Breaking News

ခွင့်လွှတ်တော်မူပါ ညီတော်မောင်

ခွင့်လွှတ်တော်မူပါ ညီတော်မောင်
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၂၁

ဗာရာဏသီ 747 လေယာဉ်ပေါ်မှာဖြစ်သည်
ပထမလေယာဉ်မှူး ဘရွှေက
ဒု/လေယာဉ်မှူး ဘပြောင်ကို တာဝန်လွှဲကာ လေယာဉ်ပေါ်မှ အပမ်းဖြေကမ်းခြေပေါ်သို့ အသာအယာ ခုန်ဆင်းသွားသည်။
ဒု/လေယာဉ်မှူး ဘပြောင်က
တ/လေယာဉ်မှူး သာဝကို တာဝန်လွှဲပြီး လေယာဉ်ပေါ်မှ သဲသောင်ပေါ်သို့ ခုန်ချသွားသည်။
တ/လေယာဉ်မှူး သာဝက လေယာဉ်မှူး ထိုင်ခုံပေါ်ထိုင်မိသောအခါ မှ လေယာဉ်သည် ဇောက်ထိုးဆင်းနေမှန်သိတော့သည်။
ထိုအခါ သာဝက မည်သို့ဆောင်ရွက်ရမည်ကို ဘပြောင် ထံမှ အကြံတောင်းသည်။
ဘပြောင်က လေယာဉ်ပေါ်မှ ချက်ချင်းခုန်ချရန် အကြံပြုသည်။
သာဝ။။ ။ ဟုတ် အခုချက်ချင်း ခုန်ချပါမယ်၊ လေထီးဘယ်မှာထားပါသလဲခင်ဗျာ
ဘပြောင်။။ ။ ညီတော်မောင်အတွက် လေထီး ချန်မထားနိုင်တာကိုတော့ ခွင့်လွှတ်ပါ ညီတော်မောင်

သားကြီးမောင်ဇေယျ

(၅၊ ၂၊ ၂၀၂၁)