Breaking News

ခိုင်မာကျော်ဇော၊ သန်းတင့်၊ နေလင်းတို့၏ အရေးတော်ပုံ တိုက်ပွဲဝင် ကဗျာမျာ


Photo- Myanmar Now

ခိုင်မာကျော်ဇော၊ သန်းတင့်၊ နေလင်းတို့၏ အရေးတော်ပုံ
တိုက်ပွဲဝင် ကဗျာများ
(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁
-

" ကျမက CDM ပါ မောင်"
ခိုင်မာကျော်ဇော

ကျမက CDM ပါ မောင်
ဆန်အိုးထဲမှာ ဆန်မရှိတာ ကျမ သိတယ်
ဒါပေမယ့်
သမီးတို့ မနက်ဖြန်အတွက်
ကျမ ပြတ်သားမှ ရတော့မယ် မောင်။

ကျမ ခွေးရူးကိုက်တာ မခံနိုင်ဘူး မောင်
ကျမ ခွေးမောင်းဖို့ ထွက်ခဲ့တယ်။

မိုးပေါ်ထောင် မပစ်ဘူးဆိုတာ
ကျမ သိပါတယ်မောင်
သေပြီးတော့ဘဲ ကျမ ရှင်မယ်
ရှင်ပြီးတော့ ကျမ မသေချင်ဘူး မောင်။

ကျမ သေရမှာ ကြောက်ပါတယ် မောင်
ကျမ သေမှာထက်
ကျမသမီးလေးရဲ့ အနာဂတ်
အမှောင်ကျမှာကို ကျမ ပိုကြောက်တယ် မောင်။

ဒီပွဲမှာ သရေပွဲ မရှိဘူး မောင်
အရေးတော်ပုံ အောင်ရမယ်လို့
ကျမ ရဲရဲကြီး ယုံကြည်ထားပါတယ် မောင်။

မလိုက်ရဲရင် လက်တွဲဖြုတ်ခဲ့ပါ မောင်
သမီးလက်ကိုဆွဲပြီး
ကျမ CDM ဘဲ ဆင်နွဲမယ် မောင်။

( တိုက်ပွဲဝင် မိခင်များသို့ 🧡
....


သစ်တောက်ငှက်လေးတွေ
သန်းတင့်

 
သစ်တောက်ငှက်လေးတွေဆိုတာ
စိတ်ထဲရှိရာကို မကွယ်မဝှက်ထုတ်ပြောတတ်သူတွေ
ဖြစ်ပါတယ် ။
ခြေတော်တင်ခံရတဲ့ခေတ်မှာ
သူတို့ သားပေါက်ကြတာလို့ဆိုတယ် ။

ပြီးတော့
အရှက်ရစေတဲ့ကောင်းကင်မှာ
အပျံသင်ခဲ့ကြ ။
ပိုကောင်းတဲ့ကမ္ဘာလို့ အိပ်မက်ရင်း
လန့်နိုးလာရတဲ့ ညတွေမှာ 
သူတို့ ကြီးကောင်ဝင်ခဲ့ကြ ။

သစ်ခေါက်ထူထူကြီးတွေကို
သူတို့နှုတ်သီးနုနုလေးတွေနဲ့ ထိုးခွဲလိုက်ရာကပဲ
ဒီတော်လှန်ရေးကြီး စတင်ခဲ့ပါတယ် ။
တိတ်ဆိတ်တဲ့တောတန်း၌
အရိုင်းဂီတသည် ခမ်းနားကျယ်လောင်စွ ။
ဖေဖော်ဝါရီသည်
ကြယ်ရောင်ပြာပြာလမ်းကလေးသည်
မှီချင်နွဲ့ချင်ဖူးခဲ့သော ပခုံးဦးတို့သည်
ဗယ်လင်တိုင်းဒေး၏ ခွန်းချိုစကားတို့သည် ။
သစ်တောက်ငှက်လေးတွေအတွက်တော့
`ငါတို့သွေးနဲ့ရေးခဲ့ပြီ`ဖြစ်ခဲ့ရ ။
ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး ဖြစ်ခဲ့ရ 
တင့်ကားတွေရဲ့ 
အမိုက်အမှောင်မီးခိုးတွေ ဖြစ်ခဲ့ရ 
သူတစ်ချပ်ကိုယ်တစ်ချပ် ကိုင်မြှောက်ထားတဲ့
ကယ္ပါယူပါ 
ကတ္ထူစက္ကူပြားလေးတွေ ဖြစ်ခဲ့ရ ။

သူတို့လေးတွေအဖို့ရာ
တစ်ယောက်တစ်ဝက် ဝေမျှစားနေရတဲ့
ကြာဇံကြော်ထုပ်လေး ဖြစ်ခဲ့ရ ။
ကျည်ဆံဖောက်ဝင်သွားတဲ့
ဆိုင်ကယ်ဦးထုပ်ပြာလေး ဖြစ်ခဲ့ရ ။

သံပုံးခေါက်သံတွေ ဖြစ်ခဲ့ရ 
ဒုတ်တွေဓားတွေနဲ့ ပြေးလွှားကာကွယ်နေရတဲ့
ရှစ်နာရီသတင်းတွေ ဖြစ်ခဲ့ရ 
ဂျိုးဘိုင်ဒင်ရဲ့ ပို့စ်အောက်က
သဒ္ဒါမမှန်တဲ့ အဂ်လိပ်လိုရေးထားတဲ့
ကြန့်မန့်လေး ျဖစ္ခဲ့ရ ။
သစ်တောက်ငှက်လေးတွေက
ရွံရှာဖွယ် သေနတ်သမားအိုကြီးကို
ဟေ့ လူပ်က္တဲ့ ။

ဟေ့ ဟိတ်ဟန်ထုတ်တတ်သူ တဲ့
ဟေ့ သေပင်ရှင်ပင်ကိုတောင်မခွဲခြားတတ်တဲ့
လယ္ကူလီ တဲ့ ။
အာဏာရှင်ဟာ
သူတို့လေးတွေရဲ့ ငေါက်ငမ်းသံအောက်မှာ
ညှိုးချုံးသိမ်ငယ်စွာ ။
သစ်တောက်ငှက်လေးတွေက ပြောပါသေးတယ် ။
မျက်ရည်ဟောင်းကို စွန့်ပစ်ဖို့ရာ
နောက်တစ်ကြိမ်ထပ်ငိုရန်အခွင့်သာ
ငါတို့မွာရွိသတဲ့ ။
အကိုင်းအခက်တွေ လှုပ်ယိမ်းသွားတဲ့အထိ 
သူတို့နဲ့အတူ ကျွန်တော်လည်း
ဆက်ငိုနေမိပါတယ် ။

ကျွန်တော်ဆိုတာကလည်း
ညရေးညတာ မျက်ရည်လွယ်တတ်သူပါ ။
သူတို့ရဲ့ဘာသာစကားကို တစ်ဆင့်ပြန်ပြောပြနိုင်သူ 
သူတို့ တတောက်တောက် ခေါက်ဖို့ရာ
ရင်ဘတ်ဖွင့်ထားသူ
ဝက်သစ်ချပင်ပေါ့ ။
ဒီ ဝက်သစ်ချပင်ကိုပဲ တချို့ကလည်း
ကဗျာဆရာလို့ 
ဇွတ်တရွတ်ခေါ်ဆိုကြပြန်တယ် ။
( Z - မျိုးဆက်သို့ )
...

ဘုရင်ထင်နေတဲ့ကောင်
နေလင်း


ငါ့အဘိုးမွေးထားတဲ့အကောင်ပဲ
အခုတော့
မိုင်းထောင်တတ်ပြီဆိုလား
မိုင်းရှာတတ်ပြီဆိုလား

ငါ့
အမေကို
ကိုက်လိုက်တဲ့အကောင်ပဲ
အခုတောင်ကောင်စီဆိုလား

မင်းဆိုနဲ့အသုံး စကားနဲ့
ငါဆိုတဲ့အသုံး စကားတောင်မဟုတ်ဘူး
တစ်ခု(ပစ္စည်း)
တစ်ကောင်(တိရစ္ဆာန်)
တစ်ယောက်(လူ)
တစ်လုံး(ခွက်)
ကောင်စီ(ဘာကောင်တွေစီပါသလဲ)


ကြာသာပတေးသားရဲ့
အကုသိုလ်တရားနောက်ကို
သေနတ်ကချို့လိုက်သွားကြသတဲ့

ကျွေးတဲ့လက်ကိုပြန်ကိုက်တဲ့
အဲ့စစ်ခွေးဟာ
အခုတော့
ခြ​င်္သေ့ထိုင် ထိုင်လို့........

ရမလား
ဘယ်လိုအရေခြုံခြုံ
အာဏာရှင်တိုင်းရဲ့ပါတော်မူပုံဟာ
ဇာတ်သိမ်းလှရိုးမရှိကြပါဘူး။ ။ ။
...