Breaking News

ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေး (သို့မဟုတ်) နယ်စည်းမခြားတော်လှန်ရေး



ကိုအောင်မှိုင်း - နွေဦးတော်လှန်ရေး (သို့မဟုတ်) နယ်စည်းမခြားတော်လှန်ရေး

(မိုးမခ) ဧပြီ ၈၊ ၂၀၂၁

ရှင်းရှင်းဘဲပြောရတော့မယ်။အခုပွဲက ရန် ငါစည်းပြတ်ရမဲ့ပွဲဖြစ်ပါတယ်။ပြည်တွင်းစစ်ဖြစ်ဖြစ်၊ ကမ္ဘာ စစ်ဖြစ်ဖြစ် ဖြစ်ချင်တဲ့စစ်ဖြစ်လို့ ပိုင်းဖြတ်ထားရပါမယ်။ဆုံးဖြတ်ထားရပါမယ်။ စစ်ရာဇဝတ်ကောင်တွေကို အပြတ်တိုက်ရမဲ့ စစ်ဖြစ်ပါတယ်။အမြင်ရှင်းဘို့ အတွေးရှင်းဘို့လိုပါတယ်။ ဒါမှလုပ်ဟန်တွေရှင်း မယ်။အပြောအဆိုတွေရှင်းမယ်။ တာဝန်ရှိဆိုသူတွေ စကားတွေကြည့်ပြောကြပါ။ဟိုလိုလို ဒီလိုလို တွေ မလုပ်ကြနဲ့ မပြောကြနဲ့။ရန် ငါစည်း မပြတ်လို့ကတော့ နောက်ထပ်နှစ်၇၀ဘဲမှတ်ပါ။ ရှုံးရင်စစ်ကျွန် ဖြစ်မယ် နိုင်ရင်လွတ်မြောက်မယ်။ အားလုံး နှောင်ကြိုးတွေရိုက်ချိူးလိုက်နိုင်မှ လွတ်မြောက်မှာဖြစ် ပါတယ်။

နွေဦးတော်လှန်ရေးဟာ ဒို့အရေးဆိုတာထက်ကျော်လွန်သွားခဲ့ပြီ။ ကလေး၄၆ယောက်နဲ့လူကြီး လူငယ် လူ ရွယ် ၆၀၀နီးပါး ပက်ပက်စက်စက် အသတ်ခံရပြီးပါပြီ။ မျက်နှာတွေကို စစ်ဖိနပ်တွေနဲ့ကန်တာကိုလဲ ခံခဲ့ရ ပြီးပါပြီ။ ခေါင်းတွေကို တုတ်တွေနဲ့အချက်ပေါင်းများစွာ သေတဲ့အထိ အရိုက်ခံလို့သေခဲ့ကြရပြီးပြီ။ အိမ်တွေထဲ ဝင်ပစ်သတ်လို့ ကလေးတွေသေဆုံးကုန်တာကိုလဲ ခံခဲ့ရပြီးပြီ။ ကနေ့ဖမ်း နောက်နေသေနေတဲ့ အလောင်း လာထုတ်ခိုင်းရလောက်အောင်လဲ မိုက်မိုက်ရိုင်းရိုင်း လူမဆန်အောင် နှိပ်စက်သတ်ဖြတ်မှုတွေ အများ အပြား လုပ်ခဲ့ပြီးပြီ။ လူငယ်တွေကို စနိုက်ပါတွေနဲ့ ခေါင်းကိုချည့်ချိန်ပစ်ခဲ့ပြီးပြီ။ တခုဘဲပြောမယ်။ စေ့စပ်ရေး တံခါးဖွင့် ထားပါတယ်လို့ပြောတဲ့ ပါးစပ်တွေကိုတော့ စစ်ရာဇဝတ်ကောင်တွေလိုကောင်တွေဘဲလို့ ပြောရ တော့မှာဖြစ် ပါတယ်။ ကနေ့ဟာ လုံးဝစေ့စပ်ပြေငြိမ်းလို့မရတဲ့ နိုင်ငံတော်ကိုသတ်ဖြတ်မှုကြီးဖြစ်နေတာ ကြောင့်ပါ။

ကနေ့အခင်းအကျဉ်းက ဘက်၂ဘက်ဘဲရှိပါတော့တယ်။ လူထုဘဲဖြစ်ဖြစ် တိုင်းရင်းသားဖြစ်ဖြစ် လက် နက် ကိုင်တော်လှန်ရေးအဖွဲ့အစည်းဖြစ်ဖြစ် တောင်လိုလို မြောက်လိုလိုအပြောမျိူးတွေ အလုပ်မျိူးတွေက လူထု ရဲ့ နွေဥိးတော်လှန်ရေးကို အကျိူးမဖြစ်ပါဘူး။ ရှစ် ၄လုံးတုန်းကလဲ ရန် ငါစည်းမပြတ်ခဲ့ကြလို့ ဘုန်းကြီး တွေလဲ အသတ်ခံခဲ့ရ ကလေးတွေလဲ အသတ်ခံခဲ့ရ တိုင်းရင်းသားတွေလဲ အသတ်ခံခဲ့ရ တပြည်လုံးလဲ ပက်ပက်စက် စက် ဖိနှိပ်သတ်ဖြတ်ခံခဲ့ရတာဆိုတဲ့ သမိုင်းကိုဆင်ခြင်စေချင်ပါတယ်။ နွေဥိးတော် လှန် ရေးရဲ့တောင်းဆိုမှုက အတော်ရှင်းပါတယ်။ ကြားမရှိပါဘူး။ စစ်ရာဇဝတ်ကောင်တွေနဲ့ ပေါင်းရင်ပေါင်း ဒါမှမဟုတ်လူထုနဲ့ပေါင်းဘို့ပါဘဲ။ စစ်ရာဇဝတ်ကောင်တွေနဲ့ပေါင်းရင် စစ်ရာဇဝတ်ကောင်တွေအဖြစ် သတ်မှတ်ရမှာဘဲဖြစ်ပါတယ်။

ကျနော်တို့ရှင်းရှင်းမြင်ပါတယ်။ ဒါကြောင့် ရှင်းရှင်းဘဲပြောပါမယ်။ ကရင်အမျိူးသားတွေကို လေယျာဉ်တွေနဲ့ဗုံး ကြဲသတ်ဖြတ်နေကြတယ်။ KNU လက်နက်ကိုင်အဖွဲ့အစည်းနဲ့ စစ်တိုက်ကြတာနဲ့ လက် နက်မဲ့ ကရင်ရွာတွေကို ဗုံးကြဲပြီး လူထုကိုသတ်ဖြတ်လို့ရပါသလား။ စစ်ကောင်စီဝင် မန်းငြိမ်းမောင် ဘာ ပြောမလဲ။ ချင်းလူထုကို ပက်ပက်စက်စက်သတ်ဖြတ်နေတယ်။ ဒါကိုစစ်ကောင်စီဒေါက်တိုင် ဒေါက်တာ အင်ဒရူးငွန်ကျူံးလျန်ဘာပြောမလဲ။ ကယားပြည်နယ်မှာ ကယားလူထုအသတ်ခံနေရတယ်။ စစ်ကောင်စီ ဝင် စောဒယ်နီယယ်ဘာပြောမလဲ။ ရှမ်းပြည်မှာ ရှမ်းအမျိူးသားတွေအသတ်ခံနေရတယ်။ စစ်ကောင်စီ ဝင်စိုင်းလုံးဆိုင်ဘာပြောမလဲ။ ကျနော်ဆိုလို ချင်တာက တိုင်းရင်းသားဘဲဖြစ်ဖြစ် ဗမာဘဲဖြစ်ဖြစ် ဖေါက်ပြန် ရေးသမားတွေကတော့ ကိုယ်ကျိူးစီးပွါးအတွက် လူထုကိုသတ်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အားပေးနေ ကြဦးမှာပါ။ ဖေါက်ပြန်ရေးသမားတွေပြောမှာကတော့ လူမျိူးရေးသွေခွဲရေးနဲ့ အညံ့ခံရေးဆိုတဲ့ နည်းဟောင်း ကြီးထက်မပိုပါဘူး။

ကျနော်တို့ ကနေ့တောင်းဆိုနေတာက ခေါင်းဆောင်ဆိုသူတွေအနေနဲ့ CNN သတင်းထောက်လောက် တောင် မပြောရဲမဆိုရဲဘဲ ရှေ့ထွက်မလာပါနဲ့။ ရန်သူကိုရန်သူလိုမြင်မှ လူထုကိုခေါင်းဆောင်ပါ။ ရန်သူ က လူထုကို ရန်သူလိုမြင်ပြီး သတ်နေဖြတ်နေတယ်ဆိုတာကို မမေ့ကြပါနဲ့။ ဆန္ဒပြလို့ လူ၆၀၀နီးပါးကို ပစ် သတ်ရလောက် အောင် မိုက်မဲ့မှုတွေအတွက် တကမ္ဘာလုံး အံ့သြတုန်လှုပ်ပြီး စက်ဆုတ်ရွံ့ရှာနေ ကြချိန်ဖြစ်ပါတယ်။ ကိုယ်ကျိူး စီးပါွးအတွက် ဂုဏ်သိက္ခာလုံးဝမရှိတဲ့ တရုတ်နိုင်ငံဟာ ကနေ့အလွန်သူရဲ ဘောကြောင်စွာ ကမ္ဘာကြိးကို ရန်လို နေတာတွေ့ရမှာပါ။မြန်မာနိုင်ငံကို စာနာထောက်ထားမှုပြနေတဲ့ နိုင်ငံတွေအပေါ် ကမူးရှုးထိုး ရန်လိုမှုတွေပြ နေတာကိုတော့ အထင်အရှားတွေ့နေရပါတယ်။ မြန်မာ နိုင်ငံအရေးမှာ အခြားနိုင်ငံတွေဝင်ရောက်မစွက်ဖက်ဘို့ပြောနေတာကိုက တရုတ်နိုင်ငံဟာ မြန်မာပြည် အရေးကို ဝင်ရောက်စွက်ဖက်နေတာဘဲဖြစ်ပါတယ်။ သေချာတာကတော့ တရုတ်နိုင်ငံဟာ ကျနော် တို့ အတွက် ကောင်းတဲ့အိမ်နီးနားချင်းဖြစ်တယ်ဆိုတာကိုတော့ အလွန်သံသယရှိစရာလို့ဘဲပြောရ တော့ မှာပါ။ ဘာဘဲဖြစ်ဖြစ် ကမ္ဘာအခင်းအကျဉ်းသစ်မှာ တရုတ်ပြည်အနေနဲ့ မှားယွင်းဖေါက်ပြန်တဲ့ သူ့ပေါ်လစီတွေကို ပြန်သုံးသပ်ဘို့ တာဝန်ကတော့ရှိနေပြီဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတချိူ့ကိုလဲ နွေဥိးတော်လှန်ရေးအနေနဲ့ ရှင်းရှင်းလင်းလင်းကျနော်တို့ တောင်း ဆိုကြရမှာ ဖြစ်ပါတယ်။ ကျနော်ဆိုလိုချင်တာက ၀ ဒေသလို တရုတ်ပြည်နဲ့ကပ်လျက်ရှိနေတဲ့ဒေသ အ တွက် ချွင်းချက်တွေ နဲ့ ကနေ့ စဉ်းစားနေကြတာ မှားတယ်လို့ထင်ပါတယ်။ ၀ ဒေသဟာ တရုတ်ပြည်ရဲ့ အစိတ်အပိုင်းမဟုတ်ပါဘူး။ ဗမာပြည်ရဲ့အစိတ်အပိုင်းသာဖြစ်ပါတယ်။ ၀ လူမျိူးဟာ တရုတ်လူမျိူးမဟုတ်ပါ ဘူး။ မြန်မာနိုင်ငံတိုင်းရင်းသား လူမျိူးတမျိူးသာဖြစ်ပါတယ်။ ၀ လူမျိူးတွေရဲ့နောက်ကြောင်းသမိုင်းအရ ၀ ဒေသကို တရုတ်လူမျိူးတွေရန်က ကာကွယ်တည်ဆောက်ခဲ့ရတဲ့ သမိုင်းနောက်ခံတွေရှိခဲ့ပါတယ်။ ဒါ ကြောင့်လဲ ၀ လူမျိူးဆိုတာ ခုထိတည်ရှိနေ တာဖြစ်ပါတယ်။ ကနေ့ အကြမ်းဖက်စစ်အုပ်စုရဲ့ မြန်မာလူထု အပေါ် ရက်ရက်စက်စက် သတ်ဖြတ်နေမှုတွေ ဖမ်းဆီးရိုက်နှက်နေမှုတွေ လုယက်ခိုးယူဓားပြတိုက် နေမှုတွေ ကလေး ၄၆ယောက်လောက်ရဲ့ ခေါင်းတွေကို စနိုက်ပါသေနတ်နဲ့ပစ်ခတ်တာတွေ အိမ်တွေထဲ ဝင်ရောက်ပစ်ခတ်တာတွေစတဲ့ လူမဆန်အောင်ယုတ်မာမှု တွေဟာ ငါတို့နဲ့ဘာဆိုင်သလဲဆိုတဲ့ အတွေး အခေါ်တွေနဲ့ချဉ်းကပ်မယ်ဆိုရင်တော့ ၀ ခေါင်းဆောင်တွေအပေါ် မြန်မာပြည်သူတွေနဲ့အတူ ၀ ပြည်သူ တွေကလဲ ကြေနပ်နှစ်သက်ကြလိမ့်မယ်လို့ ကျနော်မယုံကြည်ပါ။ လူမျိူး တိုင်းဟာ ရက်စက်ယုတ်မာ မှု တွေကို မုန်းတီးကြတာသဘာဝဖြစ်ပါတယ်။ခေါင်းဆောင်ဆိုသူတွေကသာ အကျိူးစီးပွါးဆိုတာကို ရှေ့တန်း တင်လေ့ရှိတာ တွေ့ရလေ့ရှိတတ်တဲ့ကိစ္စတခုဖြစ်ပါတယ်။

နွေဥိးတော်လှန်ရေးဟာ နယ်စည်းမခြားတဲ့တော်လှန်ရေးစစ်ပွဲဖြစ်သွားခဲ့ပါပြီ။ အကြမ်းဖက်စစ်အုပ်စုကို တော်လှန် ဘို့ဆိုတာထက်

၁။ စစ်အာဏာရှင်စနစ်တခုလုံး မြန်မာနိုင်ငံမှာ လုံးဝအကုန်အစင်ဖျက်သိမ်းပစ်ဘို့
၂။ ဖက်ဒရယ်ဒီမိုကရေစီပြည်တောင်စုတည်ထောင်ဘို့
၃။ ဖက်ဒရယ်တပ်မတော်တရပ်ထူထောင်ဘို့ဆိုတာ ဖြစ်လာခဲ့ပါပြီ။

သမိုင်းမှာဘယ်တုန်းကနဲ့မှ မတူတဲ့ ညီညွတ် မှုမျိူးတွေရလာခဲ့ပါပြီ။ ဒီရရှိချက်တွေက ဘာကိုဖေါ်ပြသလဲဆိုရင် ကျနော်တို့သမိုင်းအဆက် ဆက်မှာတင်ရှိနေ တဲ့ နှောင်ကြိုးအားလုံးကို ရိုက်ချိူးလိုက်တာဖြစ်ပါတယ်။ အကန့်အသတ်အားလုံး ကို ဖါယ်ရှားလိုက်တာဖြစ်ပါတယ်။ ပိတ်ဆို့နေတဲ့ တံခါးအားလုံးကို ဖွင့်လှစ်လိုက်တာဘဲဖြစ်ပါတယ်။ ဒီအတွက် ကျနော်တို့အားလုံးရဲ့အနာဂါတ်ဟာ ထွန်းလင်းတောက်ပလာမယ်။ မြန်မာနိုင်ငံသားတိုင်း တရား မ ျှတတဲ့ တန်းတူမှုတွေကို ခံစားကြရ မယ်။ အနှိမ်ခံဘဝတွေ အနှိမ်ခံသမိုင်းတွေ အနှိမ်ခံတိုင်း ပြည်ဘဝက လွတ်မြောက်လာစေမယ်။ ပြည်တွင်းစစ် တွေ ချူပ်ငြိမ်းပြီး ပြည်တွင်းငြိမ်းချမ်းရေးတွေရလာတဲ့ အတွက် အေးချမ်းသာယာဝပြောတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နှောင်ကြိုးတွေကင်းတဲ့နိုင်ငံတခုအဖြစ် ကမ္ဘာ့ အလည်မှာ ရင်ကော့လာနိုင်မယ်။ နွေဦးတော်လှန်ရေးဟာ နယ်စည်းမခြားတော်လှန်ရေးစစ်ပွဲကြိး ဖြစ် တာကြောင့် နိုင်ငံတော်သစ်ကိုမွေးဖွားလာမှာ အသေအချာဘဲဖြစ်ပါတယ်။ သေချာတာကတော့ ဟိုလူ ကူညီမှ ဒီလူကူညီမှဆိုတာထက် တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ် လက်တွဲကူညီကြဘို့သာ အဓိ က ဖြစ်ပါတယ်။

နွေဥိးတော်လှန်ရေးဟာ ကြီးမြတ်တဲ့ စွန့်လွတ်မှုတွေ အနစ်နာခံမှုတွေ ပေးဆပ်မှုတွေနဲ့ ပြည့်နေတဲ့ တော်လှန်ရေးကြီး ဖြစ်ပါတယ်။ လူမျိူးပေါင်းစုံ ပြည်သူလူထုက ကြိမ်းသေအောင်ပွဲရမဲ့ တော်လှန်ရေးကြီးသာ ဖြစ်ပြီး မြန်မာနိုင်ငံသစ်ကို မွေးဖွါးကြတော့မှာ အသေအချာဖြစ်ကြောင်းပါဗျာ။

အရေးတော်ပုံ အောင်ရမည်
ရဲဘော်အောင်မှိုင်း
ဧပြီလ ရ ရက် ၂၀၂၁ခုနှစ်
(Photo - Myanmar NOW - Representatives from ethnic armed groups hold a video conference to discuss their response to the military coup (Supplied))

Join Us @ MoeMaKa Telegram
#MoeMaKaMedia
#WhatsHappeningInMyanmar