ဆောင်းယွန်းလ - "အမှောင်ကနက်လွန်းနေတယ်"
ဆောင်းယွန်းလ - "အမှောင်ကနက်လွန်းနေတယ်"
(မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၂၁
သတင်းမရှိတော့
အမှောင်ချခံထားရသလိုဖြစ်ပြီး
သတင်းကြည့်တော့လည်း အမှောင်ကျနေသလိုမျိုးဘဲ
မြန်မာပြည်မှာက ခွေးသူခိုးတွေအာဏာသိမ်းပြီး
ရုရှားက ဘလာဒီမာပူတင်ကိုဆန္ဒပြပွဲမှာ
အပြစ်မဲ့ပြည်သူတွေကို စစ်ခွေးတွေဆွဲနေတယ်
ဒီကနေ့ အမေရိကားဟာလည်း
နှင်းမုန်တိုင်းထဲမှာ အလူးအလဲဘဲ
ဘာကိုမှ ပြူးပြဲမကြည့်ချင်တော့လို့
ဂူဂဲလ် တံခါးကိုပိတ်ပြီး
တီဗွီဖန်သားပြင်ကိုပိတ်ဖို့ စက်ခလုပ်ကိုနှိပ်မိပေမယ့်
မိုဘိုင်းဖုန်းပေါ်မှာ အသံတွေကအဆက်မပြတ်
ဒီတစ်ညဟာ
အရင်ညတွေထက် အမှောင်ပိုပြီးနက်နေတယ်
အကျဉ်းစခန်းမှာ
အလင်းတန်းဟာ ဘယ်တုန်းကမှမရှိခဲ့ဖူးဘူး
ချီးဘီးကြီး
တစ်ပတ်လည်နေပြန်ပေါ့။
ဆောင်းယွန်းလ