Breaking News

သုထက်ညွန့် - ကျွန်ပ်မှ စွဲချက်တင်လိုက်သည်



သုထက်ညွန့် - ကျွန်ပ်မှ စွဲချက်တင်လိုက်သည်

(မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၂၁ 

မင်းအောင်လှိုင်နှင့်အပေါင်းပါ ‘အာဏာလု’ စစ်အုပ်စုအား “နိုင်ငံတော်ပုန်ကန်သူများ” အဖြစ်အာဏာလုယူခဲ့ သည့်၁.၂.၂၁ခုနှစ်မှစ၍ စွဲချင်တင်လိုက် သည်။

၁။ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ ပြည်သူလူထု၏ဆန္ဒအရ မဲပေးရွေးချယ်ခဲ့သော ပါတီတရပ်အား မိမိတာဝန် နှင့်မဆိုင်ပဲ ‘မဲမသာမှု’ဟူသောအကြောင်းပြချက်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့(စစ်တပ်)အား အသုံးချကာ ဖေဖေါ်ဝါရီ(၁) ရက်နေ့တွင် မင်းအောင်လှိုင်(ကာကွယ်ရေးဦးစီးချုပ်ဟောင်း)မှ ဥပဒေမဲ့ အာဏာသိမ်းယူခဲ့ခြင်း။

၂။ ၂၀၂၀နိုင်ဝင်ဘာ၈ ရက်နေ့တွင်တနိုင်ငံလုံးရွေးချယ်တင်မြှောက်ပွဲကိုကျင်းပခဲ့ပါသည်။ယင်းရွေးချယ်တင်မြှောက် ပွဲတွင်‘အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်’မှ လွှတ်တော်နှစ်ရပ်ပေါင်း ကိုယ်စားလှယ်ဦးရေ(၃၉၆)ဖြင့် အနိုင်ရရှိခဲ့ပါ သည်။ ဤသည်ကို လျစ်လျူပြု၍ မင်းအောင်လှိုင်နှင့်အပေါင်းပါစစ်တပ်အရာရှိအချို့မှ အာဏာကိုလက်နက်အား ကိုးဖြင့် အနိုင်ကျင့်လုယူခြင်းဖြစ်ခဲ့ပါသည်။

၃။ မင်းအောင်လှိုင်(ကာ/ချုပ်)နှင့်အပေါင်းပါများဟုဆိုရာတွင် လက်နက်ကိုင်အဖွဲ့အစည်းအချို့သာမက ပါတီ အ ဖွဲ့အစည်းအချို့နှင့် မင်းအောင်လှိုင်ဖွဲ့စည်းပေးသော တရားမဝင်အဖွဲ့တွင်ပါဝင်သည့် လူပုဂ္ဂိုလ်များအားလုံးကို ရည်ညွှန်းခြင်း ဖြစ်ပါသည်။

၄။ ထိုသို့ အာဏာကိုလုယူယုံမျှမက မင်းအောင်လှိုင်(ကာ/ချုပ်)နှင့်အပေါင်းပါတို့သည် လူဆိုးလူမိုက်တို့အားငွေ ကြေးတစုံတရာပေး၍ တည်ငြိမ်အေးချမ်းစွာနေထိုင်ကြသောပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ထိတ်လန့် အောင် ပြုမူခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

၅။ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ ရာဇသတ်ကြီး ပုဒ်မ ၁၂၂(၁)အရ ‘နိုင်ငံတော် သစ္စာဖေါက်ဖျက်ပုန်ကန်မှု’ ဖြင့် မင်းအောင်လှိုင်(ကာ/ချုပ်-ဟောင်း)နှင့်ပါဝင်ပတ်သက်ခဲ့သည့် တပ်မတော်မှတာဝန်ရှိသူများအား ကျွန်ပ်မှ စွဲချက် တင်လိုက်သည်။

၆။ထို့အပြင် ဥပဒေမဲ့ပြုကျင့်အာဏာသိမ်းရာတွင် အထောက်အကူပြုခဲ့ကြသည့် နိုင်ငံရေးပါတီများ၊အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များအားလည်း ရာဇသတ်ကြီး ပုဒ်မ(၁၂၃)အရ‘နိုင်ငံတော် သစ္စာဖေါက်ဖျက်ပုန်ကန်ရာတွင် ကျူး လွန်သူဖြစ်ကြောင်းသိလျက် အားပေးခြင်း၊လက်ခံ သူများအဖြစ် စွဲချက်တင်လိုက်သည်။

အထက်ပါအကြောင်းချက်များကြောင့် လက်နက်အားကိုးဖြင့် ခြိမ်းခြောက်၍အာဏာလုယူခဲ့သော မင်းအောင် လှိုင်(ကာ/ချုပ်)နှင့် အပေါင်းပါများအား နိုင်ငံတော်ပုန်ကန်သူများအဖြစ် စွဲချက်တင်လိုက်။

“အာဏာလုစစ်သူပုန်အဖွဲ့၏ အမိန့်မှန်သမျှ တာဝန်အရ အာဏာဖီဆန်ကြလော့”။