ကိုအောင်မှိုင်း - မြန်မာနိုင်ငံလမ်းမတွေပေါ်က ကြမ်းကြုတ်ရက်စက်တဲ့သတ်ဖြတ်မှုများ

(မိုးမခ) မတ်၂၂၊ ၂၀၂၁ မြန်မာနိုင်ငံလမ်းမတွေပေါ်မှာ စစ်တပ်နဲ့ရဲတပ်ဖွဲ့အမည်ခံ ယူနီဖေါင်းဝတ်တွေရဲ့ ရိုက်နှက်သတ်ဖြတ်နေမှုတွေကတော့ အတော့်ကိုလူမဆန်အောင်ဖြစ်နေခဲ့ပါပြီ။ အာဏာသိမ်းစစ်ကောင်စီကို နေ့စဉ်နဲ့အမျှ လူထု ဆန္ဒပြမှုတွေကလဲ အသက်တွေအသေခံပြီး နေ့စဉ်ရက်ဆက်ဆိုသလို ရဲရဲဝံ့ဝံ့ ဆန္ဒထုတ်ဖေါ် ပြသနေကြဆဲဖြစ်ပါတယ်။လူထုက နေ့စဉ်ဆန္ဒထုတ်ဖေါ်ပြသနေသလို အကြမ်းဖက်စစ်အုပ်စုကလဲ ပက်ပက်စက်စက် ရိုက်နှက် လုယက် သတ်ဖြတ်မှုတွေကိုပေါ်ပေါ်ထင်ထင်ဘဲ ဗြောင်လူမဆန်အောင် နေ့ခင်းလူမြင်ကွင်းများ မှာပါ ကျူးလွန်နေကြတာကို သက်သေသက်ကာယနဲ့ တွေ့နေကြရတဲ့ကာလလို့ ပြောရမှာပါ။ ရက်စက်ကြမ်း ကြုတ်စွာ ရိုက်နှက်သတ်ဖြတ်နေသူတွေကို ဓါတ်ပုံမှတ်တမ်းတွေနဲ့ပါ ထင်ထင်ရှားရှား တနိုင်ငံလုံး တကမ္ဘာ လုံး တချိန်ထဲတပြိုင်ထဲတွေ့မြင်ခဲ့ရပြီးလဲဖြစ်ပါတယ်။
လူမြင်ကွင်းမှာ သံကြိုးကွင်းစွတ်ပြီး ဖမ်းဆီးထားတဲ့ဆန္ဒပြသူတဥိးကို လည်ပင်းကနေဆွဲကာ သွေးအေး အေးနဲ့ သတ်ဖြတ်နေတာရယ်။ ဇက်ကျိူးကျပြီးသေသွားတာရယ်။ ဘေးကစစ်သားနဲ့ရဲတွေက သဘောတူစွာ ကြည့်ရှု အားပေးနေကြတဲ့ဓါတ်ပုံဟာ ကျနော်တို့မြန်မာနိုင်ငံရဲ့ လက်တွေ့ဖြစ်ပျက်နေတဲ့ သတ်ဖြတ်မှု တွေရဲ့ပုံရိပ်ကို ဖေါ်ပြနေတဲ့ သက်သေခံချက်အစစ်အမှန်တွေဘဲဖြစ်ပါတယ်။ လူသားသမိုင်းမှာ လူဖြစ်တည်မှုကို လက်နက် ကိုင်ဆိုသူတွေက ရက်ရက်စက်စက်ငြင်းပယ်လိုက်တဲ့ ပုံရိပ်တွေပါဘဲ။ လူတွေကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက်ရက်မှာ အသက်မရှိတော့တဲ့ ခန္ဓာကိုယ်ကို လာယူခိုင်းလောက်အောင် ယုတ်မာတဲ့လူသတ်သမားတွေ ဖြစ်ပါတယ်။ စနိုက်ပါလိုသေနတ်သုံးတယ်။ ကျည်အစစ်တွေ သုံး တယ်။ ကလေးတွေခေါင်းကို ရွေးပစ်တယ်။သေတဲ့အထိ ရိုက်နှက်သတ်ဖြတ်တယ်။ သေချာတာကတော့ ရည်ရွယ်ချက်ကိုယ်တိုင်ကိုက သတ်ဖြတ်ဘို့စနစ်တကျ စီမံချက်ရေးဆွဲ သတ်ဖြတ်နေတာလို့ ပြောရတော့ မှာဖြစ်ပါတယ်။သူတို့အားလုံးဟာ သွေးတွေပေကျံနေတဲ့ လက်တွေနဲ့ လူသတ်သမား စစ်ရာဇဝတ်ကောင် တွေဖြစ်ပါတယ်။
အဓိကပြောလိုတာကတော့ သွေးတွေပေနေတဲ့ လူသတ်သမားစစ်ရာဇဝတ်ကောင်တွေနဲ့ လက်ဆွဲနုတ် ဆက်လိုတဲ့နိုင်ငံဆိုလို့ ကမ္ဘာမှာ အတော်နည်းလာပါပြီ။ စစ်ရာဇဝတ်ကောင်တွေကို မျက်နှာပြောင်ပြောင်နဲ့ ကာကွယ်ဘို့ ကြိုးစားနေတဲ့ တရုတ်နိုင်ငံအနေနဲ့လဲ မှားယွင်းတဲ့တရုတ်အစိုးရပေါ်လစီတွေကို ပြန်လည်သုံးသပ် ဘို့လိုပြီဖြစ်ပါတယ်။ တရုတ်အစိုးရအနေနဲ့ ပါးစပ်ပြောတာနဲ့ လက်တွေ့လုပ်နေတာက တခြားစီဖြစ်နေသလို မြန်မာနိုင်ငံကနေ့ရင်ဆိုင်နေရတာ တနိုင်ငံလုံးအရေးအခင်းဖြစ်တယ်ဆိုတာကို အလေး အနက်ထားဘို့လို မှာဖြစ်ပါတယ်။ ဆွေမျိူးပေါက်ဖေါ် တရုတ်အစိုးရရဲ့ မှားယွင်းတဲ့ပေါ်လစီဟာ မြန်မာ လူထုတရပ်လုံးအတွက် အဆိပ်အတောက်တွေဖြစ်နေပြီဆိုတာကိုတော့ မြန်မာနိုင်ငံဖွား တရုတ်အမျိူးသား တွေရဲ့ သားသမီးတွေ ကိုယ်တိုင် သူတို့အနာဂါတ်တွေအတွက် အသက်တွေစွန့်လွှတ်သက်သေပြခဲ့ကြ ပြီးဖြစ်တယ်လို့ဘဲ ပြောရ တော့မှာပါ။ ကနေ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးမှာ ဘာသာ လူမျိူး လူတန်းစားစတဲ့အတားအဆီးတွေ မရှိတော့ပါဘူး။ အားလုံးဟာ အနာဂတ်မျိူးဆက်တွေကို ကာကွယ်ဘို့အတွက် အသက်စွန့်ကြမဲ့အနေအထား ကိုရောက်နေကြပြီဆိုတာတော့ သွေးစွန်းနေတဲ့စစ်ရာဇဝတ်ကောင်တွေနဲ့ တိုးတိုးတိတ်တိတ်ဖြစ်ဖြစ် ဗြောင် ဖြစ်ဖြစ် ကနေ့လက်ဆွဲနုတ်ဆက်နေသူအားလုံးကို သတိပေးလိုက်တာ လဲဖြစ်ပါတယ်။
မြန်မာနိုင်ငံသားအားလုံးဟာ မိမိတို့ရဲ့အနာဂါတ်အသစ်အတွက် နိုင်ငံသစ်နဲ့သမိုင်းသစ်ကို ထုဆစ်နေကြ တာဖြစ်လို့ ကြီးကျယ်တဲ့ သမိုင်းရုပ်ပုံလွှာကို ပုံဖေါ်နေကြတာပါ။ လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် သတ် ဖြတ်ပြတယ်ဆိုတဲ့ ဖက်ဆစ်လုပ်ရပ်တွေနဲ့တော့ အာဏာသိမ်းစစ်အုပ်စု အနိုင်ရမယ်ဆိုတဲ့ မျှော်လင့်ချက်က အလွန်သူရဲဘောကြောင်သလို အလွန်မှားယွင်းတဲ့ ရူးသွတ်ခြင်းပါဘဲ။ ကမ္ဘာ့သမိုင်း မှာလဲ ကမ္ဘာ့ပြည်သူတွေဟာ ဘယ်တုန်းကမှ ဖက်ဆစ်တွေကို ဒူးမထေက်ခဲ့ပါဘူး။ ဖက်ဆစ်တွေရဲ့ သတ်ဖြတ်မှုတွေကိုသာ ကမ္ဘာ့ပြည်သူ တွေ ကြောက်လှန့်ခဲ့ကြမယ်ဆိုရင် ကနေ့ကမ္ဘာ့သမိုင်းဟာ တမျိူးတဖုံပြောင်းလဲသွားမှာသေချာပါတယ်။ မြန် မာပြည်သူတွေရဲ့ နေ့တဓူ၀ အသက်တွေပေးပြီး ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေတဲ့ ကျယ်လောင်တဲ့အသံတွေကို ကမ္ဘာ တလွှား ပဲ့တင်ထပ်အောင်ကြားနေကြရပါပြီ။ သန်း ၅၀ သောပြည်သူတွေဟာ အမှန်တရားပေါ် ဓမ္မတရားပေါ် ရပ်တည်ခဲ့ကြပြီဖြစ်ပါတယ်။ ခိုင်မာတဲ့သံန္နိဌာန်တွေလို့ ပြောရမှာဖြစ်ပါတယ်။ ကနေ့မြန်မာပြည်သူတွေရဲ့တိုက်ပွဲဟာ တဗိုလ်ကျတဗိုလ်တက် စနစ်ဖြစ်သလို“ ဒီနေ့ မသေသေးရင် နက်ဖန်ဆက်တိုက်မယ်” ဆိုတဲ့ ရဲဝံ့ပြောင်မြောက်တဲ့ ကမ္ဘာ့ကနာခံစေမဲ့ သင်ရိုးသစ်ကြီးပါဘဲ။
ကနေ့ကမ္ဘာတခွင် ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းဝင်တွေဟာ မြန်မာနိုင်ငံအရေးကို ဒေါင့်စေ့အောင် စီစဉ် ဆောင်ရွက်နေကြတာတွေ့နေရပါတယ်။ မြန်မာနိုင်ငံအခြေအနေအတွက် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအရေးပေါ်အစည်းအဝေးခေါ်တာ၊ နိုင်ငံအလိုက် ဆန်ရှင်မျိူးစုံချပြီး ပိတ်ပင်မှုတွေလုပ်တာ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ အမေရိကန်နိုင်ငံ အင်္ဂလန်နိုင်ငံစတဲ့ သံရုံးသံအမတ် ကြီးတွေက စစ်အာဏာ သိမ်းကောင်စီကို ပြင်းပြင်းထန်ထန်ကန့်ကွက်စာထုတ်တာ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးကို အသိ အမှတ်ပြုတာ စတဲ့လုပ်ဆောင်ချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံရဲ့ လက် ရှိမြန်မာနိုင်ငံရဲ့ လွှတ်တော်အမတ် တွေနဲ့ ဖွဲ့စည်းထားတဲ့ လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ တရားဝင်မှုကို အသိအမှတ်ပြုတာဘဲဖြစ် ပါတယ်။ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုတွေအပေါ်ကနေ တဆင့်ခြင်းမြင့်တက် လာတဲ့ အရေးယူမှုတွေလို့ ပြောရမှာဖြစ်ပါတယ် ။ ကျနော်တို့မြန်မာနိုင်ငံသားတွေအနေနဲ့ နိုင်ငံတကာအရေး ယူမှု ဆိုတဲ့လုပ်ငန်းအပေါ် ပြစ်တင် ဝေဖန် တာတွေ တွေ့နေရတာကလဲ သဘာဝကျတဲ့ကိစ္စပါဘဲ။ နိုင်ငံတကာ အခင်းအကျင်းဆိုတာ သေချာတာက ကြိုးနီစနစ်တွေမြောက်မြားစွာနဲ့ ရှုတ်ရှက်ခတ်အောင် ဖွဲ့စည်းရပ်တည် နေတယ်ဆိုတာကိုတော့ ကျနော် တို့နားလည်အောင်ကျိူးစားရမှာပါ။
မည်သို့ပင်ဖြစ်စေ နိုင်ငံတကာစာနာမှုကအစထောက်ခံမှုဟာတကယ့်ကို လိုအပ်ချက်ဖြစ်ပါတယ်။ စစ်အုပ်စုကဆို နိုင်ငံတကာစာနာမှုရဘို့ ငွေပေးပြီးလော်ဘီငှားနေရချိန်မှာ ကျနော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအ ပေါ်နိုင်ငံတကာက အခုလိုထောက်ခံစာနာနေကြတယ်ဆိုတာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ကမ္ဘာကြီး ကို တည်ဆောက်ချင်ကြလို့ဘဲဖြစ်ပါတယ်။ နိုင်ငံတကာ ထောက်ခံမှုဟာ နေ့စဉ်တိုးတက်ဖြစ်ထွန်းနေပါတယ်။ ကနေ့ အမေရိကန်နိုင်ငံ အောက်လွတ်တော်မှာ မြန်မာနိုင်ငံအရေး ကို တရားဝင်ဆောင်ရွက်နိုင်ဘို့ မြန်မာနိုင်ငံ ဆိုင်ရာဥပဒေကို မဲခွဲရာမှာ ၃၈၉ /၄ မဲနဲ့အတည်ဖြစ်သွားခဲ့ ပါတယ်။ ဒါဟာ မြန်မာ့အရေးကို အမေရိကန်နိုင်ငံ အစိုးရအနေနဲ့ တရားဝင်ပြတ်ပြတ်သားသားဆောင် ရွက်နိုင်ဘို့ ခြေလှမ်းဆိုရင်မမှားပါဘူး။ ဒီလိုဘဲ လူ့အခွင့် ကော်မရှင်ရဲ့ IIMM ( The Independent Investigative Mechanism for Myanmar ("IIMM" or "Myanmar Mechanism") ကလဲ မြန်မာနိုင်ငံ မှာဖြစ်နေတဲ့ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိူး ဖေါက်မှုတွေကို မှတ်တမ်းများပေးပို့ဘို့ ကြေငြာ ချက်ထုတ်တောင်းဆိုတာလဲတွေ့ရပါတယ်။ သူတို့အဆိုက တော့ ဒီရာဇဝတ်မှုတွေအတွက် နိုင်ငံတကာ တရားရုံးဖြစ်စေ ဒေသတရားရုံးတွေမှာဖြစ်စေ တရားစွဲဆိုဘို့ ရည်ရွယ်တယ်လို့ဆိုပါတယ်။ အင်ဒိုနီးရှား သမ္မတအနေနဲ့ မြန်မာ့အရေးဆွေးနွေးဘို့ အာစီယမ်အစည်းအဝေး ချက်ခြင်းခေါ်ပေးဘို့ အာစီယမ်ဥက္ကဌ ကိုတောင်းဆိုလာသလို မလေးရှားဝန်ကြိးချူပ်ကလဲ ချက်ခြင်းထောက် ခံလိုက်တာကိုတွေ့ရပါတယ်။ ကမ္ဘာကြိးမှာ ဒီလောက်အုပ်အော်သောင်းနင်းဖြစ်နေတာကို တရုတ်အစိုးရလဲ သိမှာကြားမှာဖြစ်ပါ တယ်။ ဒါတွေကတော့မြန်မာနိုင်ငံသူနိုင်ငံသားတွေလိုလားနေတဲ့ R2P ကိုဦးတည်နေကြ တာဖြစ်ပါတယ်။
ဒီလိုဘဲ မြန်မာနိုင်ငံသူနိုင်ငံသားတွေအနေနဲ့လဲ သန်းချီတဲ့လူထုက တပြည်လုံး ဆန္ဒထုတ်ဖေါ်ခဲ့ကြတယ်။ ဆရာဝန်ဆရာမကြီးတွေက ဦးဆောင်ပြီး CDM လှုပ်ရှားမှုကို လုပ်ခဲ့ကြတယ်။ တနိုင်ငံလုံးဝန်ထမ်းတွေ ပါလာ ကြတယ်။ လူထုတိုက်ပွဲတွေကြားက CRPH ပေါ်လာတယ်။ လူထုအုပ်ချူပ်ရေးတွေ အားကောင်းလာ တယ်။နိုင် ငံတကာဆက်ဆံရေးတွေ အားကောင်းလာတယ်။ တိုင်းရင်းသားတွေနဲ့ တစိတ်တဝမ်းဖြစ်လာ တယ်။ ကျနော်တို့ နှစ်ပေါင်းများစွာလိုလားတောင့်တနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်ကို ကျယ်ကျယ် လောင်လောင်ပြောလာနိုင်ခဲ့တယ်။ လူထုထောက်ခံမှုလဲရခဲ့တယ်။ အာဏာသိမ်းပုန်ကန်သူ စစ်အုပ်စုကတော့ လူတွေကိုသတ်ဘို့ ဖမ်းဘို့ နှိပ်စက်ဘို့ အမိန့်တွေ နေ့တဓူဝတိုးထုတ်ရင်း ကျဆုံးတဲ့ဆီကိုဦးတည်နေသလို နွေဦးတော်လှန်ရေးကလဲ လက်နက်ကိုင်တော်လှန်ရေးဆီကို ရွေ့နေပြီဆိုတာ အခိုင်အမာပြောလာနိုင်နေပြီဖြစ်ပါတယ်။
ကျနော့်အမြင်ကတော့ R2P နဲ့နွေဦီးလက်နက်ကိုတော်လှန်ရေးဟာ ဆုံချက်တခုမှာ ကြိမ်းသေဆုံကြမှာဘဲဖြစ် ပါတယ်။ကျနော်တို့ခံယူရမှာက ခိုင်မာတဲ့သံန္နိဌာန်နဲ့ နွေဦးတော်လှန်ရေးကို ဆက်ချီတက် ဘို့ပါဘဲ။ နေမင်းရဲ့ အလင်းရောင်ကို ကြည်ကြည်လင်လင်မြင်နေကြရပါပြီ။
အောင်လံနီကို မြင့်မြင့်မားမားလွင့်ထူကြ။
အရေးတော်ပုံ အောင်ရမည်။
ကိုအောင်မှိုင်း
(မတ်လ ၂၁ရက် ၂၀၂၁ခုနှစ်)
#MoeMaKaMedia
#WhatsHappeningInMyanmar