Breaking News

မိုးမခ - မတ် ၂၁ ကမ္ဘာကဗျာနေ့မြန်မာကဗျာများ (နေစိမ့်၊ ရင်​နီ)

မတ် ၂၁ ကမ္ဘာကဗျာနေ့မြန်မာကဗျာများ 
(မိုးမခ) မတ် ၂၃၊ ၂၀၂၁
....
ဘယ်လိုကဗျာ ရေးရမလဲ
နေစိမ့်

စကားလုံးတွေ ရှာမရတော့ဘူး
ဘယ်လိုကဗျာ ရေးရမလဲ

စကားလုံးတွေ ကြွေးကြော်သံထဲ ပြေးလွှား
စကားလုံးတွေ အခိုးအငွေ့ထဲ အသက်ရှူကြပ်
စကားလုံးတွေ သွေးစက်ထဲ စေးကပ်
စကားလုံးတွေ လမ်းမပေါ် ကစင့်ကလျား
စကားလုံးတွေ  ကျည်ဆန်ထဲ ရှောင်တိမ်း
စကားလုံးတွေ ဗုံးခိုကျင်းထဲ မဆန့်မပြဲ
အရေးတော်ပုံရဲ့ ဆီဦးထောပတ်ထဲ
စကားလုံးတွေ
သတ်ပုံမှန်အောင် ပျော်ဝင်နေရ ...။ ။ 

...

ခွင်​့တူညီမျှ
ရင်​နီ

တရားမျှတမှုဆိုတာ 
အ​မှောင်​မှာ ရှာမရတဲ့အရာ
ဘာသာတရားအသစ်​မဟုတ်​
အ​ကြောက်​တရား​အောက်​မှာ ​ပုံးခို
​ခေါင်​းငုံ့​နေလိုသူ​တွေ
မမြည်​းစမ်​းဖူးတဲ့ အရသာ။
လွတ်​လပ်​ခြင်​းဆိုတာ
က​လေးငယ်​တို့အတွက်​
ကမ်​းဆက်​ရမယ်​့လက်​​ဆောင်​
ထူ​ထောင်​ရမယ်​့ တရား။
ဉာဏ်​အား လက်​ရုံးအား ​ပေါင်​းစည်​းအားနဲ့
​တော်​လှန်​ရယူရမယ်​့ ဥစ္စာ။
များလူခပ်​သိမ်​း ငြိမ်​း​အေး​စေဖို့
​ရှေ့မှာ​ရောင်​နီ ​ရောက်​​အောင်​ချီ
တိုက်​ကြမှ ဖြစ်​မည်​
တိုက်​ပွဲရှိလျှင်​ ​အောင်​ပွဲ ရှိသည်​
ရဲရဲယုံကြည်​။ ။

ရင်​နီ
၂၁၊ ၃၊ ၂၀၂၁
ကမ္ဘာကဗျာနေ့