကာရောက်မြန်မာနိုင်ငံသားတွေရဲ ့ စစ်အာဏာရှင်စနစ် ကိုခါးခါးသီးသီး မုန်းတီးမှုတွေကလာတဲ့ လှုပ်ရှားမှုတွေဖြစ်ပါတယ်။ နိုင်ငံတကာရောက် လူမျိူးပေါင်းစုံ မြန်မာနိုင်ငံသားတွေရဲ ့ ကနေ့လှုပ်ရှားမှုတွေဟာ အားကောင်းလာတာ တွေ ့ရ ပါတယ်။အတွေ ့အကြုံမြောက်များစွာကို ကျော်ဖြတ်ခဲ့ကြတာကြောင့် သူတို့ရဲ ့လှုပ်ရှားမှု တွေဟာ နိုင်ငံတကာအစိုးရတွေကိုယ်တိုင် အသိအမှတ်ပြုလာရတာကိုတွေ ့နေကြရတာ ဖြစ်ပါတယ်။ ကျနော်ဆိုလိုချင်တာက မြန်မာနိုင်ငံရှိလူမျိူးပေါင်းစုံပြည်သူလူထုကြီးတရပ်လုံး ရဲ ့ ဒီမိုကရေစီနဲ ့ဖက်ဒရယ်စနစ်ကာကွယ်ရေးအတွက် အရေးကြီးတဲ့ဒေါက်တခုအဖြစ်ပါဝင် လာတာလဲ အားတက်ဖွယ်တွေ ့နေရပြန်ပါတယ်။
စစ်အာဏာသိမ်းအစိုးရဆန့်ကျင်တဲ့လှုပ်ရှားမှုဟာ ကနေ့အခြေအနေအရ ဒေါက်၃ခု နဲ့ စနစ်တကျသွားနေတာဖြစ်လို့ ကျနော့်အမြင်ကတော့ ဗျူဟာမြောက်လှုပ်ရှားမှုတွေလို့ ပြောရမယ်ထင်ပါတယ်။ လူထုတိုက်ပွဲဖြစ်လို့ အားနည်းတာတွေရှိပါတယ်။ ဒါပေမဲ့လူငယ်ထု ရဲ ့ကနေ့ဆောင်ရွက်မှုတွေဟာ အားနည်းချက်တွေကို အားသာချက်တွေအဖြစ် မြန်မြန် ဆန်ဆန် လှည့်ပြောင်းနိုင်နေတာတွေ ့နေရတာဟာ တိုက်ပွဲရဲ ့ဦးဆောင်မှုပါဘဲ။ဒါကြောင့် ဒီဝင်ရိုး ၃ခုဟာ ကနေ့လူထုလက်၃ချောင်းထောင်သလိုပါဘဲ။ တိုက်ပွဲရဲ ့ အောင်လံတော် အဖြစ် အောင်ပွဲရသည်အထိ လွင့်ထူနိုင်လိမ့်လို့ အကြွင်းမဲ့ယုံကြည်မိပါတယ်။
အကြံပြုခြင်း။
၁။ CDM တောင့်ထားပါ။တောင့်ထားနိုင်အောင် လူထုက အောက်ခြေဝန်ထမ်းတွေကို စည်း ရုံးပါ။ ကူညီပါ။ဌာနဆိုရာလူကြီးတွေအနေနဲ့ တတ်နိုင်ရင်အဖမ်းမခံကြပါနဲ့။ အဖမ်းခံရရင်လဲ လူထုသစ္စာကိုစောင့်သိပြီး တောင့်ခံထားပါ။ ဘဏ်ဝန်ထမ်းတွေ မဖြစ်ဖြစ်တဲ့နည်းနဲ့ အလုပ် မဆင်းကြပါနဲ့။ စစ်အုပ်စုသေချာပေါက် Paralysis သွက်ချာပါဒဖြစ်တော့မှာပါ။ ကာလလေး နဲနဲလောက် ဆက်တောင့်ဖြစ်အောင် တောင့်ထားကြပါ။ စစ်အုပ်စုကိုမမေ ျှာ်လင့်ပါနဲ့။ ကိုယ် တင်စစ်ကျွန်ဖြစ်မှာမဟုတ်ဘဲ သားသမီးတွေပါ စစ်ကျွန်ဖြစ်တာထက် မပိုပါဘူး။
၂။ လူထုတွေအနေနဲ့ မီးကင်း ရပ်ကွက်လုံခြုံရေးကင်းတွေထားပါ။ အကြမ်းဖက်မှုများ မီးရှို ့ မှုများဖြစ်လာရင် ရပ်ကွက်အလိုက် ဆရာတော်များ ရှေ ့နေများ ရပ်မိရပ်ဖများ လူငယ် ခေါင်းဆောင်များနဲ ့ အဖွဲ ့ဖွဲ ့ပြီး မှတ်တမ်းတင်ပါ။ ဗီဒီယိုမှတ်တမ်းတင်ပါ။ နိုင်ငံခြားသံရုံးများ နိုင်ငံခြားသတင်းစာတိုက်များကို ဆက်သွယ်ပါ။လူထုအနေနဲ့ ပြန်လည်အကြမ်းဖက်မှုမျိူးကို လုံးဝရှောင်ကျဉ်ပါ။ လူထုတိုက်ပွဲကို နည်းနာမျိူးစုံသုံးပြီး အရှိန်မြှင့်နိုင်သမ ျှမြှင့်ကြပါ။
၃။မြို ့နယ်တွေ တိုင်းရင်းသားဒေသတွေမှာ ရဲအင်အားနဲပါတယ်။ဖြစ်နိုင်ရင် စစ်အုပ်ချူပ်ရေး အမိန့်တွေကို အတတ်နိုင်ဆုံးလူထုအနေနဲ့ ဖီဆန်နိုင်အောင် ကျိူးစားပါ။ စစ်အုပ်ချူပ်ရေး အ ခြေမကျပါစေနဲ့။
၄။ ကျောင်းသားသမဂ္ဂများ အလုပ်သမားသမဂ္ဂများ လယ်သမားသမဂ္ဂများပူးပေါင်းပြီး လွတ်လပ်တဲ့သမဂ္ဂလှုပ်ရှားမှုတွေကို CDM လှုပ်ရှားမှုနဲ့ ဆက်စပ်ဆောင်ရွက်ပါ။
၅။နိုင်ငံတကာရောက် အင်အားစုတွေအနေနဲ့ CDM လှုပ်ရှားမှုတွေကို ငွေကြေးထောက်ပံ့ တာ၊ မှတ်တမ်းများထိမ်းသိမ်းတာ၊ နိုင်ငံခြားသတင်းစာများကို သတင်းများဖြန့်ဖြူးတာ၊ ရောက်ရှိတဲ့တိုင်းပြည်များက အစိုးရတွေကို မြန်မာပြည်ဖိအားပေးဘို့ တောင်းဆိုတာ၊စတာ တွေလုပ်နိုင်မယ်ထင်ပါတယ်။
၆။လွတ်တော်ကိုယ်စားပြုကော်မတီ CRPH အနေနဲ့ လှုပ်ရှားမှုများကိုအခုထက် မြန်မြန် ဆန်ဆန်ပိုလုပ်ဘို့လိုပါတယ်။ နိုင်ငံတကာအစိုးရသံရုံးများမှာ တရားဝင်အစိုးရဖြစ်ကြောင်း အကြောင်းကြားပါ။ လူထုအပေါ်ဖိနှိပ်မှုများလာတာနဲ့ လူထုတရပ်လုံး လူဖြစ်တည်မှုအပေါ် အကန့်အသတ်များစွာ ရှိလာနေပြီဖြစ်သည့်အပေါ် လူထုလုံခြုံရေးကိုကူညီဆောင်ရွက်ပေး ဘို့ ကုလသမဂ္ဂမှာ တောင်းဆိုပါ။ မကြောက်ပါနဲ့။ မစိုးရိမ်ပါနဲ့။ စစ်အုပ်စုအာဏာ တည်မြဲ လို့ကတော့ ဘယ်သူကိုမှ ညှာမှာမဟုတ်ကြောင်း သမိုင်းသင်ခန်းစာတွေအရ သိပြီးဖြစ် မှာပါ။
စစ်အာဏာကို တာဝန်အရ လူတိုင်းဖီဆန်ကြ။
အရေးတော်ပုံအောင်ရမည်။
ကိုအောင်မှိုင်း
(ဖေဖေါ်ဝါရီလ ၁၅ရက် ၂၀၂၁ခုနှစ်)