Breaking News

စိုးလူမောင် - မြေမှာ ပွင့် ပန်း နှလုံးသားလမ်း


မြေမှာ ပွင့် ပန်း နှလုံးသားလမ်း
စိုးလူမောင် 
(မိုးမခ) မတ် ၂၆၊ ၂၀၂၁

* တန်ဖိုးမြင့်ပစ္စည်းလေးမျိုးဟာ
  စစ်ဖိနပ်သံ ကလိမ်ကကျစ်အူသံတွေကြား
  ပြားဝပ်ခတွားဆင်ခြင်တုံမှီခိုခြင်းမျိုးမရှိခဲ့။

* အမှန်တရားနဲ့လွတ်လပ်မှု
  တရားမျှတခြင်းနဲ့ငြိမ်းချမ်းရေး
  ဝေးသထက်ကွာဝေး
  နေရေးထိုင်ရေး၊ စား​ရေးသောက်ရေး
  နှစ်ခြိုက်စွာအိပ်ပျော်ဝင်ရေ
  ငါတိုတွေ လူသားတွေမှဟုတ်ပါစ ။

* ကြည့်စမ်းလေ
  လက်ဝါးကပ်တိုင်လား ကြိုးစင်လား
  မီးပုံလား
  ပြန့်ကားပြာမှုံရင့်ရင့်ကြား
  တဦးလား တယောက်လား
  တဦးပြီးတဦး တယောက်ပြီးတယောက်
  ဒီ မျက်စေ့ရှေ့မှောက်
  ဒါထက်ပိုစွန့်လွှတ်ဖို့ဘာအရာများရှိကြသေးလဲ။

* မေးရိုးကြိတ်ထားတဲ့မနက်ဖြန်
  ဓား၊ ဓားသွားလက်နက် တလက်လက်
  ရန်သူ့လက်နက် ကိုယ့်လက်နက်ဟေ့
  ထွက်ခဲ့ တက်ခဲ့ကြ
  ညီညွတ်ကြ ဆန့်ကျင်ကြ
  ရှေ့ဆီ  အောင်ပွဲလမ်းဟေ့
  နှလုံးသားပန်း နီသထက်နီမြန်းပွင့်စေ
  တော်လှန်ပန်းတို့ တဝေဝေ  ။    ။